သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပလက္၀မွာ ဖမ္းဆီးခံထားရတဲ့ ခူမီးလူငယ္ ၄ ဦး ျပန္လႊတ္ေပးဖုိ႔ ေဒသခံေတြေတာင္းဆုိ 


ပလက္၀ၿမိဳ႕(Photo khonumthung.news )

(Zawgyi/Unicode)

ခ်င္းျပည္နယ္ ပလက္၀ေဒသမွာ AA လို႔ ယူဆရတဲ့ လက္နက္ကိုင္အဖဲြ႔တဖဲြ႔က ဖမ္းဆီး ေခၚေဆာင္သြားတဲ့ ခ်င္း CNLD ပါတီ စည္းရံုးေရးအဖဲြ႔၀င္ ခူမီးလူငယ္ ကိုေအာင္စိုးနဲ႔ အျခား ခူမီးလူငယ္သံုးဦး အျမန္ဆံုးလႊတ္ေပးဖို႔ ေဒသခံ ခ်င္းမ်ဳိးႏြယ္စု အဖဲြ႔ေတြက ေတာင္းဆိုလိုက္ပါတယ္။

တိုက္ပဲြေတြ ျဖစ္ေနတဲ့ ပလက္၀ေဒသတ၀ိုက္ အရပ္သားေတြ ဖမ္းဆီးေခၚေဆာင္ခံရတဲ့ အေျခအေန ဆိုးရြားလာေနတဲ့အတြက္ ေဒသခံတိုင္းရင္းသားေတြ ထိတ္လန္႔ စိုးရိမ္မႈေတြႀကီးမားလာေနေၾကာင္း ခူမီး ခ်င္းမ်ဳိးႏြယ္စု တာ၀န္ရွိသူေတြက ဗီြအိုေအ ကိုေျပာပါတယ္။

ဆက္သြယ္ေမးျမန္းထားတဲ့ မအင္ၾကင္းႏိုင္က အျပည့္အစံုကို ဆက္လက္တင္ျပမွာပါ။

ျမန္မာစစ္တပ္နဲ႔ ေအေအ ရခိုင္လက္နက္ကိုင္အဖဲြ႔ ၾကား တိုက္ပဲြေတြ ျပင္းထန္ေနတဲ့ ခ်င္းျပည္နယ္ ပလက္၀ေဒသမွာ ၂၀၂၀ ျပည့္ႏွစ္အတြင္း အရပ္သားေတြ ပစ္မွတ္ထား ညွဥ္းပန္းႏွိပ္စက္ခံေနရတဲ့ အေျခအေန အေတာ္ေလး ဆိုးရြားလာေနေၾကာင္း ခူမီးခ်င္း မ်ဳိးႏြယ္စုမ်ားေရးရာေပါင္းစပ္ညွဳိႏႈိင္းေရးေကာင္စီ KACC ကေျပာပါတယ္။ေနာက္ဆံုးျဖစ္ရပ္အေနနဲ႔ ဇူလုိင္လ ၂၉ ရက္ေန႔က ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ကေန ခ်င္းျပည္နယ္၊ ပလက္၀ကို စက္ေလွနဲ႔ ေရေၾကာင္းခရီးသြားေနတဲ့ ခ်င္းအမ်ဳိးသားဒီမိုကေရစီအဖဲြ႕ခ်ဳပ္ CNLD က ခူမီးလူငယ္ ကိုေအာင္စိုးနဲ႔ အျခား လူငယ္ သံုးဦးကို AA လက္နက္ကိုင္အဖဲြ႔က ဘာအေၾကာင္းျပခ်က္မွ မေပးပဲ စက္ေလွနဲ႔ လိုက္လံ ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း KACC ေျပာခြင့္ရ မိုင္နန္းေ၀ က ဗီြအိုေအကို အခုလို ေျပာပါတယ္။

" ပံုမွန္သြားေနတဲ့ ေရေၾကာင္းလမ္း ကုလားတန္ျမစ္ေၾကာင္းတေလွ်ာက္ တက္လို႔ရတဲ့ ကားလမ္းနဲ႔ ေရေၾကာင္းလမ္းေတြကို စစ္ေဘးေၾကာင္း နားလိုက္တဲ့အခါမွာ ပီေခ်ာင္းကေန ေဖာက္လို႔ရတဲ့ ေရေၾကာင္းလမ္းကေန သူတို႔ ျပန္လာၾကတာပါ။ အဲဒီမွာ ရခိုင္ရြာျဖစ္တဲ့ ငသရိုင္းရြာနဲ႔ ပလက္၀ၿမိဳ႕နယ္ ေဘတုန္ရြာ ၾကားမွာ ေအာင္စိုးတို႔ ၄ ေယာက္ကို AA ေတြက ေမးစရာရွိလို႔ဆိုၿပီ ေခၚသြားတာ။ သူတို႔ကို ဖမ္းေခၚသြားတယ္ဆိုတာ မ်က္ျမင္သက္ေတြရွိပါတယ္။"

အင္ၾကင္းနိုင္။။ AA ဘက္ကေရာ သူတို႔ ဖမ္းဆီးသြားတယ္ဆိုတာမ်ဳိး ဆက္သြယ္အေၾကာင္း ၾကားလာတာ ရွိပါသလား။

မိုင္နန္းေ၀။။ AA ဘက္ကေတာ့ အခုထက္ထိ က်မတို႔နဲ႔ အဆက္အသြယ္မရွိပါဘူး။ မီဒီယာမွာလည္း သူတို႔ဘက္က ဖမ္းဆီးထားပါတယ္လို႔ တရား၀င္ ေျဖဆိုထားတာမ်ဳိး မရွိေသးဘူး။ အခုထက္ထိ တရား၀င္ ျငင္းဆိုတာထားလည္း မေတြ႕ရသလို တရား၀င္ ၀င္ခံထားတာမ်ဳိး အခုထက္ထိ က်မတို႔ မေတြ႕ရေသးဘူး။

အင္ၾကင္းႏိုင္။ ။ AA လက္နက္ကိုင္အဖဲြ႔က ျပန္ေပးဆဲြတယ္ဆိုတာ ဘာေၾကာင့္လို႔ ျမင္ပါသလဲ။

မိုင္နန္းေ၀။။ အဲဒါနဲ႔ ပတ္သက္လို႔ရွိရင္ Chin Human Rights Organization ခ်င္းလူ႔အခြင့္အေရး အဖဲြ႔က ထုတ္ျပန္ခ်က္အရ ကိုေအာင္စိုးသည္ ခ်င္းအမ်ဳိးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ CNLD ရဲ႕ စည္းရံုးေရးအဖဲြ႔ထဲမွာ ပါတယ္လို႔ သူတို႔ၾကားသိရတဲ့အတြက္ AA ဘက္က ဖမ္းေခၚတယ္လို႔ သိရတယ္။ ဒါေပမယ့္ က်မတို႔ ေျပာခ်င္တာက ကိုေအာင္စိုးဟာ CNLD မွာ ပါသလား၊ မပါဘူးလား က်မတို႔ အတိအက်မသိပါဘူး။ တကယ္လို႔ ပါခဲ့ရင္လည္း ခ်င္းလူမ်ဳိးတေယာက္အေနနဲ႔ CNLD ပါတီစည္းရံုးေရးမွာ ပါ၀င္တယ္ဆိုရင္ ဒါက AA နဲ႔ ဘာမ်ားသက္ဆိုင္မႈရွိသလဲ။ AA ဘက္ကေတာ့ ထံုးစံအတိုင္း ခ်င္းတိုင္းရင္းသားေတြကို သူတို႔ဖမ္းဆီးေခၚေဆာင္သြားတိုင္း စစ္တပ္သတင္းေပးဆိုတာ ကိုေတာ့ သူတို႔ အၿမဲတမ္း သံုးေနက် အသံုးအႏႈန္းေပါ့။ ဒါေပမဲ့ မိဘေတြဘက္ကေတာ့ ဒါကို လံုး၀ျငင္းထားတယ္။ ေဆြမ်ဳိးသားခ်င္းေတြဘက္ကလည္း လံုး၀ျငင္းထားတယ္။ က်မတို႔ သိသေလာက္ကလည္း ကိုေအာင္စိုးသည္ စစ္တပ္နဲ႔ အေပးအယူလုပ္စရာ အေၾကာင္းဘာမွမရွိဘူး။ သာမန္ အရပ္သား ေက်ာင္းသားတေယာက္ျဖစ္တယ္။ ပလက္၀ျမစ္ေပၚမွာ ရိုးရာ စားေသာက္ဆိုင္ေလးတခု ဖြင့္ထားတယ္။ ရိုးရိုးသာမန္အရပ္သားတေယာက္ပဲဆိုတာ က်မတို႔ အာမခံေပးႏိုင္ပါတယ္။”

အသက္ (၃၀) ေက်ာ္အရြယ္ေတြျဖစ္တဲ့ ကိုေအာင္စိုးနဲ႔ လူငယ္သံုးဦးကို ဇူလိုင္လ ၂၉ရက္ေန႔ကတည္းက လက္နက္ကိုင္လူတစုက ဖမ္းဆီးေခၚေဆာင္သြားခဲ့ၿပီး ၁၀ ရက္ေက်ာ္လာတဲ့အထိ သတင္းအစအနမွ မသိရေသးတဲ့အတြက္ အေျခအေနေတြကို မိဘေတြနဲ႔ ေဆြမ်ဳိးသားခ်င္းေတြက အလြန္စိုးရိမ္ေနၾကတာပါ။ အခုလို လူအမ်ား ပူေဆြးေသာကေရာက္ေနတာေတြကို စာနာေထာက္ထားၿပီး အျပစ္မရွိတဲ့ ကိုေအာင္စိုးနဲ႔ အျခား လူငယ္ေတြကို AA အေနနဲ႔ အျမန္ဆံုး ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုေၾကာင္း ကိုေအာင္စိုး အကိုျဖစ္သူ အေမရိကန္ျပည္ေထာင္စု ကိုလိုရာဒိုျပည္နယ္မွာ ေနထိုင္တဲ့ ေဒးဗစ္ေအာင္က ဗီြအိုေအကို အခုလို ေျပာပါတယ္။

" က်ေနာ့္အေနနဲ႔ အင္မတန္မွ စိတ္ပူတယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ က်ေနာ့္ညီေလး ေအာင္စိုးက က်န္းမာေရး မေကာင္းဘူး။ တုတ္ေကြးျဖစ္ေနတာ။ ရန္ကုန္မွာ သံုးရက္ေလာက္ ေဆးကုသၿပီး နည္းနည္းသက္သာတဲ့ အခ်ိန္မွာ ျပန္သြားတာ။ အဲဒါေၾကာင့္ သူ႔ကို က်ေနာ္က အရမ္းစိုးရိမ္တယ္။ ၿပီးလို႔ရွိရင္ သူတို႔ ေတာထဲမွာ ေနတဲ့အခါမွာဆိုရင္ စိတ္ဖိစီးမႈ ေနာက္ဆက္တဲြျပႆနာေတြ ျဖစ္လာႏိုင္တယ္။ က်ေနာ္တို႔ဆိုရင္ စားလို႔ မ၀င္၊ အိပ္လို႔ မေပ်ာ္ျဖစ္တယ္။ က်ေနာ့္ညီေလးနဲ႔ အတူ ဖမ္းဆီးေခၚေဆာင္သြားတဲ့ အျခားလူငယ္ေတြအတြက္လည္း က်ေနာ္တို႔ အလြန္ပဲ စိုးရိမ္ပါတယ္။ သူတို႔ကို အျပစ္မရွိဘူးဆိုရင္ အျမန္ဆံုးလႊတ္ေပးပါလို႔ ေတာင္းဆိုခ်င္တယ္။"

အခုလို ခူမီးလူငယ္တခ်ဳိ႕ကို AA ရခိုင္လက္နက္ကိုင္အဖဲြ႔က ဖမ္းဆီးေခၚေဆာင္သြားတယ္ဆိုတဲ့ စြပ္စဲြခ်က္ေတြနဲ႔ ပတ္သက္လို႔ ဗီြအိုေအက AA အဖဲြ႔ရဲ႕ တာ၀န္ရွိသူေတြကို ဆက္သြယ္ေမးျမန္းဖို႔ ႀကိဳးစားခဲ့ေပမဲ့ ဖုန္းကိုင္ေျဖဆိုျခင္း မရွိခဲ့ပါဘူး။

၂၀၁၅ခုႏွစ္ ေနာက္ပိုင္း ရခိုင္ျပည္နယ္ဘက္ အေျခခ်ဖို႔ ႀကိဳးစားလာတဲ့ AA ရခိုင္လက္နက္ကိုင္အဖဲြ႔ဟာ အိမ္နီးခ်င္း ခ်င္းျပည္နယ္ ေတာင္ပိုင္း ပလက္၀ေဒသကို ေျခကုပ္စခန္းယူလာတဲ့အခ်ိန္ကစၿပီး ေဒသခံေတြကို ဖမ္းဆီးေခၚေဆာင္သြားတဲ့ ျဖစ္ရပ္ေတြ အေတာ္မ်ားလာေနေၾကာင္း KACC ေျပာခြင့္ရ မိုင္နန္းေ၀က ေျပာပါတယ္။

"၂၀၁၈တုန္းက တက္သလင္းရြာဆိုရင္ ရြာလံုးကြ်တ္ AA ကဖမ္းဆီးေခၚေဆာင္သြားတာမ်ဳိးရွိတယ္။ သံုးေလးလ ၾကာေတာ့မွ ျပန္လြတ္တာမ်ဳိးေတြ ရွိတယ္ေပါ့ေနာ္။ တခ်ဳိ႕ဆိုရင္ စိတ္မနွံ ရူးသြပ္သြားၿပီးေတာ့ အိမ္ျပန္ေရာက္ေတာ့ သမီးကိုယ္ေတာင္ ဓါးနဲ႔ ခုတ္တယ္။ အဲဒီလို ျဖစ္ရပ္ေတြ ဆိုးဆိုးရြားရြားေတြထိ ရွိခဲ့တယ္။ ဖမ္းဆီးေခၚေဆာင္ျခင္းခံရတဲ့ သူေတြမွာ စိတ္ဒဏ္ရာေတြ ရသြားတဲ့ ျဖစ္စဥ္ေတြက်မတို႔မွာ ရွိပါတယ္။ အခု ၂၀၁၉ နဲ႔ ၂၀၂၀မွာ ဘယ္ဘက္က ဖမ္းလို႔ ဖမ္းမွ မသိပဲ ေပ်ာက္ဆံုးေနတဲ့ အေရအတြက္ ၁၄ ေယာက္ေလာက္ရွိပါတယ္။ အခု AA ကဖမ္းဆီးသြားတဲ့ ကိုေအာင္စိုးတို႔ ေလးဦးနဲ႔ ေနာက္ ဧၿပီလဆိုရင္လည္း ေစတနာ့၀န္ထမ္းလုပ္ေနတဲ့ ပလက္၀ၿမိဳ႕က ဦးျမင့္ေမာင္ကို AA က အိမ္မွာ ညဘက္ လာၿပီး ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ မိသားစု၀င္ေတြက ေျပာပါတယ္။ အဲေတာ့ ဖမ္းဆီးေခၚေဆာင္သြားျခင္းခံရတဲ့ လူေပါင္း အေယာက္ ၂၀ေက်ာ္ရွိေနပါတယ္။ ေတာက္ေလ်ာက္ဒီလို ျဖစ္စဥ္ေတြရွိလာတဲ့အခါမွာ လူထုအေနနဲ႔ အၿမဲတမ္း ထိတ္လန္႔ေၾကာက္ရြံေနတဲ့ အေနအထားမ်ဳိး ျဖစ္ေနပါတယ္။"

AA က ဖမ္းဆီးေခၚေဆာင္သြားတဲ့ ခ်င္းအမ်ဳိးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ စည္းရံုးေရးအဖဲြ႔၀င္ ကိုေအာင္စိုးအပါအ၀င္ အျခားလူငယ္ေတြ လြတ္ေျမာက္ေရးခ်င္းအရပ္ဘက္ အဖဲြ႕အစည္းေတြအေနနဲ႔ ႀကိဳးပမ္းေနေၾကာင္း ခ်င္းျပည္နယ္အစိုးရ အပါအ၀င္ ဗဟုိအစိုးရ အေနနဲ႔လည္း ဒီျဖစ္ရပ္ေတြကို သိရွိထားမယ္လို႔ ယူဆေၾကာင္း မိုင္နန္းေ၀ကေျပာပါတယ္။

ခ်င္းလူ႔အခြင့္အေရးအဖဲြ႔ရဲ႕ ၾသဂုတ္လ (၃)ရက္ေန႔ ရက္စဲြနဲ႔ ထုတ္ျပန္ခ်က္မွာေတာ့ AA အဖဲြ႔က ဖမ္းဆီး ေခၚသြားတဲ့ လူငယ္ေလးဦးနဲ႔ ပတ္သက္လို႔ ကိုေအာင္စိုးဟာ ခ်င္းအမ်ဳိးသား ဒီမိုကေရစီအဖဲြ႔ခ်ဳပ္ရဲ႕ စည္းရံုးေရးအဖဲြ႔၀င္ထဲမွာ ပါေနတဲ့အတြက္ ေခၚေဆာင္သြားတာ ျဖစ္ေၾကာင္းနဲ႕က်န္လူငယ္သံုးဦးကိုလည္း ေမးစရာရွိေနေသးတဲ့အတြက္ AA က ထိန္းသိမ္းထားတာျဖစ္ေၾကာင္းျပန္ၿပီး ၾကားသိခဲ့ရတဲ့ ေဒသခံေက်းရြာ တာ၀န္ရွိသူတဦးေျပာျပခ်က္ကို ကိုးကား ေဖၚျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ပလက်ဝမှာ ဖမ်းဆီးခံထားရတဲ့ ခူမီးလူငယ် ၄ ဦး ပြန်လွှတ်ပေးဖို့ ဒေသခံတွေတောင်းဆို

(Unicode)

ချင်းပြည်နယ် ပလက်ဝဒေသမှာ AA လို့ ယူဆရတဲ့ လက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ချင်း CNLD ပါတီ စည်းရုံးရေးအဖွဲ့ဝင် ခူမီးလူငယ် ကိုအောင်စိုးနဲ့ အခြား ခူမီးလူငယ်သုံးဦး အမြန်ဆုံးလွှတ်ပေးဖို့ ဒေသခံ ချင်းမျိုးနွယ်စု အဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။

တိုက်ပွဲတွေ ဖြစ်နေတဲ့ ပလက်ဝဒေသတဝိုက် အရပ်သားတွေ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ အခြေအနေ ဆိုးရွားလာနေတဲ့အတွက် ဒေသခံတိုင်းရင်းသားတွေ ထိတ်လန့် စိုးရိမ်မှုတွေကြီးမားလာနေကြောင်း ခူမီး ချင်းမျိုးနွယ်စု တာဝန်ရှိသူတွေက ဗွီအိုအေ ကိုပြောပါတယ်။

ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။

မြန်မာစစ်တပ်နဲ့ အေအေ ရခိုင်လက်နက်ကိုင်အဖွဲ့ ကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ် ပလက်ဝဒေသမှာ ၂၀၂၀ ပြည့်နှစ်အတွင်း အရပ်သားတွေ ပစ်မှတ်ထား ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ အခြေအနေ အတော်လေး ဆိုးရွားလာနေကြောင်း ခူမီးချင်း မျိုးနွယ်စုများရေးရာပေါင်းစပ်ညှိုနှိုင်းရေးကောင်စီ KACC ကပြောပါတယ်။နောက်ဆုံးဖြစ်ရပ်အနေနဲ့ ဇူလိုင်လ ၂၉ ရက်နေ့က ရခိုင်ပြည်နယ် ကျောက်တော်ကနေ ချင်းပြည်နယ်၊ ပလက်ဝကို စက်လှေနဲ့ ရေကြောင်းခရီးသွားနေတဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD က ခူမီးလူငယ် ကိုအောင်စိုးနဲ့ အခြား လူငယ် သုံးဦးကို AA လက်နက်ကိုင်အဖွဲ့က ဘာအကြောင်းပြချက်မှ မပေးပဲ စက်လှေနဲ့ လိုက်လံ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း KACC ပြောခွင့်ရ မိုင်နန်းေ၀ က ဗွီအိုအေကို အခုလို ပြောပါတယ်။

" ပုံမှန်သွားနေတဲ့ ရေကြောင်းလမ်း ကုလားတန်မြစ်ကြောင်းတလျှောက် တက်လို့ရတဲ့ ကားလမ်းနဲ့ ရေကြောင်းလမ်းတွေကို စစ်ဘေးကြောင်း နားလိုက်တဲ့အခါမှာ ပီချောင်းကနေ ဖောက်လို့ရတဲ့ ရေကြောင်းလမ်းကနေ သူတို့ ပြန်လာကြတာပါ။ အဲဒီမှာ ရခိုင်ရွာဖြစ်တဲ့ ငသရိုင်းရွာနဲ့ ပလက်ဝမြို့နယ် ဘေတုန်ရွာ ကြားမှာ အောင်စိုးတို့ ၄ ယောက်ကို AA တွေက မေးစရာရှိလို့ဆိုပြီ ခေါ်သွားတာ။ သူတို့ကို ဖမ်းခေါ်သွားတယ်ဆိုတာ မျက်မြင်သက်တွေရှိပါတယ်။"

အင်ကြင်းနိုင်။။ AA ဘက်ကရော သူတို့ ဖမ်းဆီးသွားတယ်ဆိုတာမျိုး ဆက်သွယ်အကြောင်း ကြားလာတာ ရှိပါသလား။

မိုင်နန်းဝေ။။ AA ဘက်ကတော့ အခုထက်ထိ ကျမတို့နဲ့ အဆက်အသွယ်မရှိပါဘူး။ မီဒီယာမှာလည်း သူတို့ဘက်က ဖမ်းဆီးထားပါတယ်လို့ တရားဝင် ဖြေဆိုထားတာမျိုး မရှိသေးဘူး။ အခုထက်ထိ တရားဝင် ငြင်းဆိုတာထားလည်း မတွေ့ရသလို တရားဝင် ဝင်ခံထားတာမျိုး အခုထက်ထိ ကျမတို့ မတွေ့ရသေးဘူး။

အင်ကြင်းနိုင်။ ။ AA လက်နက်ကိုင်အဖွဲ့က ပြန်ပေးဆွဲတယ်ဆိုတာ ဘာကြောင့်လို့ မြင်ပါသလဲ။

မိုင်နန်းဝေ။။ အဲဒါနဲ့ ပတ်သက်လို့ရှိရင် Chin Human Rights Organization ချင်းလူ့အခွင့်အရေး အဖွဲ့က ထုတ်ပြန်ချက်အရ ကိုအောင်စိုးသည် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD ရဲ့ စည်းရုံးရေးအဖွဲ့ထဲမှာ ပါတယ်လို့ သူတို့ကြားသိရတဲ့အတွက် AA ဘက်က ဖမ်းခေါ်တယ်လို့ သိရတယ်။ ဒါပေမယ့် ကျမတို့ ပြောချင်တာက ကိုအောင်စိုးဟာ CNLD မှာ ပါသလား၊ မပါဘူးလား ကျမတို့ အတိအကျမသိပါဘူး။ တကယ်လို့ ပါခဲ့ရင်လည်း ချင်းလူမျိုးတယောက်အနေနဲ့ CNLD ပါတီစည်းရုံးရေးမှာ ပါဝင်တယ်ဆိုရင် ဒါက AA နဲ့ ဘာများသက်ဆိုင်မှုရှိသလဲ။ AA ဘက်ကတော့ ထုံးစံအတိုင်း ချင်းတိုင်းရင်းသားတွေကို သူတို့ဖမ်းဆီးခေါ်ဆောင်သွားတိုင်း စစ်တပ်သတင်းပေးဆိုတာ ကိုတော့ သူတို့ အမြဲတမ်း သုံးနေကျ အသုံးအနှုန်းပေါ့။ ဒါပေမဲ့ မိဘတွေဘက်ကတော့ ဒါကို လုံးဝငြင်းထားတယ်။ ဆွေမျိုးသားချင်းတွေဘက်ကလည်း လုံးဝငြင်းထားတယ်။ ကျမတို့ သိသလောက်ကလည်း ကိုအောင်စိုးသည် စစ်တပ်နဲ့ အပေးအယူလုပ်စရာ အကြောင်းဘာမှမရှိဘူး။ သာမန် အရပ်သား ကျောင်းသားတယောက်ဖြစ်တယ်။ ပလက်ဝမြစ်ပေါ်မှာ ရိုးရာ စားသောက်ဆိုင်လေးတခု ဖွင့်ထားတယ်။ ရိုးရိုးသာမန်အရပ်သားတယောက်ပဲဆိုတာ ကျမတို့ အာမခံပေးနိုင်ပါတယ်။”

အသက် (၃၀) ကျော်အရွယ်တွေဖြစ်တဲ့ ကိုအောင်စိုးနဲ့ လူငယ်သုံးဦးကို ဇူလိုင်လ ၂၉ရက်နေ့ကတည်းက လက်နက်ကိုင်လူတစုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၁၀ ရက်ကျော်လာတဲ့အထိ သတင်းအစအနမှ မသိရသေးတဲ့အတွက် အခြေအနေတွေကို မိဘတွေနဲ့ ဆွေမျိုးသားချင်းတွေက အလွန်စိုးရိမ်နေကြတာပါ။ အခုလို လူအများ ပူဆွေးသောကရောက်နေတာတွေကို စာနာထောက်ထားပြီး အပြစ်မရှိတဲ့ ကိုအောင်စိုးနဲ့ အခြား လူငယ်တွေကို AA အနေနဲ့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုကြောင်း ကိုအောင်စိုး အကိုဖြစ်သူ အမေရိကန်ပြည်ထောင်စု ကိုလိုရာဒိုပြည်နယ်မှာ နေထိုင်တဲ့ ဒေးဗစ်အောင်က ဗွီအိုအေကို အခုလို ပြောပါတယ်။

" ကျနော့်အနေနဲ့ အင်မတန်မှ စိတ်ပူတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော့်ညီလေး အောင်စိုးက ကျန်းမာရေး မကောင်းဘူး။ တုတ်ကွေးဖြစ်နေတာ။ ရန်ကုန်မှာ သုံးရက်လောက် ဆေးကုသပြီး နည်းနည်းသက်သာတဲ့ အချိန်မှာ ပြန်သွားတာ။ အဲဒါကြောင့် သူ့ကို ကျနော်က အရမ်းစိုးရိမ်တယ်။ ပြီးလို့ရှိရင် သူတို့ တောထဲမှာ နေတဲ့အခါမှာဆိုရင် စိတ်ဖိစီးမှု နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်တယ်။ ကျနော်တို့ဆိုရင် စားလို့ မဝင်၊ အိပ်လို့ မပျော်ဖြစ်တယ်။ ကျနော့်ညီလေးနဲ့ အတူ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အခြားလူငယ်တွေအတွက်လည်း ကျနော်တို့ အလွန်ပဲ စိုးရိမ်ပါတယ်။ သူတို့ကို အပြစ်မရှိဘူးဆိုရင် အမြန်ဆုံးလွှတ်ပေးပါလို့ တောင်းဆိုချင်တယ်။"

အခုလို ခူမီးလူငယ်တချို့ကို AA ရခိုင်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဗွီအိုအေက AA အဖွဲ့ရဲ့ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဖုန်းကိုင်ဖြေဆိုခြင်း မရှိခဲ့ပါဘူး။

၂၀၁၅ခုနှစ် နောက်ပိုင်း ရခိုင်ပြည်နယ်ဘက် အခြေချဖို့ ကြိုးစားလာတဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ဟာ အိမ်နီးချင်း ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝဒေသကို ခြေကုပ်စခန်းယူလာတဲ့အချိန်ကစပြီး ဒေသခံတွေကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဖြစ်ရပ်တွေ အတော်များလာနေကြောင်း KACC ပြောခွင့်ရ မိုင်နန်းဝေက ပြောပါတယ်။

"၂၀၁၈တုန်းက တက်သလင်းရွာဆိုရင် ရွာလုံးကျွတ် AA ကဖမ်းဆီးခေါ်ဆောင်သွားတာမျိုးရှိတယ်။ သုံးလေးလ ကြာတော့မှ ပြန်လွတ်တာမျိုးတွေ ရှိတယ်ပေါ့နော်။ တချို့ဆိုရင် စိတ်မနှံ ရူးသွပ်သွားပြီးတော့ အိမ်ပြန်ရောက်တော့ သမီးကိုယ်တောင် ဓါးနဲ့ ခုတ်တယ်။ အဲဒီလို ဖြစ်ရပ်တွေ ဆိုးဆိုးရွားရွားတွေထိ ရှိခဲ့တယ်။ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတဲ့ သူတွေမှာ စိတ်ဒဏ်ရာတွေ ရသွားတဲ့ ဖြစ်စဉ်တွေကျမတို့မှာ ရှိပါတယ်။ အခု ၂၀၁၉ နဲ့ ၂၀၂၀မှာ ဘယ်ဘက်က ဖမ်းလို့ ဖမ်းမှ မသိပဲ ပျောက်ဆုံးနေတဲ့ အရေအတွက် ၁၄ ယောက်လောက်ရှိပါတယ်။ အခု AA ကဖမ်းဆီးသွားတဲ့ ကိုအောင်စိုးတို့ လေးဦးနဲ့ နောက် ဧပြီလဆိုရင်လည်း စေတနာ့ဝန်ထမ်းလုပ်နေတဲ့ ပလက်ဝမြို့က ဦးမြင့်မောင်ကို AA က အိမ်မှာ ညဘက် လာပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ အဲတော့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရတဲ့ လူပေါင်း အယောက် ၂၀ကျော်ရှိနေပါတယ်။ တောက်လျောက်ဒီလို ဖြစ်စဉ်တွေရှိလာတဲ့အခါမှာ လူထုအနေနဲ့ အမြဲတမ်း ထိတ်လန့်ကြောက်ရွံနေတဲ့ အနေအထားမျိုး ဖြစ်နေပါတယ်။"

AA က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးအဖွဲ့ဝင် ကိုအောင်စိုးအပါအဝင် အခြားလူငယ်တွေ လွတ်မြောက်ရေးချင်းအရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ ကြိုးပမ်းနေကြောင်း ချင်းပြည်နယ်အစိုးရ အပါအဝင် ဗဟိုအစိုးရ အနေနဲ့လည်း ဒီဖြစ်ရပ်တွေကို သိရှိထားမယ်လို့ ယူဆကြောင်း မိုင်နန်းဝေကပြောပါတယ်။

ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ သြဂုတ်လ (၃)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ AA အဖွဲ့က ဖမ်းဆီး ခေါ်သွားတဲ့ လူငယ်လေးဦးနဲ့ ပတ်သက်လို့ ကိုအောင်စိုးဟာ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စည်းရုံးရေးအဖွဲ့ဝင်ထဲမှာ ပါနေတဲ့အတွက် ခေါ်ဆောင်သွားတာ ဖြစ်ကြောင်းနဲ့ကျန်လူငယ်သုံးဦးကိုလည်း မေးစရာရှိနေသေးတဲ့အတွက် AA က ထိန်းသိမ်းထားတာဖြစ်ကြောင်းပြန်ပြီး ကြားသိခဲ့ရတဲ့ ဒေသခံကျေးရွာ တာဝန်ရှိသူတဦးပြောပြချက်ကို ကိုးကား ဖေါ်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG