သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရုပ္ေျပာင္ကာတြန္းအေပၚ ျပင္သစ္သမၼတသေဘာထား ဘဂၤလားေဒ႔ရွ္ လူေထာင္ခ်ီကန္႔ကြက္ဆႏၵျပ


ဘဂၤလားေဒ႔ရွ္ လူေထာင္ခ်ီကန္႔ကြက္ဆႏၵျပ

(Zawgyi/Unicode)

ဘဂၤလားေဒရွ္႕ ႏုိင္ငံ ၿမိဳ႕ေတာ္ ဒါကာမွာ အဂၤါေန႔က လူ ၁၀,၀၀၀ ေလာက္ ခ်ီတက္ၿပီး ျပင္သစ္ သမၼတကို ဆန္႔က်င္ ဆႏၵျပခဲ႔ၾကပါတယ္။ တမန္ေတာ္မိုဟာမက္ကို သရုပ္ေဖာ္တဲ႔ ရုပ္ေျပာင္ကို လြတ္လပ္စြာ ထုတ္ေဖာ္ ေျပာဆိုခြင့္ အျဖစ္ အကာအကြယ္ေပးထားတဲ႔ ဥပေဒေတြကို ျပင္သစ္ သမၼတရဲ႕ အခိုင္အမာ ေထာက္ခံမႈကိုပါ ဆႏၵျပခဲ႔ၾကတာလို႔ AP သတင္းက ေဖာ္ျပပါတယ္။

ကမၻာတလႊားက မူဆလင္ေတြ ညီညြတ္ၾကဖို႔နဲ႔ ျပင္သစ္ကို သပိတ္ေမွာက္ၾက ဆိုတဲ႔ စာတန္းေတြ ဆိုင္းဘုတ္ေတြ ကိုင္ၿပီး အယူစြဲ ျပင္းထန္တဲ႔ Islami Andolon Bangladesh အဖြဲ႔က ဆႏၵျပသူေတြ ခ်ီတက္ခဲ႔ၾကတာပါ။ မူဆလင္ အမ်ားစု နုိင္ငံေတြမွာ အစၥလာမ္ ဥပေဒ က်င့္သံုးဖို႔လည္း ဒီအဖြဲ႔က တိုက္တြန္းေနတာပါ။

ဆႏၵျပသူ တခ်ိဳ႕ကေတာ့ ျပင္သစ္ သမၼတ Emmanuel Macron ရဲ႕ မ်က္ႏွာေပၚမွာ ၾကက္ေျခခတ္ ေရးဆြဲထားတဲ႔ ရုပ္ပံုေတြလည္း ကိုင္ေဆာင္ ခ်ီတက္ခဲ႔ၾကပါတယ္။ ဆႏၵျပသူ တဦးကေတာ့ ျပင္သစ္ သမၼတကို မေလးစားဘူးဆိုတာကို သရုပ္ေဖာ္တဲ႔ အေနနဲ႔ လည္ပင္းတ၀ိုက္မွာ ဖိနပ္ေတြ ခ်ိတ္ဆြဲထားတဲ႔ သမၼတ Macron ရဲ႕ ရုပ္ပံုကို ကိုင္ေဆာင္ ဆႏၵျပခဲ႔ပါတယ္။

စာသင္ခန္းထဲမွာ တမန္ေတာ္ မိုဟာမက္ရဲ႕ ကာတြန္း ရုပ္ေျပာင္ကို ျပသခဲ႔တဲ႔ ေက်ာင္းဆရာကို ပါရီ ၿမိဳ႕ေတာ္ အနီးမွာ ရက္ရက္စက္စက္ ေခါင္းျဖတ္ သတ္ျဖတ္ခံရၿပီးေနာက္ ဒီကိစၥက ထပ္ၿပီး ေပၚေပါက္လာတာပါ။ ေက်ာင္းဆရာကို တိုက္ခိုက္ခဲ႔တဲ႔ အသက္ ၁၈ ႏွစ္ အရြယ္ ေခ်ခ်င္းႏြယ္ဖြား ဒုကၡသည္ အမ်ိဳးသားကေတာ့ ရဲတပ္ဖြဲ႔ရဲ႕ ပစ္ခတ္မႈ အတြင္း ေသဆံုးခဲ႔ပါတယ္။

ေက်ာင္းဆရာ Samuel Paty ဟာဆိုရင္ ျပင္သစ္ရဲ႕ ဘာသာေရးနဲ႔ လူမႈေရး မေရာေထြးေရး ခိုင္မာတဲ႔ အယူအဆနဲ႔ လူမႈနယ္ပယ္တြင္း ဘာသာေရး ဆိုင္ရာ စြက္ဖက္မႈကို လက္မခံတဲ႔ အခ်က္ရဲ႕ ျပယုဂ္လည္း ျဖစ္ပါတယ္။ ျပင္သစ္ သမၼတ Macron နဲ႔ အစုိးရ အဖြဲ႔၀င္ေတြကေတာ့ အလားတူ ရုပ္ေျပာင္ကာတြန္းေတြကို လြတ္လပ္စြာ ထုတ္ေဖာ္ ေျပာဆိုခြင့္ အျဖစ္ ဆက္လက္ ကာကြယ္သြားမယ္လို႔ အခိုင္အမာ ကတိျပဳထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ရုပ်ပြောင်ကာတွန်းအပေါ် ပြင်သစ်သမ္မတသဘောထား ဘင်္ဂလားဒေ့ရှ် လူထောင်ချီကန့်ကွက်ဆန္ဒပြ

(Unicode)

ဘင်္ဂလားဒေရှ့် နိုင်ငံ မြို့တော် ဒါကာမှာ အင်္ဂါနေ့က လူ ၁၀,၀၀၀ လောက် ချီတက်ပြီး ပြင်သစ် သမ္မတကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။ တမန်တော်မိုဟာမက်ကို သရုပ်ဖော်တဲ့ ရုပ်ပြောင်ကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် အဖြစ် အကာအကွယ်ပေးထားတဲ့ ဥပဒေတွေကို ပြင်သစ် သမ္မတရဲ့ အခိုင်အမာ ထောက်ခံမှုကိုပါ ဆန္ဒပြခဲ့ကြတာလို့ AP သတင်းက ဖော်ပြပါတယ်။

ကမ္ဘာတလွှားက မူဆလင်တွေ ညီညွတ်ကြဖို့နဲ့ ပြင်သစ်ကို သပိတ်မှောက်ကြ ဆိုတဲ့ စာတန်းတွေ ဆိုင်းဘုတ်တွေ ကိုင်ပြီး အယူစွဲ ပြင်းထန်တဲ့ Islami Andolon Bangladesh အဖွဲ့က ဆန္ဒပြသူတွေ ချီတက်ခဲ့ကြတာပါ။ မူဆလင် အများစု နိုင်ငံတွေမှာ အစ္စလာမ် ဥပဒေ ကျင့်သုံးဖို့လည်း ဒီအဖွဲ့က တိုက်တွန်းနေတာပါ။

ဆန္ဒပြသူ တချို့ကတော့ ပြင်သစ် သမ္မတ Emmanuel Macron ရဲ့ မျက်နှာပေါ်မှာ ကြက်ခြေခတ် ရေးဆွဲထားတဲ့ ရုပ်ပုံတွေလည်း ကိုင်ဆောင် ချီတက်ခဲ့ကြပါတယ်။ ဆန္ဒပြသူ တဦးကတော့ ပြင်သစ် သမ္မတကို မလေးစားဘူးဆိုတာကို သရုပ်ဖော်တဲ့ အနေနဲ့ လည်ပင်းတဝိုက်မှာ ဖိနပ်တွေ ချိတ်ဆွဲထားတဲ့ သမ္မတ Macron ရဲ့ ရုပ်ပုံကို ကိုင်ဆောင် ဆန္ဒပြခဲ့ပါတယ်။

စာသင်ခန်းထဲမှာ တမန်တော် မိုဟာမက်ရဲ့ ကာတွန်း ရုပ်ပြောင်ကို ပြသခဲ့တဲ့ ကျောင်းဆရာကို ပါရီ မြို့တော် အနီးမှာ ရက်ရက်စက်စက် ခေါင်းဖြတ် သတ်ဖြတ်ခံရပြီးနောက် ဒီကိစ္စက ထပ်ပြီး ပေါ်ပေါက်လာတာပါ။ ကျောင်းဆရာကို တိုက်ခိုက်ခဲ့တဲ့ အသက် ၁၈ နှစ် အရွယ် ချေချင်းနွယ်ဖွား ဒုက္ခသည် အမျိုးသားကတော့ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှု အတွင်း သေဆုံးခဲ့ပါတယ်။

ကျောင်းဆရာ Samuel Paty ဟာဆိုရင် ပြင်သစ်ရဲ့ ဘာသာရေးနဲ့ လူမှုရေး မရောထွေးရေး ခိုင်မာတဲ့ အယူအဆနဲ့ လူမှုနယ်ပယ်တွင်း ဘာသာရေး ဆိုင်ရာ စွက်ဖက်မှုကို လက်မခံတဲ့ အချက်ရဲ့ ပြယုဂ်လည်း ဖြစ်ပါတယ်။ ပြင်သစ် သမ္မတ Macron နဲ့ အစိုးရ အဖွဲ့ဝင်တွေကတော့ အလားတူ ရုပ်ပြောင်ကာတွန်းတွေကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် အဖြစ် ဆက်လက် ကာကွယ်သွားမယ်လို့ အခိုင်အမာ ကတိပြုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG