သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မုဒိမ္းမႈ က်ဴးလြန္သူ ေသဒဏ္ခ်မွတ္တဲ့ ဥပေဒ ဘဂၤလားေဒ့ရွ္ အတည္ျပဳ


ဘဂၤလားေဒ့ရွ္ ပါလီမန္ေရွ႕မွာ အဓမၼျပဳက်င့္မႈအေပၚ တရားမွ်တမႈရေရး ဆႏၵျပေနၾကသူမ်ား။ (ေအာက္တိုဘာ ၁၀၊ ၂၀၂၀)

(Zawgyi/Unicode)

ဘဂၤလားေဒရွ္႕ ႏုိင္ငံမွာ လိင္ပိုင္းဆိုင္ရာ ထိပါး တုိက္ခုိက္မႈေတြကို ဆန္႔က်င္ ဆႏၵျပပြဲေတြ ဆက္တိုက္ ေပၚေပါက္ခဲ႔ၿပီးေနာက္ တနလာၤေန႔မွာေတာ့ မုဒိမ္းမႈေတြကို အျမင့္ဆံုး ျပစ္ဒဏ္ အျဖစ္ ေသဒဏ္ အျပစ္ေပးဖို႔ အစိုးရက အတည္ျပဳလုိက္ပါၿပီ။ အမ်ိဳးသား တစုက အမ်ိဳးသမီး တဦးကို တိုက္ခုိက္တဲ႔ ရက္စက္ ၾကမ္းၾကဳတ္တဲ႔ ဗီြဒီယို တခု ၿပီးခဲ႔တဲ႔ သီတင္းပတ္က လူမႈကြန္ရက္ ေပၚမွာ ပ်ံ႔ႏွံ႔ခဲ့ၿပီးေနာက္မွာ ႏုိင္ငံတြင္း မေက်နပ္မႈေတြ ျဖစ္လာတာပါ။

ဘဂၤလားေဒရွ္႕ႏုိင္ငံမွာ မုဒိမ္းမႈ က်ဴးလြန္ခံရသူေတြ အတြက္ တရားဥပေဒေၾကာင္း အရ စီရင္ႏုိင္မႈ မရွိသေလာက္ ရွားတယ္လို႔ လူ႔အခြင့္အေရး အဖြဲ႔ေတြက ေျပာဆိုေနၾကတာလည္း ျဖစ္ပါတယ္။

ဒီလ အေစာပိုင္းက ေနာက္ ျဖစ္ရပ္ တခုကေတာ့ အာဏာရပါတီရဲ႕ ေက်ာင္းသား အဖြဲ႔၀င္ေတြ အုပ္စုဖြဲ႔ မုဒိမ္းက်င့္မႈနဲ႔ စြဲခ်က္ တင္ခံခဲ႔ရတာျဖစ္ပါတယ္။ ဆႏၵျပသူေတြကေတာ့ ဒီ တိုက္ခုိက္မႈေတြ အတြက္ ျပစ္ဒဏ္ ပိုၿပီး ႀကီးေလးေစဖို႔နဲ႔ အမႈ စီရင္ဆံုးျဖတ္မႈေတြ ပိုၿပီး ျမန္ျမန္ဆန္ဆန္ ေဆာင္ရြက္ဖို႔ ေတာင္းဆိုၾကတာပါ။

၀န္ႀကီးခ်ဳပ္ Sheikh Hasina အစိုးရက တနလာၤေန႔က ေၾကညာခ်က္ ထုတ္ခဲ႔ေပမယ့္လည္း ဆႏၵျပပြဲေတြ ဆက္ရွိေနပါတယ္။ မုဒိမ္းမႈေတြကို အျမင့္ဆံုး ျပစ္ဒဏ္ အျဖစ္ ေသဒဏ္ အျပစ္ေပးမယ့္ အေရးယူမႈ အသစ္က အဂၤါေန႔မွာ စတင္ သက္ေရာက္မယ္လို႔လည္း ျပင္သစ္ သတင္းေအဂ်င္စီ AFP က ေဖာ္ျပပါတယ္။ လက္ရွိ ဥပေဒ အရေတာ့ မုဒိမ္းျပဳက်င့္ခံရသူ မေသဘူးဆိုရင္ မုဒိမ္းမႈ က်ဴးလြန္မႈ အတြက္ အျမင့္ဆံုး ေထာင္ဒဏ္ တသက္ ျပစ္ဒဏ္ ျဖစ္ပါတယ္။

ဒီႏွစ္ ဇန္န၀ါရီလ ကေန ၾသဂုတ္လ အတြင္း ဘဂၤလားေဒရွ္႕မွာ အမ်ိဳးသမီး ၈၈၉ ဦး မုဒိမ္းမႈက်ဴးလြန္ခံရတယ္လုိ႔ ျပည္တြင္း အခြင့္အေရး လႈပ္ရွားမႈ အဖြဲ႔ ျဖစ္တဲ႔ Ain-o-Salish Kendra က ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

မုဒိမ်းမှု ကျူးလွန်သူ သေဒဏ်ချမှတ်တဲ့ ဥပဒေ ဘင်္ဂလားဒေ့ရှ်အတည်ပြု

(Unicode)

ဘင်္ဂလားဒေရှ့် နိုင်ငံမှာ လိင်ပိုင်းဆိုင်ရာ ထိပါး တိုက်ခိုက်မှုတွေကို ဆန့်ကျင် ဆန္ဒပြပွဲတွေ ဆက်တိုက် ပေါ်ပေါက်ခဲ့ပြီးနောက် တနလာၤနေ့မှာတော့ မုဒိမ်းမှုတွေကို အမြင့်ဆုံး ပြစ်ဒဏ် အဖြစ် သေဒဏ် အပြစ်ပေးဖို့ အစိုးရက အတည်ပြုလိုက်ပါပြီ။ အမျိုးသား တစုက အမျိုးသမီး တဦးကို တိုက်ခိုက်တဲ့ ရက်စက် ကြမ်းကြုတ်တဲ့ ဗွီဒီယို တခု ပြီးခဲ့တဲ့ သီတင်းပတ်က လူမှုကွန်ရက် ပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက်မှာ နိုင်ငံတွင်း မကျေနပ်မှုတွေ ဖြစ်လာတာပါ။

ဘင်္ဂလားဒေရှ့်နိုင်ငံမှာ မုဒိမ်းမှု ကျူးလွန်ခံရသူတွေ အတွက် တရားဥပဒေကြောင်း အရ စီရင်နိုင်မှု မရှိသလောက် ရှားတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောဆိုနေကြတာလည်း ဖြစ်ပါတယ်။

ဒီလ အစောပိုင်းက နောက် ဖြစ်ရပ် တခုကတော့ အာဏာရပါတီရဲ့ ကျောင်းသား အဖွဲ့ဝင်တွေ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုနဲ့ စွဲချက် တင်ခံခဲ့ရတာဖြစ်ပါတယ်။ ဆန္ဒပြသူတွေကတော့ ဒီ တိုက်ခိုက်မှုတွေ အတွက် ပြစ်ဒဏ် ပိုပြီး ကြီးလေးစေဖို့နဲ့ အမှု စီရင်ဆုံးဖြတ်မှုတွေ ပိုပြီး မြန်မြန်ဆန်ဆန် ဆောင်ရွက်ဖို့ တောင်းဆိုကြတာပါ။

ဝန်ကြီးချုပ် Sheikh Hasina အစိုးရက တနလာၤနေ့က ကြေညာချက် ထုတ်ခဲ့ပေမယ့်လည်း ဆန္ဒပြပွဲတွေ ဆက်ရှိနေပါတယ်။ မုဒိမ်းမှုတွေကို အမြင့်ဆုံး ပြစ်ဒဏ် အဖြစ် သေဒဏ် အပြစ်ပေးမယ့် အရေးယူမှု အသစ်က အင်္ဂါနေ့မှာ စတင် သက်ရောက်မယ်လို့လည်း ပြင်သစ် သတင်းအေဂျင်စီ AFP က ဖော်ပြပါတယ်။ လက်ရှိ ဥပဒေ အရတော့ မုဒိမ်းပြုကျင့်ခံရသူ မသေဘူးဆိုရင် မုဒိမ်းမှု ကျူးလွန်မှု အတွက် အမြင့်ဆုံး ထောင်ဒဏ် တသက် ပြစ်ဒဏ် ဖြစ်ပါတယ်။

ဒီနှစ် ဇန်နဝါရီလ ကနေ သြဂုတ်လ အတွင်း ဘင်္ဂလားဒေရှ့်မှာ အမျိုးသမီး ၈၈၉ ဦး မုဒိမ်းမှုကျူးလွန်ခံရတယ်လို့ ပြည်တွင်း အခွင့်အရေး လှုပ်ရှားမှု အဖွဲ့ ဖြစ်တဲ့ Ain-o-Salish Kendra က ပြောဆိုထားပါတယ်။

XS
SM
MD
LG