သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဖဂန္ က အေမရိကန္တပ္ဖဲြ႕ အားလံုးရုပ္သိမ္းေတာ႔မည္


အာဖဂန္ က အေမရိကန္တပ္ဖဲြ႕ မ်ား

(Zawgyi/Unicode)

အေမရိကန္ျပည္ေထာင္စုမွာ ကမာၻ႔ကုန္သြယ္ေရး အေဆာက္အဦးနဲ႔ ပင္တဂြန္ စစ္ဌာနခ်ဳပ္တို႔ တိုက္ခိုက္ခံခဲ့ရတဲ့ ႏွစ္ ၂၀ ျပည့္မယ့္ စက္တင္ဘာလ ၁၁ ေနာက္ဆုံးထားၿပီး အာဖဂန္နစၥတန္ႏိုင္ငံထဲက အေမရိကန္တပ္ဖြဲ ့ေတြအားလံုးကို ႐ုပ္သိမ္းမယ့္အေၾကာင္း သမၼတ အိမ္ျဖဴေတာ္က ေျပာလိုက္ပါတယ္။

“အာဖဂန္ ေရွ ့လုပ္ငန္းစဥ္နဲ ့ပက္သက္လို႔ သမၼတက မနက္ျဖန္အိမ္ျဖဴေတာ္ကေန မိန္႔ခြန္းေျပာပါမယ္။ မိတ္ဖက္ေတြ၊ မဟာမိတ္ေတြ၊ အာဖဂန္အစိုးရနဲ ့ အနီးကပ္ ပူးေပါင္းညႇိႏႈိင္းၿပီး အေမရိကန္တပ္ေတြ ႐ုပ္သိမ္းေရး အစီအစဥ္နဲ႔ အခ်ိန္ဇယားအျပင္၊ ဒီကေန႔ ကမၻာတလႊား ရင္ဆိုင္ေနရတဲ့ စိန္ေခၚမႈေတြနဲ႔ အခြင့္အလမ္းေတြအေပၚ သႏၷိ႒ာန္ခ် ေဆာင္ရြက္ေနတာေတြလည္း ပါ၀င္မွာျဖစ္ပါတယ္။” လို႔ အိမ္ျဖဴေတာ္ ေျပာခြင့္ရ Jen Psaki က အဂၤါေန႔ သတင္းစာရွင္းလင္းပဲြမွာ ေျပာဆိုသြားတာပါ။

အေမရိကန္တပ္ေတြ ႐ုပ္သိမ္းဖို႔ ၿပီးခဲ့တဲ့ႏွစ္ထဲ တာလီဘန္ေတြနဲ႔ အေမရိကန္အစိုးရၾကား သေဘာတူထားေပမဲ့ သတ္မွတ္ထားတဲ့ ေမလ ၁ ရက္ေန႔ ေနာက္ပိုင္းအထိ အာဖဂနစၥတန္ႏိုင္ငံမွာ အေမရိကန္ တပ္ဖြဲ ့၀င္ ၃၀၀၀ ေလာက္ ဆက္လက္ က်န္ရွိေနတာ ျဖစ္ပါတယ္။

အဂၤါေန႔မွာပဲ တူရကီအစိုးရကလည္း အာဖဂန္စစ္ပဲြမွာ ပါ၀င္ေနသူေတြကို ဖိတ္ၾကားၿပီး ၁၀ ရက္ၾကာ ၿငိမ္းခ်မ္းေရး ညီလာခံကို ဧၿပီလ ၂၄ ရက္ေန ့မွာ က်င္းပမယ့္အေၾကာင္း ေၾကညာလိုက္ပါတယ္။ ညီလာခံကိုေတာ့ တာလီဘန္နဲ႔ အာဖဂန္အစိုးရ ကိုယ္စားလွယ္ေတြ တက္ေရာက္မွာ ျဖစ္ေၾကာင္းလည္း တူရကီတာ၀န္ရွိသူေတြက အဂၤါေန႔မွာပဲ ေျပာဆိုခဲံ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

အာဖဂန် က အမေရိကန်တပ်ဖွဲ့ အားလုံးရုပ်သိမ်းတော့မည်

(Unicode)

အမေရိကန်ပြည်ထောင်စုမှာ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦးနဲ့ ပင်တဂွန် စစ်ဌာနချုပ်တို့ တိုက်ခိုက်ခံခဲ့ရတဲ့ နှစ် ၂၀ ပြည့်မယ့် စက်တင်ဘာလ ၁၁ နောက်ဆုံးထားပြီး အာဖဂန်နစ္စတန်နိုင်ငံထဲက အမေရိကန်တပ်ဖွဲ့တွေအားလုံးကို ရုပ်သိမ်းမယ့်အကြောင်း သမ္မတ အိမ်ဖြူတော်က ပြောလိုက်ပါတယ်။

“အာဖဂန် ရှေ့လုပ်ငန်းစဉ်နဲ့ပက်သက်လို့ သမ္မတက မနက်ဖြန်အိမ်ဖြူတော်ကနေ မိန့်ခွန်းပြောပါမယ်။ မိတ်ဖက်တွေ၊ မဟာမိတ်တွေ၊ အာဖဂန်အစိုးရနဲ့ အနီးကပ် ပူးပေါင်းညှိနှိုင်းပြီး အမေရိကန်တပ်တွေ ရုပ်သိမ်းရေး အစီအစဉ်နဲ့ အချိန်ဇယားအပြင်၊ ဒီကနေ့ ကမ္ဘာတလွှား ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းတွေအပေါ် သန္နိဋ္ဌာန်ချ ဆောင်ရွက်နေတာတွေလည်း ပါဝင်မှာဖြစ်ပါတယ်။” လို့ အိမ်ဖြူတော် ပြောခွင့်ရ Jen Psaki က အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

အမေရိကန်တပ်တွေ ရုပ်သိမ်းဖို့ ပြီးခဲ့တဲ့နှစ်ထဲ တာလီဘန်တွေနဲ့ အမေရိကန်အစိုးရကြား သဘောတူထားပေမဲ့ သတ်မှတ်ထားတဲ့ မေလ ၁ ရက်နေ့ နောက်ပိုင်းအထိ အာဖဂနစ္စတန်နိုင်ငံမှာ အမေရိကန် တပ်ဖွဲ့ဝင် ၃၀၀၀ လောက် ဆက်လက် ကျန်ရှိနေတာ ဖြစ်ပါတယ်။

အင်္ဂါနေ့မှာပဲ တူရကီအစိုးရကလည်း အာဖဂန်စစ်ပွဲမှာ ပါဝင်နေသူတွေကို ဖိတ်ကြားပြီး ၁၀ ရက်ကြာ ငြိမ်းချမ်းရေး ညီလာခံကို ဧပြီလ ၂၄ ရက်နေ့မှာ ကျင်းပမယ့်အကြောင်း ကြေညာလိုက်ပါတယ်။ ညီလာခံကိုတော့ တာလီဘန်နဲ့ အာဖဂန်အစိုးရ ကိုယ်စားလှယ်တွေ တက်ရောက်မှာ ဖြစ်ကြောင်းလည်း တူရကီတာဝန်ရှိသူတွေက အင်္ဂါနေ့မှာပဲ ပြောဆိုခဲံ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG