သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကခ်င္ မံစီၿမိဳ႕နယ္တြင္း တိုက္ပဲြျပင္းထန္


KIA တပ္ဖဲြ႔ဝင္တခ်ိဳ႕။ (ႏိုဝင္ဘာ ၀၂၊ ၂၀၁၃)

[Zawgyi/Unicode]

ကခ်င္ျပည္နယ္ မုိးေမာက္ၿမိဳ ႔နယ္က KIA ထိန္းခ်ဳပ္ထားတဲ့ အေလာ့ဘြမ္စခန္းကို စစ္ေကာင္စီတပ္ေတြက ထုိးစစ္ဆင္ဖုိ႔ အင္အားျဖည့္တင္းေနခ်ိန္မွာ မံစီၿမိဳ ႔နယ္က စစ္တပ္စခန္းတခ်ိဳ ႔ကို KIA က ျဖန္႔ခဲြတုိက္ခိုက္ေနသလို ျမန္မာစစ္တပ္ ေလေၾကာင္းကပါ တုံ႔ျပန္ တိုက္ခိုက္တဲ့အတြက္ တိုက္ပဲြေတြ ျပင္းထန္ေနပါတယ္။ တခ်ိန္တည္းမွာပဲ မိုးေမာက္ၿမိဳ ႔နယ္ ၿမိဳ ႔သစ္၊ ကုန္းေလာရြာအေနာက္ဘက္က တပ္စခန္းေတြကို KIA ဘက္က တုိက္ခိုက္မႈခဲ့ပါတယ္။ ကခ်င္ျပည္နယ္တြင္း တုိက္ပဲြအေျခအေန ရန္ကုန္ကေပးပို႔ထားတဲ့သတင္းကို ကိုၿငိမ္းခ်မ္းေျပာျပမွာပါ။

ဗန္းေမာ္ခရိုင္ မိုးေမာက္ၿမိဳ႕နယ္က ျမစ္ၾကီးနား ဗန္းေမာ္လမ္းမၾကီးကို စိုးမိုးထားတ့ဲ အေလာ့ဘြမ္စခန္းကို တိုက္ခိုက္ဖုိ႔ စစ္ေကာင္စီဘက္က တပ္အင္အားေတြ ပို႔ေဆာင္ေနခ်ိန္မွာပဲ ဗန္းေမာ္ခရိုင္ မံစီဘက္မွာ တိုက္ပဲြေတြ ျပင္းထန္လာေနတာပါ။

လက္ရိွ မံစီၿမိဳ႕နယ္တိုက္ပဲြမွာ တပ္မေတာ္ဘက္ ေလေၾကာင္းကပါ တုိက္ခိုက္ေနတယ္လို႔ KIA ရဲ႕ ျပန္ၾကားေရးတာ၀န္ခံ ဗိုလ္မွဴးၾကီးေနာ္ဘူက ဗီြအိုေအကို အခုလုိ ေျပာပါတယ္။

“ဟို... မံစီ မဒန္ယန္ဆိုတဲ့ စခန္းကို KIA ဘက္ မေန႔ကေန ၀င္တိုက္တာ။ ဒီေန႔လည္း ျပန္တုိက္တာ။ ဆိုေတာ့ ဒီေန႔ ၁၀ နာရီပိုင္းအခ်ိန္ကေန စစ္ေကာင္စီဘက္ကေန ျပန္စစ္ကူတဲ့အေနအထား ျဖစ္ပါတယ္။ အခု ၁၂ နာရီေက်ာ္မွာလည္း တစ္ခါလာတယ္လုိ႔ ေျပာၾကတယ္။ သူက ၂ ေခါက္၊ ၃ ေခါက္ေလာက္ေတာ့ ေရာက္ၿပီထင္တယ္။ ေလေၾကာင္းနဲ႔ ပစ္ကူ။"

မံစီေဒသခံေတြကေတာ့ မဒန္ယန္အနီးက တပ္မေတာ္ တပ္စခန္းတစ္ခုကို KIA က ေန႔ခင္းပိုင္းက သိမ္းယူခဲ့ေၾကာင္း ေျပာေပမဲ့ သီးျခား အတည္ျပဳခ်က္မရပါဘူး။ မံစီၿမိဳ ႔ေတာင္ဘက္က ဟန္ထက္ဘက္မွာလည္း KIA တပ္ေတြ စုရံုးေနေၾကာင္းလည္း ေဒသခံေတြက ေျပာပါတယ္။

အဓိက တိုက္ပဲြေနရာျဖစ္တဲ့ မိုးေမာက္ၿမိိဳ ႔နယ္ အေလာ့ဘြမ္ဘက္က အေျခအေနကိုလည္း ဗိုလ္မွဴးၾကီးေနာ္ဘူက အခုလို ဆက္ေျပာပါတယ္။

“ႏြမ္းလန္းဘက္မွာေတာ့ တစ္ေန႔ညကေန တက္လာတဲ့ သူတုိ႔ ေျမျပင္ကေန တက္လာတဲ့ တပ္မေတာ္ စစ္သားေတြကို KIA ကေန ခုခံတဲ့ တုိက္ပဲြေတြ ရိွခဲ့ပါတယ္။ ဒါေပမဲ့ ဒီမနက္ကေတာ့ မၾကားမိပါဘူး။ ေနာက္ ေလေၾကာင္းနဲ႔ တုိက္တာလည္း ရိွပါတယ္။ မေန႔ကလည္း အေလာ့ဘြမ္ဘက္၊ အေလာ့ဘြမ္ဘက္ နည္းနည္း အစြယ္မွာေပါ့ေနာ္.... တပ္စခန္းေတာင္ တစ္ေတာင္ရိွပါတယ္။ ေဂ်ာေမာ။ ေဂ်ာေမာဆုိတဲ့ေနရာမွာလည္း ေလေၾကာင္းနဲ႔ တုိက္တာ ရိွပါတယ္။ ဒါေပမဲ့ ဒီေန႔ အခုထက္ထိကေတာ့ စစ္ဘက္က သတင္းက က်ေနာ္တုိ႔ ဆီမွာ မတက္ေသးပါဘူး။”

မုိးေမာက္ေဒသခံတစ္ဦးကေတာ့ အေလာ့ဘြမ္ေတာင္ေျခဘက္မွာ ဒီမနက္ ပစ္ခတ္သံေတြၾကားရေၾကာင္း ဒါေပမဲ့ ဒီကေန႔ ေလေၾကာင္းက တိုက္တာမၾကားေၾကာင္း ေျပာပါတယ္

“ဒီေန႔ မနက္လည္း ခုဏတုန္းက အေလာ့ေတာင္ေျခမွာ တိုက္ေနတုန္းပဲ။ ဒီေန႔ေတာ့ ေလယာဥ္ေတာ့ အသံေတာ့မၾကားဘူး။ ဒီေန႔က မလာဘူး။ လက္နက္ၾကီးေတြ ဘာေတြေတာ့ တခါတေလေတာ့ ပစ္လာတယ္။ ေဒါ့ဖုန္းယန္ေအာက္ အူထန္ယန္ရြာ ဟိုဘက္ တာေလေခ်ာင္းကမ္းဘက္ ေတာင္ေျခဘက္ကေတာ့ တိုက္တယ္လို႔ ေျပာတယ္။ အေလာ့ဘြမ္ေတာင္ေျခလည္း ဒီေန႔ ေသနတ္အေသးနဲ႔ ပစ္တယ္လို႔ ေျပာတယ္။ အၾကီးနဲ႔ေတာ့ မပစ္ဘူး။

မေန႔ညက မိုးေမာက္ၿမိဳ႕နယ္ ၿမိဳ႕သစ္၊ ကုန္းေလာ အေနာက္ဘက္ ေက်းရြာေတြမွာ အေျခစိုက္တဲ့ တပ္မေတာ္ တပ္စခန္းေတြကို KIA က တိုက္ခုိက္တာေတြ ရိွေၾကာင္း ေျပာပါတယ္။

“မေန႔ညက ၈ နာရီေက်ာ္၊ ၉ နာရီခဲြေလာက္ေပါ့။ အဲဒီေလာက္ထိ တိုက္ပဲြျဖစ္တယ္။ ေနာင္ကြမ္တပ္မွာ KIA ဘက္က လာပစ္တယ္လို႔ ေျပာတယ္။”

ဗုိလ္မွဴးၾကီးေနာ္ဘူကေတာ့ ၿမိဳ႕သစ္၊ ကုန္းေလာအေနာက္ ေနာင္ကြမ္၊ ေနာင္မေကာက္၊ မခြယ္ စတဲ့ စစ္ေကာင္စီတပ္ေတြ အေျခစိုက္ရာ ရြာေတြနဲ႔ ၿမိဳ ႔သစ္ေတာင္ဘက္က ဒါဆုိင္မွာလည္း ထိေတြ႔ တုိက္ပဲြျဖစ္ခဲ့တယ္လို႔ ေျပာပါတယ္။

ေဒသတြင္း သတင္းမီဒီယာေတြကေတာ့ အဂၤါေန႔ မနက္က ေရႊကူၿမိဳ ႔နယ္မွာ ပစ္ခတ္ခံရလို႔ စင္းခန္းမွာ ရပ္တန္႔ထားတဲ့ သေဘၤာေပၚက စစ္ရိကၡာေတြကို ကုန္းလမ္းကေန ပို႔ေဆာင္ရာမွာ လမ္းမွာ KIA က တိုက္ခိုက္ခဲ့ေၾကာင္းနဲ႔ ညပိုင္းမွာ ေရႊကူၿမိဳ ႔ ၿမိဳ ႔လွ ရဲစခန္း မီးရႈိ႕ခံရေၾကာင္း ေဖာ္ျပထားပါတယ္။

တပ္မေတာ္ဘက္က စစ္ေရးအရ အခ်က္အျခာက်တဲ့ အေလာ့ဘြမ္စခန္းကို ထိုးစစ္ဆင္ဖုိ႔ ျပင္ဆင္ေနခ်ိန္မွာ အေလာ့ဘြမ္စခန္းေအာက္မွာရိွတဲ့ ရွန္ဒုံဆိုတဲ့ တပ္စခန္းမွာ စစ္ေကာင္စီတပ္ဖဲြ႔အခ်ိဳ ႔ ပိတ္မိေနတာေၾကာင့္ ဒီ တစ္ရက္၊ ႏွစ္ရက္မွာေတာ့ ရွန္ဒုံစခန္းေနရာမွာ တုိက္ပဲြျပင္းထန္လာႏိုင္ေၾကာင္း KIA က ခန္႔မွန္းထားပါတယ္။

တပ္မေတာ္ဘက္ကေတာ့ လက္ရိွ ကခ်င္ျပည္နယ္တြင္း ျဖစ္တဲ့ တုိက္ပဲြသတင္းေတြ ထုတ္ျပန္တာ မရိွေသးပါဘူး။

ကခ်င္ မံစီၿမိဳ႕နယ္တြင္း တိုက္ပဲြျပင္းထန္
please wait

No media source currently available

0:00 0:03:24 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကချင် မံစီမြို့နယ်တွင်း တိုက်ပွဲပြင်းထန်

ကချင်ပြည်နယ် မိုးမောက်မြို့နယ်က KIA ထိန်းချုပ်ထားတဲ့ အလော့ဘွမ်စခန်းကို စစ်ကောင်စီတပ်တွေက ထိုးစစ်ဆင်ဖို့ အင်အားဖြည့်တင်းနေချိန်မှာ မံစီမြို့နယ်က စစ်တပ်စခန်းတချို့ကို KIA က ဖြန့်ခွဲတိုက်ခိုက်နေသလို မြန်မာစစ်တပ် လေကြောင်းကပါ တုံ့ပြန် တိုက်ခိုက်တဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ တချိန်တည်းမှာပဲ မိုးမောက်မြို့နယ် မြို့သစ်၊ ကုန်းလောရွာအနောက်ဘက်က တပ်စခန်းတွေကို KIA ဘက်က တိုက်ခိုက်မှုခဲ့ပါတယ်။ ကချင်ပြည်နယ်တွင်း တိုက်ပွဲအခြေအနေ ရန်ကုန်ကပေးပို့ထားတဲ့သတင်းကို ကိုငြိမ်းချမ်းပြောပြမှာပါ။

ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်က မြစ်ကြီးနား ဗန်းမော်လမ်းမကြီးကို စိုးမိုးထားတဲ့ အလော့ဘွမ်စခန်းကို တိုက်ခိုက်ဖို့ စစ်ကောင်စီဘက်က တပ်အင်အားတွေ ပို့ဆောင်နေချိန်မှာပဲ ဗန်းမော်ခရိုင် မံစီဘက်မှာ တိုက်ပွဲတွေ ပြင်းထန်လာနေတာပါ။

လက်ရှိ မံစီမြို့နယ်တိုက်ပွဲမှာ တပ်မတော်ဘက် လေကြောင်းကပါ တိုက်ခိုက်နေတယ်လို့ KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ဟို... မံစီ မဒန်ယန်ဆိုတဲ့ စခန်းကို KIA ဘက် မနေ့ကနေ ဝင်တိုက်တာ။ ဒီနေ့လည်း ပြန်တိုက်တာ။ ဆိုတော့ ဒီနေ့ ၁၀ နာရီပိုင်းအချိန်ကနေ စစ်ကောင်စီဘက်ကနေ ပြန်စစ်ကူတဲ့အနေအထား ဖြစ်ပါတယ်။ အခု ၁၂ နာရီကျော်မှာလည်း တစ်ခါလာတယ်လို့ ပြောကြတယ်။ သူက ၂ ခေါက်၊ ၃ ခေါက်လောက်တော့ ရောက်ပြီထင်တယ်။ လေကြောင်းနဲ့ ပစ်ကူ။"

မံစီဒေသခံတွေကတော့ မဒန်ယန်အနီးက တပ်မတော် တပ်စခန်းတစ်ခုကို KIA က နေ့ခင်းပိုင်းက သိမ်းယူခဲ့ကြောင်း ပြောပေမဲ့ သီးခြား အတည်ပြုချက်မရပါဘူး။ မံစီမြို့တောင်ဘက်က ဟန်ထက်ဘက်မှာလည်း KIA တပ်တွေ စုရုံးနေကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။

အဓိက တိုက်ပွဲနေရာဖြစ်တဲ့ မိုးမောက်မြို့နယ် အလော့ဘွမ်ဘက်က အခြေအနေကိုလည်း ဗိုလ်မှူးကြီးနော်ဘူက အခုလို ဆက်ပြောပါတယ်။

“နွမ်းလန်းဘက်မှာတော့ တစ်နေ့ညကနေ တက်လာတဲ့ သူတို့ မြေပြင်ကနေ တက်လာတဲ့ တပ်မတော် စစ်သားတွေကို KIA ကနေ ခုခံတဲ့ တိုက်ပွဲတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီမနက်ကတော့ မကြားမိပါဘူး။ နောက် လေကြောင်းနဲ့ တိုက်တာလည်း ရှိပါတယ်။ မနေ့ကလည်း အလော့ဘွမ်ဘက်၊ အလော့ဘွမ်ဘက် နည်းနည်း အစွယ်မှာပေါ့နော်.... တပ်စခန်းတောင် တစ်တောင်ရှိပါတယ်။ ဂျောမော။ ဂျောမောဆိုတဲ့နေရာမှာလည်း လေကြောင်းနဲ့ တိုက်တာ ရှိပါတယ်။ ဒါပေမဲ့ ဒီနေ့ အခုထက်ထိကတော့ စစ်ဘက်က သတင်းက ကျနော်တို့ ဆီမှာ မတက်သေးပါဘူး။”

မိုးမောက်ဒေသခံတစ်ဦးကတော့ အလော့ဘွမ်တောင်ခြေဘက်မှာ ဒီမနက် ပစ်ခတ်သံတွေကြားရကြောင်း ဒါပေမဲ့ ဒီကနေ့ လေကြောင်းက တိုက်တာမကြားကြောင်း ပြောပါတယ်။

“ဒီနေ့ မနက်လည်း ခုဏတုန်းက အလော့တောင်ခြေမှာ တိုက်နေတုန်းပဲ။ ဒီနေ့တော့ လေယာဉ်တော့ အသံတော့မကြားဘူး။ ဒီနေ့က မလာဘူး။ လက်နက်ကြီးတွေ ဘာတွေတော့ တခါတလေတော့ ပစ်လာတယ်။ ဒေါ့ဖုန်းယန်အောက် အူထန်ယန်ရွာ ဟိုဘက် တာလေချောင်းကမ်းဘက် တောင်ခြေဘက်ကတော့ တိုက်တယ်လို့ ပြောတယ်။ အလော့ဘွမ်တောင်ခြေလည်း ဒီနေ့ သေနတ်အသေးနဲ့ ပစ်တယ်လို့ ပြောတယ်။ အကြီးနဲ့တော့ မပစ်ဘူး။

မနေ့ညက မိုးမောက်မြို့နယ် မြို့သစ်၊ ကုန်းလော အနောက်ဘက် ကျေးရွာတွေမှာ အခြေစိုက်တဲ့ တပ်မတော် တပ်စခန်းတွေကို KIA က တိုက်ခိုက်တာတွေ ရှိကြောင်း ပြောပါတယ်

“မနေ့ညက ၈ နာရီကျော်၊ ၉ နာရီခွဲလောက်ပေါ့။ အဲဒီလောက်ထိ တိုက်ပွဲဖြစ်တယ်။ နောင်ကွမ်တပ်မှာ KIA ဘက်က လာပစ်တယ်လို့ ပြောတယ်။”

ဗိုလ်မှူးကြီးနော်ဘူကတော့ မြို့သစ်၊ ကုန်းလောအနောက် နောင်ကွမ်၊ နောင်မကောက်၊ မခွယ် စတဲ့ စစ်ကောင်စီတပ်တွေ အခြေစိုက်ရာ ရွာတွေနဲ့ မြို့သစ်တောင်ဘက်က ဒါဆိုင်မှာလည်း ထိတွေ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

ဒေသတွင်း သတင်းမီဒီယာတွေကတော့ အင်္ဂါနေ့ မနက်က ရွှေကူမြို့နယ်မှာ ပစ်ခတ်ခံရလို့ စင်းခန်းမှာ ရပ်တန့်ထားတဲ့ သင်္ဘောပေါ်က စစ်ရိက္ခာတွေကို ကုန်းလမ်းကနေ ပို့ဆောင်ရာမှာ လမ်းမှာ KIA က တိုက်ခိုက်ခဲ့ကြောင်းနဲ့ ညပိုင်းမှာ ရွှေကူမြို့ မြို့လှ ရဲစခန်း မီးရှို့ခံရကြောင်း ဖော်ပြထားပါတယ်။

တပ်မတော်ဘက်က စစ်ရေးအရ အချက်အခြာကျတဲ့ အလော့ဘွမ်စခန်းကို ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေချိန်မှာ အလော့ဘွမ်စခန်းအောက်မှာရှိတဲ့ ရှန်ဒုံဆိုတဲ့ တပ်စခန်းမှာ စစ်ကောင်စီတပ်ဖွဲ့အချို့ ပိတ်မိနေတာကြောင့် ဒီ တစ်ရက်၊ နှစ်ရက်မှာတော့ ရှန်ဒုံစခန်းနေရာမှာ တိုက်ပွဲပြင်းထန်လာနိုင်ကြောင်း KIA က ခန့်မှန်းထားပါတယ်။

တပ်မတော်ဘက်ကတော့ လက်ရှိ ကချင်ပြည်နယ်တွင်း ဖြစ်တဲ့ တိုက်ပွဲသတင်းတွေ ထုတ်ပြန်တာ မရှိသေးပါဘူး။

XS
SM
MD
LG