သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘဂၤလားေဒ့ရွ္မွာျပင္သစ္ဆန႔္က်င္ေရး လူထုဆႏၵျပပြဲမ်ား အရွိန္အဟုန္ ျပင္းထန္ေနဆဲ


ဘဂၤလားေဒ့ရွ္မွာ လူထုဆႏၵျပပြဲ

(Zawgyi/Unicode)

တမန္ေတာ္ မိုဟာမက္ ပံုစံ ကာတြန္း ရုပ္ေျပာင္ေတြ ေဖာ္ျပခြင့္ကို ကာကြယ္တဲ႔ ျပင္သစ္ သမၼတ Emmanuel Macron ရဲ႕ လုပ္ရပ္ကို မြတ္ဆလင္ေတြ ဆန္႔က်င္ ဆႏၵျပေနၾကတာမွာ တနလာၤေန႔မွာတာ့ ဘဂၤလားေဒရွ႕ႏုိင္ငံ ၿမိဳ႕ေတာ္ ဒါကာမွာ လူေပါင္း ေသာင္းနဲ႔ခ်ီ လမ္းေပၚထြက္ၿပီး ျပင္သစ္ ဆန္႔က်င္ေရး ဆႏၵျပခဲ႔ၾကပါတယ္။

တမန္ေတာ္ ကာတြန္းေတြကို Charlie Hebdo အပတ္စဥ္ စာေစာင္က ေဖာ္ျပခဲပတဲ႔ စက္တင္ဘာလကစလို႔ ျပင္သစ္မွာ တိုက္ခုိက္မႈ တခိ်ဳ႕နဲ႔ ႀကံဳခဲ႔ရပါတယ္။ ဒီကာတြန္းေတြ ထုတ္ေ၀ၿပီးေနာက္ပိုင္း Charlie Hebdo ရံုးေဟာင္း အျပင္ဘက္မွာ တိုက္ခုိက္မႈ၊ ေနာက္ ေက်ာင္းဆရာ တဦး ေခါင္းျဖတ္ သတ္ခံရၿပီး Nice ၿမိဳ႕က ခရစ္ယာန္ ဘုရားေက်ာင္း တခုမွာလည္း တိုက္ခုိက္မႈ ျဖစ္ခဲ႔ပါတယ္။

ကမၻာတလႊားက မူဆလင္ေတြနဲ႔ တင္းတင္းမာမာ ျဖစ္ေနတာကို ေျပလည္ေရး အတြက္ ျပင္သစ္ သမၼတ Emmanuel Macron က ၿပီးခဲ႔တဲ႔ စေနေန႔မွာ ႀကိဳးစားခဲ႔ပါတယ္။ ဒီ ကာတြန္းေတြဟာ စိတ္မခ်မ္းေျမ႔စရာ ျဖစ္ႏုိင္တယ္ဆိုတာကို သူ႔အေနနဲ႔ သေဘာေပါက္ေၾကာင္း ဒါေပမယ့္လည္း ဒီကိစၥေတြ ေနာက္ကြယ္မွာ ျပင္သစ္ ႏုိင္ငံ ပတ္သက္ေနတယ္ဆိုတာကိုေတာ့ မဟုတ္ဘူးလု႔ိ Arab ရုပ္သံ ခ်ယ္နယ္မွာ ေျပာဆိုခဲ႔တာ ျဖစ္ပါတယ္။

ကမၻာမွာ စတုတၳေျမာက္ မူဆလင္ ဦးေရ အမ်ားဆံုး ႏုိင္ငံ ျဖစ္တဲ႔ ဘဂၤလားေဒရွ္႕ ကေတာ့ အခုလို ကာတြန္းေတြ ျပန္လည္ ထုတ္ေ၀မႈကို ျပင္သစ္ႏုိင္ငံနဲ႔ သမၼတတို႔နဲ႔ ခ်ိတ္ဆက္ၿပီး လူေပါင္းမ်ားစြာ ဆႏၵျပေနၾကတာ ျဖစ္တယ္လို႔ AFP သတင္းက ေဖာ္ျပပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ ဆိုင္ရာ လူေတြ အကြာအေ၀း တခုျခားၿပီး ေနၾကရမယ့္ စည္းမ်ဥ္းကို လစ္လ်ဴရႈၿပီး တနလာၤေန႔က ဘဂၤလားေဒရွ္႕ ၿမိဳ႕ေတာ္ ဒါကာမွာ ခ်ီတက္ ဆႏၵျပသူ ၅၀,၀၀၀ ေက်ာ္ရွိတယ္လို႔ ရဲတပ္ဖြဲ႔က ေျပာပါတယ္။ ဆႏၵျပပြဲကို စီစဥ္သူေတြကေတာ့ ဆႏၵျပသူ ၁၀၀,၀၀၀ ေက်ာ္ ရွိတယ္လို႔ ေျပာပါတယ္။ ဆႏၵျပသူေတြ ၿမိဳ႕ေတာ္ ဒါကာက သံတမန္ ရပ္ကြက္နားကို မကပ္ႏုိင္ေအာင္ အဲဒီ ရပ္ကြက္ကို သြားရာ လမ္းမႀကီးကို ရဲတပ္ဖြဲ႔က သံဆူးႀကိဳးေတြနဲ႔ ကာရံ ပိတ္ဆို႔ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ဘင်္ဂလားဒေ့ရှ်မှာပြင်သစ်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲများ အရှိန်အဟုန် ပြင်းထန်နေဆဲ

(Unicode)

တမန်တော် မိုဟာမက် ပုံစံ ကာတွန်း ရုပ်ပြောင်တွေ ဖော်ပြခွင့်ကို ကာကွယ်တဲ့ ပြင်သစ် သမ္မတ Emmanuel Macron ရဲ့ လုပ်ရပ်ကို မွတ်ဆလင်တွေ ဆန့်ကျင် ဆန္ဒပြနေကြတာမှာ တနလာၤနေ့မှာတာ့ ဘင်္ဂလားဒေရှ့နိုင်ငံ မြို့တော် ဒါကာမှာ လူပေါင်း သောင်းနဲ့ချီ လမ်းပေါ်ထွက်ပြီး ပြင်သစ် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။

တမန်တော် ကာတွန်းတွေကို Charlie Hebdo အပတ်စဉ် စာစောင်က ဖော်ပြခဲပတဲ့ စက်တင်ဘာလကစလို့ ပြင်သစ်မှာ တိုက်ခိုက်မှု တချို့နဲ့ ကြုံခဲ့ရပါတယ်။ ဒီကာတွန်းတွေ ထုတ်ဝေပြီးနောက်ပိုင်း Charlie Hebdo ရုံးဟောင်း အပြင်ဘက်မှာ တိုက်ခိုက်မှု၊ နောက် ကျောင်းဆရာ တဦး ခေါင်းဖြတ် သတ်ခံရပြီး Nice မြို့က ခရစ်ယာန် ဘုရားကျောင်း တခုမှာလည်း တိုက်ခိုက်မှု ဖြစ်ခဲ့ပါတယ်။

ကမ္ဘာတလွှားက မူဆလင်တွေနဲ့ တင်းတင်းမာမာ ဖြစ်နေတာကို ပြေလည်ရေး အတွက် ပြင်သစ် သမ္မတ Emmanuel Macron က ပြီးခဲ့တဲ့ စနေနေ့မှာ ကြိုးစားခဲ့ပါတယ်။ ဒီ ကာတွန်းတွေဟာ စိတ်မချမ်းမြေ့စရာ ဖြစ်နိုင်တယ်ဆိုတာကို သူ့အနေနဲ့ သဘောပေါက်ကြောင်း ဒါပေမယ့်လည်း ဒီကိစ္စတွေ နောက်ကွယ်မှာ ပြင်သစ် နိုင်ငံ ပတ်သက်နေတယ်ဆိုတာကိုတော့ မဟုတ်ဘူးလု့ိ Arab ရုပ်သံ ချယ်နယ်မှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာမှာ စတုတ္ထမြောက် မူဆလင် ဦးရေ အများဆုံး နိုင်ငံ ဖြစ်တဲ့ ဘင်္ဂလားဒေရှ့် ကတော့ အခုလို ကာတွန်းတွေ ပြန်လည် ထုတ်ဝေမှုကို ပြင်သစ်နိုင်ငံနဲ့ သမ္မတတို့နဲ့ ချိတ်ဆက်ပြီး လူပေါင်းများစွာ ဆန္ဒပြနေကြတာ ဖြစ်တယ်လို့ AFP သတင်းက ဖော်ပြပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ဆိုင်ရာ လူတွေ အကွာအဝေး တခုခြားပြီး နေကြရမယ့် စည်းမျဉ်းကို လစ်လျူရှုပြီး တနလာၤနေ့က ဘင်္ဂလားဒေရှ့် မြို့တော် ဒါကာမှာ ချီတက် ဆန္ဒပြသူ ၅၀,၀၀၀ ကျော်ရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဆန္ဒပြပွဲကို စီစဉ်သူတွေကတော့ ဆန္ဒပြသူ ၁၀၀,၀၀၀ ကျော် ရှိတယ်လို့ ပြောပါတယ်။ ဆန္ဒပြသူတွေ မြို့တော် ဒါကာက သံတမန် ရပ်ကွက်နားကို မကပ်နိုင်အောင် အဲဒီ ရပ်ကွက်ကို သွားရာ လမ်းမကြီးကို ရဲတပ်ဖွဲ့က သံဆူးကြိုးတွေနဲ့ ကာရံ ပိတ်ဆို့ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG