သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေတာင္တ႐ုတ္ပင္လယ္ထဲ USS Theodore Roosevelt စစ္သေဘၤာအုပ္စု ဝင္ေရာက္


အေမရိကန္ ေလယာဥ္တင္စစ္သေဘၤာ USS Theodore Roosevelt. (ဇြန္ ၄၊ ၂၀၂၀)

(Zawgyi / Unicode)

တ႐ုတ္ႏုိင္ငံနဲ႔ ထိုင္ဝမ္ၾကား တင္းမာမႈေတြ ျဖစ္ေနခ်ိန္မွာပဲ အေမရိကန္ရဲ႕ ေလယာဥ္တင္ စစ္သေဘၤာအုပ္စုဟာ ေတာင္တ႐ုတ္ပင္လယ္ထဲကို ဝင္ေရာက္သြားခဲ့တယ္လို႔ အေမရိကန္စစ္တပ္က ဒီေန႔ေျပာပါတယ္။

USS Theodore Roosevelt ဦးေဆာင္တဲ့ အေမရိကန္ ေလယာဥ္တင္စစ္သေဘၤာအုပ္စုဟာ ပင္လယ္ေရေၾကာင္း လြတ္လပ္စြာ သြားလာခြင့္ကို ျမႇင့္တင္ေဆာင္ရြက္တဲ့အေနနဲ႔ အခုလို လုပ္ေဆာင္ခဲ့တာ ျဖစ္တယ္လို႔ ေျပာပါတယ္။

Pratas ကၽြန္းစုေတြအနီးက သူတုိ႔ရဲ႕ ေလေၾကာင္းရန္ကာကြယ္ေရးဇုန္ထဲကို တ႐ုတ္ႏုိင္ငံ ဗုုံးႀကဲေလယာဥ္ေတြနဲ႔ တုိက္ေလယာဥ္ေတြ အေတာ္ေလး က်ဴးေက်ာ္ဝင္ေရာက္လာခဲ့တယ္လို႔ ထုိင္ဝမ္ကေျပာလိုက္တဲ့ စေနေန႔မွာပဲ အေမရိကန္ရဲ႕ စစ္သေဘၤာအုပ္စုဟာလည္း ေတာင္တ႐ုတ္ပင္လယ္ထဲကို ဝင္ေရာက္သြားခဲ့တာ ျဖစ္တယ္လို႔ အေမရိကန္ရဲ႕ အင္ဒို-ပစိဖိတ္ စစ္ဌာနခ်ဳပ္ရဲ႕ ေၾကညာခ်က္ထဲမွာ ေျပာထားပါတယ္။ အဲဒီ ေလယာဥ္တင္ စစ္သေဘၤာအုပ္စုဟာ ပုံမွန္လုပ္ေနက် လုပ္ငန္းေတြကို လုပ္ေဆာင္ဖို႔၊ ပင္လယ္ထဲမွာ လြတ္လပ္စြာ သြားလာႏုိင္ဖို႔နဲ႔ ေရေၾကာင္းလုံၿခဳံေရးဆုိင္ရာ အက်ိဳးတူ ေဆာင္ရြက္မႈေတြကို တည္ေဆာက္ဖို႔အတြက္ ေတာင္တ႐ုတ္ပင္လယ္ထဲကို ဝင္ေရာက္ခဲ့တာ ျဖစ္တယ္လို႔ အေမရိကန္စစ္တပ္က ေျပာပါတယ္။

ကမာၻ႔ကုန္သြယ္ေရးရဲ႕ ၃ ပုံ ၂ ပုံဟာ ဒီအေရးပါတဲ့ ေတာင္တ႐ုတ္ပင္လယ္ထဲကေန ျဖတ္သန္းသြားလာေနတာေၾကာင့္ အေမရိကန္အေနနဲ႔ ဒီေဒသမွာ ဆက္ရွိေနဖို႔က အေရးႀကီးတယ္လို႔လည္း အေမရိကန္ စစ္ေရယာဥ္အုပ္စုရဲ႕ ေရတပ္ဗုိလ္ခ်ဳပ္ Doug Verissimo က ေျပာပါတယ္။

တ႐ုတ္ႏုိင္ငံကေတာ့ အေမရိကန္ရဲ႕ စစ္ေရယာဥ္ေတြဟာ ေတာင္တ႐ုတ္ပင္လယ္ထဲက သူတုိ႔သိမ္းယူထားတဲ့ ကၽြန္းေတြနားကို ပိုၿပီးေတာ့ ကပ္လာေနတယ္လု႔ိ ထပ္တလဲလဲ ေျပာဆုိေနပါတယ္။

Theodore Roosevelt ေလယာဥ္တင္သေဘၤာနဲ႔အတူ ေနာက္ထပ္ ပဲ့ထိန္းတပ္ဒုံးက်ည္ ပစ္ႏုိင္တဲ့ စစ္သေဘၤာ ၃ စင္း ပါဝင္တယ္လို႔ အေမရိကန္စစ္တပ္ရဲ႕ ေၾကညာခ်က္မွာ ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

တောင်တရုတ်ပင်လယ်ထဲ USS Theodore Roosevelt စစ်သင်္ဘောအုပ်စု ဝင်ရောက်

တရုတ်နိုင်ငံနဲ့ ထိုင်ဝမ်ကြား တင်းမာမှုတွေ ဖြစ်နေချိန်မှာပဲ အမေရိကန်ရဲ့ လေယာဉ်တင် စစ်သင်္ဘောအုပ်စုဟာ တောင်တရုတ်ပင်လယ်ထဲကို ဝင်ရောက်သွားခဲ့တယ်လို့ အမေရိကန်စစ်တပ်က ဒီနေ့ပြောပါတယ်။

USS Theodore Roosevelt ဦးဆောင်တဲ့ အမေရိကန် လေယာဉ်တင်စစ်သင်္ဘောအုပ်စုဟာ ပင်လယ်ရေကြောင်း လွတ်လပ်စွာ သွားလာခွင့်ကို မြှင့်တင်ဆောင်ရွက်တဲ့အနေနဲ့ အခုလို လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

Pratas ကျွန်းစုတွေအနီးက သူတို့ရဲ့ လေကြောင်းရန်ကာကွယ်ရေးဇုန်ထဲကို တရုတ်နိုင်ငံ ဗုံးကြဲလေယာဉ်တွေနဲ့ တိုက်လေယာဉ်တွေ အတော်လေး ကျူးကျော်ဝင်ရောက်လာခဲ့တယ်လို့ ထိုင်ဝမ်ကပြောလိုက်တဲ့ စနေနေ့မှာပဲ အမေရိကန်ရဲ့ စစ်သင်္ဘောအုပ်စုဟာလည်း တောင်တရုတ်ပင်လယ်ထဲကို ဝင်ရောက်သွားခဲ့တာ ဖြစ်တယ်လို့ အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ် စစ်ဌာနချုပ်ရဲ့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။ အဲဒီ လေယာဉ်တင် စစ်သင်္ဘောအုပ်စုဟာ ပုံမှန်လုပ်နေကျ လုပ်ငန်းတွေကို လုပ်ဆောင်ဖို့၊ ပင်လယ်ထဲမှာ လွတ်လပ်စွာ သွားလာနိုင်ဖို့နဲ့ ရေကြောင်းလုံခြုံရေးဆိုင်ရာ အကျိုးတူ ဆောင်ရွက်မှုတွေကို တည်ဆောက်ဖို့အတွက် တောင်တရုတ်ပင်လယ်ထဲကို ဝင်ရောက်ခဲ့တာ ဖြစ်တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။

ကမ္ဘာ့ကုန်သွယ်ရေးရဲ့ ၃ ပုံ ၂ ပုံဟာ ဒီအရေးပါတဲ့ တောင်တရုတ်ပင်လယ်ထဲကနေ ဖြတ်သန်းသွားလာနေတာကြောင့် အမေရိကန်အနေနဲ့ ဒီဒေသမှာ ဆက်ရှိနေဖို့က အရေးကြီးတယ်လို့လည်း အမေရိကန် စစ်ရေယာဉ်အုပ်စုရဲ့ ရေတပ်ဗိုလ်ချုပ် Doug Verissimo က ပြောပါတယ်။

တရုတ်နိုင်ငံကတော့ အမေရိကန်ရဲ့ စစ်ရေယာဉ်တွေဟာ တောင်တရုတ်ပင်လယ်ထဲက သူတို့သိမ်းယူထားတဲ့ ကျွန်းတွေနားကို ပိုပြီးတော့ ကပ်လာနေတယ်လု့ိ ထပ်တလဲလဲ ပြောဆိုနေပါတယ်။

Theodore Roosevelt လေယာဉ်တင်သင်္ဘောနဲ့အတူ နောက်ထပ် ပဲ့ထိန်းတပ်ဒုံးကျည် ပစ်နိုင်တဲ့ စစ်သင်္ဘော ၃ စင်း ပါဝင်တယ်လို့ အမေရိကန်စစ်တပ်ရဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG