သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘာလုခါလီ ႐ိုဟင္ဂ်ာဒုကၡသည္စခန္း မီးေလာင္မႈျပင္းထန္


ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဘာလုခါလီဒုကၡသည္စခန္း မီးေလာင္ကြ်မ္းမႈ ျမင္ကြင္း။ (မတ္ ၂၂၊ ၂၀၂၁)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္ေျမာက္ပိုင္းကေန ထြက္ေျပးတိမ္းေရွာင္လာတဲ့ ႐ိုဟင္ဂ်ာမူဆလင္ဒုကၡသည္ သိန္းခ်ီခိုလႈံေနထိုင္ရာ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ေကာ့ဇ္ဘဇားခ႐ိုင္က ဘာလုခါလီဒုကၡသည္စခန္းမွာ ဒီကေန႔ေန႔လယ္ပိုင္းက စလို႔ မီးအႀကီးအက်ယ္ေလာင္ကြၽမ္းမႈ ျဖစ္ေနပါတယ္။ အရွိန္ျပင္းျပင္းနဲ႔ မီးေလာင္ကြၽမ္းမႈ ျပင္းထန္လြန္းတဲ့အတြက္ မီးေဘးလြတ္ရာကို ေျပးခဲ့ရတဲ့ မူဆလင္ဒုကၡသည္မိသားစုေတြ အခုအခ်ိန္အထိ လူစုကြဲေနၾကသလို စခန္းတြင္းက ဒုကၡသည္ေတြ ခိုလႈံရာ အိုးအိမ္ စာသင္ေက်ာင္းနဲ႔ ေဆးဝါးရိကၡာထားတဲ့ အေဆာက္အဦးေတြအပါအဝင္ ပစၥည္းပ်က္စီးဆုံးရႈံးမႈကလည္း အေတာ္ေလးကို ဆိုးဆိုး႐ြား႐ြားအေျခအေနမွာ ရွိေနတယ္လို႔ ကိုယ္တိုင္မီးေဘးသင့္ခဲ့ရသူ ႐ိုဟင္ဂ်ာဒုကၡသည္ ဦးေက်ာ္ျမင့္က ဗြီအိုေအကိုေျပာျပပါတယ္။ မဆုမြန္ ဆက္သြယ္ေမးျမန္းထားပါတယ္။

ဦးေက်ာ္ျမင့္။ ။ ဘာလုခါလီ ဒုကၡသည္စခန္းက စေလာင္တယ္။ အမွတ္ ၁၀ စခန္း၊ အမွတ္ ၁၁ စခန္း၊ ဒီစခန္းအကုန္လုံး ဘာလုခါလီနယ္ေျမစခန္း အကုန္လုံး.ေလာင္သြားတယ္။ ေစ်းႀကီးေတြပါ ေလာင္သြားတယ္။ ေဆး႐ုံတို႔၊ MSF ေဆး႐ုံတို႔ အကုန္လုံးေလာင္ကၽြမ္းပ်က္စီးသြားပါတယ္ခင္ဗ်။

မဆုမြန္။ ။ ဟုတ္ကဲ့၊ အဲဒီေတာ့ အခုေလာေလာဆယ္ဆယ္ ဘာေတြလုပ္ေပးေနၾကသလဲ။ ဒီဘဂၤလားေဒ့ရွ္အစိုးရနဲ႔ camp တာဝန္ခံေတြက။

ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဘာလုခါလီဒုကၡသည္စခန္း မီးေလာင္ကြ်မ္းမႈ ျမင္ကြင္း။ (မတ္ ၂၂၊ ၂၀၂၁)
ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဘာလုခါလီဒုကၡသည္စခန္း မီးေလာင္ကြ်မ္းမႈ ျမင္ကြင္း။ (မတ္ ၂၂၊ ၂၀၂၁)

ဦးေက်ာ္ျမင့္။ ။ ဘယ္သူမွ ကယ္လို႔မရတဲ့ အေျခအေနျဖစ္ေနပါတယ္။ မီးေလာင္ကၽြမ္းမႈေၾကာင့္ မိသားစုေတြေရာ.. က်ေနာ္တို႔ေရာ စခန္း အျပင္ကိုေျပးေနရပါတယ္။ ဘာလီဒုကၡသည္စခန္း အျပင္ ဇန္ေထာ္လီဒုကၡသည္စခန္းဘက္ကို ေရာက္ေနတယ္။

မဆုမြန္။ ။ အခု လတ္တေလာ ေနာက္ဆုံးအေျခအေနေျပာျပေပးပါဦး။ အခု ေလာေလာဆယ္ဘာေတြ လုပ္ေပးေနၾကသလဲ၊ ဘာေတြ အခက္အခဲေတြ ျဖစ္ေနလဲ။

ဦးေက်ာ္ျမင့္။ ။ အခုကေတာ့ အခက္အခဲေတြက လူေတြက ဘယ္သူက ဘယ္ကိုေရာက္ေနသလဲ မသိဘူး။ ဘယ္သူကေတာ့ ဘယ္ေရာက္ေနတယ္၊ ဘယ္နားမွာ ေသဆုံးသြားတယ္ဆိုတာ ေျပာလို႔မရေသးပါဘူး။ အခုက က်ေနာ္တို႔က အဲ့ဒီ့ဘက္ကိုလည္း သြားလို႔မရလို႔ပါ... မီးေလာင္ကြၽမ္းေနလို႔။

မဆုမြန္။ ။ ဟုတ္ကဲ့၊ အခုေလာေလာဆယ္ camp တာဝန္ခံေတြနဲ႔ ဘဂၤလားေဒ့ရွ္ အစိုးရဘက္ကေရာ ဘာေတြလုပ္ေပးေနတာေတြ ျမင္လဲရွင့္။

ဦးေက်ာ္ျမင့္။ ။ ဘဂၤလားေဒ့ရွ္ အစိုးရဘက္ကေတာ့ ေတာ္ေတာ္ေလး လုပ္ေပးေနပါတယ္။ ဒါေပမဲ့ မီးေတြ အရင္ ၿငိမ္းသတ္ဖို႔ လုပ္ေနရပါတယ္ခင္ဗ်။

မဆုမြန္။ ။ ေလာေလာဆယ္ေတာ့ ဦးေက်ာ္ျမင့္တို႔ မိသားစုေတြလည္း အဆက္အသြယ္ ျပတ္ေနတာေပါ့။

ဦးေက်ာ္ျမင့္။ ။ မီးသင့္တဲ့လူေတြလည္း မနည္းဘူး။ အခုထိေတာ့ မီးေလာင္ေနဆဲပဲ။ ၂နာရီကတည္းကေန စေလာင္ေနတာပါ။ လူေတြ ဘယ္ေရာက္သြားလဲမသိဘူး။ ရွာမရတဲ့ အေျခအေနရွိေနတယ္။ က်ေနာ့္ ဘဝမွာ ဒီတခါပဲ ျမင္ဘူးတာ ဒီလို မီးေလာင္မႈက ဆူနာမီေရလႈိင္းေတာင္ ဒီေလာက္ ျမန္မွာ မဟုတ္ပါဘူး။ အဲ့ဒီေလာက္ထိ ျမန္ဆန္ေနတယ္။ ေနာက္ စက္႐ုံေတာ္ေတာ္မ်ားမ်ား ေလာင္ကြၽမ္းသြားၿပီ။ ေစ်းေတြ အကုန္လုံးလည္း ေလာင္ကြၽမ္းသြားၿပီ။ MSF ေဆးရံု IOM ေဆးရံုေတြလည္းထိတယ္။ ေနအိမ္ဟူသမွ် အကုန္လုံးေလာင္ကြၽမ္းသြားၿပီ။ ေတာ္ေတာ္ေလးဆိုးဆိုး႐ြား႐ြားပဲ။ က်ေနာ့္ဘဝမွာ ဒီတခါပဲ ျမင္ဖူးတယ္။ က်ေနာ့္သားသမီးေတြ ရွာလို႔မရေသးဘူး။ က်ေနာ္က ရွိတဲ့မိသားစုေတြ သားသမီးေတြ လိုက္ရွာေနၾကရတယ္။ ဘာလုခါလီ ေလာင္တာ မီးအားျပင္းလာတာ ျငႇိမ္းလို႔ေတာင္ မႏိုင္ေသးဘူး။ ပါသြားၿပီ။ ေနာက္ ဘယ္သူဘယ္ဝါ ေပ်ာက္ဆုံးတာေတာ့ မသိရေသးပါဘူး။ အဲ့ေလာက္ကို အေျခအေနဆိုးေနပါတယ္။

ကိုယ္တိုင္မီးေဘးသင့္ခဲ့ရသူ ႐ိုဟင္ဂ်ာဒုကၡသည္ ဦးေက်ာ္ျမင့္ကို မဆုမြန္ ဆက္သြယ္ေမးျမန္းခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဘာလုခါလီ ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်မှုပြင်းထန်

ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ ရိုဟင်ဂျာမူဆလင်ဒုက္ခသည် သိန်းချီခိုလှုံနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်က ဘာလုခါလီဒုက္ခသည်စခန်းမှာ ဒီကနေ့နေ့လယ်ပိုင်းက စလို့ မီးအကြီးအကျယ်လောင်ကျွမ်းမှု ဖြစ်နေပါတယ်။ အရှိန်ပြင်းပြင်းနဲ့ မီးလောင်ကျွမ်းမှု ပြင်းထန်လွန်းတဲ့အတွက် မီးဘေးလွတ်ရာကို ပြေးခဲ့ရတဲ့ မူဆလင်ဒုက္ခသည်မိသားစုတွေ အခုအချိန်အထိ လူစုကွဲနေကြသလို စခန်းတွင်းက ဒုက္ခသည်တွေ ခိုလှုံရာ အိုးအိမ် စာသင်ကျောင်းနဲ့ ဆေးဝါးရိက္ခာထားတဲ့ အဆောက်အဦးတွေအပါအဝင် ပစ္စည်းပျက်စီးဆုံးရှုံးမှုကလည်း အတော်လေးကို ဆိုးဆိုးရွားရွားအခြေအနေမှာ ရှိနေတယ်လို့ ကိုယ်တိုင်မီးဘေးသင့်ခဲ့ရသူ ရိုဟင်ဂျာဒုက္ခသည် ဦးကျော်မြင့်က ဗွီအိုအေကိုပြောပြပါတယ်။ မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးကျော်မြင့်။ ။ ဘာလုခါလီ ဒုက္ခသည်စခန်းက စလောင်တယ်။ အမှတ် ၁၀ စခန်း၊ အမှတ် ၁၁ စခန်း၊ ဒီစခန်းအကုန်လုံး ဘာလုခါလီနယ်မြေစခန်း အကုန်လုံး.လောင်သွားတယ်။ ဈေးကြီးတွေပါ လောင်သွားတယ်။ ဆေးရုံတို့၊ MSF ဆေးရုံတို့ အကုန်လုံးလောင်ကျွမ်းပျက်စီးသွားပါတယ်ခင်ဗျ။

မဆုမွန်။ ။ ဟုတ်ကဲ့၊ အဲဒီတော့ အခုလောလောဆယ်ဆယ် ဘာတွေလုပ်ပေးနေကြသလဲ။ ဒီဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ camp တာဝန်ခံတွေက။

ဦးကျော်မြင့်။ ။ ဘယ်သူမှ ကယ်လို့မရတဲ့ အခြေအနေဖြစ်နေပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် မိသားစုတွေရော.. ကျနော်တို့ရော စခန်း အပြင်ကိုပြေးနေရပါတယ်။ ဘာလီဒုက္ခသည်စခန်း အပြင် ဇန်ထော်လီဒုက္ခသည်စခန်းဘက်ကို ရောက်နေတယ်။

မဆုမွန်။ ။ အခု လတ်တလော နောက်ဆုံးအခြေအနေပြောပြပေးပါဦး။ အခု လောလောဆယ်ဘာတွေ လုပ်ပေးနေကြသလဲ၊ ဘာတွေ အခက်အခဲတွေ ဖြစ်နေလဲ။

ဦးကျော်မြင့်။ ။ အခုကတော့ အခက်အခဲတွေက လူတွေက ဘယ်သူက ဘယ်ကိုရောက်နေသလဲ မသိဘူး။ ဘယ်သူကတော့ ဘယ်ရောက်နေတယ်၊ ဘယ်နားမှာ သေဆုံးသွားတယ်ဆိုတာ ပြောလို့မရသေးပါဘူး။ အခုက ကျနော်တို့က အဲ့ဒီ့ဘက်ကိုလည်း သွားလို့မရလို့ပါ... မီးလောင်ကျွမ်းနေလို့။

မဆုမွန်။ ။ ဟုတ်ကဲ့၊ အခုလောလောဆယ် camp တာဝန်ခံတွေနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရဘက်ကရော ဘာတွေလုပ်ပေးနေတာတွေ မြင်လဲရှင့်။

ဦးကျော်မြင့်။ ။ ဘင်္ဂလားဒေ့ရှ် အစိုးရဘက်ကတော့ တော်တော်လေး လုပ်ပေးနေပါတယ်။ ဒါပေမဲ့ မီးတွေ အရင် ငြိမ်းသတ်ဖို့ လုပ်နေရပါတယ်ခင်ဗျ။

မဆုမွန်။ ။ လောလောဆယ်တော့ ဦးကျော်မြင့်တို့ မိသားစုတွေလည်း အဆက်အသွယ် ပြတ်နေတာပေါ့။

ဦးကျော်မြင့်။ ။ မီးသင့်တဲ့လူတွေလည်း မနည်းဘူး။ အခုထိတော့ မီးလောင်နေဆဲပဲ။ ၂နာရီကတည်းကနေ စလောင်နေတာပါ။ လူတွေ ဘယ်ရောက်သွားလဲမသိဘူး။ ရှာမရတဲ့ အခြေအနေရှိနေတယ်။ ကျနော့် ဘဝမှာ ဒီတခါပဲ မြင်ဘူးတာ ဒီလို မီးလောင်မှုက ဆူနာမီရေလှိုင်းတောင် ဒီလောက် မြန်မှာ မဟုတ်ပါဘူး။ အဲ့ဒီလောက်ထိ မြန်ဆန်နေတယ်။ နောက် စက်ရုံတော်တော်များများ လောင်ကျွမ်းသွားပြီ။ ဈေးတွေ အကုန်လုံးလည်း လောင်ကျွမ်းသွားပြီ။ MSF ဆေးရုံ IOM ဆေးရုံတွေလည်းထိတယ်။ နေအိမ်ဟူသမျှ အကုန်လုံးလောင်ကျွမ်းသွားပြီ။ တော်တော်လေးဆိုးဆိုးရွားရွားပဲ။ ကျနော့်ဘဝမှာ ဒီတခါပဲ မြင်ဖူးတယ်။ ကျနော့်သားသမီးတွေ ရှာလို့မရသေးဘူး။ ကျနော်က ရှိတဲ့မိသားစုတွေ သားသမီးတွေ လိုက်ရှာနေကြရတယ်။ ဘာလုခါလီ လောင်တာ မီးအားပြင်းလာတာ ငြှိမ်းလို့တောင် မနိုင်သေးဘူး။ ပါသွားပြီ။ နောက် ဘယ်သူဘယ်ဝါ ပျောက်ဆုံးတာတော့ မသိရသေးပါဘူး။ အဲ့လောက်ကို အခြေအနေဆိုးနေပါတယ်။

ကိုယ်တိုင်မီးဘေးသင့်ခဲ့ရသူ ရိုဟင်ဂျာဒုက္ခသည် ဦးကျော်မြင့်ကို မဆုမွန် ဆက်သွယ်မေးမြန်းခဲ့တာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG