သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္ေခါင္းေဆာင္အေပၚ အာဆီယံ ဖိအားေပးဖို႔ ကၽြမ္းက်င္သူေတြတိုက္တြန္း


{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံမွာ ပစ္ခတ္သတ္ျဖတ္မူေတြရပ္ဖို႔အျပင္၊ တည္ျငိမ္မူျပန္ေဖာ္ေဆာင္ေပးဖို႔၊ ျမန္မာစစ္ေခါင္းေဆာင္ကိုေရွ႕အပတ္စေနေန႔မွာလုပ္မယ့္ အေရးေပၚအာဆီယံထိပ္သီးအစည္းအေဝးပြဲအတြင္း အားလံုးကဝိုင္းဖိအားေပးေတာင္းဆိုသင့္တယ္လို႔၊ ျမန္မာ့အေရးကၽြမ္းက်င္သူေတြက ဆိုပါတယ္။

ဒါ့အျပင္၊ ဒီအာဆီယံအေရွေတာင္အာရွႏိုင္ငံမ်ားအဖြဲ႔အေနနဲ႔၊ ျမန္မာစစ္အာဏာသိမ္းမူေနာက္ပိုင္းျဖစ္ေပၚလာခဲ့တဲ့၊ ျပည္သူကိုယ္စားျပဳ အမ်ိဳးသားညီညႊတ္ေရးအစိုးရကိုပါ ကိုယ္စားျပဳခြင့္ေပးဖို႔၊ ဒီကၽြမ္းက်င္သူေတြကေတာင္းဆိုလိုက္ပါတယ္။

အေမရိကန္သံအမတ္ႀကီးေဟာင္း Scot Marciel ၊ ျမန္မာ့အေရးကၽြမ္းက်င္သူ အေမရိကန္ပါေမာကၡ David Steinberg ၊ အေရွ.ေတာင္အာရွကၽြမ္းက်င္သူပါေမာကၡတစ္ဦးနဲ႔ အာဆီယံကၽြမ္းက်င္သူ ျမန္မာသုေတသီတစ္ဦးတို႔ကို ကိုဝင္းမင္းက သီးျခားဆက္သြယ္ေမးျမန္းထားပါတယ္။

ျမန္မာႏိုင္ငံအေရး Stanford တကၠသိုလ္မွာ ကၽြမ္းက်င္သူေတြ ဒီအပတ္ထဲေဆြးေႏြးခဲ့ၿပီး၊ စစ္အာဏာသိမ္းဖိႏွိပ္မူအဆံုးသတ္ႏိုင္ေရးနဲ႔ ျမန္မာျပည္သူေတြေမွ်ာ္လင့္ခ်က္ျပန္ရွင္သန္ႏိုင္ေရး၊ ႏိုင္ငံတကာအေနနဲ႔ ဝိုင္းကူဖိအားေပးသင့္တာေတြကို ေျပာခဲ့ၾကရာမွာ၊ အဓိက ပါဝင္ခဲ့သူတစ္ဦးျဖစ္တဲ့၊ ျမန္မာႏိုင္ငံဆိုင္ရာသံအမတ္ႀကီးေဟာင္း Marciel က ဒီတစ္ေခါက္အာဏာသိမ္းမူျပင္းထန္လြန္းပံုကို၊ VOA ကို သီးသန္႔ အခုလို ေျပာပါတယ္။

“အာဏာသိမ္းမူက ျမန္မာႏိုင္ငံအတြက္ တကယ့္ကို ေဘးဒုကၡႀကီးပါ။ ဒါက လံုးဝကို အေၾကာင္းျပစရာ မရွိပါဘူး။ အာဏာသိမ္းတာတင္မကပါဘူး၊ ဆႏၵျပ၊ မပူးေပါင္းမေဆာင္ရြက္သူေတြအေပၚ ရက္စက္မူကလည္း၊ ျပည္သူေတြအတြက္ ကပ္ဆိုးႀကီးပါ။ လူ႔အသက္ေတြဆံုးရံႈးရတာ၊ ဖမ္းဆီးခံရတာ စတာေတြအျပင္၊ ရုတ္တရက္ စီးပြားေရးနဲ႔ တည္ျငိမ္မူထိုးက်သြားတာေတြက၊ ျမန္မာျပည္သူေတြ အားလံုးကိုထိခိုက္သြားေစပါတယ္။ အထူးသျဖင့္ေတာ့ လူငယ္ေတြအတြက္ဆိုရင္၊ ေမွ်ာ္လင့္ခ်က္နဲ႔ အခြင့္အလမ္းေတြ ရိုက္ခ်ိဳးခံလိုက္ရၿပီလို႔ ခံစားလိုက္ရတာပါ၊ ဒီအေပၚ ျပန္ဆန္႔က်င္တြန္းလွန္ေနတာကို ကၽြန္ေတာ္ အထူး စာနာ၊ ေလးစားမိပါတယ္။”

သံအမတ္ႀကီး Marciel ဟာ လက္ရွိစစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မူၾကီး မင္းေအာင္လိႈင္နဲ႔ အၾကိမ္ႀကိမ္ေတြ႔ဆံုေဆြးေႏြးခဲ့ဖူးသူလည္းျဖစ္ပါတယ္။ အရင္ ၁၉၈၈ ခုႏွစ္ စစ္အာဏာသိမ္းမူမွာအေရးပါခဲ့တဲ့ ဗိုလ္ခ်ဳပ္ႀကီး ခင္ညႊန္႔တို႔နဲ႔လည္း အႀကိမ္ႀကိမ္ေတြ႔ဆံုေဆြးေႏြးခဲ့ဖူးသူ၊ Georgetown တကၠသိုလ္ ပါေမာကၡ Steinberg ကလည္း၊ အခု ၄ ႀကိမ္ေျမာက္စစ္အာဏာသိမ္းမူရဲ့ မတူထူးျခားပံုကို အခုလိုရွင္းျပပါတယ္။

“ကၽြန္ေတာ္တို႔အားလံုး အခုျဖစ္ေနတာေတြအတြက္ ဝမ္းနည္း စိတ္ပ်က္ တုန္လူပ္ခဲ့ရပါတယ္။ အရင္ ၈၈ တုန္းကလို ျပန္ျဖစ္လာတာပါ။ အၾကမ္းဖက္မူေတြျမင့္မားလာေနပါတယ္။ ဒါေပမဲ့ စစ္တပ္ကနားမလည္တာက၊ အရင္အာဏာသိမ္းခဲ့တဲ့အခ်ိန္မ်ိဳးကို ျပန္သြားလို႔မရႏိုင္တာ့တာပါ။ အခုမ်ိဳးဆက္သစ္ေတြက အရင္ထက္ အမ်ားႀကီးကို လြတ္လပ္ပြင့္လင္းေနပါၿပီ။ အခု Generation Z ေတြက၊ သူတို႔ဒါမ်ိးကို သည္းမခံႏိုင္ေတာ့ဘူးတဲ့။လူမူမီဒီယာကြန္ယက္ေတြ၊ အင္တာနက္ စတာေတြ အားလံုးက၊ လူေတြ သတင္းအားလံုး ခ်က္ခ်င္းနီးပါးရေစခဲ့ၿပီ။ အရင္ နဝတ၊ နအဖ ေခတ္ေတြကေတာ့ ဒါမ်ိဳးမရွိခဲ့ဘူး။ အဲဒိေတာ့၊ လက္နက္ရွိတယ္ေျပာေနတဲ့စစ္သားေတြ၊ အရင္ေခတ္ေတြတုန္းကေတာ့ လူေတြကို ဖိအားေပးႏိုင္ခဲ့တယ္၊ ဒါေပမဲ့ ေရရွည္ေတာ့မခံခဲ့ဘူး။ အခုဟာက၊ တျခားထည့္တြက္စရာအသစ္ေတြေပၚလာၿပီမို႔၊ ေနာက္ဆံုးမူတည္မွာက၊ စစ္တပ္ရဲ့ ညီညြတ္မူဆက္ရွိေနမလားဆိုတဲ့ ေမးခြန္းပါပဲ။”

မႏွစ္ကမွ ျမန္မာဆိုင္ရာတာဝန္ၿပီးဆံုးခဲ့သူ အေမရိကန္သံအမတ္ႀကီး Marciel ကေတာ့၊ အာဆီယံ အေရွေတာင္အာရွႏိုင္ငံမ်ားအဖြဲ႔အေနနဲ႔လည္း၊ ျမန္မာအစိုးရ ဆက္အၾကမ္းဖက္ေနရင္၊ အဖြဲ႔ဝင္အျဖစ္ဆက္လက္ခံဖို႔ ခက္ခဲေၾကာင္း၊ အျပင္းထန္ဆံုးဖိအားေပးႏိုင္ဖို႔၊ အေမရိကန္နဲ႔ တရုတ္အပါအဝင္ တျခားႏိုင္ငံေတြက၊ အာဆီယံကို ဝိုင္းအားေပးကူညီသင့္တယ္လို႔ အၾကံျပဳခဲ့ပါတယ္။

Georgetown တကၠသိုလ္ အာရွေလ့လာေရးဌာနက ဂုဏ္ထူးေဆာင္ ပါေမာကၡ Steinberg ကေတာ့၊ အေမရိကန္အေနနဲ႔ ျမန္မာဘဏ္ေငြးေၾကးစနစ္မွာ အေမရိကန္ေဒၚလာကို သံုးခြင့္မေပးတဲ့ ဖိအားေပးၿပီး၊ ေနာက္ အၾကမ္းဖက္မူေတြကေနထြက္ေျပးလာရသူေတြလက္ခံေရးလည္း ျမန္မာ့အိမ္နီးခ်င္းေတြကိုတိုက္တြန္းကာ၊ ကိုယ္တိုင္လဲ ျမန္မာဒုကၡသည္ေတြကို လက္ခံေခၚယူေပးသင့္တယ္လို႔ ဆိုပါတယ္။

ဒီေနရာမွာ၊ အေရွ.ေတာင္အာရွဆိုင္ရာ ကၽြမ္းက်င္သူ Stanford တကၠသိုလ္ အေရွေတာင္အာရွေလ့လာေရးအစီအစဥ္က ပါေမာကၡ Donald Emmerson ကေတာ့၊ ေရွ.အပတ္စေနလုပ္ဖို႔ရွိတဲ့ အာဆီယံအေရးေပၚထိပ္သီးပြဲမွာ၊ အၾကမ္းဖက္တာရပ္ေရး တက္လာမဲ့ စစ္ေခါင္းေဆာင္ကို ဝိုင္းေျပာေပးတာအျပင္၊ အေမရိကန္အေနနဲ႔လည္း၊ ေနာက္ပိုင္းလာမဲ့ အေရွ.အာရွထိပ္သီးပြဲက်ရင္၊ ျမန္မာအတိုက္ခံအစိုးရအဖြဲ႔ကိုလည္းမဖိတ္ပါက၊ သူ႔နဲ႔အျခားမဟာမိတ္ေတြတက္ဖို႔ခက္ႏိုင္ေၾကာင္း ႀကိဳျပင္ဆင္ ေျပာထားသင့္တယ္လို႔ ဆိုပါတယ္။

“အာဆီယံရဲ့ အေရွ.အာရွထိပ္သီးပြဲေတြကို တက္ေလ့ရွိတဲ့ ၾသစေတ်းလ်၊ အိႏၵိယ၊ ဂ်ပန္၊ နယူးဇီလန္နဲ႔ ေတာင္ကိုရီးယား၊ ဒီ ၅ ႏိုင္ငံကို၊ ႏိုဝင္ဘာက်ရင္ ဘရူႏိုင္းႏိုင္ငံရဲ့ ျမိဳ.ေတာ္မွာ က်င္းပမဲ့ ဒီႏွစ္ထိပ္သီးပြဲတိုင္ခင္ကထဲက၊ အေမရိကန္ကေန ဦးေဆာင္ၿပီးေတာ့ခ်ည္းကပ္သင့္ပါတယ္။ အဲ့ဒိထိပ္သီးစည္းေဝးပြဲမွာ ျမန္မာဘက္က စစ္ေကာင္စီတစ္ခုထဲသာ ကိုယ္စားျပဳတက္မယ္ဆိုရင္၊ သူတို႔အာလံုးအတူမတက္ၾကဖို႔၊ ဒါမွမဟုတ္ အတူမတက္ဖို႔ အေလးအနက္စဥ္းစားေရးအတြက္၊ ႀကိဳေတာင္းဆိုသေဘာတူညီမူယူထားၿပီး၊ အာဆီယံကိုလည္း တိုးတိုးတိတ္တိတ္ ႀကိဳေျပာထားဖို႔၊ အေလးအနက္ စဥ္းစားသင့္ပါတယ္။”

ဒီေနရာမွာ စကၤာပူအေျခစိုက္ ISEAS လို႔အတိုေခါက္ေခၚတဲ့ အေရွေတာင္အာရွေလ့လာေရးဌာနရွိ ျမန္မာအစီအစဥ္က သုေတသီ မမိုးသူဇာကလည္း၊ ေရြးေကာက္ပြဲကိုယ္စားျပဳ အမ်ိဳးသားညီညႊတ္ေရးအစိုးရေပၚေပါက္လာတာကိုလည္း၊ ထည့္သြင္းစဥ္းစားဖို႔ပါ အာဆီယံရဲ့ လက္ရွိအေရးပါလာပံုကို

“အာဆီယံအေနနဲ႔၊ ဒါ သိမ္ေမြ႔တဲ့အေနအထားမွာေတာ့ ေရာက္ေနၿပီ။ ဘာေၾကာင့္လဲဆိုေတာ့ အျပစ္က်ဴးလြန္ထားတဲ့လူကို၊ ဘာေၾကာင့္ ဒီအျဖစ္က ျဖစ္ၿပီးေတာ့၊ ကဲ ဒီ အျပစ္ကို ဘယ္လိုျပန္ၿပီး တည့္မတ္မလဲ၊ ေပၚလာတဲ့ ေနာက္ဆက္တြဲေတြကို ဘယ္လိုကိုင္တြယ္ေျဖရွင္းမလဲဆိုတဲ့ အေနအထားမ်ိဳးမွာ၊ အာဆီယံက အဲ့လို ေမးရ၊ စမ္းရ၊ ေျပာရမဲ့ အေနအထားမ်ိဳး ရွိေနတယ္ဆိုတဲ့အခါမွာ၊ မမိုးတို႔ ျမန္မာႏိုင္ငံမွာက၊ အခုဆိုလို႔ရွိရင္ National Unity Government (အမ်ိဳးသားညီညႊတ္ေရးအစိုးရ) ဖြဲ႔ၿပီးသြားၿပီ။ အမ်ားျပည္သူအားလံုးရဲ့ ဆႏၵကို၊ ကိုယ္စားျပဳဖို႔ျဖစ္ေပၚလာတဲ့ ျဖစ္စဥ္အေနအထားေပါ့ေနာ္၊ အရင္တံုးကေတာ့ CRPH (ျပည္သူ႔လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ) ေပါ့ေနာ္။ အဲ့ဒီဘက္က အျမင္ကိုလည္း အာဆီယံအေနနဲ႔ ၊ညိႈႏိႈင္းေပးဖို႔၊ ေမးဖို႔၊ စမ္းဖို႔၊ ေဆြးေႏြးဖို႔၊ ဒါထည့္သြင္းစဥ္းစားေပးဖို႔ အေရးႀကီးတယ္" လို႔လဲ မမိုးအေနနဲ႔ ျမင္ပါတယ္။

ဒီ Stanford တကၠသို္လ္ေဆြးေႏြးပြဲကို ဗုဒၶဟူးေန႔က က်င္းပခဲ့ရာမွာ၊ တျခားအဓိကေဆြးေႏြးသူေတြကလည္း၊ အခုတစ္ေခါက္အာဏာသိမ္းမူက၊ အရင္လို ျပန္တည္ျငိမ္ေအာင္စလုပ္ဖို႔မဟုတ္ဘဲ၊ မတည္ျငိမ္ေအာင္ စလုပ္လိုက္တာသာျဖစ္တယ္၊ ဒါေၾကာင့္ တည္ျငိမ္မူျပန္ရဖို႔၊ အၾကမ္းဖက္ေနတာစရပ္ေရး၊ လာမဲ့အာဆီယံအေရးေပၚထိပ္သီးပြဲမွာ၊ ျမန္မာစစ္ေခါင္းေဆာင္ကို အျပင္းထန္ဆံုး ဖိအားေပးသင့္ၿပီလို႔ ဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...................................................

မြန်မာစစ်ခေါင်းဆောင်အပေါ် အာဆီယံ ဖိအားပေးဖို့ ကျွမ်းကျင်သူတွေတိုက်တွန်း

{{Unicode}}

မြန်မာနိုင်ငံမှာ ပစ်ခတ်သတ်ဖြတ်မူတွေရပ်ဖို့အပြင်၊ တည်ငြိမ်မူပြန်ဖော်ဆောင်ပေးဖို့၊ မြန်မာစစ်ခေါင်းဆောင်ကိုရှေ့အပတ်စနေနေ့မှာလုပ်မဲ့ အရေးပေါ်အာဆီယံထိပ်သီးအစည်းအဝေးပွဲအတွင်း အားလုံးကဝိုင်းဖိအားပေးတောင်းဆိုသင့်တယ်လို့၊ မြန်မာ့အရေးကျွမ်းကျင်သူတွေက ဆိုပါတယ်။

ဒါ့အပြင်၊ ဒီအာဆီယံအရှေတောင်အာရှနိုင်ငံများအဖွဲ့အနေနဲ့၊ မြန်မာစစ်အာဏာသိမ်းမူနောက်ပိုင်းဖြစ်ပေါ်လာခဲ့တဲ့၊ ပြည်သူကိုယ်စားပြု အမျိုးသားညီညွှတ်ရေးအစိုးရကိုပါ ကိုယ်စားပြုခွင့်ပေးဖို့၊ ဒီကျွမ်းကျင်သူတွေကတောင်းဆိုလိုက်ပါတယ်။

အမေရိကန်သံအမတ်ကြီးဟောင်း Scot Marciel ၊ မြန်မာ့အရေးကျွမ်းကျင်သူ အမေရိကန်ပါမောက္ခ David Steinberg ၊ အရှေ.တောင်အာရှကျွမ်းကျင်သူပါမောက္ခတစ်ဦးနဲ့ အာဆီယံကျွမ်းကျင်သူ မြန်မာသုတေသီတစ်ဦးတို့ကို ကိုဝင်းမင်းက သီးခြားဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာနိုင်ငံအရေး Stanford တက္ကသိုလ်မှာ ကျွမ်းကျင်သူတွေ ဒီအပတ်ထဲဆွေးနွေးခဲ့ပြီး၊ စစ်အာဏာသိမ်းဖိနှိပ်မူအဆုံးသတ်နိုင်ရေးနဲ့ မြန်မာပြည်သူတွေမျှော်လင့်ချက်ပြန်ရှင်သန်နိုင်ရေး၊ နိုင်ငံတကာအနေနဲ့ ဝိုင်းကူဖိအားပေးသင့်တာတွေကို ပြောခဲ့ကြရာမှာ၊ အဓိက ပါဝင်ခဲ့သူတစ်ဦးဖြစ်တဲ့၊ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးဟောင်း Marciel က ဒီတစ်ခေါက်အာဏာသိမ်းမူပြင်းထန်လွန်းပုံကို၊ VOA ကို သီးသန့် အခုလို ပြောပါတယ်။

“အာဏာသိမ်းမူက မြန်မာနိုင်ငံအတွက် တကယ့်ကို ဘေးဒုက္ခကြီးပါ။ ဒါက လုံးဝကို အကြောင်းပြစရာ မရှိပါဘူး။ အာဏာသိမ်းတာတင်မကပါဘူး၊ ဆန္ဒပြ၊ မပူးပေါင်းမဆောင်ရွက်သူတွေအပေါ် ရက်စက်မူကလည်း၊ ပြည်သူတွေအတွက် ကပ်ဆိုးကြီးပါ။ လူ့အသက်တွေဆုံးရှုံးရတာ၊ ဖမ်းဆီးခံရတာ စတာတွေအပြင်၊ ရုတ်တရက် စီးပွားရေးနဲ့ တည်ငြိမ်မူထိုးကျသွားတာတွေက၊ မြန်မာပြည်သူတွေ အားလုံးကိုထိခိုက်သွားစေပါတယ်။ အထူးသဖြင့်တော့ လူငယ်တွေအတွက်ဆိုရင်၊ မျှော်လင့်ချက်နဲ့ အခွင့်အလမ်းတွေ ရိုက်ချိုးခံလိုက်ရပြီလို့ ခံစားလိုက်ရတာပါ၊ ဒီအပေါ် ပြန်ဆန့်ကျင်တွန်းလှန်နေတာကို ကျွန်တော် အထူး စာနာ၊ လေးစားမိပါတယ်။”

သံအမတ်ကြီး Marciel ဟာ လက်ရှိစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မူကြီး မင်းအောင်လှိုင်နဲ့ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ဖူးသူလည်းဖြစ်ပါတယ်။ အရင် ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းမူမှာအရေးပါခဲ့တဲ့ ဗိုလ်ချုပ်ကြီး ခင်ညွှန့်တို့နဲ့လည်း အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ဖူးသူ၊ Georgetown တက္ကသိုလ် ပါမောက္ခ Steinberg ကလည်း၊ အခု ၄ ကြိမ်မြောက်စစ်အာဏာသိမ်းမူရဲ့ မတူထူးခြားပုံကို အခုလိုရှင်းပြပါတယ်။

“ကျွန်တော်တို့အားလုံး အခုဖြစ်နေတာတွေအတွက် ဝမ်းနဲ စိတ်ပျက် တုန်လူပ်ခဲ့ရပါတယ်။ အရင် ၈၈ တုံးကလို ပြန်ဖြစ်လာတာပါ။ အကြမ်းဖက်မူတွေမြင့်မားလာနေပါတယ်။ ဒါပေမဲ့ စစ်တပ်ကနားမလည်တာက၊ အရင်အာဏာသိမ်းခဲ့တဲ့အချိန်မျိုးကို ပြန်သွားလို့မရနိုင်တာ့တာပါ။ အခုမျိုးဆက်သစ်တွေက အရင်ထက် အများကြီးကို လွတ်လပ်ပွင့်လင်းနေပါပြီ။ အခု Generation Z တွေက၊ သူတို့ဒါမျိးကို သည်းမခံနိုင်တော့ဘူးတဲ့။လူမူမီဒီယာကွန်ယက်တွေ၊ အင်တာနက် စတာတွေ အားလုံးက၊ လူတွေ သတင်းအားလုံး ချက်ချင်းနီးပါးရစေခဲ့ပြီ။ အရင် နဝတ၊ နအဖ ခေတ်တွေကတော့ ဒါမျိုးမရှိခဲ့ဘူး။ အဲဒိတော့၊ လက်နက်ရှိတယ်ပြောနေတဲ့စစ်သားတွေ၊ အရင်ခေတ်တွေတုံးကတော့ လူတွေကို ဖိအားပေးနိုင်ခဲ့တယ်၊ ဒါပေမဲ့ ရေရှည်တော့မခံခဲ့ဘူး။ အခုဟာက၊ တခြားထည့်တွက်စရာအသစ်တွေပေါ်လာပြီမို့၊ နောက်ဆုံးမူတည်မှာက၊ စစ်တပ်ရဲ့ ညီညွတ်မူဆက်ရှိနေမလားဆိုတဲ့ မေးခွန်းပါပဲ။”

မနှစ်ကမှ မြန်မာဆိုင်ရာတာဝန်ပြီးဆုံးခဲ့သူ အမေရိကန်သံအမတ်ကြီး Marciel ကတော့၊ အာဆီယံ အရှေတောင်အာရှနိုင်ငံများအဖွဲ့အနေနဲ့လည်း၊ မြန်မာအစိုးရ ဆက်အကြမ်းဖက်နေရင်၊ အဖွဲ့ဝင်အဖြစ်ဆက်လက်ခံဖို့ ခက်ခဲကြောင်း၊ အပြင်းထန်ဆုံးဖိအားပေးနိုင်ဖို့၊ အမေရိကန်နဲ့ တရုတ်အပါအဝင် တခြားနိုင်ငံတွေက၊ အာဆီယံကို ဝိုင်းအားပေးကူညီသင့်တယ်လို့ အကြံပြုခဲ့ပါတယ်။

Georgetown တက္ကသိုလ် အာရှလေ့လာရေးဌာနက ဂုဏ်ထူးဆောင် ပါမောက္ခ Steinberg ကတော့၊ အမေရိကန်အနေနဲ့ မြန်မာဘဏ်ငွေးကြေးစနစ်မှာ အမေရိကန်ဒေါ်လာကို သုံးခွင့်မပေးတဲ့ ဖိအားပေးပြီး၊ နောက် အကြမ်းဖက်မူတွေကနေထွက်ပြေးလာရသူတွေလက်ခံရေးလည်း မြန်မာ့အိမ်နီးချင်းတွေကိုတိုက်တွန်းကာ၊ ကိုယ်တိုင်လဲ မြန်မာဒုက္ခသည်တွေကို လက်ခံခေါ်ယူပေးသင့်တယ်လို့ ဆိုပါတယ်။

ဒီနေရာမှာ၊ အရှေ.တောင်အာရှဆိုင်ရာ ကျွမ်းကျင်သူ Stanford တက္ကသိုလ် အရှေတောင်အာရှလေ့လာရေးအစီအစဉ်က ပါမောက္ခ Donald Emmerson ကတော့၊ ရှေ.အပတ်စနေလုပ်ဖို့ရှိတဲ့ အာဆီယံအရေးပေါ်ထိပ်သီးပွဲမှာ၊ အကြမ်းဖက်တာရပ်ရေး တက်လာမဲ့ စစ်ခေါင်းဆောင်ကို ဝိုင်းပြောပေးတာအပြင်၊ အမေရိကန်အနေနဲ့လည်း၊ နောက်ပိုင်းလာမဲ့ အရှေ.အာရှထိပ်သီးပွဲကျရင်၊ မြန်မာအတိုက်ခံအစိုးရအဖွဲ့ကိုလည်းမဖိတ်ပါက၊ သူ့နဲ့အခြားမဟာမိတ်တွေတက်ဖို့ခက်နိုင်ကြောင်း ကြိုပြင်ဆင် ပြောထားသင့်တယ်လို့ ဆိုပါတယ်။

“အာဆီယံရဲ့ အရှေ.အာရှထိပ်သီးပွဲတွေကို တက်လေ့ရှိတဲ့ သြစတျေးလျ၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်နဲ့ တောင်ကိုရီးယား၊ ဒီ ၅ နိုင်ငံကို၊ နိုဝင်ဘာကျရင် ဘရူနိုင်းနိုင်ငံရဲ့ မြို.တော်မှာ ကျင်းပမဲ့ ဒီနှစ်ထိပ်သီးပွဲတိုင်ခင်ကထဲက၊ အမေရိကန်ကနေ ဦးဆောင်ပြီးတော့ချည်းကပ်သင့်ပါတယ်။ အဲ့ဒိထိပ်သီးစည်းဝေးပွဲမှာ မြန်မာဘက်က စစ်ကောင်စီတစ်ခုထဲသာ ကိုယ်စားပြုတက်မယ်ဆိုရင်၊ သူတို့အာလုံးအတူမတက်ကြဖို့၊ ဒါမှမဟုတ် အတူမတက်ဖို့ အလေးအနက်စဉ်းစားရေးအတွက်၊ ကြိုတောင်းဆိုသဘောတူညီမူယူထားပြီး၊ အာဆီယံကိုလည်း တိုးတိုးတိတ်တိတ် ကြိုပြောထားဖို့၊ အလေးအနက် စဉ်းစားသင့်ပါတယ်။”

ဒီနေရာမှာ စင်္ကာပူအခြေစိုက် ISEAS လို့အတိုခေါက်ခေါ်တဲ့ အရှေတောင်အာရှလေ့လာရေးဌာနရှိ မြန်မာအစီအစဉ်က သုတေသီ မမိုးသူဇာကလည်း၊ ရွေးကောက်ပွဲကိုယ်စားပြု အမျိုးသားညီညွှတ်ရေးအစိုးရပေါ်ပေါက်လာတာကိုလည်း၊ ထည့်သွင်းစဉ်းစားဖို့ပါ အာဆီယံရဲ့ လက်ရှိအရေးပါလာပုံကို

“အာဆီယံအနေနဲ့၊ ဒါ သိမ်မွေ့တဲ့အနေအထားမှာတော့ ရောက်နေပြီ။ ဘာကြောင့်လဲဆိုတော့ အပြစ်ကျူးလွန်ထားတဲ့လူကို၊ ဘာကြောင့် ဒီအဖြစ်က ဖြစ်ပြီးတော့၊ ကဲ ဒီ အပြစ်ကို ဘယ်လိုပြန်ပြီး တည့်မတ်မလဲ၊ ပေါ်လာတဲ့ နောက်ဆက်တွဲတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတဲ့ အနေအထားမျိုးမှာ၊ အာဆီယံက အဲ့လို မေးရ၊ စမ်းရ၊ ပြောရမဲ့ အနေအထားမျိုး ရှိနေတယ်ဆိုတဲ့အခါမှာ၊ မမိုးတို့ မြန်မာနိုင်ငံမှာက၊ အခုဆိုလို့ရှိရင် National Unity Government (အမျိုးသားညီညွှတ်ရေးအစိုးရ) ဖွဲ့ပြီးသွားပြီ။ အများပြည်သူအားလုံးရဲ့ ဆန္ဒကို၊ ကိုယ်စားပြုဖို့ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်အနေအထားပေါ့နော်၊ အရင်တုံးကတော့ CRPH (ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ) ပေါ့နော်။ အဲ့ဒီဘက်က အမြင်ကိုလည်း အာဆီယံအနေနဲ့ ၊ညှိုနှိုင်းပေးဖို့၊ မေးဖို့၊ စမ်းဖို့၊ ဆွေးနွေးဖို့၊ ဒါထည့်သွင်းစဉ်းစားပေးဖို့ အရေးကြီးတယ်" လို့လဲ မမိုးအနေနဲ့ မြင်ပါတယ်။

ဒီ Stanford တက္ကသိုလ်ဆွေးနွေးပွဲကို ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့ရာမှာ၊ တခြားအဓိကဆွေးနွေးသူတွေကလည်း၊ အခုတစ်ခေါက်အာဏာသိမ်းမူက၊ အရင်လို ပြန်တည်ငြိမ်အောင်စလုပ်ဖို့မဟုတ်ဘဲ၊ မတည်ငြိမ်အောင် စလုပ်လိုက်တာသာဖြစ်တယ်၊ ဒါကြောင့် တည်ငြိမ်မူပြန်ရဖို့၊ အကြမ်းဖက်နေတာစရပ်ရေး၊ လာမဲ့အာဆီယံအရေးပေါ်ထိပ်သီးပွဲမှာ၊ မြန်မာစစ်ခေါင်းဆောင်ကို အပြင်းထန်ဆုံး ဖိအားပေးသင့်ပြီလို့ ဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG