(Zawgyi/Unicode)
တမန္ေတာ္ မိုဟာမက္ ကာတြန္းရုပ္ေျပာင္ကို ျပင္သစ္မွာ ထပ္မံ ထုတ္ေ၀တာကို ဆန္႔က်င္တဲ႔ အေနနဲ႔ ပါကစၥတန္မွာ ေထာင္နဲ႔ခ်ီတဲ႔ အစၥလာမ္ ဘာသာေရး အယူစြဲ ျပင္းထန္သူေတြ စုေ၀းဆႏၵျပတာေၾကာင့္ ၿမိဳ႕ေတာ္ အစၥလာမၼာဘတ္ အ၀င္ အခ်က္အခ်ာ အေ၀းေျပး လမ္းမႀကီးကို ဒုတိယေျမာက္ေန႔ အျဖစ္ တနလာၤေန႔မွာ လံုၿခံဳေရး တပ္ဖြဲ႔ေတြက အ၀င္ အထြက္ ပိတ္ဆို႔ထားပါတယ္။
TLP လို႔ ေခၚတဲ႔ လက္ယာ အစြန္းေရာက္ Tehreek-e-Labbaik Pakistan အဖြဲ႔က ေထာက္ခံသူ ၅,၀၀၀ ေလာက္က ၿမိဳ႕ေတာ္ အနီး Rawalpindi ၿမိဳ႕မွာ တနဂၤေႏြေန႔က စတင္ စုေ၀းခဲ႔ၾကၿပီး အစၥလာမၼာဘတ္က ျပင္သစ္ သံရံုးထိ ခ်ီတက္ဖို႔ ပိုင္းျဖတ္ထားေၾကာင္း ဦးေဆာင္သူေတြနဲ႔ မ်က္ျမင္ေတြ႔သူေတြက ေျပာပါတယ္။ စုေ၀းခ်ီတက္ၾကသူေတြက ျပင္သစ္ ဆန္႔က်င္ေရး ေၾကြးေၾကာ္ခဲ႔ၾကသလို ျပင္သစ္ သံအမတ္ႀကီးကို ႏွင္ထုတ္ဖို႔လည္း ေတာင္းဆိုၾကပါတယ္။
ပါကစၥတန္ အာဏာပိုင္ေတြက ေထာင္နဲ႔ခ်ီတဲ႔ အဓိကရုဏ္း ႏွိမ္ႏွင္းေရး ရဲတပ္ဖြဲ႔နဲ႔ အရန္တပ္ဖြဲ႔၀င္ေတြကို ခ်ထားသလို ၿမိဳ႕ေတာ္တြင္းကို ဆႏၵျပသူေတြ ၀င္ေရာက္လာမယ့္အေရး တားဆီးတဲ႔ အေနနဲ႔ အခ်က္အခ်ာက်တဲ႔ ၿမိဳ႕အ၀င္ေတြမွာ ကြန္တိန္နာ ႀကီးေတြလည္း ခ်ထားပါတယ္။ လူထု ခ်ီတက္ပြဲ စီစဥ္သူေတြ တဦးနဲ႔ တဦး ခ်ိတ္ဆက္ ပူးေပါင္းလို႔ မရေအာင္ ၿမိဳ႕ေတာ္ အစၥလာမၼာဘတ္ အတြင္းနဲ႔ အနီးတ၀ိုက္မွာ မိုလ္ဘိုင္းလ္ လက္ကိုင္ဖုန္း ဆက္သြယ္မႈေတြကိုလည္း ျဖတ္ေတာက္ထားပါတယ္။
တနဂၤေႏြေန႔ ညကေတာ့ ဆႏၵျပသူေတြက ၿမိဳ႕တြင္းကို ၀င္ႏုိင္ေရး အတြက္ လမ္းေပၚက အတားအဆီးေတြကို ဖယ္ဖို႔ ႀကိဳးစားတာမွာ ရဲတပ္ဖြဲ႔က မ်က္ရည္ယိုဗံုးသံုးၿပီး တုံ႔ျပန္ခဲ႔ပါတယ္။ တနလာၤေန႔ မနက္ခင္း အထိ ထိပ္တိုက္ ရုန္းရင္းဆန္ခတ္ ျဖစ္ခဲ႔ၿပီး ရဲတပ္ဖြဲ႔၀င္ တဒါဇင္ေက်ာ္ ထိခိုက္ဒဏ္ရာ ရပါတယ္။ ရဲတပ္ဖြဲ႔၀င္ တဦးကေတာ့ ဆိုးဆိုးရြားရြား ထိခိုက္ဒဏ္ရာ ရထားတယ္လို႔လည္း တာ၀န္ရွိသူ တဦးက ဗီြအိုေအကို ေျပာပါတယ္။
.............
ပါကစ္စတန်မှာပြင်သစ်ဆန့်ကျင်ရေး လူပေါင်းထောင်နဲ့ချီ ဆန္ဒပြနေ
(Unicode)
တမန်တော် မိုဟာမက် ကာတွန်းရုပ်ပြောင်ကို ပြင်သစ်မှာ ထပ်မံ ထုတ်ဝေတာကို ဆန့်ကျင်တဲ့ အနေနဲ့ ပါကစ္စတန်မှာ ထောင်နဲ့ချီတဲ့ အစ္စလာမ် ဘာသာရေး အယူစွဲ ပြင်းထန်သူတွေ စုဝေးဆန္ဒပြတာကြောင့် မြို့တော် အစ္စလာမ္မာဘတ် အဝင် အချက်အချာ အဝေးပြေး လမ်းမကြီးကို ဒုတိယမြောက်နေ့ အဖြစ် တနလာၤနေ့မှာ လုံခြုံရေး တပ်ဖွဲ့တွေက အဝင် အထွက် ပိတ်ဆို့ထားပါတယ်။
TLP လို့ ခေါ်တဲ့ လက်ယာ အစွန်းရောက် Tehreek-e-Labbaik Pakistan အဖွဲ့က ထောက်ခံသူ ၅,၀၀၀ လောက်က မြို့တော် အနီး Rawalpindi မြို့မှာ တနင်္ဂနွေနေ့က စတင် စုဝေးခဲ့ကြပြီး အစ္စလာမ္မာဘတ်က ပြင်သစ် သံရုံးထိ ချီတက်ဖို့ ပိုင်းဖြတ်ထားကြောင်း ဦးဆောင်သူတွေနဲ့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။ စုဝေးချီတက်ကြသူတွေက ပြင်သစ် ဆန့်ကျင်ရေး ကြွေးကြော်ခဲ့ကြသလို ပြင်သစ် သံအမတ်ကြီးကို နှင်ထုတ်ဖို့လည်း တောင်းဆိုကြပါတယ်။
ပါကစ္စတန် အာဏာပိုင်တွေက ထောင်နဲ့ချီတဲ့ အဓိကရုဏ်း နှိမ်နှင်းရေး ရဲတပ်ဖွဲ့နဲ့ အရန်တပ်ဖွဲ့ဝင်တွေကို ချထားသလို မြို့တော်တွင်းကို ဆန္ဒပြသူတွေ ဝင်ရောက်လာမယ့်အရေး တားဆီးတဲ့ အနေနဲ့ အချက်အချာကျတဲ့ မြို့အဝင်တွေမှာ ကွန်တိန်နာ ကြီးတွေလည်း ချထားပါတယ်။ လူထု ချီတက်ပွဲ စီစဉ်သူတွေ တဦးနဲ့ တဦး ချိတ်ဆက် ပူးပေါင်းလို့ မရအောင် မြို့တော် အစ္စလာမ္မာဘတ် အတွင်းနဲ့ အနီးတဝိုက်မှာ မိုလ်ဘိုင်းလ် လက်ကိုင်ဖုန်း ဆက်သွယ်မှုတွေကိုလည်း ဖြတ်တောက်ထားပါတယ်။
တနင်္ဂနွေနေ့ ညကတော့ ဆန္ဒပြသူတွေက မြို့တွင်းကို ဝင်နိုင်ရေး အတွက် လမ်းပေါ်က အတားအဆီးတွေကို ဖယ်ဖို့ ကြိုးစားတာမှာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးသုံးပြီး တုံ့ပြန်ခဲ့ပါတယ်။ တနလာၤနေ့ မနက်ခင်း အထိ ထိပ်တိုက် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် တဒါဇင်ကျော် ထိခိုက်ဒဏ်ရာ ရပါတယ်။ ရဲတပ်ဖွဲ့ဝင် တဦးကတော့ ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာ ရထားတယ်လို့လည်း တာဝန်ရှိသူ တဦးက ဗွီအိုအေကို ပြောပါတယ်။