သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအေရးယူဒဏ္ခတ္မႈ ပိုလုပ္ဖို႔ ကန္အထက္လႊတ္ေတာ္အမတ္ေတြ တိုက္တြန္း


အင္ဒိုနီးရွားႏိုင္ငံ ဂ်ာကာတာၿမိဳ႕ေတာ္က ဆႏၵျပသူတဦး ကိုင္ေဆာင္ထားတဲ့ poster တခု။ (ဧၿပီ ၂၄၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ဆႏၵျပပြဲေတြအေပၚ အၾကမ္းဖက္ႏွိမ္နင္းေနတာေတြကို တုံ႔ျပန္တဲ့အေနနဲ႔ စစ္အုပ္ခ်ဳပ္ေရး ေကာင္စီပိုင္ ေရနံနဲ႔ သေဘာ၀ဓါတ္ေငြ႕ တူးေဖၚေရး စြမ္းအင္ ကုမၸဏီေတြရဲ႕ ၀င္ေငြကို ပိတ္ဆို႔တာေတြ အပါအ၀င္ အေရးယူမႈေတြ ထပ္ၿပီး ျပဌာန္းဖို႔ ပါတီႀကီးႏွစ္ရပ္စလုံးက အထက္လႊတ္ေတာ္ အမတ္ တစုက အေမရိကန္ အစိုးရကို တိုက္တြန္းလိုက္ပါတယ္။

ဒီမိုကရက္ အထက္လႊတ္ေတာ္အမတ္ Jeff Merkley ရီပတ္ဘလစ္ကန္ အထက္လႊတ္ေတာ္အမတ္ Marco Rubio နဲ႔ တျခား လႊတ္ေတာ္အမတ္ ၄ ဦးက ႏိုင္ငံျခားေရး ၀န္ႀကီး Antony Blinken နဲ႔ ဘ႑ာေရး ၀န္ႀကီး Janet Yellen တို႔ဆီ စာပို႔ၿပီး စစ္အုပ္ခ်ဳပ္ေရးေကာင္စီကို အေရးယူဖို႔ တိုက္တြန္းခဲ့တာပါ။

ျမန္မာစစ္တပ္က လူသားထုအေပၚ က်ဳးလြန္တဲ့ ရာဇ၀တ္မႈေတြ တိုးၿပီး က်ဳးလြန္ေနခ်ိန္မွာ ျမန္မာျပည္သူေတြရဲ႕ မၿပီးျပတ္ေသးတဲ့ ဒီမိုကေရစီလႈပ္ရွားမႈကို ေထာက္ခံေရး နည္းလမ္း အသစ္ေတြ ရွာေဖြဖို႔ အေမရိကန္ အစိုးရကို အထက္လႊတ္ေတာ္ အမတ္ေတြက တိုက္တြန္းထားပါတယ္။ ျမန္မာ့ ေရနံနဲ႔ သေဘာ၀ ဓါတ္ေငြ႕ လုပ္ငန္းအတြက္ အေမရိကန္ ျပည္ေထာင္စု Chevron စြမ္းအင္ကုမၸဏီ၊ ဒါမွမဟုတ္ MOGE တို႔ကေန ေငြေၾကးေတြ ထည့္၀င္ ေနတာမ်ဳိး အပါအ၀င္၊ ပစ္မွတ္ထား အေရးယူခံထားရတဲ့ စစ္တပ္ေခါင္းေဆာင္ေတြ အတြက္ အျမတ္ အစြန္းရေစမယ့္ ေငြေၾကးပ့ံပိုးမႈမ်ဳိးေတြ ရပ္ဆိုင္းဖို႔ အထက္လႊတ္ေတာ္အမတ္ေတြက ေတာင္းဆိုပါတယ္။

Chevron ကုမၸဏီက ၂၈ ဒသမ ၃ ရာခိုင္ႏႈန္း ေငြေၾကးထည့္၀င္ထားတဲ့ ရတနာ ဓါတ္ေငြ႕တူးေဖၚေရးမွာ MOGE ကုမၸဏီက ဖက္စပ္ လုပ္ကိုင္ေနပါတယ္။ အရပ္သား အစိုးရေခါင္းေဆာင္ေတြကို ဖယ္ရွားၿပီး စစ္တပ္က အာဏာသိမ္းလိုက္ကတည္းက Chevron နဲ႔ ျပင္သစ္ Total ကုမၸဏီတို႔ကို ျမန္မာႏိုင္ငံမွာ စီးပြားေရး မလုပ္ဖို႔ လူ႔အခြင့္အေရးအဖြဲ႔ေတြက ေတာင္းဆိုေနပါတယ္။ ေရနံနဲ႔ သဘာ၀ ဓါတ္ေငြ႕ တူးေဖၚေရးလုပ္ငန္းကေန စစ္တပ္ေခါင္းေဆာင္ေတြအတြက္ ႏွစ္စဥ္ ေဒၚလာ သန္း ၁,၁၀၀ ရေနတယ္လို႔လည္း အထက္ လႊတ္ေတာ္အမတ္ေတြရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာအရေးယူဒဏ်ခတ်မှု ပိုလုပ်ဖို့ ကန်အထက်လွှတ်တော်အမတ်တွေ တိုက်တွန်း

မြန်မာနိုင်ငံမှာ ဆန္ဒပြပွဲတွေအပေါ် အကြမ်းဖက်နှိမ်နင်းနေတာတွေကို တုံ့ပြန်တဲ့အနေနဲ့ စစ်အုပ်ချုပ်ရေး ကောင်စီပိုင် ရေနံနဲ့ သဘောဝဓါတ်ငွေ့ တူးဖေါ်ရေး စွမ်းအင် ကုမ္ပဏီတွေရဲ့ ဝင်ငွေကို ပိတ်ဆို့တာတွေ အပါအဝင် အရေးယူမှုတွေ ထပ်ပြီး ပြဌာန်းဖို့ ပါတီကြီးနှစ်ရပ်စလုံးက အထက်လွှတ်တော် အမတ် တစုက အမေရိကန် အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ဒီမိုကရက် အထက်လွှတ်တော်အမတ် Jeff Merkley ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် Marco Rubio နဲ့ တခြား လွှတ်တော်အမတ် ၄ ဦးက နိုင်ငံခြားရေး ဝန်ကြီး Antony Blinken နဲ့ ဘဏ္ဍာရေး ဝန်ကြီး Janet Yellen တို့ဆီ စာပို့ပြီး စစ်အုပ်ချုပ်ရေးကောင်စီကို အရေးယူဖို့ တိုက်တွန်းခဲ့တာပါ။

မြန်မာစစ်တပ်က လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုတွေ တိုးပြီး ကျုးလွန်နေချိန်မှာ မြန်မာပြည်သူတွေရဲ့ မပြီးပြတ်သေးတဲ့ ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံရေး နည်းလမ်း အသစ်တွေ ရှာဖွေဖို့ အမေရိကန် အစိုးရကို အထက်လွှတ်တော် အမတ်တွေက တိုက်တွန်းထားပါတယ်။ မြန်မာ့ ရေနံနဲ့ သဘော၀ ဓါတ်ငွေ့ လုပ်ငန်းအတွက် အမေရိကန် ပြည်ထောင်စု Chevron စွမ်းအင်ကုမ္ပဏီ၊ ဒါမှမဟုတ် MOGE တို့ကနေ ငွေကြေးတွေ ထည့်ဝင် နေတာမျိုး အပါအဝင်၊ ပစ်မှတ်ထား အရေးယူခံထားရတဲ့ စစ်တပ်ခေါင်းဆောင်တွေ အတွက် အမြတ် အစွန်းရစေမယ့် ငွေကြေးပံ့ပိုးမှုမျိုးတွေ ရပ်ဆိုင်းဖို့ အထက်လွှတ်တော်အမတ်တွေက တောင်းဆိုပါတယ်။

Chevron ကုမ္ပဏီက ၂၈ ဒသမ ၃ ရာခိုင်နှုန်း ငွေကြေးထည့်ဝင်ထားတဲ့ ရတနာ ဓါတ်ငွေ့တူးဖေါ်ရေးမှာ MOGE ကုမ္ပဏီက ဖက်စပ် လုပ်ကိုင်နေပါတယ်။ အရပ်သား အစိုးရခေါင်းဆောင်တွေကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်ကတည်းက Chevron နဲ့ ပြင်သစ် Total ကုမ္ပဏီတို့ကို မြန်မာနိုင်ငံမှာ စီးပွားရေး မလုပ်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုနေပါတယ်။ ရေနံနဲ့ သဘာ၀ ဓါတ်ငွေ့ တူးဖေါ်ရေးလုပ်ငန်းကနေ စစ်တပ်ခေါင်းဆောင်တွေအတွက် နှစ်စဉ် ဒေါ်လာ သန်း ၁,၁၀၀ ရနေတယ်လို့လည်း အထက် လွှတ်တော်အမတ်တွေရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG