သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အျပန္အလွန္တိုက္ခိုက္မႈေတြ ေနာက္ပိုင္း ခ်င္းျပည္နယ္မွာ ဖမ္းဆီးစစ္ေဆးမႈ ရွိလာ


မွတ္တမ္းဓါတ္ပံု ၂၀၂၁ ေဖေဖာ္၀ါရီ ၁၅ ရက္ေန႔တုန္းက လံုၿခံဳေရး တပ္သားမ်ားကို ေတြ႔ရစဥ္

(Zawgyi/Unicode)

ခ်င္းျပည္နယ္၊ မင္းတပ္၊ မတူပီဘက္မွာ ခရီးသြားလာတဲ့သူေတြကို စစ္တပ္က စစ္ေဆးဖမ္းဆီးမႈေတြလုပ္ေနသလို ဟားခါးၿမိဳ႕မွာလဲ တက္ႂကြလႈပ္ရွားသူ လူငယ္ေတြ ဖမ္းဆီးခံရပါတယ္။ စစ္တပ္နဲ႔ ေဒသခံလုံျခဳံေရးအဖြဲ႕ေတြ အျပန္အလွန္ပစ္ခတ္မႈေတြ ျဖစ္ထားတဲ့ေဒသေတြက အဖမ္းအဆီးသတင္းကို ဗြီအိုေအသတင္းေထာက္ နိုင္ကြန္း အိန္ကေန သတင္းေပးပို႔ထားပါတယ္။

စစ္ေကာင္စီတပ္ဖြဲ႕နဲ႔ ခ်င္းျပည္သူ႔ ကာကြယ္ေရးတပ္ဖြဲ႕အၾကား ပဋိပကၡျပင္းထန္ေနတဲ့ ခ်င္းျပည္နယ္ မင္းတပ္၊ မတူပီ နဲ႔ဟားခါးၿမိဳ႕ေတြမွာ ခရီးသြားလာသူေတြကို လုံျခဳံေရးတပ္ဖြဲ႕ေတြကေန စစ္ေဆးဖမ္းဆီးမႈေတြရွိလာေနတာပါ။

ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕ကေန ပခုကၠဴၿမိဳ႕နယ္ကိုသြားတဲ့ မင္းတပ္ၿမိဳ႕က ခရီးသည္ေတြကို မင္းတပ္ၿမိဳ႕နဲ႔ (၁၈) မိုင္ အကြာ ေက်ာက္ထုၿမိဳ႕မွာ စစ္ေဆးမႈေတြတင္းၾကပ္ေနတယ္လို႔ မင္းတပ္ၿမိဳ႕ ခံတဦးကေျပာပါတယ္။

“သူတို႔မနက္(၁၀)နာရီေလာက္မွာ ဆင္းသြားတဲ့ မင္းတပ္ကပစၥည္းဝယ္တဲ့လူ။ အဲဒီလူေတြကို (၁၀)နာရီေလာက္မွာ ဖမ္းတယ္လို႔ေျပာၾကတယ္။ မင္းတပ္က ၄/မတန(နိုင္)မွတ္ပုံတင္စစ္ေဆးေတာ့ ကိုင္တဲ့သူေတြကို ဖမ္းတယ္လို႔ၾကားတယ္။”

မင္းတပ္ၿမိဳ႕က လူေတြကို အဓိကထား ဖမ္းဆီးပုံရတယ္လို႔ ေဒသခံကာကြယ္ေရးအဖြဲ႕ေခါင္းေဆာင္တဦးက အခုလို ထင္ျမင္ခ်က္ေပးပါတယ္။

“ ဖမ္းၿပီးအခါမွာ ရိုက္ႏွက္တယ္လို႔ၾကားရတယ္။ သူတို႔ဗမာဆိုရင္ ျပန္လႊတ္ေပးတယ္။ ခ်င္းဆိုရင္ေတာ့ ဖမ္းထားတယ္။ ရိုက္ႏွက္ၿပီး ႏွိပ္စက္တယ္။ (၄)ေယာက္လို႔ေတာ့ေျပာတယ္။ မင္းတပ္က မို႔လို႔ တမင္သက္သက္လုပ္တာေနမွာပါ။ သူတို႔က ကၽြန္ေတာ္တို႔ မင္းတပ္ကိုအၿငိဳးႀကီးေနတယ္ဆိုေတာ့။ ေနာက္ထပ္တခုက သူတို႔ မင္းတပ္ဖက္ကို ဆမီးဖက္ ကေန စစ္ကားေတြျပန္လာဖို႔ အစီစဥ္ရွိတယ္လို႔ၾကားရတယ္။ သူတို႔ျပန္လာတဲ့အခ်ိန္မွာ ဓားစာခံအေနနဲ႔ သူတို႔ျဖတ္ သန္းခြင့္ရေအာင္လို႔ မ်ားဖမ္းသလားေပါ့ အဲဒီလိုဘဲ ခန႔္မွန္းတာေပါ့ေနာ္။”

ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕မြာ ခ်င္းျပည္သူ႔ ကာကြယ္ေရးတပ္ဖြဲ႕ ဖြဲ႕စည္းၿပီး စစ္ေကာင္စီတပ္ဖြဲ႕ေတြကို ျပင္းထန္စြာ ခုခံ ကာကြယ္ေနတဲ့ေဒသ ျဖစ္တာေၾကာင့္ အခုလို စစ္ေဆးမႈေတြတင္းၾကပ္တာလို႔ ေဒသခံေတြက ျမင္ၾကပါတယ္။ ပစ္ခတ္မႈေတြျဖစ္ခဲ့ၿပီးေနာက္ ၂ ဘက္ ေတြ႕ဆုံညႇိႏွိုင္းအၿပီး လက္ရွိမွာေတာ့ မင္းတပ္ၿမိဳ႕မွာ တိုက္ပြဲေတြ ရပ္ေနပါတယ္။ ဒါေပမဲ့ စစ္ေကာင္စီတပ္ဖက္က စစ္ေရးျပင္ဆင္မႈေတြ လုပ္ေဆာင္ေနတဲ့ သတင္းထြက္ေပၚေနလို႔ ၿမိဳ႕ခံတခ်ိဳ႕လည္း တိမ္းေရွာင္ ေနၾကတယ္လို႔ မင္းတပ္ၿမိဳ႕ခံတဦးကေျပာပါတယ္။

မင္းတပ္ၿမိဳ႕ဖက္မွာ ဧၿပီလ (၂၆) (၂၇)ရက္တုန္းက နစက စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသကာကြယ္ေရးဖြဲ႕ ထားတဲ့ လက္နက္ကိုင္အဖြဲ႕ေတြၾကား တိုက္ပြဲေတြ ျပင္းျပင္းထန္ထန္ ျဖစ္ခဲ့ၿပီးေနာက္ စစ္တပ္နဲ႔ ေဒသခံေတြ ေဆြးေႏြး ညႇိုႏွိုင္းမႈေတြ လုပ္ေနတာမွာ ၿမိဳ႕တြင္းမွာေနရာယူထားတဲ့ ႏွစ္ဖက္တပ္ဖြဲ႔ ်ပန္လည္ဆုတ္ခြာေရး စစ္ေကာင္စီတပ္ေတြြ ကေန မင္းတပ္ၿမိဳ႕ကေနျဖတ္သြားခြင့္ ျပဳဖို႔ သေဘာတူခဲ့ၾကပါတယ္။

တပ္ကဖမ္းဆီးသြားတဲ့ ကာကြယ္ေရးတပ္ဖြဲ႕ ဝင္ လူငယ္(၆) ဦးျပန္လႊတ္ေပးေရးကိစၥကိုေတာ့ ဒီေန႔အထိ မေျပလည္ေသးတဲ့အတြက္ သူတို႔ မလြတ္လာေသးပါဘူး။

စစ္ေကာင္စီတပ္ဖြဲ႕နဲ႔ ဟားခါးၿမိဳ႕ကာကြယ္ေရးတပ္ဖြဲ႕အၾကား လက္နက္ကိုင္ပဋိပကၡျဖစ္ပြါးေနတဲ့ ဟားခါးၿမိဳ႕အတြင္းမွာလဲ ဒီရက္ပိုင္းေတြအတြင္း လူငယ္ေတြကို စစ္ေကာင္စီတပ္ဖြဲ႕ေတြက ဖမ္းဆီးမႈေတြရွိေနပါတယ္။

“အဖမ္းဆီးေတာ့ ရွိတယ္ေပါ့ေနာ္။ မေန႔ကေတာ့အဲဒီလို လူငယ္ အဖမ္းခံရတာေတာ့ရွိတယ္။ (၃)ေယာက္လာက္ရွိမယ္ဗ်။ မသကၤာလို႔ ဖမ္းခံရတာလို႔ဘဲကၽြန္ေတာ္တို႔ေတာ့သိတယ္။ လာဖမ္းတာေတာ့သူတို႔အိမ္အတိအက်နဲ႔ လာဖမ္းၾကတာဗ်။”

မင္းတပ္ဖက္၊ ဟားခါးၿမိဳ႕ေတြမွာ စစ္ေဆးဖမ္းဆီးမႈေတြ လုပ္ေနသလို မတူပီၿမိဳ႕ဘက္မွာလဲ နယ္ကလာတဲ့သူေတြကို စစ္ေဆးမႈေတြ ပိုမိုတင္းၾကပ္လာတယ္လို႔ မတူပီၿမိဳ႕ခံတဦး က ေျပာပါတယ္။

“သူတို႔ဂိတ္ေတြမွာဆိုရင္ေတာ့ ရြာကေနလာလို႔ရွိရင္ဆိုရင္ေတာ့ ေက်းရြာေထာက္ခံစာရယ္ ၿပီးလို႔ရွိရင္ မွတ္ပုံတင္ ပါရ မယ္ဆိုၿပီးေတာ့ အဲဒီလိုမ်ိဳးသူတို႔ေျပာထားတယ္ေပါ့။ သူတို႔က လုံျခဳံေရးေၾကာင့္လား ဘာေၾကာင့္လဲ အဝင္အထြက္ အကုန္လုံးပိတ္လိုက္တယ္။”

စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြဟာ မတူပီၿမိဳ႕မွ ပလက္ဝ၊ မင္းတပ္ နဲ႔ဟားခါးဘက္ကို ဆက္သြယ္ထားတဲ့ လမ္းလုံျခဳံ ေရးဂိတ္ေတြကေန မတူပီၿမိဳ႕ကို သြားတဲ့ ရြာသားေတြကို စစ္ေဆးမႈေတြ တင္းၾကပ္ထားပါတယ္။

လက္ရွိခ်င္းျပည္နယ္အတြင္းမွာ စစ္အာဏာရွင္ဆန႔္က်င္ေရး သပိတ္ေမွာက္ဆႏၵျပမႈေတြ ႀကိဳၾကားျဖစ္ပြါးေနသလို မင္းတပ္နဲ႔ ဟားခါးၿမိဳ႕ဘက္မွာေတာ့ စစ္ေကာင္စီတပ္ဖြဲ႕နဲ႔ ေဒသခံကာကြယ္ေရးတပ္တို႔အၾကား ပစ္ခတ္တိုက္ခိုက္မႈ ရပ္တန႔္ေနတယ္ဆိုေပမဲ့ တဖက္နဲ႔တဖက္ေစာင့္ၾကည့္ေနတဲ့ အေနအထားမွာ ရွိေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

.............

အပြန်အလှန်တိုက်ခိုက်မှုတွေ နောက်ပိုင်း ချင်းပြည်နယ်မှာ ဖမ်းဆီးစစ်ဆေးမှု ရှိလာ (Unicode)

ချင်းပြည်နယ်၊ မင်းတပ်၊ မတူပီဘက်မှာ ခရီးသွားလာတဲ့သူတွေကို စစ်တပ်က စစ်ဆေးဖမ်းဆီးမှုတွေလုပ်နေသလို ဟားခါးမြို့မှာလဲ တက်ကြွလှုပ်ရှားသူ လူငယ်တွေ ဖမ်းဆီးခံရပါတယ်။ စစ်တပ်နဲ့ ဒေသခံလုံခြုံရေးအဖွဲ့တွေ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ထားတဲ့ဒေသတွေက အဖမ်းအဆီးသတင်းကို ဗွီအိုအေသတင်းထောက် နိုင်ကွန်း အိန်ကနေ သတင်းပေးပို့ထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့အကြား ပဋိပက္ခပြင်းထန်နေတဲ့ ချင်းပြည်နယ် မင်းတပ်၊ မတူပီ နဲ့ဟားခါးမြို့တွေမှာ ခရီးသွားလာသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေကနေ စစ်ဆေးဖမ်းဆီးမှုတွေရှိလာနေတာပါ။

ချင်းပြည်နယ်၊ မင်းတပ်မြို့ကနေ ပခုက္ကူမြို့နယ်ကိုသွားတဲ့ မင်းတပ်မြို့က ခရီးသည်တွေကို မင်းတပ်မြို့နဲ့ (၁၈) မိုင် အကွာ ကျောက်ထုမြို့မှာ စစ်ဆေးမှုတွေတင်းကြပ်နေတယ်လို့ မင်းတပ်မြို့ ခံတဦးကပြောပါတယ်။

“သူတို့မနက်(၁၀)နာရီလောက်မှာ ဆင်းသွားတဲ့ မင်းတပ်ကပစ္စည်းဝယ်တဲ့လူ။ အဲဒီလူတွေကို (၁၀)နာရီလောက်မှာ ဖမ်းတယ်လို့ပြောကြတယ်။ မင်းတပ်က ၄/မတန(နိုင်)မှတ်ပုံတင်စစ်ဆေးတော့ ကိုင်တဲ့သူတွေကို ဖမ်းတယ်လို့ကြားတယ်။”

မင်းတပ်မြို့က လူတွေကို အဓိကထား ဖမ်းဆီးပုံရတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တဦးက အခုလို ထင်မြင်ချက်ပေးပါတယ်။

“ ဖမ်းပြီးအခါမှာ ရိုက်နှက်တယ်လို့ကြားရတယ်။ သူတို့ဗမာဆိုရင် ပြန်လွှတ်ပေးတယ်။ ချင်းဆိုရင်တော့ ဖမ်းထားတယ်။ ရိုက်နှက်ပြီး နှိပ်စက်တယ်။ (၄)ယောက်လို့တော့ပြောတယ်။ မင်းတပ်က မို့လို့ တမင်သက်သက်လုပ်တာနေမှာပါ။ သူတို့က ကျွန်တော်တို့ မင်းတပ်ကိုအငြိုးကြီးနေတယ်ဆိုတော့။ နောက်ထပ်တခုက သူတို့ မင်းတပ်ဖက်ကို ဆမီးဖက် ကနေ စစ်ကားတွေပြန်လာဖို့ အစီစဉ်ရှိတယ်လို့ကြားရတယ်။ သူတို့ပြန်လာတဲ့အချိန်မှာ ဓားစာခံအနေနဲ့ သူတို့ဖြတ် သန်းခွင့်ရအောင်လို့ များဖမ်းသလားပေါ့ အဲဒီလိုဘဲ ခန့်မှန်းတာပေါ့နော်။”

ချင်းပြည်နယ်၊ မင်းတပ်မြို့မွာ ချင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းပြီး စစ်ကောင်စီတပ်ဖွဲ့တွေကို ပြင်းထန်စွာ ခုခံ ကာကွယ်နေတဲ့ဒေသ ဖြစ်တာကြောင့် အခုလို စစ်ဆေးမှုတွေတင်းကြပ်တာလို့ ဒေသခံတွေက မြင်ကြပါတယ်။ ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီးနောက် ၂ ဘက် တွေ့ဆုံညှိနှိုင်းအပြီး လက်ရှိမှာတော့ မင်းတပ်မြို့မှာ တိုက်ပွဲတွေ ရပ်နေပါတယ်။ ဒါပေမဲ့ စစ်ကောင်စီတပ်ဖက်က စစ်ရေးပြင်ဆင်မှုတွေ လုပ်ဆောင်နေတဲ့ သတင်းထွက်ပေါ်နေလို့ မြို့ခံတချို့လည်း တိမ်းရှောင် နေကြတယ်လို့ မင်းတပ်မြို့ခံတဦးကပြောပါတယ်။

မင်းတပ်မြို့ဖက်မှာ ဧပြီလ (၂၆) (၂၇)ရက်တုန်းက နစက စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးဖွဲ့ ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပြီးနောက် စစ်တပ်နဲ့ ဒေသခံတွေ ဆွေးနွေး ညှိုနှိုင်းမှုတွေ လုပ်နေတာမှာ မြို့တွင်းမှာနေရာယူထားတဲ့ နှစ်ဖက်တပ်ဖွဲ့ ျပန်လည်ဆုတ်ခွာရေး စစ်ကောင်စီတပ်တွေ ကနေ မင်းတပ်မြို့ကနေဖြတ်သွားခွင့် ပြုဖို့ သဘောတူခဲ့ကြပါတယ်။

တပ်ကဖမ်းဆီးသွားတဲ့ ကာကွယ်ရေးတပ်ဖွဲ့ ဝင် လူငယ်(၆) ဦးပြန်လွှတ်ပေးရေးကိစ္စကိုတော့ ဒီနေ့အထိ မပြေလည်သေးတဲ့အတွက် သူတို့ မလွတ်လာသေးပါဘူး။

စစ်ကောင်စီတပ်ဖွဲ့နဲ့ ဟားခါးမြို့ကာကွယ်ရေးတပ်ဖွဲ့အကြား လက်နက်ကိုင်ပဋိပက္ခဖြစ်ပွါးနေတဲ့ ဟားခါးမြို့အတွင်းမှာလဲ ဒီရက်ပိုင်းတွေအတွင်း လူငယ်တွေကို စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးမှုတွေရှိနေပါတယ်။

“အဖမ်းဆီးတော့ ရှိတယ်ပေါ့နော်။ မနေ့ကတော့အဲဒီလို လူငယ် အဖမ်းခံရတာတော့ရှိတယ်။ (၃)ယောက်လာက်ရှိမယ်ဗျ။ မသင်္ကာလို့ ဖမ်းခံရတာလို့ဘဲကျွန်တော်တို့တော့သိတယ်။ လာဖမ်းတာတော့သူတို့အိမ်အတိအကျနဲ့ လာဖမ်းကြတာဗျ။”

မင်းတပ်ဖက်၊ ဟားခါးမြို့တွေမှာ စစ်ဆေးဖမ်းဆီးမှုတွေ လုပ်နေသလို မတူပီမြို့ဘက်မှာလဲ နယ်ကလာတဲ့သူတွေကို စစ်ဆေးမှုတွေ ပိုမိုတင်းကြပ်လာတယ်လို့ မတူပီမြို့ခံတဦး က ပြောပါတယ်။

“သူတို့ဂိတ်တွေမှာဆိုရင်တော့ ရွာကနေလာလို့ရှိရင်ဆိုရင်တော့ ကျေးရွာထောက်ခံစာရယ် ပြီးလို့ရှိရင် မှတ်ပုံတင် ပါရ မယ်ဆိုပြီးတော့ အဲဒီလိုမျိုးသူတို့ပြောထားတယ်ပေါ့။ သူတို့က လုံခြုံရေးကြောင့်လား ဘာကြောင့်လဲ အဝင်အထွက် အကုန်လုံးပိတ်လိုက်တယ်။”

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မတူပီမြို့မှ ပလက်ဝ၊ မင်းတပ် နဲ့ဟားခါးဘက်ကို ဆက်သွယ်ထားတဲ့ လမ်းလုံခြုံ ရေးဂိတ်တွေကနေ မတူပီမြို့ကို သွားတဲ့ ရွာသားတွေကို စစ်ဆေးမှုတွေ တင်းကြပ်ထားပါတယ်။

လက်ရှိချင်းပြည်နယ်အတွင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက်ဆန္ဒပြမှုတွေ ကြိုကြားဖြစ်ပွါးနေသလို မင်းတပ်နဲ့ ဟားခါးမြို့ဘက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံကာကွယ်ရေးတပ်တို့အကြား ပစ်ခတ်တိုက်ခိုက်မှု ရပ်တန့်နေတယ်ဆိုပေမဲ့ တဖက်နဲ့တဖက်စောင့်ကြည့်နေတဲ့ အနေအထားမှာ ရှိနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG