[Zawgyi/Unicode]
သမၼတေဟာင္း Donald Trump ကို အေရးယူဖို႔ တရားစြဲဆိုတဲ့အမႈ ၾကားနာ စစ္ေဆးတဲ့အခါ တရားသူႀကီးေတြနဲ႔ ဂ်ဳရီလူႀကီးေတြအျဖစ္ ထမ္းေဆာင္ဖို႔ အေမရိကန္ အထက္လႊတ္ေတာ္အမတ္ေတြ ဒီကေန႔ အဂၤါေန႔မွာ က်မ္းသစၥာက်ိန္ဆိုမွာျဖစ္ပါတယ္။
အထက္လႊတ္ေတာ္ ၾကားနာ စစ္ေဆးပြဲကေတာ့ ေဖေဖၚဝါရီလ ၈ ရက္ေန႔ မတိုင္ခင္ စႏိုင္ေသးမွာ မဟုတ္ပါဘူး။ တရားလိုအျဖစ္ ေဆာင္႐ြက္မယ့္ လႊတ္ေတာ္အမတ္ေတြနဲ႔ Trump ရဲ႕ အက်ိဳးေဆာင္အဖြဲ႕အၾကား ျပင္ဆင္ခ်ိန္ရေအာင္ ၾကားနာပြဲကို အနည္းငယ္ ေနာက္ဆုတ္ေ႐ႊ႕ဆိုင္းဖို႔ ဒီမိုကရက္နဲ႔ ရီပတ္ဗလစ္ကန္ ေခါင္းေဆာင္ေတြ သေဘာတူၿပီးေနာက္မွာ ေဖေဖၚဝါရီ ၈ ရက္ေန႔မွာမွ က်င္းပဖို႔ ဆုံးျဖတ္ခဲ့ၾကတာပါ။
တနလၤာညေနကေတာ့ တရားလိုအျဖစ္ ေဆာင္႐ြက္မယ့္ ေအာက္လႊတ္ေတာ္ အမတ္ေတြ အထက္လႊတ္ေတာ္ကို လာၿပီး သမၼတေဟာင္းကို စြဲခ်က္တင္ထားတဲ့ အမႈေလွ်ာက္ထားခ်က္ေတြကို တရားဝင္ တင္သြင္းခဲ့ၾကပါတယ္။ ဒီလအေစာပိုင္းျဖစ္ပြားခဲ့တဲ့ အေမရိကန္ လႊတ္ေတာ္ အေဆာက္အဦးႀကီးထဲကို ဆႏၵျပသူေတြ ဝင္ေရာက္စီးနင္း တိုက္ခိုက္တာေတြမွာ သမၼတေဟာင္း Donald Trump က သူ႔ကိုေထာက္ခံသူေတြကို ဆူပူမႈျဖစ္ေအာင္ လႈံ႕ေဆာ္ခဲ့တယ္ဆိုၿပီး တရားစြဲဆိုထားတာျဖစ္ပါတယ္။ အၾကမ္းဖက္ဆႏၵျပ စီးနင္းမႈေတြေၾကာင့္ လႊတ္ေတာ္အမတ္ေတြ ေဘးလြတ္ရာ အခ်ိန္မီ ထြက္ေျပး တိမ္းေရွာင္ခဲ့ရၿပီး လူ ငါး ဦးေသဆုံးခဲ့ပါတယ္။
Trump ဟာ အေမရိကန္ျပည္ေထာင္စုနဲ႔ အစိုးရ အဖြဲ႕အစည္းေတြရဲ႕ လုံၿခဳံေရးကို အႀကီးအက်ယ္ ၿခိမ္းေျခာက္ေနတယ္လို႔ တရားစြဲဆိုထားတဲ့ ေအာက္လႊတ္ေတာ္ ကိုယ္စားလွယ္အဖြဲ႕ ေခါင္းေဆာင္ ေမရီလန္းျပည္နယ္ အမတ္ Jamie Raskin က စြဲခ်က္ေတြကို ဖတ္ၾကားခဲ့ပါတယ္။
သမၼတေဟာင္း Trump ကေတာ့ က်င့္ဝတ္ပိုင္းနဲ႔ ေ႐ြးေကာက္ပြဲ ဆိုင္ရာ ေရွ႕ေန Butch Bowers နဲ႔ အေမရိကန္ျပည္ေထာင္စုအတြင္း တတ္သိပညာပိုင္းဆိုင္ရာ ရာဇဝတ္မႈေတြကို အထူးျပဳ ကိုင္တြယ္တဲ့ ဖက္ဒရယ္အစိုးရ တရားသူႀကီးေဟာင္း Deborah Barbier တို႔ကို သူ႔ အက်ိဳးေဆာင္အဖြဲ႕ကို ဦးေဆာင္ဖို႔ ငွားရမ္းထားပါတယ္။
သမၼတေဟာင္း Trump ကို တရားစြဲဆိုထားတဲ့အမႈ အထက္လႊတ္ေတာ္မွာ ၾကားနာပြဲေတြမွာ ာ ဒုသမၼတကိုယ္စား ပါဝင္ေလ့ရွိတဲ့ ဒီမိုကရက္ အထက္လႊတ္ေတာ္အမတ္ Patrick Leahy က သဘာပတိအျဖစ္ ေဆာင္႐ြက္မွာျဖစ္တဲ့အေၾကာင္း တနလၤာေန႔က ေၾကညာပါတယ္။ အေမရိကန္ ဖြဲ႕စည္းပုံ အေျခခံဥပေဒအရ သမၼတကို အေရးယူေရး ႐ုံးတင္စစ္ေဆးတဲ့ ၾကားနာပြဲေတြမွာ တရားသူႀကီးခ်ဳပ္က သဘာပတိအျဖစ္ ေဆာင္႐ြက္ရပါတယ္။ ဒါေပမဲ့လည္း Trump က လက္ရွိသမၼတ မဟုတ္ေတာ့တဲ့အတြက္ တရားသူႀကီးခ်ဳပ္ John Roberts က ၾကားနာပြဲ သဘာပတိအျဖစ္ ေဆာင္႐ြက္မွာ မဟုတ္ပါဘူး။
[Unicode Version]
သမ္မတဟောင်း Trump အမှုကြားနာစစ်ဆေးဖို့ ကန်အထက်လွှတ်တော်အမတ်တွေ ကျမ်းသစ္စာဆိုမည်
သမ္မတဟောင်း Donald Trump ကို အရေးယူဖို့ တရားစွဲဆိုတဲ့အမှု ကြားနာ စစ်ဆေးတဲ့အခါ တရားသူကြီးတွေနဲ့ ဂျုရီလူကြီးတွေအဖြစ် ထမ်းဆောင်ဖို့ အမေရိကန် အထက်လွှတ်တော်အမတ်တွေ ဒီကနေ့ အင်္ဂါနေ့မှာ ကျမ်းသစ္စာကျိန်ဆိုမှာဖြစ်ပါတယ်။
အထက်လွှတ်တော် ကြားနာ စစ်ဆေးပွဲကတော့ ဖေဖေါ်ဝါရီလ ၈ ရက်နေ့ မတိုင်ခင် စနိုင်သေးမှာ မဟုတ်ပါဘူး။ တရားလိုအဖြစ် ဆောင်ရွက်မယ့် လွှတ်တော်အမတ်တွေနဲ့ Trump ရဲ့ အကျိုးဆောင်အဖွဲ့အကြား ပြင်ဆင်ချိန်ရအောင် ကြားနာပွဲကို အနည်းငယ် နောက်ဆုတ်ရွှေ့ဆိုင်းဖို့ ဒီမိုကရက်နဲ့ ရီပတ်ဗလစ်ကန် ခေါင်းဆောင်တွေ သဘောတူပြီးနောက်မှာ ဖေဖေါ်ဝါရီ ၈ ရက်နေ့မှာမှ ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။
တနင်္လာညနေကတော့ တရားလိုအဖြစ် ဆောင်ရွက်မယ့် အောက်လွှတ်တော် အမတ်တွေ အထက်လွှတ်တော်ကို လာပြီး သမ္မတဟောင်းကို စွဲချက်တင်ထားတဲ့ အမှုလျှောက်ထားချက်တွေကို တရားဝင် တင်သွင်းခဲ့ကြပါတယ်။ ဒီလအစောပိုင်းဖြစ်ပွားခဲ့တဲ့ အမေရိကန် လွှတ်တော် အဆောက်အဦးကြီးထဲကို ဆန္ဒပြသူတွေ ဝင်ရောက်စီးနင်း တိုက်ခိုက်တာတွေမှာ သမ္မတဟောင်း Donald Trump က သူ့ကိုထောက်ခံသူတွေကို ဆူပူမှုဖြစ်အောင် လှုံ့ဆော်ခဲ့တယ်ဆိုပြီး တရားစွဲဆိုထားတာဖြစ်ပါတယ်။ အကြမ်းဖက်ဆန္ဒပြ စီးနင်းမှုတွေကြောင့် လွှတ်တော်အမတ်တွေ ဘေးလွတ်ရာ အချိန်မီ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး လူ ငါး ဦးသေဆုံးခဲ့ပါတယ်။
Trump ဟာ အမေရိကန်ပြည်ထောင်စုနဲ့ အစိုးရ အဖွဲ့အစည်းတွေရဲ့ လုံခြုံရေးကို အကြီးအကျယ် ခြိမ်းခြောက်နေတယ်လို့ တရားစွဲဆိုထားတဲ့ အောက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် မေရီလန်းပြည်နယ် အမတ် Jamie Raskin က စွဲချက်တွေကို ဖတ်ကြားခဲ့ပါတယ်။
သမ္မတဟောင်း Trump ကတော့ ကျင့်ဝတ်ပိုင်းနဲ့ ရွေးကောက်ပွဲ ဆိုင်ရာ ရှေ့နေ Butch Bowers နဲ့ အမေရိကန်ပြည်ထောင်စုအတွင်း တတ်သိပညာပိုင်းဆိုင်ရာရာဇဝတ်မှုတွေကို အထူးပြု ကိုင်တွယ်တဲ့ ဖက်ဒရယ်အစိုးရ တရားသူကြီးဟောင်း Deborah Barbier တို့ကို သူ့ အကျိုးဆောင်အဖွဲ့ကို ဦးဆောင်ဖို့ ငှားရမ်းထားပါတယ်။
သမ္မတဟောင်း Trump ကို တရားစွဲဆိုထားတဲ့အမှု အထက်လွှတ်တော်မှာ ကြားနာပွဲတွေမှာ ာ ဒုသမ္မတကိုယ်စား ပါဝင်လေ့ရှိတဲ့ ဒီမိုကရက် အထက်လွှတ်တော်အမတ် Patrick Leahy က သဘာပတိအဖြစ် ဆောင်ရွက်မှာဖြစ်တဲ့အကြောင်း တနင်္လာနေ့က ကြေညာပါတယ်။ အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတကို အရေးယူရေး ရုံးတင်စစ်ဆေးတဲ့ ကြားနာပွဲတွေမှာ တရားသူကြီးချုပ်က သဘာပတိအဖြစ် ဆောင်ရွက်ရပါတယ်။ ဒါပေမဲ့လည်း Trump က လက်ရှိသမ္မတ မဟုတ်တော့တဲ့အတွက် တရားသူကြီးချုပ် John Roberts က ကြားနာပွဲ သဘာပတိအဖြစ် ဆောင်ရွက်မှာ မဟုတ်ပါဘူး။