သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Donald Trump အမႈ ၾကားနာစစ္ေဆးမယ္႔ အထက္လႊတ္ေတာ္အမတ္ေတြ က်မ္းသစၥာ က်ိန္ဆို


Donald Trump အမႈ ၾကားနာစစ္ေဆးမယ္႔ အထက္လႊတ္ေတာ္အမတ္မ်ား က်မ္းသစၥာ က်ိန္ဆိုၿပီး ထြက္လာစဥ္

(Zawgyi/Unicode)

ဇန္နဝါရီလ (၆)ရက္ေန႔က Trump ေထာက္ခံသူေထာင္ေပါင္းမ်ားစြာကေန လႊတ္ေတာ္အေဆာက္အအုံထဲ ဝင္ေရာက္စီးနင္းမႈမွာ လံႈေဆာ္ခဲ့တဲ့ ျပစ္မႈနဲ႔ သမၼတေဟာင္း Donald Trump ကို အေရးယူမယ့္ကိစၥနဲ႔ ပတ္သက္လို႔ ၾကားနာစစ္ေဆးဖို႔ မေန႔ အဂၤါေန႔က အေမရိကန္ အထက္လႊတ္ေတာ္ အမတ္ေတြဟာ တရားသူႀကီးေတြနဲ႔ ဂ်ဳရီလူႀကီးေတြအျဖစ္ ထမ္းေဆာင္ဖို႔ က်မ္းသစၥာက်ိန္ဆိုခဲ့ၾကပါတယ္။

ဒီမိုကရက္အမတ္ ၅၀ နဲ႔ ရီပါပလင္ကန္ အမတ္ ၅၀ စုစုေပါင္း အမတ္ ၁၀၀ ရွိေနတဲ့ အထက္လႊတ္ေတာ္မွာ Trump ကိုတရားစဲြထားတဲ့ အမႈကို ေဖေဖၚ၀ါရီလ ၉ရက္ေန႔မွာ ၾကားနာစစ္ေဆးမွာျဖစ္ပါတယ္။

ျပစ္မႈက်ူးလြန္ေၾကာင္းဆံုးျဖတ္ခ်က္ ခ်ဖို႔အတြက္ အထက္လႊတ္ေတာ္မွာ မဲအေရအတြက္ သံုးပံုႏွစ္ပံု လိုအပ္ပါတယ္။ ဆိုလိုတာက- ဒီမိုကရက္ အမတ္ ၅၀ လံုးက ေထာက္ခံမဲေပးတယ္လို႔ ယူဆမယ္ဆိုရင္ ရီပါပလင္ကန္အမတ္ေတြဘက္က ၁၇ ဦးကေန Trump မွာ အျပစ္ရွိေၾကာင္း ေထာက္ခံတဲ့မဲေပးဖို႔ လိုအပ္ပါတယ္။ တကယ္လို႔ ျပစ္မႈထင္ရွားေၾကာင္း စီရင္ခ်က္ ခ်မယ္ဆိုရင္ Trump အေနနဲ႕ သမၼတ အပါအ၀င္ အမ်ားျပည္သူဆိုင္ရာ ရာထူးေတြနဲ႔ပတ္သက္လို႔ ထမ္းေဆာင္ခြင့္ သူ႔ တသက္လံုး ပိတ္ပင္ခံရမွာျဖစ္ပါတယ္။

သမၼတ ဂ်ဳိးဘိုင္ဒန္ကေတာ့ Trump ကိုအေရးယူဖို႔ အထက္လႊတ္ေတာ္မွာ ၾကားနာ စစ္ေဆးမွာကို သူ႔အေနနဲ႔ ေထာက္ခံေပမယ့္ လံုေလာက္တဲ့ မဲအေရအတြက္ရဖို႔ ရီပါပလင္ကန္ေတြဘက္က ေဆာင္ရြက္မယ္လို႔ မထင္ေၾကာင္း CNN သတင္းဌာနကို တနလၤာေန႔က ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

Donald Trump အမှု ကြားနာစစ်ဆေးမယ့် အထက်လွှတ်တော်အမတ်တွေ ကျမ်းသစ္စာ ကျိန်ဆို

(Unicode)

ဇန်နဝါရီလ (၆)ရက်နေ့က Trump ထောက်ခံသူထောင်ပေါင်းများစွာကနေ လွှတ်တော်အဆောက်အအုံထဲ ဝင်ရောက်စီးနင်းမှုမှာ လှုံဆော်ခဲ့တဲ့ ပြစ်မှုနဲ့ သမ္မတဟောင်း Donald Trump ကို အရေးယူမယ့်ကိစ္စနဲ့ ပတ်သက်လို့ ကြားနာစစ်ဆေးဖို့ မနေ့ အင်္ဂါနေ့က အမေရိကန် အထက်လွှတ်တော် အမတ်တွေဟာ တရားသူကြီးတွေနဲ့ ဂျုရီလူကြီးတွေအဖြစ် ထမ်းဆောင်ဖို့ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြပါတယ်။

ဒီမိုကရက်အမတ် ၅၀ နဲ့ ရီပါပလင်ကန် အမတ် ၅၀ စုစုပေါင်း အမတ် ၁၀၀ ရှိနေတဲ့ အထက်လွှတ်တော်မှာ Trump ကိုတရားစွဲထားတဲ့ အမှုကို ဖေဖေါ်ဝါရီလ ၉ရက်နေ့မှာ ကြားနာစစ်ဆေးမှာဖြစ်ပါတယ်။

ပြစ်မှုကျူးလွန်ကြောင်းဆုံးဖြတ်ချက် ချဖို့အတွက် အထက်လွှတ်တော်မှာ မဲအရေအတွက် သုံးပုံနှစ်ပုံ လိုအပ်ပါတယ်။ ဆိုလိုတာက- ဒီမိုကရက် အမတ် ၅၀ လုံးက ထောက်ခံမဲပေးတယ်လို့ ယူဆမယ်ဆိုရင် ရီပါပလင်ကန်အမတ်တွေဘက်က ၁၇ ဦးကနေ Trump မှာ အပြစ်ရှိကြောင်း ထောက်ခံတဲ့မဲပေးဖို့ လိုအပ်ပါတယ်။ တကယ်လို့ ပြစ်မှုထင်ရှားကြောင်း စီရင်ချက် ချမယ်ဆိုရင် Trump အနေနဲ့ သမ္မတ အပါအဝင် အများပြည်သူဆိုင်ရာ ရာထူးတွေနဲ့ပတ်သက်လို့ ထမ်းဆောင်ခွင့် သူ့ တသက်လုံး ပိတ်ပင်ခံရမှာဖြစ်ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒန်ကတော့ Trump ကိုအရေးယူဖို့ အထက်လွှတ်တော်မှာ ကြားနာ စစ်ဆေးမှာကို သူ့အနေနဲ့ ထောက်ခံပေမယ့် လုံလောက်တဲ့ မဲအရေအတွက်ရဖို့ ရီပါပလင်ကန်တွေဘက်က ဆောင်ရွက်မယ်လို့ မထင်ကြောင်း CNN သတင်းဌာနကို တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG