သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မီးေလာင္သြားတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္စခန္းအတြက္ ေဒၚလာ ၁၄ သန္း ကုလ ကူညီ


ဘာလုခါလီ ႐ုိဟင္ဂ်ာ ဒုကၡသည္စခန္းမွာ မီးေဘးသင့္ခဲ့သူေတြအတြက္ ယာယီအိမ္မ်ားေဆာက္ေပးဖို႔လာၾကတဲ့ လုပ္အားေပးဝန္ထမ္းမ်ား။ (မတ္ ၂၄၊ ၂၀၂၁)

[Zawgyi/Unicode]

ဘဂၤလားေဒ့႐ွ္ႏုိင္ငံ Cox's Bazar မွာ ႐ွိတဲ့ ဘာလုခါလီ ႐ုိဟင္ဂ်ာ ဒုကၡသည္စခန္းမွာ မီးေဘးသင့္ခဲ့တ့ဲသူေတြကို အကူအညီေပးေရး ကုလသမဂၢက အေရးေပၚ ရန္ပံုေငြ ၁၄ သန္း သံုးစဲြခြင့္ျပဳလုိက္ပါတယ္။ မီးေဘးေၾကာင့္ လူေပါင္း ၄၅,၀၀၀ ေလာက္ အိုးအိမ္မဲ့ျဖစ္ခဲ့တယ္လို႔ ကုလသမဂၢရဲ႕ ဒီေန႔ ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။ တနလၤာေန႔က အႀကီးအက်ယ္မီးေဘးသင့္ခဲ့သူေတြထဲက တခ်ဳိ႕ကေတာ့ ယာယီအိမ္ေတြ ျပန္ၿပီးေဆာက္ေနၾကရပါတယ္။

ကူညီကယ္ဆယ္ေရးအဖဲြ႔ေတြေပးတဲ့ တာေပၚလင္စေတြ၊ ဝါးေတြသံုးၿပီး ယာယီတဲအိမ္ေတြ ေဆာက္ေနၾကရတာပါ။ မီးေလာင္မႈအတြင္း ၁၅ ေယာက္ေသဆုံးတယ္လို႔ ကုလသမဂၢက ေျပာထားပါတယ္။ ၃၄၀ ေလာက္လည္း ေပ်ာက္ဆံုးေနဆဲျဖစ္ပါတယ္။ မီးအႀကီးအက်ယ္ ေလာင္ခဲ့တာ ၄ ရက္ၾကာခဲ့ေပမဲ့ ေနစရာမဲ့ ျဖစ္ေနၾကတဲ့ ဒုကၡသည္ေတာ္ေတာ္မ်ားမ်ား ႐ွိပါတယ္။

မီးေလာင္ခဲ့တဲ့ေနရာေတြမွာ ေနစရာ အိမ္ေတြသာမက ေဆးခန္းေတြ၊ ေက်ာင္းေတြ၊ ေစ်းဆိုင္ေတြအားလံုးပ်က္စီးသြားတဲ့အတြက္ အေျခခံအေဆာက္အအံုအားလံုး ျပန္လည္တည္ေဆာက္ဖို႔ လေပါင္းမ်ားစြာ အခ်ိန္ၾကာႏိုင္တယ္လို႔ ေ႐ႊ ႔ေျပာင္းအေျခခ်သူမ်ားဆိုင္ရာအဖဲြ႔ IOM ရဲ႕ ဘဂၤလားေဒ့႐ွ္ဆိုင္ရာ တာဝန္ခံက ေျပာပါတယ္။

၂၀၁၇ ခုႏွစ္ေနာက္ပိုင္း ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ျမန္မာစစ္တပ္ရဲ႕ နယ္ေျမ႐ွင္းလင္းမႈအတြင္း ဆိုးဝါးတဲ့လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြေၾကာင့္ ႐ိုဟင္ဂ်ာ သိန္းနဲ႔ခ်ီ ဘဂၤလားေဒ့႐ွ္ႏိုင္ငံဘက္ ထြက္ေျပးခ့ဲၾကရတာျဖစ္ပါတယ္။ အဲဒီဒုကၡသည္အမ်ားစုက အခုမီးေလာင္ခဲ့တဲ့ Cox's Bazar က ဒုကၡသည္စခန္းမွာ ခိုလႈံေနၾကရတာပါ။ တခ်ဳိ႕ကိုေတာ့ ဘဂၤလားေဒ့႐ွ္အစိုးရက ေရလႊမ္းႏိုင္တဲ့ ဘာဆန္ခ်ာကၽြန္းေပၚကို ပို႔ေနတာေၾကာင့္ လူ႔အခြင့္အေရးအဖဲြ႔ေတြရဲ႕ ကန္႔ကြက္မႈေတြလည္း ႐ွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မီးလောင်သွားတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းအတွက် ဒေါ်လာ ၁၄ သန်း ကုလ ကူညီ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar မှာ ရှိတဲ့ ဘာလုခါလီ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ မီးဘေးသင့်ခဲ့တဲ့သူတွေကို အကူအညီပေးရေး ကုလသမဂ္ဂက အရေးပေါ် ရန်ပုံငွေ ၁၄ သန်း သုံးစွဲခွင့်ပြုလိုက်ပါတယ်။ မီးဘေးကြောင့် လူပေါင်း ၄၅,၀၀၀ လောက် အိုးအိမ်မဲ့ဖြစ်ခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ တနင်္လာနေ့က အကြီးအကျယ်မီးဘေးသင့်ခဲ့သူတွေထဲက တချို့ကတော့ ယာယီအိမ်တွေ ပြန်ပြီးဆောက်နေကြရပါတယ်။

ကူညီကယ်ဆယ်ရေးအဖွဲ့တွေပေးတဲ့ တာပေါ်လင်စတွေ၊ ဝါးတွေသုံးပြီး ယာယီတဲအိမ်တွေ ဆောက်နေကြရတာပါ။ မီးလောင်မှုအတွင်း ၁၅ ယောက်သေဆုံးတယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။ ၃၄၀ လောက်လည်း ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ မီးအကြီးအကျယ် လောင်ခဲ့တာ ၄ ရက်ကြာခဲ့ပေမဲ့ နေစရာမဲ့ ဖြစ်နေကြတဲ့ ဒုက္ခသည်တော်တော်များများ ရှိပါတယ်။

မီးလောင်ခဲ့တဲ့နေရာတွေမှာ နေစရာ အိမ်တွေသာမက ဆေးခန်းတွေ၊ ကျောင်းတွေ၊ ဈေးဆိုင်တွေအားလုံးပျက်စီးသွားတဲ့အတွက် အခြေခံအဆောက်အအုံအားလုံး ပြန်လည်တည်ဆောက်ဖို့ လပေါင်းများစွာ အချိန်ကြာနိုင်တယ်လို့ ရွှေ့ပြောင်းအခြေချသူများဆိုင်ရာအဖွဲ့ IOM ရဲ့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ တာဝန်ခံက ပြောပါတယ်။

၂၀၁၇ ခုနှစ်နောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုအတွင်း ဆိုးဝါးတဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ရိုဟင်ဂျာ သိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြရတာဖြစ်ပါတယ်။ အဲဒီဒုက္ခသည်အများစုက အခုမီးလောင်ခဲ့တဲ့ Cox's Bazar က ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြရတာပါ။ တချို့ကိုတော့ ဘင်္ဂလားဒေ့ရှ်အစိုးရက ရေလွှမ်းနိုင်တဲ့ ဘာဆန်ချာကျွန်းပေါ်ကို ပို့နေတာကြောင့် လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ကန့်ကွက်မှုတွေလည်း ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG