သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဂ်ပန္သတင္းေထာက္ျပန္လႊတ္ဖို႔ ဂ်ပန္အစိုးရေတာင္းဆို


Yuki Kitazumi

{{Zawgyi/Unicode}}

ရန္ကုန္ၿမိဳ ႔မွာ ျမန္မာလုံၿခဳံေရးတပ္ဖြဲ႔က ဖမ္းဆီးသြားတဲ႔ ဂ်ပန္သတင္းေထာက္ကို ျပန္လႊတ္ေပးဖို ဂ်ပန္အစိုးရက ဒီကေန႔ပဲ ေတာင္းဆိုလိုက္ပါတယ္။

Katsunobu Kato, Chief Cabinet Secretary of Japan:

“ျမန္မာႏို္င္ငံထဲမွာေရာက္ေနတဲ့ ဂ်ပန္ႏုိင္ငံသားေတြ ေဘးကင္းလုံၿခဳံေရးအတြက္ က်ေနာ္တို႔အစြမ္းကုန္လုပ္ကုိင္ေနတဲ့အခ်ိန္မွာ အဖမ္းခံထားတဲ့ ဂ်ပန္သတင္းေထာက္ကို အျမန္ဆုံးျပန္လႊတ္ေပးဖို႔လည္း က်ေနာ္တို႔ ဆက္တုိက္ေတာင္းဆိုသြားမွာပါ။ ခုလိုဖမ္းဆီးထားရတဲ့အေၾကာင္းရင္းကို ရွင္းျပဖို႔၊ သူ႔ကိုအျမန္ဆုံးျပန္လႊတ္ေပးဖို႔ ျမန္မာအာဏာပုိင္ေတြကို ဂ်ပန္အစိုးရက ေတာင္းဆိုထားပါတယ္ ” လုိ႔ ဂ်ပန္အစိုးရအတြင္း၀န္ခ်ဳပ္ Katsunobu Kato ကသတင္းေထာက္ေတြကို ဒီကေန႔တနလၤာေန႔မွာပဲ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

အဖမ္းခံထားရသူ ဘယ္သူဘယ္၀ါျဖစ္တယ္ဆိုတာ မစၥတာ Kato ကေျပာဆိုမသြားပါဘူး။ ဒါေပမယ့္လည္း ဂ်ပန္သတင္းဌာနေတြကေတာ့ ျမန္မာႏုိင္ငံမွာ အဖမ္းခံထားသူဟာ Nikkei စီးပါြးေရးသတင္းစာက သတင္းေထာက္ေဟာင္းတဦးျဖစ္သူ Yuki Kitazumi ျဖစ္ၿပီး လက္ရွိမွာ အလြတ္တန္းသတင္းေထာက္အျဖစ္ ရန္ကုန္မွာ အေျခစိုက္လုပ္ကုိင္ေနသူျဖစ္တယ္လို႔ေျပာၾကပါတယ္။

Kitazumi ကိုသူ႔အိမ္ကေန ဖမ္းဆီးေခၚေဆာင္သြားတယ္ဆိုၿပီ မ်က္ျမင္ေတြ႔သူေတြကို ကိုးကားၿပီး ဂ်ပန္ NHK ရုပ္သံဌာနက ေျပာပါတယ္။ စစ္အာရွင္ဆန္႔က်င္ဆႏၵျပပြဲေတြကို သတင္းေရးသားေဖာ္ျပေနတဲ့ Kitazumi ဟာ ေဖေဖာ္၀ါရီလေႏွာင္းပိုင္းတုန္းကလည္း ေခတၱ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရပါတယ္။

ျမန္မာႏုိင္ငံမွာ စစ္တပ္ကအာဏာသိမ္းၿပီးဆႏၵျပျပည္သူေတြအေပၚ ေသြးထက္သံယို အၾကမ္းဖက္ႏွိမ္ႏွင္းေနတာကို ဂ်ပန္ႏုိင္ငံက ေ၀ဖန္ျပစ္တင္ေနေပမယ့္ စစ္ဗိုလ္ခ်ဳပ္ေတြကိုအေရးယူဒဏ္ခတ္ေနတဲ့ အေမရိကန္နဲ႔ အျခားကမၻာ့ႏုိင္ငံေတြလို ျပင္းျပင္းထန္ထန္တုန္႔ျပန္တာမ်ိဳးမဟုတ္ပဲ သိမ္ေမြ႔စြာ ခ်ည္းကပ္ေနတာျဖစ္ပါတယ္။

........................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ရန်ကုန်မြို့မှာ မြန်မာလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးသွားတဲ့ ဂျပန်သတင်းထောက်ကို ပြန်လွှတ်ပေးဖို ဂျပန်အစိုးရက ဒီကနေ့ပဲ တောင်းဆိုလိုက်ပါတယ်။

Katsunobu Kato, Chief Cabinet Secretary of Japan:

“မြန်မာနိုင်ငံထဲမှာရောက်နေတဲ့ ဂျပန်နိုင်ငံသားတွေ ဘေးကင်းလုံခြုံရေးအတွက် ကျနော်တို့အစွမ်းကုန်လုပ်ကိုင်နေတဲ့အချိန်မှာ အဖမ်းခံထားတဲ့ ဂျပန်သတင်းထောက်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့လည်း ကျနော်တို့ ဆက်တိုက်တောင်းဆိုသွားမှာပါ။ ခုလိုဖမ်းဆီးထားရတဲ့အကြောင်းရင်းကို ရှင်းပြဖို့၊ သူ့ကိုအမြန်ဆုံးပြန်လွှတ်ပေးဖို့ မြန်မာအာဏာပိုင်တွေကို ဂျပန်အစိုးရက တောင်းဆိုထားပါတယ် ” လို့ ဂျပန်အစိုးရအတွင်းဝန်ချုပ် Katsunobu Kato ကသတင်းထောက်တွေကို ဒီကနေ့တနင်္လာနေ့မှာပဲ ပြောဆိုခဲ့တာဖြစ်ပါတယ်။

အဖမ်းခံထားရသူ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ မစ္စတာ Kato ကပြောဆိုမသွားပါဘူး။ ဒါပေမယ့်လည်း ဂျပန်သတင်းဌာနတွေကတော့ မြန်မာနိုင်ငံမှာ အဖမ်းခံထားသူဟာ Nikkei စီးပါွးရေးသတင်းစာက သတင်းထောက်ဟောင်းတဦးဖြစ်သူ Yuki Kitazumi ဖြစ်ပြီး လက်ရှိမှာ အလွတ်တန်းသတင်းထောက်အဖြစ် ရန်ကုန်မှာ အခြေစိုက်လုပ်ကိုင်နေသူဖြစ်တယ်လို့ပြောကြပါတယ်။

Kitazumi ကိုသူ့အိမ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုပြီ မျက်မြင်တွေ့သူတွေကို ကိုးကားပြီး ဂျပန် NHK ရုပ်သံဌာနက ပြောပါတယ်။ စစ်အာရှင်ဆန့်ကျင်ဆန္ဒပြပွဲတွေကို သတင်းရေးသားဖော်ပြနေတဲ့ Kitazumi ဟာ ဖေဖော်ဝါရီလနှောင်းပိုင်းတုန်းကလည်း ခေတ္တ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးဆန္ဒပြပြည်သူတွေအပေါ် သွေးထက်သံယို အကြမ်းဖက်နှိမ်နှင်းနေတာကို ဂျပန်နိုင်ငံက ဝေဖန်ပြစ်တင်နေပေမယ့် စစ်ဗိုလ်ချုပ်တွေကိုအရေးယူဒဏ်ခတ်နေတဲ့ အမေရိကန်နဲ့ အခြားကမ္ဘာ့နိုင်ငံတွေလို ပြင်းပြင်းထန်ထန်တုန့်ပြန်တာမျိုးမဟုတ်ပဲ သိမ်မွေ့စွာ ချည်းကပ်နေတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG