သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်နဲ့ရဲ အကြမ်းဖက်မှု ကန်-ဂျပန် ခေါင်းဆောင် ၂ ဦး ပြစ်တင်ရှုတ်ချ


သမ္မတ အိမ်ဖြူတော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားနေတဲ့ ဂျပန်ဝန်ကြီးချုပ် Yoshihide Suga နဲ့ အမေရိကန်သမ္မတ Joe Biden. (ဧပြီ ၁၆၊ ၂၀၂၁)
သမ္မတ အိမ်ဖြူတော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားနေတဲ့ ဂျပန်ဝန်ကြီးချုပ် Yoshihide Suga နဲ့ အမေရိကန်သမ္မတ Joe Biden. (ဧပြီ ၁၆၊ ၂၀၂၁)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ ရဲက အရပ်သားတွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှုတွေ ကျူးလွန်နေတာကို အခိုင်အမာ ပြစ်တင်ရှုတ်ချတယ်လို့ အမေရိကန်သမ္မတ Joe Biden နဲ့ ဂျပန်ဝန်ကြီးချုပ် Yoshihide Suga တို့က ပြောပါတယ်။

သောကြာနေ့က အမေရိကန်သမ္မတ အိမ်ဖြူတော်မှာ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်ထဲမှာ အဲဒီလို ပြောထားတာပါ။

အကြမ်းဖက်လုပ်ရပ်တွေ ချက်ချင်း ရပ်ဆိုင်းသွားစေဖို့၊ ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် အလျင်အမြန်ပြန်သွားဖို့ ဖိအားပေးရေး ဆက်လက် အရေးယူ လုပ်ဆောင်သွားဖို့ မိမိတို့ အခိုင်အမာ သန္နိဋ္ဌာန်ချထားတယ်လို့လည်း ခေါင်းဆောင်နှစ်ဦး ပူးတွဲကြေညာချက်ထဲမှာ ပြောထားပါတယ်။

သမ္မတ Biden နဲ့ ဝန်ကြီးချုပ် Suga တို့ရဲ့ ပထမဆုံး လူချင်းတွေ့ဆုံပွဲမှာ ကမ္ဘာ့ရေးရာကိစ္စရပ် အများအပြားကို ဆွေးနွေးခဲ့ကြတဲ့အထဲ မြန်မာ့အရေးလည်း ပါဝင်ခဲ့တာပါ။

အဲဒီတွေ့ဆုံပွဲအပြီး ဝါရှင်တန်မြို့တော်အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာရေးရာ လေ့လာရေးဌာန (CSIS) မှာလုပ်တဲ့ ဆွေးနွေးပွဲတခုအတွင်းမှာလည်း ဝန်ကြီးချုပ် Suga က မြန်မာနိုင်ငံကို ထည့်သွင်းပြောဆိုသွားပါသေးတယ်။

"မြန်မာ၊ ရှင်ကျန်း၊ ဝီဂါ၊ ဟောင်ကောင်နဲ့ တခြားနေရာတွေက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံအနေနဲ့ အခိုင်အမာ ထုတ်ဖော် ပြောဆိုသွားမှာ ဖြစ်သလို နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ လက်တွဲလုပ်ဆောင်ပြီးတော့ ခိုင်မာတဲ့ အရေးယူလုပ်ဆောင်မှုတွေ ကြိုးစားရှာဖွေသွားမှာ ဖြစ်ပါတယ်" လို့ ဝန်ကြီးချုပ် Suga က ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာကို အမေရိကန်နဲ့ ဂျပန် နှစ်နိုင်ငံလုံးက အပြင်းအထန် ပြစ်တင် ဝေဖန်ထားတာပါ။ အာဏာသိမ်းစစ်တပ်နဲ့ ရဲ ထိပ်တန်းခေါင်းဆောင်တွေကို အမေရိကန်က ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ထားပေမယ့် ဂျပန်နိုင်ငံကတော့ အဲဒီလို ဒဏ်ခတ်အရေးယူတာ မရှိပါဘူး။

ဂျပန်နိုင်ငံက မြန်မာနိုင်ငံကိုပေးနေတဲ့ စီးပွားရေးဆိုင်ရာ အကူအညီတွေ နောက်ထပ်ပေးတာကို ရပ်ဆိုင်းထားမယ်လို့ပဲ နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi က မတ်လကုန်ပိုင်းမှာ ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)










XS
SM
MD
LG