သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ လေးထောင်ကျော် ဘာဆာချာကျွန်းထပ်မံပို့ဆောင်


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်များ Bhashan Char သို့ ပြောင်းရွှေ့နေထိုင်တဲ့ မြင်ကွင်း။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်များ Bhashan Char သို့ ပြောင်းရွှေ့နေထိုင်တဲ့ မြင်ကွင်း။

{{Zawgyi/Unicode}}
ပင်လယ်ထဲကကျွန်း ဘာဆာချာဆီကို ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲက နောက်ထပ် ရိုဟင်ဂျာဒုက္ခသည်တွေ လေးထောင်ကျော် ခြောက်ကြိမ်မြောက် ထပ်ပို့ဆောင်လိုက်ပါပြီ။ မြန်မာပြည်ပြန်ရေးမျှော်လင့်ချက် နည်းလာသလို ဒုက္ခသည်စခန်းတွေထဲမှာလည်း မီးဘေး မိုးများရေကြီးမြေပြိုတာလိုမျိုး သဘာဝဘေးတွေနဲ့ရင်ဆိုင်ရပြီး အနာဂတ်မဲ့လာလို့ ဘာဆန်ချာကျွန်းကိုပဲ ပြောင်းရွှေ့သွားကြဖို့ဆုံးဖြတ်လိုက်ကြတာလို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပါတယ်။ မိသားစုလိုက် ပြောင်းရွှေ့နေကြတဲ့ နောက်ဆုံးအခြေအနေကို ကုတပလောင်ဒုက္ခသည်စခန်း အမှတ်(၇)မှာ ခိုလှုံနေထိုင်သူ စေတနာ့ဝန်ထမ်းတဦးလည်းဖြစ်တဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးအောင်မြိုင်ကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးအောင်မြိုင် ။. ။ ၃ဝ ရက်နေ့မှာ ဆဌမအကြိမ်မြောက် စခန်းအသီးသီးကနေ ၄ ထောင်လောက် သူတို့ခေါ်ယူသွားပါတယ်။ နေရာရွေ့ပြောင်းသွားတာဖြစ်ပါတယ်။

မဆုမွန် ။. ။ ဟုတ်ကဲ့။ ဒီသွားကြတဲ့ ဒုက္ခသည်တွေက ဘယ်လိုပုံနဲ့ ဘယ်လိုမိသားစုတွေက သွားကြတာလဲ ဘယ်လိုအစီအစဉ်တွေနဲ့ သွားကြတာလဲရှင်။

ဦးအောင်မြိုင် ။. ။ ဒုက္ခသည်ဘယ်လောက်ဆိုတာက ဘယ်လောက်အကြပ်အတည်းနဲ့နေရတယ်ဆိုတာ တကမ္ဘာလုံးသိတဲ့အတိုင်းပါပဲ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဒုက္ခသည်စခန်းဆိုတာ လူဦးရေအလွန်တရာကြပ်ပါတယ်။ ဒီမှာ ဒုက္ခသည်တွေက ကိုယ်နိုင်ငံကိုလည်း မပြန်ရဘူး။ နိုင်ငံရပ်ခြားမှာလည်းရှောက်သွားနေရတယ်။ ပြီးတော့ ပြန်ခေါ်တာလည်းမရှိဘူး။ ဒီမှာ မျှော်လင့်ချက်လည်း မရှိတော့ဘူး။ မရေရာမသေချာတဲ့ဘဝနဲ့နေရတယ်။ ရွက်ဖျင်တဲနဲ့လည်း နေရတယ်။ ပြီးတော့ စားဝတ်နေရေးအစစအရာရာ ဒီမှာ ဘာမှမျှော်လင့်ချက်မရှိဘူးဆိုတော့ အဲလိုပဲ ရွေ့ပြောင်းနေတာပါ။


မဆုမွန် ။. ။ ဟုတ်ကဲ့ရှင်။ အခုဟာ ဆဌမအကြိမ်မြောက်အသုတ်ပေါ့နော်။ ဘယ်နေရာတွေမှာ ဆုံရပ်လုပ်ပြီးတော့ ဘာဆန်ချားကျွန်းကို သွားကြတာလဲရှင့် ။ နောက်ဆုံးအခြေအနေပြောပြပေးပါအုန်း။

ဦးအောင်မြိုင် ။.။ သူတို့ကို စခန်းတာဝန်ခံကနေတဆင့် ရဲတို့ဘာတို့နဲ့ လုံခြုံရေးနဲ့ အိုကီရားကိုခေါ်သွားတယ်။ အဲဒီကမှတဆင့် စစ်တကောင်းမြို့ကို ခေါ်သွားတယ်။ အဲဒီကတဆင့် သင်္ဘောနဲ့ ဘာဆန်းချားကျွန်းကို ခေါ်သွားတယ်။

မဆုမွန် ။. ။ ဘာဆန်းချားကျွန်းဆိုတာလည်း တော်တော်များများက စိတ်ပူကြတာပေါ့နော်။ လူနေဖို့အတွက် အန္တရာယ်များနိုင်တယ်။ အခက်အခဲတွေရှိနိုင်တယ်လို့လည်း ပြောနေကြတယ်။ အခုသွားဖို့ပြင်နေသူတွေကော သွားကြသူတွေကော ဘာဆန်းချားကျွန်းနဲ့ ပတ်သက်ပြီး ဘယ်လိုများ သိထားကြတာ နားလည်ထားကြတာရှိပါသလဲရှင့်။ ကိုအောင်မြိုင် တို့ကော ဘယ်လိုသဘောထားရှိပါသလဲ။

ဦးအောင်မြိုင် ။. ။ ဘာဆန်းချားကျွန်းဟာ မိုးရာသီ မိုးဆောင်းရာသီမှာ ဒီသဘာဝဘေး အန္တရာယ်ကြောင့် အသက်ပါဆုံးရှုံးနိုင်တယ်လို့ ကျနော်က ပြောချင်ပါတယ်။ ဘာဆန်းချားကျွန်းမှာ မဖြစ်နိုင်တဲ့အခြေအနေကြောင့် သွားနေကြရတာပါ။ ဆိုတော့ ဒီမှာ နေရတာက ခက်ခဲတယ်။

မဆုမွန် ။. ။ အခုက မီးတွေဘာတွေလောင်ထားတော့ နေဖို့က အခက်ခဲရှိတော့ သူတို့အတွက်ကော ဘာတွေစီစဉ်ပေးထားကြသလဲ။

ဦးအောင်မြိုင် ။.။ WHO က စားနပ်ရိက္ခာပေါ့နော်။ ဆန်ရော ဆီရော ပဲရော ပေးတယ်။ ပြီးတော့ UNHCR က တော့ Shalter တို့ Hygiene တို့ ပေးတယ်။

မဆုမွန် ။. ။ ရိုဟင်ဂျာဒုက္ခသည်တွေဖက်က နေရပ်ပြန်ရေး ဘယ်လိုစိုးရိမ်ချက်ရှိလဲ။ ပြီးတော့ နောက်တခုက လက်ရှိမြန်မာနိုင်ငံကို ပြန်ဖို့အတွက်မှာရော ဘယ်လောက်အထိ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ လက်ရှိတာဝန်ယူနေတဲ့သူတွေကို ဘာများပြောချင်ပါလဲ။

ဦးအောင်မြိုင် ။.။ ပထမတော့ ၂ဝ၂ဝ ရွေးကောက်ပွဲအလွန်မှာ တစုံတခုတော့ဖြစ်လာမယ်ဆိုပြီး အခြေအနေတွေကို စောင့်ဆိုင်းနေတာပေါ့နော်။ ပြီးတော့ စစ်အာဏာသိမ်းပြီး နောက်ပိုင်း သူတို့က ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကို စာရေးပြီး ကျနော်တို့ကိုခေါ်မယ်ဆိုပြောတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာဆန္ဒပြ ဒီမိုကရေစီတောင်းတဲ့သူတွေကို ကလေးရော အမျိုးသမီးရော အမျိုးသားရော သတ်ပစ်နေတယ်ဆိုတော့ ကျနော်တို့ပိုကြောက်သွားတယ်။ ကျနော်တို့ ၂ဝ၁၂ ခုနှစ်က အခြေအနေကို သတိယစေတယ်။ စစ်တပ်က ရက်ရက်စက်စက်နဲ့ ကျနော်တို့ မြန်မာနိုင်ငံသားတွေကို မတရားသဖြင့်အုပ်ချုပ်နေတာကို ကျနော်တို့လုံးဝမပြန်ချင်ပါဘူး။

........................................................

တိုက်ရိုက် လင့်ခ်

{{Unicode}}














XS
SM
MD
LG