သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သမၼတေဟာင္း Trump ကို တရားစဲြဆိုမႈ ေဖေဖာ္ဝါရီ ၈ ရက္ စတင္ၾကားနာမည္


အေမရိကန္လႊတ္ေတာ္ အေဆာက္အဦးအနီး ေစာင့္ၾကပ္ေနတဲ့ လုံၿခဳံေရးတပ္ဖြဲ႔ဝင္အခ်ဳိ႕။ (ဇန္နဝါရီ ၁၄၊ ၂၀၂၁)

(Zawgyi / Unicode)

သမၼတေဟာင္း Donald Trump ကုိ ေအာက္လႊတ္ေတာ္က တရားစြဲဆိုထားတာနဲ႔ ပတ္သက္ၿပီး ေဖေဖာ္ဝါရီလ ၈ ရက္ေန႔က်ရင္ အထက္လႊတ္ေတာ္မွာ စၿပီး စစ္ေဆးေတာ့မွာ ျဖစ္ပါတယ္။ ဒီစစ္ေဆးမႈ ဘယ္ေတာ့စလုပ္မယ္ဆုိတာ ရီပတ္ဘလီကန္ေတြနဲ႔ ဒီမိုကရက္ေတြၾကား ေဆြးေႏြးၿပီးတဲ့ေနာက္ စၿပီး စစ္ေဆးမယ့္ရက္ကို သေဘာတူညီခ်က္ ရခဲ့တာပါ။

စစ္ေဆးမႈ စတင္မယ့္ရက္ကို အထက္လႊတ္ေတာ္ လူမ်ားစုေခါင္းေဆာင္ ဒီမုိကရက္တစ္ အထက္လႊတ္ေတာ္အမတ္ Chuck Schumer က ေသာၾကာေန႔မွာ ေၾကညာခဲ့ပါတယ္။ အစိုးရကို ပုန္ကန္ထႂကြဖို႔ ေသြးထိုးလံႈ႔ေဆာ္မႈဆိုင္ရာ စြဲခ်က္အေပၚ သမၼတေဟာင္း Trump ဘက္က ခုခံေခ်ပေရး ျပင္ဆင္ႏုိင္ေအာင္ အခ်ိန္ပိုေပးဖို႔အတြက္ တရားစစ္ေဆးတာကို ေနာက္ဆုတ္ေပးဖို႔ အထက္လႊတ္ေတာ္ လူနည္းစုေခါင္းေဆာင္ Mitch McConnell က ေတာင္းဆိုခဲ့ပါတယ္။

ဇန္နဝါရီလ ၆ ရက္ေန႔က Capitol လႊတ္ေတာ္အေဆာက္အဦးကို လူအုပ္ႀကီးက အတင္းဖ်က္ဆီး ဝင္ေရာက္ခဲ့ၿပီးေတာ့ လူေသဆံုးတာထိ ရွိခဲ့တဲ့ျဖစ္ရပ္နဲ႔ ဆက္စပ္ၿပီး သမၼတ Trump ကုိ စြဲခ်က္တင္ထားတာပါ။

ဒီတရားစစ္ေဆးမႈ စတင္မယ့္ရက္ကို အခုလုိ ေနာက္ဆုတ္ေပးလိုက္တာေၾကာင့္ သမၼတ Joe Biden က အစိုးရအဖြဲ႔ဝင္ေတြအျဖစ္ ခန္႔အပ္ဖို႔ အမည္တင္သြင္းထားသူေတြကို အတည္ျပဳေရးကိစၥ ၾကားနာပြဲေတြ လုပ္ဖုိ႔အျပင္ COVID-19 ကပ္ေရာဂါေၾကာင့္ ထိခုိက္နစ္နာမႈေတြ ကုစားေရး သမၼတ Biden က အဆိုျပဳ တင္ျပထားတဲ့ ေဒၚလာ ၁.၉ ထရီလီယံပါ အစီအစဥ္တရပ္အေပၚ သံုးသပ္ေဆြးေႏြးၾကဖို႔အတြက္ပါ အထက္လႊတ္ေတာ္အတြက္ အခ်ိန္ပိုရသြားပါတယ္။

တရားစစ္ေဆးမႈ စတင္ခ်ိန္အထိ "အထက္လႊတ္ေတာ္အေနနဲ႔ အစိုးရအဖြဲ႔ဝင္ေတြ ခန္႔ထားေရးကိစၥနဲ႔ ကိုဗစ္ေရာဂါေၾကာင့္ ထိခိုက္နစ္နာမႈ ကုစားေရးဆိုင္ရာ ဥပေဒမူၾကမ္းတုိ႔လုိ အေမရိကန္လူထုအတြက္ လုပ္ေဆာင္ေပးရမယ့္ တျခားလုပ္ငန္းေတြကို ဆက္လုပ္သြားပါမယ္" လို႔ လူမ်ားစုေခါင္းေဆာင္ မစၥတာ Schumer က ေသာၾကာေန႔ ထုတ္ျပန္ခ်က္တခုထဲမွာ ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

သမ္မတဟောင်း Trump ကို တရားစွဲဆိုမှု ဖေဖော်ဝါရီ ၈ ရက် စတင်ကြားနာမည်

သမ္မတဟောင်း Donald Trump ကို အောက်လွှတ်တော်က တရားစွဲဆိုထားတာနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့ကျရင် အထက်လွှတ်တော်မှာ စပြီး စစ်ဆေးတော့မှာ ဖြစ်ပါတယ်။ ဒီစစ်ဆေးမှု ဘယ်တော့စလုပ်မယ်ဆိုတာ ရီပတ်ဘလီကန်တွေနဲ့ ဒီမိုကရက်တွေကြား ဆွေးနွေးပြီးတဲ့နောက် စပြီး စစ်ဆေးမယ့်ရက်ကို သဘောတူညီချက် ရခဲ့တာပါ။

စစ်ဆေးမှု စတင်မယ့်ရက်ကို အထက်လွှတ်တော် လူများစုခေါင်းဆောင် ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် Chuck Schumer က သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။ အစိုးရကို ပုန်ကန်ထကြွဖို့ သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ စွဲချက်အပေါ် သမ္မတဟောင်း Trump ဘက်က ခုခံချေပရေး ပြင်ဆင်နိုင်အောင် အချိန်ပိုပေးဖို့အတွက် တရားစစ်ဆေးတာကို နောက်ဆုတ်ပေးဖို့ အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် Mitch McConnell က တောင်းဆိုခဲ့ပါတယ်။

ဇန်နဝါရီလ ၆ ရက်နေ့က Capitol လွှတ်တော်အဆောက်အဦးကို လူအုပ်ကြီးက အတင်းဖျက်ဆီး ဝင်ရောက်ခဲ့ပြီးတော့ လူသေဆုံးတာထိ ရှိခဲ့တဲ့ဖြစ်ရပ်နဲ့ ဆက်စပ်ပြီး သမ္မတ Trump ကို စွဲချက်တင်ထားတာပါ။

ဒီတရားစစ်ဆေးမှု စတင်မယ့်ရက်ကို အခုလို နောက်ဆုတ်ပေးလိုက်တာကြောင့် သမ္မတ Joe Biden က အစိုးရအဖွဲ့ဝင်တွေအဖြစ် ခန့်အပ်ဖို့ အမည်တင်သွင်းထားသူတွေကို အတည်ပြုရေးကိစ္စ ကြားနာပွဲတွေ လုပ်ဖို့အပြင် COVID-19 ကပ်ရောဂါကြောင့် ထိခိုက်နစ်နာမှုတွေ ကုစားရေး သမ္မတ Biden က အဆိုပြု တင်ပြထားတဲ့ ဒေါ်လာ ၁.၉ ထရီလီယံပါ အစီအစဉ်တရပ်အပေါ် သုံးသပ်ဆွေးနွေးကြဖို့အတွက်ပါ အထက်လွှတ်တော်အတွက် အချိန်ပိုရသွားပါတယ်။

တရားစစ်ဆေးမှု စတင်ချိန်အထိ "အထက်လွှတ်တော်အနေနဲ့ အစိုးရအဖွဲ့ဝင်တွေ ခန့်ထားရေးကိစ္စနဲ့ ကိုဗစ်ရောဂါကြောင့် ထိခိုက်နစ်နာမှု ကုစားရေးဆိုင်ရာ ဥပဒေမူကြမ်းတို့လို အမေရိကန်လူထုအတွက် လုပ်ဆောင်ပေးရမယ့် တခြားလုပ်ငန်းတွေကို ဆက်လုပ်သွားပါမယ်" လို့ လူများစုခေါင်းဆောင် မစ္စတာ Schumer က သောကြာနေ့ ထုတ်ပြန်ချက်တခုထဲမှာ ပြောထားပါတယ်။

XS
SM
MD
LG