(Zawgyi / Unicode)
ဘဂၤလားေဒ့ရွ္ႏုိင္ငံ ဒါကားၿမိဳ႕ေတာ္ အျပင္ဘက္က ဗလီတခုအနီးမွာ ေသာၾကာေန႔ ညေနပိုင္း ဝတ္ျပဳခ်ိန္အတြင္း ဓာတ္ေငြ႔ပိုက္ ေပါက္ကြဲတာေၾကာင့္ လူ ၁၆ ေယာက္ထက္မနည္း ေသဆံုးၿပီး ဒါဇင္ေပါင္းမ်ားစြာ ဒဏ္ရာရသြားတယ္လုိ႔ ဘဂၤလားေဒ့ရွ္ တာဝန္ရွိသူေတြက ဒီကေန႔ေျပာပါတယ္။
ဒါကားၿမိဳ႕ျပင္ဘက္ေလးနား Narayanganj ခ႐ိုင္က ဗလီတခုမွာ ေသာၾကာေန႔ညက ျဖစ္ခဲ့တဲ့ ေပါက္ကြဲမႈဟာ ဓာတ္ေငြ႔ပိုက္လိုင္း ယိုစိမ့္မႈကေန ျဖစ္တာလို႔ မီးသတ္ဌာန တာဝန္ရွိသူေတြက ယူဆပါတယ္။
ဒဏ္ရာရသူေတြကို ဒါကားၿမိဳ႕က မီးေလာင္ကၽြမ္းမႈနဲ႔ ပလတ္စတစ္ ခြဲစိတ္ကုသမႈဆိုင္ရာ အစိုးရ အထူးကုေဆး႐ံုမွာတင္ၿပီး ကုသေပးေနၿပီး သူတို႔ထဲက အမ်ားစုဟာ အေရျပားေလာင္ကၽြမ္းတဲ့ ျပင္းထန္ဒဏ္ရာေတြ ရထားၾကပါတယ္။
ေသဆံုးသူ ၁၆ ဦးထဲမွာ ကေလးငယ္တဦးပါဝင္ၿပီး မီးေလာင္ကၽြမ္းတဲ့ဒဏ္ ခံစားရၿပီးတဲ့ေနာက္ ေသဆံုးခဲ့ၾကရတာလုိ႔ တာဝန္ရွိသူေတြက ေျပာပါတယ္။
ဒဏ္ရာရသူအမ်ားစုရဲ႕ အေျခအေနဟာ စိုးရိမ္ရတာေၾကာင့္ ေသဆံုးသူ တိုးလာႏုိင္တယ္လုိ႔ မီးေလာင္ကၽြမ္းမႈဆိုင္ရာ အဖြဲ႔ခြဲရဲ႕ လုပ္ငန္းညႇိႏိႈင္းေရးမွဴးက ေျပာပါတယ္။
--------------------------
(Unicode)
ဘင်္ဂလားဒေ့ရှ်မှာ ဓာတ်ငွေ့ပိုက်ပေါက်ပြီး လူ ၁၆ ဦးထက်မနည်း သေဆုံး
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကားမြို့တော် အပြင်ဘက်က ဗလီတခုအနီးမှာ သောကြာနေ့ ညနေပိုင်း ဝတ်ပြုချိန်အတွင်း ဓာတ်ငွေ့ပိုက် ပေါက်ကွဲတာကြောင့် လူ ၁၆ ယောက်ထက်မနည်း သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရသွားတယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ဒီကနေ့ပြောပါတယ်။
ဒါကားမြို့ပြင်ဘက်လေးနား Narayanganj ခရိုင်က ဗလီတခုမှာ သောကြာနေ့ညက ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုဟာ ဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုကနေ ဖြစ်တာလို့ မီးသတ်ဌာန တာဝန်ရှိသူတွေက ယူဆပါတယ်။
ဒဏ်ရာရသူတွေကို ဒါကားမြို့က မီးလောင်ကျွမ်းမှုနဲ့ ပလတ်စတစ် ခွဲစိတ်ကုသမှုဆိုင်ရာ အစိုးရ အထူးကုဆေးရုံမှာတင်ပြီး ကုသပေးနေပြီး သူတို့ထဲက အများစုဟာ အရေပြားလောင်ကျွမ်းတဲ့ ပြင်းထန်ဒဏ်ရာတွေ ရထားကြပါတယ်။
သေဆုံးသူ ၁၆ ဦးထဲမှာ ကလေးငယ်တဦးပါဝင်ပြီး မီးလောင်ကျွမ်းတဲ့ဒဏ် ခံစားရပြီးတဲ့နောက် သေဆုံးခဲ့ကြရတာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒဏ်ရာရသူအများစုရဲ့ အခြေအနေဟာ စိုးရိမ်ရတာကြောင့် သေဆုံးသူ တိုးလာနိုင်တယ်လို့ မီးလောင်ကျွမ်းမှုဆိုင်ရာ အဖွဲ့ခွဲရဲ့ လုပ်ငန်းညှိနှိုင်းရေးမှူးက ပြောပါတယ်။