(Zawgyi / Unicode)
ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္မွာ စစ္ေကာင္စီတပ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္ ညီေနာင္မဟာမိတ္သုံးဖြဲ႔ ပူးေပါင္းစစ္ေၾကာင္းတို႔အၾကား တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းေတြက ျဖစ္ပြားတဲ့ တိုက္ပြဲေတြမွာလည္း ေဒသခံေတြ ထိခိုက္မႈရွိေနသလို တိုက္ပြဲေၾကာင့္ စစ္ေရွာင္ရြာသားေတြ ေနရပ္မျပန္ႏုိင္ေသးတဲ့ အေျခအေနကို ႏုိင္ကြန္းအိန္ တင္ျပေပးထားပါတယ္။
စစ္ေကာင္စီကေန ေမလကုန္အထိ အပစ္အခတ္ ရပ္စဲထားေၾကာင္း ေၾကညာထားေပမယ့္ ကြတ္ခိုင္ၿမိဳ႕နယ္အတြင္းမွာေတာ့ ျမန္မာစစ္တပ္နဲ႔ TNLA၊ AA၊ MNDAA ညီေနာင္မဟာမိတ္သုံးဖြဲ႔ ပူးတြဲစစ္ေၾကာင္းတို႔အၾကား တိုက္ပြဲျဖစ္ပြားေနတာပါ။
မေန႔က စေနေန႔ညေနပိုင္းမွာ ကြတ္ခိုင္ၿမိဳ႕နယ္၊ နမ့္ဟူးေက်းရြာနဲ႔ ေနာင္ခ်ိဳေက်းရြာအၾကား ညီေနာင္မဟာမိတ္အဖြဲ႔နဲ႔ ျမန္မာစစ္တပ္တို႔ တိုက္ပြဲျဖစ္ပြားေၾကာင္း TNLA တအာင္းပေလာင္တပ္ဖြဲ႔ ေျပာခြင့္ရ ဗို္လ္မွဴးတာအိုက္ေက်ာ္က ေျပာပါတယ္။
“မေန႔ကေတာ့ ဒီ ကြတ္ခိုင္ၿမိဳ႕နယ္ နမ့္ဟူးနဲ႔ ေနာင္ခ်ိဳရြာၾကားမွာ ျဖစ္တယ္။ အခ်ိန္ကေတာ့ ေန႔လယ္ ၂ နာရီ ၅၀ ေလာက္ကေန ၆ နာရီခြဲအထိ ျဖစ္တယ္။ တပ္ဘက္ကေတာ့ တပ္မ ၃၃ ခမရ ၁၂ ျဖစ္တယ္။ က်ေနာ္တို႔ ၃ ဖြဲ႔ရွိတဲ့ေနရာကို လာေရာက္ထိုးစစ္ဆင္ တုိက္ခိုက္ေတာ့ ျဖစ္တယ္။ ထိခိုက္မႈကေတာ့ က်ေနာ္တုိ႔ဘက္ကေတာ့ မရွိဘူး။”
ဒီျဖစ္ပြားတဲ့ တိုက္ပြဲအတြင္း ထိခိုက္မႈကိုေတာ့ မသိရေသးဘူးလို႔ သူကဆိုပါတယ္။
ၿပီးခဲ့တဲ့ ေမလ ၇ ရက္ေန႔မွာလည္း ကြတ္ခိုင္ၿမိဳ႕နယ္ နမ့္ခိုမ္ေက်းရြာနဲ႔ မန္ယဥ္ေက်းရြာအၾကားမွာ ျမန္မာစစ္တပ္နဲ႔ ညီေနာင္မဟာမိတ္ တပ္တို႔အၾကား တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။
စစ္ေကာင္စီကေန ေမလကုန္အထိ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ေတြနဲ႔ အပစ္အခတ္ ရပ္စဲထားေၾကာင္း ေၾကညာထားေပမယ့္ ရွမ္းျပည္နယ္အတြင္း ေျမျပင္မွာ တိုက္ပြဲရွိေနဆဲလို႔ ဗို္လ္မွဴးတာအိုက္ေက်ာ္က ေျပာပါတယ္။
“အရင္ကလည္း သူတို႔ စာထုတ္ေနၾကပဲ။ ဒါေပမယ့္ ေျမျပင္မွာကေတာ့ တိုက္ပြဲေတြ ျဖစ္ရွိေနတယ္။ သူတို႔က စာရြက္ေပၚမွာပဲ ထုတ္တယ္။ ေျမျပင္မွာက်ေတာ့ ထိုးစစ္ေတြျပဳလုပ္တယ္။ အဲဒါေၾကာင့္မို႔ တိုက္ပြဲထိေတြ႔မႈေတြ ျဖစ္သြားတယ္။”
ၿပီးခဲ့တဲ့ ေမလ ၄ ရက္ေန႔မွာလည္း ကြတ္ခိုင္ၿမိဳ႕နယ္ ျပည္ေထာင္စုလမ္းမမွာ စစ္ေကာင္စီတပ္နဲ႔ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႔တို႔အၾကား တိုက္ပြဲျဖစ္ပြားခဲ့ရာမွာ ေဒသခံေတြ ထိခိုက္မႈေတြလည္း ရွိေနတယ္လို႔ ၿမိဳ႕ခံတဦးက ေျပာပါတယ္။
“သူတို႔ ဟို ျပည္ေထာင္စုလမ္းမႀကီးေပၚမွာ ပစ္တယ္။ ျပည္သူေတြ ၄ ေယာက္ ထိတယ္။ တခ်ိဳ႕ထိခိုက္သူေတြက ျပည္သူ႔ေဆး႐ုံမွာထားတယ္။ တခ်ိဳ႕က်ေတာ့လည္း လား႐ႈိးေဆး႐ုံကို လႊဲထားတယ္။”
ကြတ္ခိုင္ၿမိဳ႕နယ္ဘက္ တုိက္ပြဲအေျခအေနကို သိရွိဖို႔ တပ္မေတာ္ေျပာခြင့္ရကို ဆက္သြယ္ခဲ့ေပမယ့္ မရခဲ့ပါဘူး။
ကြတ္ခိုင္ၿမိဳ႕နယ္မွာ ျမန္မာစစ္တပ္နဲ႔ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ေတြအၾကား စစ္ေရးတင္းမာမႈအတြင္း ရြာသား ၁,၀၀၀ ေလာက္ ေနရပ္ကို စြန္႔ခြာ စစ္ေဘးတိမ္းေရွာင္ေနရၿပီး အခုထိ ေနရပ္မျပန္ႏုိင္ေသးဘူးလို႔ စစ္ေရွာင္အကူအညီေပးသူတဦးက ေျပာပါတယ္။
“ေနရပ္ျပန္ေရးကို သူတို႔က ျပန္မယ္ဆိုတဲ့ဟာနဲ႔ အခုေတာ့ မတည္မၿငိမ္တဲ့အတြက္ေၾကာင့္မို႔ Camp မွာ ဒီအတိုင္းပဲ ရွိေနေသးတယ္။ ကြတ္ခိုင္ၿမိဳ႕မွာ စစ္ေရွာင္ဦးေရက KBC1-2 ပဲဆို ၅၀၀ ေလာက္ေတာ့ ရွိမွာေပါ့။ တျခား ဒီ ကြတ္ခိုင္ၿမိဳ႕ပတ္ဝန္းက်င္ အားလုံးေပါင္းရင္ေတာ့ ၁,၀၀၀ ေက်ာ္ေလာက္ေတာ့ ရွိဦးမွာ။”
ဒီစစ္ေရွာင္ေတြဟာ ၂၀၁၆ ခုႏွစ္ကတည္းက ေနရပ္ကေန တိမ္းေရွာင္လာတာျဖစ္ၿပီး မတည္ၿငိမ္ေသးတဲ့ စစ္ေရးအေျခအေနေၾကာင့္ ေနရပ္ရင္းကို မျပန္ႏုိင္ေသးပါဘူး။
ရွမ္းျပည္နယ္မွာ ျမန္မာစစ္တပ္နဲ႔ TNLA တအာင္းပေလာင္အဖြဲ႔၊ MNDAA ကိုးကန္႔တပ္ဖြဲ႔တို႔နဲ႔ အစဥ္လို တိုက္ပြဲျဖစ္ပြားေနၿပီး ေတာင္ပိုင္းရွမ္းျပည္တပ္မေတာ္ RCSS/SSA နဲ႔လည္း ရံဖန္ရံခါ တိုက္ပြဲျဖစ္ပြားေနပါတယ္။
အလားတူ ကခ်င္ျပည္နယ္မွာ ျမန္မာစစ္တပ္နဲ႔ KIA ကခ်င္လြတ္လပ္ေရးအဖြဲ႔နဲ႔ တိုက္ပြဲျဖစ္ပြားေနဆဲျဖစ္သလို ကရင္ျပည္နယ္ ဖာပြန္ခ႐ုိင္ဘက္မွာလည္း KNU ကရင္အမ်ိဳးသားအစည္းအ႐ုံး တပ္မဟာ ၅ တပ္ဖြဲ႔ေတြနဲ႔ တိုက္ပြဲျဖစ္ပြားေနတဲ့ အေျခအေနမွာ ရွိပါတယ္။
---------------------
(Unicode)
ကွတ်ခိုင်မှာ တိုင်းရင်းသားညီနောင်သုံးဖွဲ့နဲ့ မြန်မာစစ်တပ် တိုက်ပွဲဖြစ်ပွား
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် ညီနောင်မဟာမိတ်သုံးဖွဲ့ ပူးပေါင်းစစ်ကြောင်းတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာလည်း ဒေသခံတွေ ထိခိုက်မှုရှိနေသလို တိုက်ပွဲကြောင့် စစ်ရှောင်ရွာသားတွေ နေရပ်မပြန်နိုင်သေးတဲ့ အခြေအနေကို နိုင်ကွန်းအိန် တင်ပြပေးထားပါတယ်။
စစ်ကောင်စီကနေ မေလကုန်အထိ အပစ်အခတ် ရပ်စဲထားကြောင်း ကြေညာထားပေမယ့် ကွတ်ခိုင်မြို့နယ်အတွင်းမှာတော့ မြန်မာစစ်တပ်နဲ့ TNLA၊ AA၊ MNDAA ညီနောင်မဟာမိတ်သုံးဖွဲ့ ပူးတွဲစစ်ကြောင်းတို့အကြား တိုက်ပွဲဖြစ်ပွားနေတာပါ။
မနေ့က စနေနေ့ညနေပိုင်းမှာ ကွတ်ခိုင်မြို့နယ်၊ နမ့်ဟူးကျေးရွာနဲ့ နောင်ချိုကျေးရွာအကြား ညီနောင်မဟာမိတ်အဖွဲ့နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားကြောင်း TNLA တအာင်းပလောင်တပ်ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးတာအိုက်ကျော်က ပြောပါတယ်။
“မနေ့ကတော့ ဒီ ကွတ်ခိုင်မြို့နယ် နမ့်ဟူးနဲ့ နောင်ချိုရွာကြားမှာ ဖြစ်တယ်။ အချိန်ကတော့ နေ့လယ် ၂ နာရီ ၅၀ လောက်ကနေ ၆ နာရီခွဲအထိ ဖြစ်တယ်။ တပ်ဘက်ကတော့ တပ်မ ၃၃ ခမရ ၁၂ ဖြစ်တယ်။ ကျနော်တို့ ၃ ဖွဲ့ရှိတဲ့နေရာကို လာရောက်ထိုးစစ်ဆင် တိုက်ခိုက်တော့ ဖြစ်တယ်။ ထိခိုက်မှုကတော့ ကျနော်တို့ဘက်ကတော့ မရှိဘူး။”
ဒီဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ထိခိုက်မှုကိုတော့ မသိရသေးဘူးလို့ သူကဆိုပါတယ်။
ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့မှာလည်း ကွတ်ခိုင်မြို့နယ် နမ့်ခိုမ်ကျေးရွာနဲ့ မန်ယဉ်ကျေးရွာအကြားမှာ မြန်မာစစ်တပ်နဲ့ ညီနောင်မဟာမိတ် တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
စစ်ကောင်စီကနေ မေလကုန်အထိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲထားကြောင်း ကြေညာထားပေမယ့် ရှမ်းပြည်နယ်အတွင်း မြေပြင်မှာ တိုက်ပွဲရှိနေဆဲလို့ ဗိုလ်မှူးတာအိုက်ကျော်က ပြောပါတယ်။
“အရင်ကလည်း သူတို့ စာထုတ်နေကြပဲ။ ဒါပေမယ့် မြေပြင်မှာကတော့ တိုက်ပွဲတွေ ဖြစ်ရှိနေတယ်။ သူတို့က စာရွက်ပေါ်မှာပဲ ထုတ်တယ်။ မြေပြင်မှာကျတော့ ထိုးစစ်တွေပြုလုပ်တယ်။ အဲဒါကြောင့်မို့ တိုက်ပွဲထိတွေ့မှုတွေ ဖြစ်သွားတယ်။”
ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့မှာလည်း ကွတ်ခိုင်မြို့နယ် ပြည်ထောင်စုလမ်းမမှာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ ဒေသခံတွေ ထိခိုက်မှုတွေလည်း ရှိနေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
“သူတို့ ဟို ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ပစ်တယ်။ ပြည်သူတွေ ၄ ယောက် ထိတယ်။ တချို့ထိခိုက်သူတွေက ပြည်သူ့ဆေးရုံမှာထားတယ်။ တချို့ကျတော့လည်း လားရှိုးဆေးရုံကို လွှဲထားတယ်။”
ကွတ်ခိုင်မြို့နယ်ဘက် တိုက်ပွဲအခြေအနေကို သိရှိဖို့ တပ်မတော်ပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။
ကွတ်ခိုင်မြို့နယ်မှာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား စစ်ရေးတင်းမာမှုအတွင်း ရွာသား ၁,၀၀၀ လောက် နေရပ်ကို စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေရပြီး အခုထိ နေရပ်မပြန်နိုင်သေးဘူးလို့ စစ်ရှောင်အကူအညီပေးသူတဦးက ပြောပါတယ်။
“နေရပ်ပြန်ရေးကို သူတို့က ပြန်မယ်ဆိုတဲ့ဟာနဲ့ အခုတော့ မတည်မငြိမ်တဲ့အတွက်ကြောင့်မို့ Camp မှာ ဒီအတိုင်းပဲ ရှိနေသေးတယ်။ ကွတ်ခိုင်မြို့မှာ စစ်ရှောင်ဦးရေက KBC1-2 ပဲဆို ၅၀၀ လောက်တော့ ရှိမှာပေါ့။ တခြား ဒီ ကွတ်ခိုင်မြို့ပတ်ဝန်းကျင် အားလုံးပေါင်းရင်တော့ ၁,၀၀၀ ကျော်လောက်တော့ ရှိဦးမှာ။”
ဒီစစ်ရှောင်တွေဟာ ၂၀၁၆ ခုနှစ်ကတည်းက နေရပ်ကနေ တိမ်းရှောင်လာတာဖြစ်ပြီး မတည်ငြိမ်သေးတဲ့ စစ်ရေးအခြေအနေကြောင့် နေရပ်ရင်းကို မပြန်နိုင်သေးပါဘူး။
ရှမ်းပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ TNLA တအာင်းပလောင်အဖွဲ့၊ MNDAA ကိုးကန့်တပ်ဖွဲ့တို့နဲ့ အစဉ်လို တိုက်ပွဲဖြစ်ပွားနေပြီး တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSA နဲ့လည်း ရံဖန်ရံခါ တိုက်ပွဲဖြစ်ပွားနေပါတယ်။
အလားတူ ကချင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ KIA ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သလို ကရင်ပြည်နယ် ဖာပွန်ခရိုင်ဘက်မှာလည်း KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၅ တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေမှာ ရှိပါတယ်။