သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေမျော ရိုဟင်ဂျာဒုက္ခသည် ၃၀ ဘင်္ဂလားဒေ့ရှ် ကမ်းစောင့်တပ် ကယ်ဆယ်


ရိုဟင်ဂျာဒုက္ခသည်များ
ရိုဟင်ဂျာဒုက္ခသည်များ

(Zawgyi/Unicode)
ပင်လယ်ဓါးပြတွေရဲ့ တိုက်ခိုက်တာခံခဲ့ရပြီး ၂ ရက်အကြာ ဘင်္ဂလားပင်လယ်ထဲမျောနေတဲ့ ရိုဟင်ဂျာဒုက္ခသည် ၃၀ ကို ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့က ပြီးခဲ့တဲ့ အင်္ဂါနေ့က ကယ်တင်လိုက်ပါတယ်။

မြန်မာပြည်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁ သန်းလောက်ဟာ ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ဘက်က ဒုက္ခသည်စခန်းတွေမှာ ဖြစ်သလို နေထိုင်နေကြရတာလည်း ဖြစ်ပါတယ်။

တော်တော်များများဟာ လူကုန်ကူးသူတွေကို ငွေပေးပြီး အန္တရာယ်များတဲ့ ပင်လယ်ခရီးကို ဖြတ်ပြီး အရှေ့တောင်အာရှနိုင်ငံတွေဆီကို ထွက်ပြေးကြပါတယ်။

အမျိူးသမီး ၂၀ ဦး၊ အမျိူးသား ၅ ဦး နဲ့ ကလေးငယ် ၅ ဦးပါတဲ့လှေဟာ ပြီးခဲ့တဲ့ သောကြာနေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံ Cox's Bazar ခရိုင် အနီးက စတင်ထွက်ခွာခဲ့တယ်လို့ ကမ်းခြေစောင့် တပ်မှူး Amirul Haque ကပြောပါတယ်။

တနင်္ဂနွေနေ့မှာတော့ သူတို့လှေဟာ ပင်လယ်ဓါးပြတွေရဲ့ တိုက်ခိုက်ခြင်းခံရပြီး ပါလာတဲ့ အဖိုးတန်တာတွေ အကုန်ယူပြီး စက်လှေ အင်ဂျင်ကိုလည်း ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။

သူတို့ ဟာ အစာရေစာ သိပ်မရှိတော့ပဲ ပင်လယ်ထဲမျောနေတာဖြစ်ပြီး ငါးဖမ်းလှေကြီးတွေက ကယ်ဆယ်တာကို စောင့်မျှော်နေကြတယ်လို့ ကမ်းခြေစောင့်တပ်မှူးက AFP သတင်းဌာနကို ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ငါးဖမ်းလှေအနည်းငယ်လောက်ပဲရှိတာမို့ ပင်လယ်ပြင်ဟာရှင်းရှင်းလင်းလင်းဖြစ်နေပြီး ဒီအခြေအနေကို အသုံးချပြီး လူကုန်ကူးကြတယ်လို့ ဖော်ပြထားပါတယ်။ ရဲကတော့ အဆိုပါဒုက္ခသည်တွေကို Bhashan Char ကျွန်းကို ပို့မှာဖြစ်တယ်လို့ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်


..............


(Unicode)







XS
SM
MD
LG