သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထုိင္ဝမ္ေလေၾကာင္းပုိင္နက္ထဲ တ႐ုတ္တုိက္ေလယာဥ္ အမ်ားအျပား ဝင္ေရာက္ခဲ့


ေလေၾကာင္းစြမ္းရည္ ျပသေနတဲ့ တ႐ုတ္ေလတပ္ တုိက္ေလယာဥ္တစီး။ (ေအာက္တိုဘာ ၁၇၊ ၂၀၁၉)

(Zawgyi / Unicode)

ထိုင္ဝမ္ကာကြယ္ေရးဇုန္ထဲ စေနေန႔က ဝင္ေရာက္လာတဲ့ တ႐ုတ္ စစ္ေလယာဥ္ေတြကို ဇုန္ထဲကေန ထြက္ခြာဖို႔ ထိုင္ဝမ္ေလတပ္က သတိေပးခဲ့ရတယ္လို႔ ထိုင္ဝမ္ ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာပါတယ္။

ထိုင္ဝမ္ကို ပိုင္နက္နယ္ေျမအျဖစ္ ေၾကညာထားတဲ့ တ႐ုတ္ႏုိင္ငံက မၾကာေသးမီ လေတြထဲ ေထာက္လွမ္းေရး ေလယာဥ္တစင္း ဒါမွမဟုတ္ ႏွစ္စင္းေလာက္ကို အဲဒီ ဧရိယာဇုန္ နယ္ေျမထဲ ပုံမွန္ေစလႊတ္ ပ်ံသန္းေလ့ရွိတာပါ။

ဒါေပမယ့္ စေနေန႔ကေတာ့ ႏ်ဴကလီးယားလက္နက္ တပ္ဆင္ႏုိင္တဲ့ ဗုံးႀကဲေလယာဥ္ ၈ စင္းနဲ႔ တိုက္ေလယာဥ္ ၄ စင္းက ထိုင္ဝမ္ေတာင္ပိုင္းနဲ႔ ေတာင္တ႐ုတ္ပင္လယ္ျပင္ထဲက ထိုင္ဝမ္ထိန္းခ်ဳပ္ထားတဲ့ Pratas ကၽြန္းအၾကား ပင္လယ္ျပင္ေပၚ ျဖတ္ေက်ာ္ ပ်ံသန္းခဲ့တာပါ။

အဲဒီေလယာဥ္ေတြကို လွ်ပ္တျပက္တိုက္ခိုက္ေရး ေလေၾကာင္းခ်ီ တပ္နဲ႔အတူ ေရဒီယို သတိေပးခ်က္ေတြအျပင္ တ႐ုတ္တို႔ရဲ႕ လႈပ္ရွားမႈကို ေစာင့္ၾကည့္ဖို႔ ခ်ထားတဲ့ ေလေၾကာင္းရန္ကာကြယ္ေရး ဒုံးက်ည္စနစ္ အသုံးျပဳၿပီး ျပန္လည္ တုံ႔ျပန္ခဲ့ရတယ္လို႔ ထိုင္ဝမ္ ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာပါတယ္။

တ႐ုတ္တို႔ဘက္က ေနာက္ဆုံးျဖစ္ရပ္အေပၚ ေဝဖန္ေျပာၾကားတာ မရွိေသးေပမယ့္ ထိုင္ဝမ္ရဲ႕ အခ်ဳပ္အျခာအာဏာနဲ႔ လုံၿခံဳေရးကို ကာကြယ္ဖို႔ ေလ့က်င့္မႈေတြ လုပ္ရတာလို႔ ေျပာထားဖူးပါတယ္။

အခုလို တ႐ုတ္စစ္ေလယာဥ္ေတြ ထိုင္ဝမ္ ကာကြယ္ေရးဇုန္ထဲ ဝင္ေရာက္တာက အေမရိကန္ႏုိင္ငံမွာ Joe Biden သမၼတျဖစ္လာၿပီး ၃ ရက္အၾကာ ပထမဆုံးအႀကိမ္ ျဖစ္ပါတယ္။ သမၼတ ေဒၚနယ္ Trump လက္ထက္က ထိုင္ဝမ္ကို အေမရိကန္ရဲ႕ ေထာက္ခံမႈေတြ တိုးျမႇင့္ေပးအပ္လာေနတဲ့အေပၚ တ႐ုတ္တို႔ဘက္က စိုးရိမ္မႈေတြ ပိုမ်ားလာေနခဲ့တာပါ။

အေမရိကန္ႏုိင္ငံဆိုင္ရာ ထိုင္ဝမ္ကိုယ္စားလွယ္ သံအမတ္ႀကီး Hsiao Bi-khim က ဗုဒၶဟူးေန႔က က်င္းပတဲ့ သမၼတ Joe Biden ရဲ႕ က်မ္းသစၥာက်ိန္ဆိုပြဲကို တက္ေရာက္ခဲ့ပါတယ္။ က်မ္းသစၥာက်ိန္ဆိုပြဲ ၿပီးတဲ့ေနာက္ သမၼတရဲ႕ အမ်ိဳးသားလုံၿခဳံေရးေကာင္စီ ေျပာခြင့္ရ Emily Horne က အေမရိကန္က ထိုင္ဝမ္ကိုေပးတဲ့ ေထာက္ခံမႈက ေက်ာက္စိုင္ေက်ာက္သားလို ခိုင္ၿမဲတယ္လို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ထိုင်ဝမ်လေကြောင်းပိုင်နက်ထဲ တရုတ်တိုက်လေယာဉ် အများအပြား ဝင်ရောက်ခဲ့

ထိုင်ဝမ်ကာကွယ်ရေးဇုန်ထဲ စနေနေ့က ဝင်ရောက်လာတဲ့ တရုတ် စစ်လေယာဉ်တွေကို ဇုန်ထဲကနေ ထွက်ခွာဖို့ ထိုင်ဝမ်လေတပ်က သတိပေးခဲ့ရတယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ထိုင်ဝမ်ကို ပိုင်နက်နယ်မြေအဖြစ် ကြေညာထားတဲ့ တရုတ်နိုင်ငံက မကြာသေးမီ လတွေထဲ ထောက်လှမ်းရေး လေယာဉ်တစင်း ဒါမှမဟုတ် နှစ်စင်းလောက်ကို အဲဒီ ဧရိယာဇုန် နယ်မြေထဲ ပုံမှန်စေလွှတ် ပျံသန်းလေ့ရှိတာပါ။

ဒါပေမယ့် စနေနေ့ကတော့ နျူကလီးယားလက်နက် တပ်ဆင်နိုင်တဲ့ ဗုံးကြဲလေယာဉ် ၈ စင်းနဲ့ တိုက်လေယာဉ် ၄ စင်းက ထိုင်ဝမ်တောင်ပိုင်းနဲ့ တောင်တရုတ်ပင်လယ်ပြင်ထဲက ထိုင်ဝမ်ထိန်းချုပ်ထားတဲ့ Pratas ကျွန်းအကြား ပင်လယ်ပြင်ပေါ် ဖြတ်ကျော် ပျံသန်းခဲ့တာပါ။

အဲဒီလေယာဉ်တွေကို လျှပ်တပြက်တိုက်ခိုက်ရေး လေကြောင်းချီ တပ်နဲ့အတူ ရေဒီယို သတိပေးချက်တွေအပြင် တရုတ်တို့ရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ဖို့ ချထားတဲ့ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ် အသုံးပြုပြီး ပြန်လည် တုံ့ပြန်ခဲ့ရတယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

တရုတ်တို့ဘက်က နောက်ဆုံးဖြစ်ရပ်အပေါ် ဝေဖန်ပြောကြားတာ မရှိသေးပေမယ့် ထိုင်ဝမ်ရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို ကာကွယ်ဖို့ လေ့ကျင့်မှုတွေ လုပ်ရတာလို့ ပြောထားဖူးပါတယ်။

အခုလို တရုတ်စစ်လေယာဉ်တွေ ထိုင်ဝမ် ကာကွယ်ရေးဇုန်ထဲ ဝင်ရောက်တာက အမေရိကန်နိုင်ငံမှာ Joe Biden သမ္မတဖြစ်လာပြီး ၃ ရက်အကြာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ သမ္မတ ဒေါ်နယ် Trump လက်ထက်က ထိုင်ဝမ်ကို အမေရိကန်ရဲ့ ထောက်ခံမှုတွေ တိုးမြှင့်ပေးအပ်လာနေတဲ့အပေါ် တရုတ်တို့ဘက်က စိုးရိမ်မှုတွေ ပိုများလာနေခဲ့တာပါ။

အမေရိကန်နိုင်ငံဆိုင်ရာ ထိုင်ဝမ်ကိုယ်စားလှယ် သံအမတ်ကြီး Hsiao Bi-khim က ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ သမ္မတ Joe Biden ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ခဲ့ပါတယ်။ ကျမ်းသစ္စာကျိန်ဆိုပွဲ ပြီးတဲ့နောက် သမ္မတရဲ့ အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရ Emily Horne က အမေရိကန်က ထိုင်ဝမ်ကိုပေးတဲ့ ထောက်ခံမှုက ကျောက်စိုင်ကျောက်သားလို ခိုင်မြဲတယ်လို့ ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG