သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ခ်င္းအမ်ဳိးသားကာကြယ္ေရးတပ္ဖြဲ႔ ဖြဲ႔စည္းေၾကာင္းေၾကညာ


ခ်င္းျပည္နယ္ မတူပီ ၿမိဳ႕နယ္က ပညာေရးဝန္ထမ္းေတြ၊ က်န္းမာေရးဝန္ထမ္းေတြနဲ႔ ျပည္သူေတြရဲ႕ စစ္အာဏာသိမ္းဆန႔္က်င္ ဆႏၵျပပြဲ ျမင္ကြင္း။

{{Zawgyi/Unicode}}

ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕နယ္နဲ႔ ခ်င္းျပည္နယ္ျပင္ပ ကေလးကေဘာ္ေဒသ ခ်င္းလူငယ္ေတြနဲ႔ ႏိုင္ငံတကာေရာက္ ခ်င္းလူမ်ိဳးေတြက ခ်င္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ကိုဖြဲ႕စည္းၿပီး ခ်င္းအမ်ိဳးသား ကာကြယ္ေရးတပ္ဖြဲ႕ကိုလည္း ဖြဲ႕စည္းေၾကာင္း ထုတ္ျပန္ေၾကညာလိုက္ပါတယ္။ သူတို႔အေနနဲ႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရနဲ႔ ပူးေပါင္းေဆာင္႐ြက္သြားမယ္လို႔ ဗြီအိုေအကို ေျပာပါတယ္။ သတင္းအျပည့္အစုံကို ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ ႏိုင္ကြန္းအိန္က သတင္းေပးပို႔ထားပါတယ္။

ျမန္မာႏိုင္ငံမွာ အာဏာသိမ္းထားတဲ့ စစ္ေကာင္စီတပ္ေတြက ဆႏၵျပျပည္သူေတြအေပၚ ပစ္ခတ္ ဖိႏွိပ္ေနခ်ိန္မွာ ျပည္တြင္းျပည္ပ ခ်င္းလူငယ္ေတြစုေပါင္းၿပီး ခ်င္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ (Chin National Organization)နဲ႔ ကာကြယ္ေရးတာဝန္ထမ္းေဆာင္ဖို႔ ခ်င္းအမ်ိဳးသားကာကြယ္ေရးအဖြဲ႕ ကို ဖြဲ႕စည္းရတာလို႔ CNO/CNDF ေျပာခြင့္ရပုဂၢိဳလ္ Salai William Chinက ဗြီအိုေအကိုေျပာပါတယ္။

"အာဏာရွင္စနစ္ဆိုးႀကီးကို လုံးဝခ်ဳပ္ၿငိမ္းေစတဲ့ ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စုႀကီးေပၚေပါက္လာဖို႔ က်ေနာ္တို႔ ကိုယ့္ေဒသကိုအေျချပဳၿပီးမွ တတ္ႏိုင္သေလာက္ ခုခံကာကြယ္သြားၿပီးမွ ဒီအာဏာရွင္ကို တြန္းလွန္ေတာ္လွန္ဖို႔အတြက္ပါ။"

ခ်င္းလူငယ္ေတြနဲ႔ ဖြဲ႕စည္းလိုက္တဲ့ ခ်င္းအမ်ိဳးသား ကာကြယ္ေရးလက္နက္ကိုင္အဖြဲ႕ (CNDF) တပ္ဖြဲ႕ ဖြဲ႕ရတဲ့အေျခအေနကိုေတာ့ Salai William Chinက အခုလိုေျပာပါတယ္။

"က်ေနာ္တို႔ ဒီ ခုခံကာကြယ္ရမယ္ဆိုတဲ့ဟာရယ္။ ၿပီးေတာ့အခု CRPHက ဖြဲ႕ေပးလိုက္တဲ့ NUG နဲ႔ က်ေနာ္တို႔ ဆက္ၿပီးမွ ေရွ႕ဆက္လႈပ္ရွာသြားဖို႔ေပ့ါေနာ္။ သူတို႔နဲ႔ပူးေပါင္းၿပီး လိုအပ္တဲ့ေနရာမွာ ကိုယ့္ေဒသကို စံနစ္တက် ခုခံကာကြယ္သြားဖို႔အတြက္ ဖြဲ႕စည္းထားတာျဖစ္တယ္။ ဒီအထဲမွာေတာ့ လူႀကီးလူငယ္လူလတ္ပိုင္းေတြ အမ်ားႀကီးပါလာတယ္။ လိုအပ္တဲ့သင္တန္းေတြလည္း က်ေနာ္တို႔ ကိုယ့္ဟာကိုယ္ေပးတဲ့ဟာေတြလည္းရွိတယ္။ တခ်ိဳ႕ လက္နက္ကိုင္အဖြဲ႕ေတြမွာ သင္တန္းသြားယူတဲ့သူေတြလည္း တခ်ိဳ႕ ရွိတယ္ေပါ့ေနာ္။"

လက္နက္ကိုင္အဖြဲ႕ဖြဲ႕ႏိုင္ဖို႔ လိုအပ္တဲ့ခ်ိတ္ဆက္မႈနဲ႔ လက္နက္ဝယ္ယူဖို႔ ရန္ပုံေငြ ျပင္ဆင္ထားတယ္လို႔လည္းဆိုပါတယ္။

"ဒီအတြက္လည္း က်ေနာ္တို႔ လနဲ႔ခ်ီၿပီးမွ စုထားတဲ့ဟာေတြရွိတယ္။ အဓိက ႏိုင္ငံျခားေရာက္ ခ်င္းလူမ်ိဳးေတြဆီကေနလည္း က်ေနာ္တို႔ အမ်ားႀကီး လက္နက္ဝယ္ယူဖို႔အတြက္လည္း သူတို႔ဆီကေနေထာက္ပံ့ေၾကးလည္းရတယ္။ အဲဒီအျပင္ CRPH အပါဝင္ ဒီ NUG အစိုးရဆီကေနလည္း က်ေနာ္တို႔ သူတို႔နဲ႔ စကားေျပာထားတဲ့ဟာေတြလည္း ရွိတယ္ေပါ့ေနာ္။"

ခ်င္းအမ်ိဳးသားကာကြယ္ေရးအဖြဲ႕အေနနဲ႔ ေလာေလာဆယ္ ဖလမ္းၿမိဳ႕နယ္နဲ႔ ေဒသအခ်ိဳ႕ကိုပဲ အေျချပဳထားၿပီး ေနာက္ပိုင္းမွာ ဘယ္ေတာ္လွန္ေရးအဖြဲ႕အစည္းမဆိုနဲ႔ သေဘာထားျခင္း မူဝါဒျခင္းတူတဲ့သူနဲ႔ ပူးေပါင္းၿပီးမွ လႈပ္ရွားသြားဖို႔ရွိတယ္လို႔လည္းဆိုပါတယ္။

ဒါေပမဲ့ ခ်င္းအမ်ိဳးသားကာကြယ္ေရးအဖြဲ႕ ဖြဲ႕စည္းဖို႔အတြက္ ႀကဳံလာႏိုင္တဲ့ အခက္အခဲေတြကို ဝါရင့္ခ်င္းႏိုင္ငံေရးသမားေဟာင္းတစ္ဦးက အခုလိုေထာက္ျပပါတယ္။

"အခုဖြဲ႕တဲ့အဖြဲ႕ကို ဘယ္သူေတြက အဓိက ဦးစီးဦးေဆာင္လုပ္ေနသလဲ။ ခ်င္းတမ်ိဳးသားလုံးပါဖို႔ သူတို႔ဘယ္လိုလုပ္ေနသလဲ ဆိုတာမ်ိဳးေတြေပါ့ေလ။ ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ္တို႔ ခ်င္းမွာက မ်ိဳးႏြယ္စုေတြ တအားကြဲျပားတဲ့အခါမွာ အဖြဲ႕အစည္းတခုခုဖြဲ႕လိုက္ရင္ က်ေနာ္တို႔ ခ်င္းတမ်ိဳးသားလုံးက ႀကိဳဆိုေထာက္ခံတဲ့ အဖြဲ႕အစည္းျဖစ္ဖို႔က ေတာ္ေတာ္ေလးခက္ခဲပါတယ္။ လြတ္လပ္ဖို႔အတြက္ တိုက္ပြဲဝင္ခ်င္တဲ့စိတ္ဓါတ္ကိုေတာ့ ႀကိဳဆိုတယ္။ ခ်င္းတမ်ိဳးသားလုံးအားကိုးႏိုင္တဲ့အဖြဲ႕ ျဖစ္ႏိုင္ဖို႔က သူတို႔မွာ စိန္ခၚမႈရွိတယ္ဆိုတာေတာ့ က်ေနာ္တို႔လည္းျမင္ထားပါတယ္။"

CNO/CNDF အဖြဲ႕ရဲ႕လႈပ္ရွားမႈေတြကို အိႏၵိယႏိုင္ငံ? မီဇိုရမ္ျပည္နယ္အစိုးရအေနနဲ႔ အကူညီေပးမယ္လို႔ေမွ်ာ္လင့္ေၾကာင္း CNO/CNDF ေျပာခြင့္ရပုဂၢိဳလ္ Salai William Chinကဆိုပါတယ္။

"လက္ရွိ အိႏၵိယအစိုးရကို မီဇိုရမ္မွာရွိတဲ့ အစိုးရကေနတဆင့္လည္း က်ေနာ္တို႔ အမ်ားႀကီး ေမွ်ာ္လင့္ထားတယ္။ မီဇိုရမ္က အစိုးရအဖြဲ႕ဆိုရင္ ျမန္မာႏိုင္ငံ ဒီမိုကေရစီအသြင္ကူးေျပာင္းေရးနဲ႔ အာဏာရွင္ဆန႔္က်င္ေရးအတြက္ အမ်ားႀကီး ကူညီေထာက္ပံ့ေနတယ္။"

ဒါေပမဲ့ မီဇိုရမ္မွာေနထိုင္ၿပီး ခ်င္းအခြင့္အေရး လႈပ္ရွားေနသူတဦးကေတာ့ လက္နက္ကိုင္အဖြဲ႕ေတြကို အိႏၵိယႏိုင္ငံအစိုးရအေနနဲ႔ ေက်ာေထာက္ေနာက္ခံေပးဖို႔ ခက္တယ္လို႔ဆိုပါတယ္။

"အိႏၵိယက ဘယ္ေတာ့မွ လက္နက္ကိုင္ သူတို႔အားေပးတဲ့ေကာင္မဟုတ္ဘူးဆိုေတာ့ေလ။ CNF ဆိုရင္လဲ ခိုးေၾကာင္ခိုးဝွက္နဲ႔ အိႏၵိယမွာေနေနရတာပဲေလ။ အဲဒီလိုမ်ိဳးေတြ လြယ္ေတာ့မလြယ္ေလာက္ဘူး။"

လက္ရွိ ခ်င္းျပည္နယ္ထဲမွ လက္နက္ကိုင္အဖြဲ႕အစည္းေတြအေနနဲ႔ ခ်င္းအမ်ိဳးသားတပ္ဦး (CNF)၊ ဇိုမီးေတာ္လွန္ေရးအဖြဲ႕ခ်ဳပ္ (ZRO/ZRA)၊ ကူကီးအမ်ိဳးသားအစည္းအ႐ုံး (KNO/KNA) တို႔ရွိေနပါတယ္။

CNO/CNDF အေနနဲ႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG)၊ ခ်င္းႏိုင္ငံေရးအဖြဲ႕အစည္းေတြအပါအဝင္ ဒီမိုကရက္တစ္ အင္အားစုေတြနဲ႔ လက္တြဲၿပီး စစ္အာဏာရွင္ဆန႔္က်င္ေရးနဲ႔ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုေပၚေပါက္ေရးအတြက္ ပူးေပါင္းေဆာင္႐ြက္သြားမယ္လို႔လည္း ဒီေန႔ထုတ္ျပန္တဲ့ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

............................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နဲ့ ချင်းပြည်နယ်ပြင်ပ ကလေးကဘော်ဒေသ ချင်းလူငယ်တွေနဲ့ နိုင်ငံတကာရောက် ချင်းလူမျိုးတွေက ချင်းအမျိုးသားအဖွဲ့ချုပ်ကိုဖွဲ့စည်းပြီး ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ကိုလည်း ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။ သူတို့အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဗွီအိုအေကို ပြောပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီတပ်တွေက ဆန္ဒပြပြည်သူတွေအပေါ် ပစ်ခတ် ဖိနှိပ်နေချိန်မှာ ပြည်တွင်းပြည်ပ ချင်းလူငယ်တွေစုပေါင်းပြီး ချင်းအမျိုးသားအဖွဲ့ချုပ် (Chin National Organization)နဲ့ ကာကွယ်ရေးတာဝန်ထမ်းဆောင်ဖို့ ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ ကို ဖွဲ့စည်းရတာလို့ CNO/CNDF ပြောခွင့်ရပုဂ္ဂိုလ် Salai William Chinက ဗွီအိုအေကိုပြောပါတယ်။

"အာဏာရှင်စနစ်ဆိုးကြီးကို လုံးဝချုပ်ငြိမ်းစေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးပေါ်ပေါက်လာဖို့ ကျနော်တို့ ကိုယ့်ဒေသကိုအခြေပြုပြီးမှ တတ်နိုင်သလောက် ခုခံကာကွယ်သွားပြီးမှ ဒီအာဏာရှင်ကို တွန်းလှန်တော်လှန်ဖို့အတွက်ပါ။"

ချင်းလူငယ်တွေနဲ့ ဖွဲ့စည်းလိုက်တဲ့ ချင်းအမျိုးသား ကာကွယ်ရေးလက်နက်ကိုင်အဖွဲ့ (CNDF) တပ်ဖွဲ့ ဖွဲ့ရတဲ့အခြေအနေကိုတော့ Salai William Chinက အခုလိုပြောပါတယ်။

"ကျနော်တို့ ဒီ ခုခံကာကွယ်ရမယ်ဆိုတဲ့ဟာရယ်။ ပြီးတော့အခု CRPHက ဖွဲ့ပေးလိုက်တဲ့ NUG နဲ့ ကျနော်တို့ ဆက်ပြီးမှ ရှေ့ဆက်လှုပ်ရှာသွားဖို့ပေ့ါနော်။ သူတို့နဲ့ပူးပေါင်းပြီး လိုအပ်တဲ့နေရာမှာ ကိုယ့်ဒေသကို စံနစ်တကျ ခုခံကာကွယ်သွားဖို့အတွက် ဖွဲ့စည်းထားတာဖြစ်တယ်။ ဒီအထဲမှာတော့ လူကြီးလူငယ်လူလတ်ပိုင်းတွေ အများကြီးပါလာတယ်။ လိုအပ်တဲ့သင်တန်းတွေလည်း ကျနော်တို့ ကိုယ့်ဟာကိုယ်ပေးတဲ့ဟာတွေလည်းရှိတယ်။ တချို့ လက်နက်ကိုင်အဖွဲ့တွေမှာ သင်တန်းသွားယူတဲ့သူတွေလည်း တချို့ ရှိတယ်ပေါ့နော်။"

လက်နက်ကိုင်အဖွဲ့ဖွဲ့နိုင်ဖို့ လိုအပ်တဲ့ချိတ်ဆက်မှုနဲ့ လက်နက်ဝယ်ယူဖို့ ရန်ပုံငွေ ပြင်ဆင်ထားတယ်လို့လည်းဆိုပါတယ်။

"ဒီအတွက်လည်း ကျနော်တို့ လနဲ့ချီပြီးမှ စုထားတဲ့ဟာတွေရှိတယ်။ အဓိက နိုင်ငံခြားရောက် ချင်းလူမျိုးတွေဆီကနေလည်း ကျနော်တို့ အများကြီး လက်နက်ဝယ်ယူဖို့အတွက်လည်း သူတို့ဆီကနေထောက်ပံ့ကြေးလည်းရတယ်။ အဲဒီအပြင် CRPH အပါဝင် ဒီ NUG အစိုးရဆီကနေလည်း ကျနော်တို့ သူတို့နဲ့ စကားပြောထားတဲ့ဟာတွေလည်း ရှိတယ်ပေါ့နော်။"

ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့အနေနဲ့ လောလောဆယ် ဖလမ်းမြို့နယ်နဲ့ ဒေသအချို့ကိုပဲ အခြေပြုထားပြီး နောက်ပိုင်းမှာ ဘယ်တော်လှန်ရေးအဖွဲ့အစည်းမဆိုနဲ့ သဘောထားခြင်း မူဝါဒခြင်းတူတဲ့သူနဲ့ ပူးပေါင်းပြီးမှ လှုပ်ရှားသွားဖို့ရှိတယ်လို့လည်းဆိုပါတယ်။

ဒါပေမဲ့ ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းဖို့အတွက် ကြုံလာနိုင်တဲ့ အခက်အခဲတွေကို ဝါရင့်ချင်းနိုင်ငံရေးသမားဟောင်းတစ်ဦးက အခုလိုထောက်ပြပါတယ်။

"အခုဖွဲ့တဲ့အဖွဲ့ကို ဘယ်သူတွေက အဓိက ဦးစီးဦးဆောင်လုပ်နေသလဲ။ ချင်းတမျိုးသားလုံးပါဖို့ သူတို့ဘယ်လိုလုပ်နေသလဲ ဆိုတာမျိုးတွေပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ချင်းမှာက မျိုးနွယ်စုတွေ တအားကွဲပြားတဲ့အခါမှာ အဖွဲ့အစည်းတခုခုဖွဲ့လိုက်ရင် ကျနော်တို့ ချင်းတမျိုးသားလုံးက ကြိုဆိုထောက်ခံတဲ့ အဖွဲ့အစည်းဖြစ်ဖို့က တော်တော်လေးခက်ခဲပါတယ်။ လွတ်လပ်ဖို့အတွက် တိုက်ပွဲဝင်ချင်တဲ့စိတ်ဓါတ်ကိုတော့ ကြိုဆိုတယ်။ ချင်းတမျိုးသားလုံးအားကိုးနိုင်တဲ့အဖွဲ့ ဖြစ်နိုင်ဖို့က သူတို့မှာ စိန်ခါ်မှုရှိတယ်ဆိုတာတော့ ကျနော်တို့လည်းမြင်ထားပါတယ်။"

CNO/CNDF အဖွဲ့ရဲ့လှုပ်ရှားမှုတွေကို အိန္ဒိယနိုင်ငံ? မီဇိုရမ်ပြည်နယ်အစိုးရအနေနဲ့ အကူညီပေးမယ်လို့မျှော်လင့်ကြောင်း CNO/CNDF ပြောခွင့်ရပုဂ္ဂိုလ် Salai William Chinကဆိုပါတယ်။

"လက်ရှိ အိန္ဒိယအစိုးရကို မီဇိုရမ်မှာရှိတဲ့ အစိုးရကနေတဆင့်လည်း ကျနော်တို့ အများကြီး မျှော်လင့်ထားတယ်။ မီဇိုရမ်က အစိုးရအဖွဲ့ဆိုရင် မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ အာဏာရှင်ဆန့်ကျင်ရေးအတွက် အများကြီး ကူညီထောက်ပံ့နေတယ်။"

ဒါပေမဲ့ မီဇိုရမ်မှာနေထိုင်ပြီး ချင်းအခွင့်အရေး လှုပ်ရှားနေသူတဦးကတော့ လက်နက်ကိုင်အဖွဲ့တွေကို အိန္ဒိယနိုင်ငံအစိုးရအနေနဲ့ ကျောထောက်နောက်ခံပေးဖို့ ခက်တယ်လို့ဆိုပါတယ်။

"အိန္ဒိယက ဘယ်တော့မှ လက်နက်ကိုင် သူတို့အားပေးတဲ့ကောင်မဟုတ်ဘူးဆိုတော့လေ။ CNF ဆိုရင်လဲ ခိုးကြောင်ခိုးဝှက်နဲ့ အိန္ဒိယမှာနေနေရတာပဲလေ။ အဲဒီလိုမျိုးတွေ လွယ်တော့မလွယ်လောက်ဘူး။"

လက်ရှိ ချင်းပြည်နယ်ထဲမှ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဇိုမီးတော်လှန်ရေးအဖွဲ့ချုပ် (ZRO/ZRA)၊ ကူကီးအမျိုးသားအစည်းအရုံး (KNO/KNA) တို့ရှိနေပါတယ်။

CNO/CNDF အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ချင်းနိုင်ငံရေးအဖွဲ့အစည်းတွေအပါအဝင် ဒီမိုကရက်တစ် အင်အားစုတွေနဲ့ လက်တွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဒီနေ့ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG