(Zawgyi / Unicode)
ဘဂၤလားေဒ့ရွ္ႏုိင္ငံတြင္း မုဒိမ္းမႈေတြနဲ႔ လိင္ပိုင္းဆိုင္ရာ ထိပါး ေစာ္ကားမႈေတြအတြက္ ေသဒဏ္အျပစ္ေပးေရး အစိုးရဘက္က စဥ္းစားသံုးသပ္လာရခ်ိန္မွာပဲ စေနေန႔က လူေပါင္းရာခ်ီ လမ္းေပၚထြက္ၿပီး တရားမွ်တမႈအတြက္ ေတာင္းဆိုခဲ့ၾကပါတယ္။
ဒီႏွစ္ပိုင္းေတြအတြင္း မုဒိမ္းမႈနဲ႔ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈေတြက ဘဂၤလားေဒ့ရွ္မွာ ခပ္စိပ္စိပ္ ျဖစ္လာေနတာပါ။ ဇန္နဝါရီလကေန စက္တင္ဘာလအတြင္း ထိပါး တိုက္ခုိက္ခံရမႈ သတင္းေပးတိုင္ၾကားခ်က္ ၁,၀၀၀ ထဲမွာ ၂၀၀ ေက်ာ္က အုပ္စုဖြဲ႔ မုဒိမ္းမႈေတြ ျဖစ္တယ္လို႔ လူ႔အခြင့္အေရးအဖြဲ႔ Ain-o-Salish Kendra အဖြဲ႔က ေျပာဆုိထားပါတယ္။
ၿမိဳ႕ေတာ္ ဒကၠာနဲ႔ ႏုိင္ငံတဝန္းက ဆႏၵျပပြဲေတြမွာေတာ့ မုဒိမ္းသမားေတြကို ႀကိဳးမိန႔္ေပးဖို႔ ေတာင္းဆိုေႂကြးေၾကာ္ ခ်ီတက္ခဲ့ၾကၿပီး ဒီထဲမွာ ေက်ာင္းသားေတြလည္း ရာနဲ႔ခ်ီ ပါဝင္ခဲ့ပါတယ္။
ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္း ဆႏၵျပမႈေတြေၾကာင့္ ဒီ ျပစ္မႈက်ဴးလြန္သူေတြအတြက္ ေသဒဏ္အျပစ္ေပးေရး အစိုးရဘက္က သံုးသပ္လာေနရၿပီး လာမယ့္ တနလၤာေန႔မွာ အေရးေပၚျပင္ဆင္ခ်က္အတြက္ အစိုးရက အဆိုျပဳခ်က္တရပ္ တင္ျပဖို႔ ရွိေနပါတယ္။
ဝန္ႀကီးခ်ဳပ္ Skeikh Hasina ရဲ႕ ညႊန္ၾကားခ်က္အရ အဆိုျပဳခ်က္တရပ္ ေရးဆြဲေနေၾကာင္း တရားေရးဝန္ႀကီး Anisul Huq က ႐ုိက္တာ သတင္းေအဂ်င္စီကို ေျပာပါတယ္။
ျပစ္မႈက်ဴးလြန္သူေတြကို အျမင့္ဆံုးျပစ္ဒဏ္ ေပးႏုိင္ေအာင္ ေဆာင္ရြက္မယ့္ အေၾကာင္းလည္း တရားေရးဝန္ႀကီးက ေျပာဆိုထားပါတယ္။
ဘဂၤလားေဒ့ရွ္ အေရွ႕ေတာင္ပိုင္းခ႐ုိင္ Noakhali မွာ အမ်ိဳးသမီးတဦးကို နာရီဝက္ေလာက္ အတြင္းမွာပဲ အမ်ိဳးသားတစုက အဝတ္ေတြဆြဲခြၽြတ္ၿပီး တိုက္ခုိက္တဲ႔ ဗီြဒီယိုတခု ထြက္ေပၚလာၿပီးေနာက္မွာ စေနေန႔ ဆႏၵျပပြဲ ျဖစ္လာတာပါ။
ဒါ႔အျပင္ ႏုိင္ငံေျမာက္ပိုင္းခ႐ုိင္ Sylhet မွာ အေဆာင္ခန္းတခုအတြင္း အမ်ိဳးသမီးတဦးကို အုပ္စုဖြ႔ဲ႔ မုဒိမ္းမႈ က်ဴးလြန္မႈနဲ႔ ပတ္သက္ၿပီး ဖမ္းဆီးခံရမႈအတြင္း လက္ရွိ အာဏာရပါတီရဲ႕ ေက်ာင္းသားအဖြဲ႔က အဖြဲ႔ဝင္ေတြလည္း ပါဝင္ခဲ့ၿပီးေနာက္ ဒီအေပၚမွာလည္း စိတ္ဆိုး ေဒါသထြက္ေနၾကတာ ျဖစ္ပါတယ္။
အမ်ိဳးသမီးေတြၾကား ေၾကာက္ရြံ႕စိုးရိမ္မႈ၊ လူမႈဓေလ့ထံုးစံေတြေနာက္ ၾသဇာႀကီးသူေတြရဲ႕ အကာအကြယ္ေပးမႈေတြေၾကာင့္ မတိုင္ၾကတဲ့ မုဒိမ္းမႈေတြလည္း ရွိေနပါတယ္။
မုဒိမ္းမႈ က်ဴးလြန္ခံရသူေတြက တိုင္ၾကား အမႈဖြင့္ရင္လည္း တရားဥပေဒေၾကာင္းအရ စီရင္ အျပစ္ေပးႏုိင္မႈက မရွိသေလာက္ျဖစ္ၿပီး အမႈၿပီးဖို႔ကလည္း ႏွစ္နဲ႔ခ်ီ ၾကာျမင့္ေလ့ရွိပါတယ္။
-----------------------
(Unicode)
မုဒိမ်းမှုကို သေဒဏ်ပေးဖို့ ဘင်္ဂလားဒေ့ရှ်လူထု တောင်းဆို
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း မုဒိမ်းမှုတွေနဲ့ လိင်ပိုင်းဆိုင်ရာ ထိပါး စော်ကားမှုတွေအတွက် သေဒဏ်အပြစ်ပေးရေး အစိုးရဘက်က စဉ်းစားသုံးသပ်လာရချိန်မှာပဲ စနေနေ့က လူပေါင်းရာချီ လမ်းပေါ်ထွက်ပြီး တရားမျှတမှုအတွက် တောင်းဆိုခဲ့ကြပါတယ်။
ဒီနှစ်ပိုင်းတွေအတွင်း မုဒိမ်းမှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေက ဘင်္ဂလားဒေ့ရှ်မှာ ခပ်စိပ်စိပ် ဖြစ်လာနေတာပါ။ ဇန်နဝါရီလကနေ စက်တင်ဘာလအတွင်း ထိပါး တိုက်ခိုက်ခံရမှု သတင်းပေးတိုင်ကြားချက် ၁,၀၀၀ ထဲမှာ ၂၀၀ ကျော်က အုပ်စုဖွဲ့ မုဒိမ်းမှုတွေ ဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့ Ain-o-Salish Kendra အဖွဲ့က ပြောဆိုထားပါတယ်။
မြို့တော် ဒက္ကာနဲ့ နိုင်ငံတဝန်းက ဆန္ဒပြပွဲတွေမှာတော့ မုဒိမ်းသမားတွေကို ကြိုးမိန့်ပေးဖို့ တောင်းဆိုကြွေးကြော် ချီတက်ခဲ့ကြပြီး ဒီထဲမှာ ကျောင်းသားတွေလည်း ရာနဲ့ချီ ပါဝင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဆန္ဒပြမှုတွေကြောင့် ဒီ ပြစ်မှုကျူးလွန်သူတွေအတွက် သေဒဏ်အပြစ်ပေးရေး အစိုးရဘက်က သုံးသပ်လာနေရပြီး လာမယ့် တနင်္လာနေ့မှာ အရေးပေါ်ပြင်ဆင်ချက်အတွက် အစိုးရက အဆိုပြုချက်တရပ် တင်ပြဖို့ ရှိနေပါတယ်။
ဝန်ကြီးချုပ် Skeikh Hasina ရဲ့ ညွှန်ကြားချက်အရ အဆိုပြုချက်တရပ် ရေးဆွဲနေကြောင်း တရားရေးဝန်ကြီး Anisul Huq က ရိုက်တာ သတင်းအေဂျင်စီကို ပြောပါတယ်။
ပြစ်မှုကျူးလွန်သူတွေကို အမြင့်ဆုံးပြစ်ဒဏ် ပေးနိုင်အောင် ဆောင်ရွက်မယ့် အကြောင်းလည်း တရားရေးဝန်ကြီးက ပြောဆိုထားပါတယ်။
ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းခရိုင် Noakhali မှာ အမျိုးသမီးတဦးကို နာရီဝက်လောက် အတွင်းမှာပဲ အမျိုးသားတစုက အဝတ်တွေဆွဲချွတ်ပြီး တိုက်ခိုက်တဲ့ ဗွီဒီယိုတခု ထွက်ပေါ်လာပြီးနောက်မှာ စနေနေ့ ဆန္ဒပြပွဲ ဖြစ်လာတာပါ။
ဒါ့အပြင် နိုင်ငံမြောက်ပိုင်းခရိုင် Sylhet မှာ အဆောင်ခန်းတခုအတွင်း အမျိုးသမီးတဦးကို အုပ်စုဖွ့ဲ့ မုဒိမ်းမှု ကျူးလွန်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံရမှုအတွင်း လက်ရှိ အာဏာရပါတီရဲ့ ကျောင်းသားအဖွဲ့က အဖွဲ့ဝင်တွေလည်း ပါဝင်ခဲ့ပြီးနောက် ဒီအပေါ်မှာလည်း စိတ်ဆိုး ဒေါသထွက်နေကြတာ ဖြစ်ပါတယ်။
အမျိုးသမီးတွေကြား ကြောက်ရွံ့စိုးရိမ်မှု၊ လူမှုဓလေ့ထုံးစံတွေနောက် သြဇာကြီးသူတွေရဲ့ အကာအကွယ်ပေးမှုတွေကြောင့် မတိုင်ကြတဲ့ မုဒိမ်းမှုတွေလည်း ရှိနေပါတယ်။
မုဒိမ်းမှု ကျူးလွန်ခံရသူတွေက တိုင်ကြား အမှုဖွင့်ရင်လည်း တရားဥပဒေကြောင်းအရ စီရင် အပြစ်ပေးနိုင်မှုက မရှိသလောက်ဖြစ်ပြီး အမှုပြီးဖို့ကလည်း နှစ်နဲ့ချီ ကြာမြင့်လေ့ရှိပါတယ်။