သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်ကိစ္စ တရုတ်သံအမတ်ကို ဖိလစ်ပိုင်နိုင်ငံခြားရေးရုံး ဆင့်ခေါ်ကန့်ကွက်


တောင်တရုတ်ပင်လယ်ရှိ Spratly ကျွန်း
တောင်တရုတ်ပင်လယ်ရှိ Spratly ကျွန်း

(Zawgyi/Unicode)

တောင်တရုတ်ပင်လယ်ထဲမှာရှိတဲ့ အငြင်းပွားနေတဲ့ သန္တာကျောက်တန်းတွေဝိုက်မှာ တရုတ်နိုင်ငံ သင်္ဘောတွေဆက်ပြီး တရားမဝင်ရှိနေတဲ့အပေါ် ဖိလစ်ပိုင်နိုင်ငံအနေနဲ တရုတ်သံအမတ်ကြီးနဲ့ တေ့တေ့ဆိုင်ဆိုင် ရှင်းလင်းခဲ့တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့လထဲ တရုတ်သင်္ဘော ရာဂဏန်းနဲ့ချီပြီး သယံဇာတကြွယ်ဝတဲ့ နေတဲ့ Spratly ကျွန်း သန္တာကျောက်တန်းတွေမှာ တွေ့ရှိခဲ့ရပြီးနောက် တရုတ်နဲ့ဖိလစ်ပိုင်တို့ရဲ့ တင်းမာမှုတွေ မြင့်တက်လာတာဖြစ်ပါတယ်။

ရေပြင်တခုလုံးနီးပါးကို တရုတ်က သူပိုင်ဆိုင်တယ်လို့ပြောဆိုထားပြီး စစ်သင်္ဘောတွေရုပ်သိမ်းပေးဖို့ဖိလစ်ပိုင်ဘက်က အကြိမ်ကြိမ်တောင်းဆိုနေတာကိုလည်း ငြင်းဆိုထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ကတော့ တရုတ်သံအမတ်ကြီးကို ဆင့်ခေါ်ပြီး ဖိလစ်ပိုင်ရေပြင်ထဲက တရုတ်သင်္ဘောတွေအာလုံး ချက်ချင်းထွက်ခွာပေးဖို့တောင်းဆိုထားပါတယ်။

တရုတ်သင်္ဘော၉ စင်း သန္တာကျောက်တန်းတွေဆီမှာ ဆက်လက်ရှိနေဆဲဖြစ်တယ်လို့လည်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Teodoro Locsin ရဲ့ Twitter စာမျတ်နှာမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံဟာ နိုင်ငံတကာတရားရုံးက ၂၀၁၆ က ကြေညာထားတဲ့ ဆုံးဖြတ်ချက်ကိုလစ်လျူရှုပြီး သမိုင်းကြောင်းအရ တောင်တရုတ်ပင်လယ်ရေပြင် အများစုကို ၎င်းတို့ပိုင်ဆိုင်တယ်လို့ပြောဆိုနေတာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


...............


(Unicode)







XS
SM
MD
LG