သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်နိုင်ငံသားတွေ ပါကစ္စတန်က ထွက်ခွာဖို့ ပြင်သစ်အစိုးရ နှိုးဆော်

TLP ပါတီဝင်တွေရဲ့ အကြမ်းဖက် ဆန္ဒပြမှုကို ဖြိုခွဲနေစဉ်

(Zawgyi/Unicode)

ပါကစ္စတန်နိုင်ငံမှာ ပြင်သစ်နိုင်ငံအပေါ် ကြီးမားတဲ့ ခြိမ်းခြောက်မှု အန္တရာယ်တွေ ရှိနေတာကြောင့် ပြင်သစ် နိုင်ငံသားတွေနဲ့ ကုမ္ပဏီတွေ ပါကစ္စတန်နိုင်ငံကနေ ယာယီထွက်ခွာကြဖို့ ပြင်သစ်အစိုးရက တိုက်တွန်းလိုက်ပါတယ်။

အစ္စလာမ်ဘာသာကို ဆန့်ကျင်တဲ့ ကာတွန်းပုံတပုံကို ပြင်သစ်နိုင်ငံမှာ ပုံနှိပ်ဖော်ပြခဲ့တဲ့အပေါ် ကန့်ကွက်တဲ့ အနေနဲ့ ပြင်သစ် သံအမတ်ကြီးကို နိုင်ငံကနေ နှင်ထုတ်ဖို့ အစ္စလာမ်အယူဝါဒစွဲပြင်းထန်တဲ့ TLP ပါတီဝင်တွေရဲ့ အကြမ်းဖက် ဆန္ဒပြတောင်းဆိုမှုတွေ ဒီတပတ်ထဲ နေရာတော်တော်များများမှာ ကြုံခဲ့ရပြီးနောက် ပြင်သစ်သံရုံးက ပါကစ္စတန်မှာ ရှိနေတဲ့ ပြင်သစ် နိုင်ငံသား ၅၀၀ လောက်ကို အီးမေးလ်ပေးပို့ပြီး သတိပေးလိုက်တာပါ။

နိုင်ငံက ထွက်ခွာမယ့်သူတွေ အနေနဲ့ လက်ရှိ ပြေးဆွဲနေတဲ့ ခရီးသည်တင် လေယာဉ်တွေနဲ့ ထွက်ခွာကြရမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Zahid Hafeez Chaudhri ကတာ့ ပြင်သစ်သံရုံးရဲ့ အကြံပြုတိုက်တွန်းချက်ကို သိရှိထားကြောင်းနဲ့ နိုင်ငံတွင်းမှာ တရားဥပဒေ စိုးမိုးရေး၊ အသက်အိုးအိမ် ထိခိုက်မှု မရှိစေရေး အစိုးရက ကြိုးပမ်းနေကြောင်း ပြောဆိုခဲ့တာပါ။

TLP ပါတီဝင်တွေနဲ့ ရဲတပ်ဖွဲ့ကြား ၃ ရက်ကြာ အဓိကရုဏ်းအတွင်း ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး၊ ဆန္ဒပြသူတွေ အပါအဝင် လူ ၆၀၀ နီးပါး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်းလည်း ပါကစ္စတန် အာဏာပိုင်တွက ဗုဒ္ဓဟူးနေ့မှာ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

.............

ပြင်သစ်နိုင်ငံသားတွေ ပါကစ္စတန်က ထွက်ခွာဖို့ ပြင်သစ်အစိုးရ နှိုးဆော်

(Unicode)

XS
SM
MD
LG