သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အင္တာနက္ပိတ္ပင္မႈေတြအၾကား သတင္းစီးဆင္းမႈမျပတ္ေအာင္ လူငယ္ေတြ ႀကိဳးစားေန


မိုလိုေတာ့ဗ္စာေစာင္လုိဂို။

(Zawgyi / Unicode)

အင္တာနက္ ဆက္သြယ္မႈေတြကို ပိတ္ပင္သလို သတင္းစီးဆင္းမႈကိုလည္း ကန္႔သတ္ခ်ဳပ္ခ်ယ္ေနတဲ့ ျမန္မာစစ္ေကာင္စီကို ဆန္႔က်င္ၿပီး ျမန္မာလူငယ္တခ်ဳိ႕က ေျမေအာက္သတင္းလႊာေတြကို ထုတ္ျပန္ၿပီး လူထုအၾကား စတင္ျဖန္႔ျဖဴးေပးေနပါတယ္။

Molotov လို႔ေခၚတဲ့ သတင္းလႊာနဲ႔ လူငယ္ေတြကို စြဲေဆာင္ႏုိင္ေအာင္ ႀကိဳးပမ္းေနသလို တျခားသတင္းလႊာေတြလည္း ရွိေနၿပီလို႔ အသက္ ၃၂ ႏွစ္အရြယ္ အမည္ဝွက္နဲ႔ ကိုလင္းသန္႔က ေျပာပါတယ္။

“ဒါေတြက က်ေနာ္တုိ႔ဘက္ကေန ျပန္ၿပီးေတာ့ ဒီေကာင္ေတြ သတင္းစီးဆင္းမႈ ေႏွးေကြးေအာင္ လုပ္တာေတြ၊ အင္တာနက္ ျဖတ္ေတာက္တာေတြ က်ေနာ္တုိ႔က ျပန္ၿပီး အံတုတဲ့ အံတုမႈလည္း ျဖစ္သလုိ လူထုကိုလည္း က်ေနာ္တုိ႔က သတင္းအခ်က္အလက္ ျမန္ျမန္ဆန္ဆန္ ေရာက္ဖုိ႔ရယ္၊ က်ေနာ္တုိ႔ လႈပ္ရွားမႈေတြ မရပ္တန္႔ေအာင္ရယ္ ဒါေတြ အဓိကထားၿပီးေတာ့ ဒီစာေစာင္ေတြကို ထုတ္တာျဖစ္တယ္။”

အခုလို သတင္းလႊာ ထုတ္တာေၾကာင့္ ဖမ္းဆီးသတ္ျဖတ္ခံရမယ့္ အႏၲရာယ္ ရွိေနတာကို သိရွိေပမယ့္ တေယာက္က်ဆုံးရင္ ေနာက္တေယာက္က ဆက္လက္လုပ္ေဆာင္သြားမွာ ျဖစ္ေၾကာင္းနဲ႔ ေတာ္လွန္ေရး ၿပီးဆုံးခ်ိန္အထိ Molotov သတင္းစာ ဆက္လက္တည္ရွိေနမယ္လို႔လည္း သူက AFP သတင္းကို ေျပာပါတယ္။

ေလာေလာဆယ္ Molotov သတင္းလႊာကို ေဈးဆိုင္ေတြမွာတင္ၿပီး ျဖန္႔ျဖဴးေပးေနသလို Facebook ေပၚမွာလည္း လူ ၃၀,၀၀၀ ေလာက္ ဖတ္႐ႈခဲ့ၿပီျဖစ္ေၾကာင္း သူက ေျပာပါတယ္။

အာဏာသိမ္းပြဲ ျဖစ္ပြားခဲ့တဲ့ ျမန္မာႏုိင္ငံမွာ အခုအခါ ရက္ေပါင္း ၅၆ ရက္ ဆက္တိုက္ အင္တာနက္ ျပတ္ေတာက္မႈေတြ ျဖစ္ေပၚေနတယ္လို႔ အင္တာနက္ ေစာင့္ၾကည့္ေရးအဖြဲ႔ NetBlocks က ေျပာပါတယ္။

ဒီမိုကေရစီ အသြင္ကူးေျပာင္းေရး မစခင္ ၂၀၁၁ ခုႏွစ္ မတိုင္ခင္အထိ ျမန္မာႏိုင္ငံကို ၄၉ ႏွစ္ၾကာ စစ္တပ္က အုပ္ခ်ဳပ္ခဲ့တုန္းကလည္း သတင္းမီဒီယာေတြကို ဆင္ဆာျပဳလုပ္ၿပီး တင္းတင္းက်ပ္က်ပ္ ပိတ္ပင္ခဲ့တာပါ။

အခု စစ္ေကာင္စီကလည္း မဇၥ်ိမ သတင္းဌာန အပါအဝင္ မီဒီယာအဖြဲ႔အစည္း ၅ ခုကို လုပ္ကိုင္ခြင့္လိုင္စင္ ႐ုပ္သိမ္းခဲ့ပါတယ္။ စစ္အာဏာသိမ္းကတည္းက အခုအခ်ိန္အထိ သတင္းသမား ၆၄ ဦး ဖမ္းဆီးခံခဲ့ရၿပီး ၃၃ ဦးက အက်ဥ္းခ်ခံေနရဆဲမို႔ ျမန္မာႏိုင္ငံမွာ လြတ္လပ္တဲ့ သတင္းမီဒီယာ အႏၲရာယ္ က်ေရာက္ေနၿပီလို႔ မီဒီယာေစာင့္ၾကည့္ေရးအဖြဲ႔ Reporting ASEAN က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

အင်တာနက်ပိတ်ပင်မှုတွေအကြား သတင်းစီးဆင်းမှုမပြတ်အောင် လူငယ်တွေ ကြိုးစားနေ

အင်တာနက် ဆက်သွယ်မှုတွေကို ပိတ်ပင်သလို သတင်းစီးဆင်းမှုကိုလည်း ကန့်သတ်ချုပ်ချယ်နေတဲ့ မြန်မာစစ်ကောင်စီကို ဆန့်ကျင်ပြီး မြန်မာလူငယ်တချို့က မြေအောက်သတင်းလွှာတွေကို ထုတ်ပြန်ပြီး လူထုအကြား စတင်ဖြန့်ဖြူးပေးနေပါတယ်။

Molotov လို့ခေါ်တဲ့ သတင်းလွှာနဲ့ လူငယ်တွေကို စွဲဆောင်နိုင်အောင် ကြိုးပမ်းနေသလို တခြားသတင်းလွှာတွေလည်း ရှိနေပြီလို့ အသက် ၃၂ နှစ်အရွယ် အမည်ဝှက်နဲ့ ကိုလင်းသန့်က ပြောပါတယ်။

“ဒါတွေက ကျနော်တို့ဘက်ကနေ ပြန်ပြီးတော့ ဒီကောင်တွေ သတင်းစီးဆင်းမှု နှေးကွေးအောင် လုပ်တာတွေ၊ အင်တာနက် ဖြတ်တောက်တာတွေ ကျနော်တို့က ပြန်ပြီး အံတုတဲ့ အံတုမှုလည်း ဖြစ်သလို လူထုကိုလည်း ကျနော်တို့က သတင်းအချက်အလက် မြန်မြန်ဆန်ဆန် ရောက်ဖို့ရယ်၊ ကျနော်တို့ လှုပ်ရှားမှုတွေ မရပ်တန့်အောင်ရယ် ဒါတွေ အဓိကထားပြီးတော့ ဒီစာစောင်တွေကို ထုတ်တာဖြစ်တယ်။”

အခုလို သတင်းလွှာ ထုတ်တာကြောင့် ဖမ်းဆီးသတ်ဖြတ်ခံရမယ့် အန္တရာယ် ရှိနေတာကို သိရှိပေမယ့် တယောက်ကျဆုံးရင် နောက်တယောက်က ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းနဲ့ တော်လှန်ရေး ပြီးဆုံးချိန်အထိ Molotov သတင်းစာ ဆက်လက်တည်ရှိနေမယ်လို့လည်း သူက AFP သတင်းကို ပြောပါတယ်။

လောလောဆယ် Molotov သတင်းလွှာကို ဈေးဆိုင်တွေမှာတင်ပြီး ဖြန့်ဖြူးပေးနေသလို Facebook ပေါ်မှာလည်း လူ ၃၀,၀၀၀ လောက် ဖတ်ရှုခဲ့ပြီဖြစ်ကြောင်း သူက ပြောပါတယ်။

အာဏာသိမ်းပွဲ ဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံမှာ အခုအခါ ရက်ပေါင်း ၅၆ ရက် ဆက်တိုက် အင်တာနက် ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ အင်တာနက် စောင့်ကြည့်ရေးအဖွဲ့ NetBlocks က ပြောပါတယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေး မစခင် ၂၀၁၁ ခုနှစ် မတိုင်ခင်အထိ မြန်မာနိုင်ငံကို ၄၉ နှစ်ကြာ စစ်တပ်က အုပ်ချုပ်ခဲ့တုန်းကလည်း သတင်းမီဒီယာတွေကို ဆင်ဆာပြုလုပ်ပြီး တင်းတင်းကျပ်ကျပ် ပိတ်ပင်ခဲ့တာပါ။

အခု စစ်ကောင်စီကလည်း မဇ္ဈိမ သတင်းဌာန အပါအဝင် မီဒီယာအဖွဲ့အစည်း ၅ ခုကို လုပ်ကိုင်ခွင့်လိုင်စင် ရုပ်သိမ်းခဲ့ပါတယ်။ စစ်အာဏာသိမ်းကတည်းက အခုအချိန်အထိ သတင်းသမား ၆၄ ဦး ဖမ်းဆီးခံခဲ့ရပြီး ၃၃ ဦးက အကျဉ်းချခံနေရဆဲမို့ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ သတင်းမီဒီယာ အန္တရာယ် ကျရောက်နေပြီလို့ မီဒီယာစောင့်ကြည့်ရေးအဖွဲ့ Reporting ASEAN က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG