သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Navalny ထောက်ခံတဲ့ ရုရှားဆန္ဒပြသူ ၅၀၀ ထက်မနည်း ဖမ်းဆီးခံရ


အတိုက်အခံခေါင်းဆောင် Navalny ထောက်ခံဆန္ဒပြသူတဦးကို ဖမ်းဆီးနေတဲ့ ရုရှားရဲတပ်ဖွဲ့ဝင်များ။ (ဇန်နဝါရီ ၃၁၊ ၂၀၂၁)
အတိုက်အခံခေါင်းဆောင် Navalny ထောက်ခံဆန္ဒပြသူတဦးကို ဖမ်းဆီးနေတဲ့ ရုရှားရဲတပ်ဖွဲ့ဝင်များ။ (ဇန်နဝါရီ ၃၁၊ ၂၀၂၁)

(Zawgyi / Unicode)

ရုရှားနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အတိုက်အခံခေါင်းဆောင် Navalny ကို ထောက်ခံတဲ့ ဆန္ဒပြတဲ့သူ ၅၀၀ ထက်မနည်းကို ရဲတပ်ဖွဲ့က ဒီနေ့ ဖမ်းဆီးလိုက်ပါတယ်။ ဆန္ဒပြတဲ့သူတွေဟာ ဒီနေ့မှာ ဒုတိယပတ်မြောက်အဖြစ်နဲ့ စပြီးတော့ လမ်းပေါ်ထွက် ဆန္ဒပြလာနေကြတာကြောင့် အခုလို ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

ရုရှားနိုင်ငံအရှေ့ပိုင်းက Vladivostok မြို့ အပါအဝင် ဆိုက်ဘေးရီးယား ဒေသမှာလည်း ဆန္ဒပြတဲ့သူတွေဟာ ဖမ်းဆီးတာတွေ တရားစွဲတာတွေကို အာခံပြီး ပထမဆုံးအကြိမ် ဆန္ဒပြခဲ့ကြပါတယ်။ Navalny ကို လာမယ့် အင်္ဂါနေ့မှာ တရားရုံးထုတ် စစ်ဆေးတာတွေ လုပ်မှာဖြစ်ပြီး ထောက်ခံသူတွေကတော့ နိုင်ငံတဝန်းမှာ ဆန္ဒပြဖို့ ထပ်ပြီးတော့ တောင်းဆိုလိုက်ပါတယ်။

မော်စကိုမြို့မှာလုပ်မယ့် ဆန္ဒပြပွဲတွေ မတိုင်ခင်မှာလည်း လူ ၂၅၀ ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ ဒါ့အပြင် မော်စကိုရဲတပ်ဖွဲ့က ဘူတာရုံ ၇ ခုကို ပိတ်လိုက်တယ်လို့ ကြေညာလိုက်ပြီး မြို့ထဲကိုလာတဲ့သူတွေကိုလည်း ကန့်သတ် တားဆီးတာတွေ လုပ်လာနေပါတယ်။

ဒါ့အပြင် မြို့လယ်ခေါင်မှာရှိတဲ့ တချို့ စားသောက်ဆိုင်တွေနဲ့ ဈေးဆိုင်တွေကို ပိတ်ဖို့ အမိန့်ထုတ်ထားပြီး မြေပေါ်ကနေ ပြေးဆွဲနေတဲ့ ဘတ်စ်ကားတွေနဲ့ သယ်ယူပို့ဆောင်ရေးယာဉ်တွေကို လမ်းကြောင်းပြောင်းတာတွေ လုပ်လာနေပါတယ်။

ရုရှားအတိုက်အခံခေါင်းဆောင် Navalny ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလလယ်က ရုရှားနိုင်ငံကို ပြန်ရောက်ပြီးပြီးချင်းမှာပဲ လေဆိပ်မှာ ချက်ချင်းအဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ သြဂုတ်လက ဆိုက်ဘေးရီးယားဒေသမှာ ခရီးသွားနေတုန်း အဆိပ်ခတ် တိုက်ခိုက်တာ ခံခဲ့ရတာဖြစ်ပြီး ဂျာမနီနိုင်ငံမှာ ၅ လလောက်သွားပြီး ဆေးကုသခံရတာ ဖြစ်ပါတယ်။

Navalny ကို ဖမ်းဆီးတာနဲ့ ဆန္ဒပြတဲ့သူ ရာပေါင်းများစွာကို ပြီးခဲ့တဲ့ တပတ်က ဖမ်းဆီးတာတွေနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)








XS
SM
MD
LG