သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘာဆန္ခ်ားကၽြန္းမွာ ကုလသမဂၢကိုယ္စားလွယ္အဖြဲ႔ေရာက္ေန


႐ိုဟင္ဂ်ာဒုကၡသည္မ်ား ေျပာင္းေရႊ႕ေနထိုင္ရာ Bhasan Char ကၽြန္း။ (ဒီဇင္ဘာ ၂၉၊ ၂၀၂၀)

[Zawgyi/Unicode]

ကုလသမဂၢကိုယ္စားလွယ္အဖဲြ႔ ႐ိုဟင္ဂ်ာဒုကၡသည္ ၁၀,၀၀၀ ေက်ာ္ေရႊ႕ေျပာင္းထားတဲ့ ဘဂၤလားပင္လယ္ေအာ္ထဲက ဘာဆန္ခ်ားကြ်န္းကို မေန႔ကစ၊ သံုးရက္ၾကာခရီး ေရာက္ရွိေနပါတယ္။

ကုလသမဂၢအဖြဲ႔အစည္းေတြက ကၽြမ္းက်င္သူေတြ ပါ၀င္တဲ့ အဖြဲ႔၀င္ ၁၈ ဦးပါ ကိုယ္စားလွယ္အဖြဲ႔ဟာ ဘဂၤလားေဒ့ရွ္အစိုးရ စီစဥ္ေပးမႈနဲ႔ မေန႔ ေန႔လယ္ပိုင္းကပဲ ဘာဆန္ခ်ားကြ်န္းကို ေရာက္လာကာ ႐ိုဟင္ဂ်ာဒုကၡသည္ေတြကို အကူအညီေပးသြားမယ္လို႔ ဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီးရံုး UNHCR က ေျပာပါတယ္။

ဒီ ခရီးစဥ္အတြင္း ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြကို ကၽြန္းေပၚမွာ ေနရာခ်စီစဥ္ေပးထားတဲ့အေျခအေနေတြကို ေလ့လာဆန္းစစ္ၿပီး ဘဂၤလားေဒ့ရွ္ အာဏာပိုင္ေတြ၊ ဘာဆန္ခ်ားကြ်န္းေပၚမွာ တာ၀န္က်ေနသူေတြနဲ႔လည္း ေဆြးေႏြးသြားမယ္လို႔ UNHCR က ေျပာဆိုထား ပါတယ္။

ဘဂၤလားေဒ့ရွ္ေရာက္ ႐ိုဟင္ဂ်ာဒုကၡသည္ေတြကို ေ၀းလံေခါင္ဖ်ားၿပီး သဘာ၀ေဘးအႏၲရာယ္ မၾကာခန ၾကံဳရေလ့ရွိတဲ့ ဒီကြ်န္းကို မပို႔ဖို႔ ကုလသမဂၢနဲ႔ လူ႔အခြင့္အေရးအဖဲြ႕ေတြက ကန္႔ကြက္သတိေပးေနတဲ့ၾကားကပဲ ဘဂၤလားေဒ့ရွ္ အာဏာပိုင္ေတြက ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလကစၿပီး ေျပာင္းေရြႊ႕တာေတြ လုပ္ခဲ့ကာ အခုဆိုရင္ ေျပာင္းေရႊ႕ၿပီးတဲ့ ဒုကၡသည္ ၁၀,၀၀၀ ေက်ာ္သြားပါၿပီ။

ဒုကၡသည္ေတြကို ဒီကၽြန္းကို ေျပာင္းေရႊ႕မႈမွာေတာ့ သူတို႔ ပါ၀င္ပတ္သက္မႈ မရွိခဲ့ဘူးလို႔ ကုလသမဂၢအဖြဲ႔ေတြက အေစာပိ္ုင္းထဲကေျပာထားပါတယ္။

ဘဂၤလားေဒ့ရွ္ အာဏာပိုင္ေတြကေတာ့ ဒီေရႊ႕ေျပာင္းမႈမွာ ဒုကၡသည္ေတြရဲ႕ ဆႏၵသေဘာထားအတိုင္း လုပ္ခဲ့တာျဖစ္တယ္လို႔ေျပာေပမဲ့ ေရႊ႕ေျပာင္းခံရတဲ့တခ်ိဳ႕ကေတာ့ သူတို႔ကို အတင္းအၾကပ္ ေရႊ႕ေျပာင္းခဲ့တာလို႔ ေျပာၾကပါတယ္။

ျမန္မာႏိုင္ငံအတြင္း ပဋိပကၡေတြေၾကာင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ ထြက္ေျပးသြားသူေတြအေရးမွာ ျမန္မာစစ္တပ္ကေတာ့ ႐ိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံေပမဲ့၊ ဒုကၡသည္ေတြကိုေတာ့ စိစစ္လက္ခံသြားမယ္လို႔ ေျပာထားပါတယ္။

ဒါေပမဲ့ ဒုကၡသည္ေတြ ေနရပ္ျပန္ေရးအစီအစဥ္ကေတာ့ အခုခ်ိန္အထိ ေႏွာင့္ေႏွးေနဆဲ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဘာဆန်ချားကျွန်းမှာ ကုလသမဂ္ဂကိုယ်စားလှယ်အဖွဲ့ရောက်နေ

ကုလသမဂ္ဂကိုယ်စားလှယ်အဖွဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ကျော်ရွှေ့ပြောင်းထားတဲ့ ဘင်္ဂလားပင်လယ်အော်ထဲက ဘာဆန်ချားကျွန်းကို မနေ့ကစ၊ သုံးရက်ကြာခရီး ရောက်ရှိနေပါတယ်။

ကုလသမဂ္ဂအဖွဲ့အစည်းတွေက ကျွမ်းကျင်သူတွေ ပါဝင်တဲ့ အဖွဲ့ဝင် ၁၈ ဦးပါ ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်အစိုးရ စီစဉ်ပေးမှုနဲ့ မနေ့ နေ့လယ်ပိုင်းကပဲ ဘာဆန်ချားကျွန်းကို ရောက်လာကာ ရိုဟင်ဂျာဒုက္ခသည်တွေကို အကူအညီပေးသွားမယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR က ပြောပါတယ်။

ဒီ ခရီးစဉ်အတွင်း ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကျွန်းပေါ်မှာ နေရာချစီစဉ်ပေးထားတဲ့အခြေအနေတွေကို လေ့လာဆန်းစစ်ပြီး ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ၊ ဘာဆန်ချားကျွန်းပေါ်မှာ တာဝန်ကျနေသူတွေနဲ့လည်း ဆွေးနွေးသွားမယ်လို့ UNHCR က ပြောဆိုထား ပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေကို ဝေးလံခေါင်ဖျားပြီး သဘာဝဘေးအန္တရာယ် မကြာခန ကြုံရလေ့ရှိတဲ့ ဒီကျွန်းကို မပို့ဖို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ကန့်ကွက်သတိပေးနေတဲ့ကြားကပဲ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစပြီး ပြောင်းရွှေ့တာတွေ လုပ်ခဲ့ကာ အခုဆိုရင် ပြောင်းရွှေ့ပြီးတဲ့ ဒုက္ခသည် ၁၀,၀၀၀ ကျော်သွားပါပြီ။

ဒုက္ခသည်တွေကို ဒီကျွန်းကို ပြောင်းရွှေ့မှုမှာတော့ သူတို့ ပါဝင်ပတ်သက်မှု မရှိခဲ့ဘူးလို့ ကုလသမဂ္ဂအဖွဲ့တွေက အစောပိုင်းထဲကပြောထားပါတယ်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကတော့ ဒီရွှေ့ပြောင်းမှုမှာ ဒုက္ခသည်တွေရဲ့ ဆန္ဒသဘောထားအတိုင်း လုပ်ခဲ့တာဖြစ်တယ်လို့ပြောပေမဲ့ ရွှေ့ပြောင်းခံရတဲ့တချို့ကတော့ သူတို့ကို အတင်းအကြပ် ရွှေ့ပြောင်းခဲ့တာလို့ ပြောကြပါတယ်။

မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားသူတွေအရေးမှာ မြန်မာစစ်တပ်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမဲ့၊ ဒုက္ခသည်တွေကိုတော့ စိစစ်လက်ခံသွားမယ်လို့ ပြောထားပါတယ်။

ဒါပေမဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးအစီအစဉ်ကတော့ အခုချိန်အထိ နှောင့်နှေးနေဆဲ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG