သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆ႒မ အသုတ္ ႐ိုဟင္ဂ်ာ ၄၀၀၀ ေက်ာ္ ဘာဆန္ခ်ာကၽြန္း ပို႔ဖို႔ စီစဥ္


မွတ္တမ္းဓါတ္ပံု ၂၀၂၁ ဇန္န၀ါရီတုန္းက ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဒုကၡသည္စခန္းက ရိုဟင္ဂ်ာဒုကၡသည္မ်ား Bhashan Char သို႔ ေျပာင္းေရႊ႕ေနထိုင္တဲ့ ျမင္ကြင္း။

(Zawgyi/Unicode)

ဘဂၤလားေဒ့ရွ္ ႏိုင္ငံ Cox’s Bazar က ဒုကၡသည္စခန္းေတြမွာ ခိုလႈံေနတဲ့ ႐ိုဟင္ဂ်ာေတြထဲက ဒုကၡသည္ ၄၀၀၀ ေက်ာ္ကို ဆ႒မေျမာက္ အသုတ္အျဖစ္ Bhasan Char ကၽြန္းကို မတ္လ ၃၀ အဂၤါေန႔မွာ ပို႔ေဆာင္ေနၿပီ ျဖစ္ပါတယ္။

Ukhiya နဲ႔ Teknaf မွာရွိတဲ့ ဒုကၡသည္စခန္းေတြမွာရွိတဲ့ ဒုကၡသည္ေတြထဲက ဘာဆန္ခ်ာကၽြန္းကို ကိုယ့္ဆႏၵအေလွ်ာက္ ေျပာင္းေရႊ႕ခ်င္သူေတြကို Ukhiya ေကာလိပ္ဝင္းထဲ ၊ မီနီဘတ္စ္ေတြနဲ႔ ပို႔ေပးေနတာျဖစ္ေၾကာင္း ဘဂၤလားေဒ့ရွ္ အစိုးရသတင္းကို ကိုးကားၿပီး VOA ဘဂၤါလာဌာနက ေျပာပါတယ္။

Cox’s Bazar မွာရွိတဲ့ ဘာလုခါလီ ဒုကၡသည္စခန္းမွာေတာ့ ၿပီးခဲ့တဲ့ တနလၤာေန႔က မီးအႀကီးအက်ယ္ေလာင္ကၽြမ္းခဲ့တာ ျဖစ္ၿပီး အဲဒီက မီးေဘးသင့္ ဒုကၡသည္ ၄၈,၀၀၀ အတြက္ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ UNHCR အဖြဲ႔က ကယ္ဆယ္ေရးနဲ႔ ေဆးပစၥည္းေတြ ျဖန္႔ေဝေပးေနပါတယ္။

ဒါ့အျပင္ ဒီဒုကၡသည္ေတြရဲ႕ ေဘးကင္းလံုျခံဳေရးအတြက္ ကုလသမဂၢက ေဆာင္ရြက္ေနေၾကာင္းလည္း ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephane Dujarric က အဂၤါေန႔ ကုလသမဂၢ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

“ကုလသမဂၢဒုကၡသည္မ်ားဆိုင္ရာ အဖြဲ႔က ဒီဒုကၡသည္ေတြေဘးကင္းေရးနဲ႔ လံုျခံဳေရးအတြက္ ေစာင့္ၾကည့္ေနသလို မီးေလာင္စဥ္ မိသားစုနဲ႔ ကြဲသြားတဲ့ ကေလးငယ္ေတြရဲ႕ လိုအပ္ခ်က္ေတြ အတြက္ပါ ေျပာၾကားေဆာင္ရြက္ေနေၾကာင္း” ေျပာသြားတာပါ။

၂၀၁၇ ခုႏွစ္အတြင္း ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ျမန္မာစစ္တပ္ရဲ႕ နယ္ေျမ႐ွင္းလင္းမႈ ေနာက္ပိ္ုင္း ႐ိုဟင္ဂ်ာ သိန္းနဲ႔ခ်ီ ဘဂၤလားေဒ့႐ွ္ႏိုင္ငံဘက္ ထြက္ေျပးခ့ဲၾကရတာျဖစ္ၿပီး ဒီအထဲက တခ်ဳိ႕ကို ဘဂၤလားေဒ့႐ွ္အစိုးရက ေရလႊမ္းႏိုင္တဲ့ ဘာဆန္ခ်ာကၽြန္းေပၚကို ပို႔ေနတာေၾကာင့္ လူ႔အခြင့္အေရးအဖဲြ႔ေတြရဲ႕ ကန္႔ကြက္မႈေတြလည္း ႐ွိေနပါတယ္။ ႐ိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံတဲ့ ျမန္မာအစိုးရကေတာ့ ဒုကၡသည္ေတြကို ျပန္လည္ေခၚယူမယ္လို႔ ေျပာထားေပမယ့္ အခုထိ မလုပ္ေဆာင္ႏိုင္ေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္


............

ဆဋ္ဌမ အသုတ် ရိုဟင်ဂျာ ၄၀၀၀ ကျော် ဘာဆန်ချာကျွန်း ပို့ဖို့ စီစဉ်

(Unicode)

ဘင်္ဂလားဒေ့ရှ် နိုင်ငံ Cox’s Bazar က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေထဲက ဒုက္ခသည် ၄၀၀၀ ကျော်ကို ဆဋ္ဌမမြောက် အသုတ်အဖြစ် Bhasan Char ကျွန်းကို မတ်လ ၃၀ အင်္ဂါနေ့မှာ ပို့ဆောင်နေပြီ ဖြစ်ပါတယ်။

Ukhiya နဲ့ Teknaf မှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ဒုက္ခသည်တွေထဲက ဘာဆန်ချာကျွန်းကို ကိုယ့်ဆန္ဒအလျှောက် ပြောင်းရွှေ့ချင်သူတွေကို Ukhiya ကောလိပ်ဝင်းထဲ ၊ မီနီဘတ်စ်တွေနဲ့ ပို့ပေးနေတာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရသတင်းကို ကိုးကားပြီး VOA ဘင်္ဂါလာဌာနက ပြောပါတယ်။

Cox’s Bazar မှာရှိတဲ့ ဘာလုခါလီ ဒုက္ခသည်စခန်းမှာတော့ ပြီးခဲ့တဲ့ တနင်္လာနေ့က မီးအကြီးအကျယ်လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး အဲဒီက မီးဘေးသင့် ဒုက္ခသည် ၄၈,၀၀၀ အတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ UNHCR အဖွဲ့က ကယ်ဆယ်ရေးနဲ့ ဆေးပစ္စည်းတွေ ဖြန့်ဝေပေးနေပါတယ်။

ဒါ့အပြင် ဒီဒုက္ခသည်တွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် ကုလသမဂ္ဂက ဆောင်ရွက်နေကြောင်းလည်း ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က အင်္ဂါနေ့ ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အဖွဲ့က ဒီဒုက္ခသည်တွေဘေးကင်းရေးနဲ့ လုံခြုံရေးအတွက် စောင့်ကြည့်နေသလို မီးလောင်စဉ် မိသားစုနဲ့ ကွဲသွားတဲ့ ကလေးငယ်တွေရဲ့ လိုအပ်ချက်တွေ အတွက်ပါ ပြောကြားဆောင်ရွက်နေကြောင်း” ပြောသွားတာပါ။

၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှု နောက်ပိုင်း ရိုဟင်ဂျာ သိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြရတာဖြစ်ပြီး ဒီအထဲက တချို့ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ရေလွှမ်းနိုင်တဲ့ ဘာဆန်ချာကျွန်းပေါ်ကို ပို့နေတာကြောင့် လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ကန့်ကွက်မှုတွေလည်း ရှိနေပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ဒုက္ခသည်တွေကို ပြန်လည်ခေါ်ယူမယ်လို့ ပြောထားပေမယ့် အခုထိ မလုပ်ဆောင်နိုင်သေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG