သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယနဲ့ ပါကစ္စတန်နယ်စပ်မှာ နှစ်ဖက်တပ်ဖွဲ့တွေ ပစ်ခတ်မှုဖြစ်


နယ်စပ် Kashmirရှိ အိန္ဒိယတပ်သားတဦး
နယ်စပ် Kashmirရှိ အိန္ဒိယတပ်သားတဦး

(Zawgyi/Unicode)

ပါကစ္စတန်-အိန္ဒိယနှစ်နိုင်ငံ အငြင်းပွားမှုကို ကြားဝင် ဖြေရှင်းပေးမယ်လို့ အမေရိကန် ပြည်ထောင်စုက ထပ်မံ ကမ်းလှမ်းပြီး တစ်ရက်အကြာမှာ အငြင်းပွား ကက်ရှ်မီးယားဒေသက နှစ်နိင်ငံနယ်စပ်မှာ တစ်ဘက်နဲ့တဘက် ပစ်ခတ်မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။

အိန္ဒိယ ဘက်က ပစ်ခတ်မှုတွေကြောင့် ပါကစ္စတန် စစ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ပါကစ္စတန် စစ်တပ်က ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။အဲဒီ ပစ်ခတ်မှုဟာ ကက်ရှ်မီးယားဒေသက အိန္ဒိယ အုပ်ချုပ်တဲ့အပိုင်းနဲ့ ပါကစ္စတန်တို့ အုပ်ချုပ်တဲ့အပိုင်းတွေ ခွဲခြားထားတဲ့ နယ်မြေခြားစည်းတစ်လျှောက် ဖြစ်ပွားခဲ့တာလို့လည်း ပါကစ္စတန် စစ်တပ်က ပြောပါတယ်။

ပစ်ခတ်မှုတွေ စတင် ပြုလုပ်ခဲ့တဲ့ အိန္ဒိယ စခန်းကို အတော်ကြီး ထိခိုက် ပျက်စီးသွားအောင် ပါကစ္စတန်တပ်တွေက တုန့်ပြန် ပစ်ခတ်ခဲ့တယ်လို့လည်း ပါကစ္စတန်စစ်တပ် လက်အောက်ခံ သတင်းဌာနက ပြောပါတယ်။

အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရကတော့ ပါကစ္စတန်တပ်ဖွဲ့တွေက နံနက်လင်းအားကြီးအချိန်မှာ လက်နက်ငယ်တွေ၊ မော်တာတွေနဲ့ ပစ်ခတ်ခဲ့တယ်ဆိုပြီး ပါကစ္စတန်ကို အပြစ်တင် ပြောကြားခဲ့ပါတယ်။ သေဆုံးဒဏ်ရာရမှုသတင်းကိုတော့ ပြောကြား တာ မရှိပါဘူး။

နျူးကလီးယား လက်နက်ပိုင် အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတွေက အခုလို နှစ်ဘက် ပစ်ခတ်မှုမျိုးမှာ ၂၀၀၃ ခုနှစ် အပစ်ရပ်ရေး သဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုပြီး တစ်နိုင်ငံနဲ့တစ်နိုင်ငံ အပြန်အလှန် ပြစ်တင် ပြောဆိုလေ့ရှိပါတယ်။

ကက်ရှ်မီးယားတစ်ခုလုံးကို ပိုင်ဆိုင်ကြောင်း နှစ်နိုင်ငံစလုံးက ကြေညာထားပြီး ဒီနယ်မြေပိုင်ဆိုင်မှု အပေါ်အငြင်းပွားမှုကြောင့် စစ် ၂ ကြိမ် ဖြစ်ခဲ့ ဖူးပါတယ်။

အင်္ဂါနေ့ကတော့ပါကစ္စတန်ဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် သမ္မတဒေါ်နယ်ထရမ့် အဆိုပြုထားတဲ့ William Todd က ပါကစ္စတန် အိန္ဒိယ နှစ်ဘက် တင်းမာမှုတွေ လျှော့ချဖို့ တိုက်တွန်းကြောင်းနဲ့ ကြားဝင် စေ့စပ်ပေးဖို့ သမ္မတ ထရမ့်က ကမ်းလှမ်းထား တဲ့ နည်းတူ နှစ်နိုင်ငံက တောင်းဆိုလာမယ်ဆိုရင် စေ့စပ်ညှိနှိုင်းပေးဖို့ အဆင်သင့်ရှိကြောင်း လွှတ်တော် ကြားနာပွဲမှာ ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


..............

အိန်ဒိယနဲ့ ပါကစ်စတနျနယျစပျမှာ နှဈဖကျတပျဖှဲ့တှေ ပဈခတျမှုဖွဈ

(Unicode)








XS
SM
MD
LG