သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

RCSS နဲ႔ TNLA တိုက္ပဲြ နမၼတူ ၿမိဳ႕နယ္ ရြာသား၂၀၀၀ ခန္႔ တိမ္းေရွာင္


နမၼတူၿမိဳ႕နယ္ ပန္လံုေက်းရြာအုပ္စုတြင္ တိုက္ပြဲေၾကာင့္ မီးေလာင္ကၽြမ္းသြားေသာ အိမ္မ်ား

(Zawgyi/Unicode)

ရွမ္းျပည္နယ္ေျမာက္ပိုင္း နမၼတူၿမိဳ႕နယ္ ပန္လံုေက်းရြာအုပ္စုမွာ တိုင္းရင္းသားလက္နက္ကိုင္တပ္ဖဲြ႔ေတြအၾကား တိုက္ပဲြေတြထပ္မံျဖစ္ပြားေနၿပီး ေနအိမ္တခိ်ဳ႔မီးေလာင္ခဲ့သလို ရြာသားေတြဟာလည္း စစ္ေဘးလြတ္ရာကို ထပ္မံ တိမ္းေရွာင္ေနရပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကုိ ကုိေဇာ္၀င္းလႈိင္က တင္ျေပပးပါမယ္။

နမၼတူၿမိဳ႔နယ္ ၊ ပန္လံုေက်းရြာအုပ္စုအတြင္းမွာ RCSS/SSA ေတာင္ပိုင္းတပ္နဲ႔ TNLA တအန္း(ပေလာင္)၊ SSPP/SSA ေျမာက္ပိုင္း ပူးတပ္ေတြအၾကား မတ္လကုန္ပိုင္း စတင္ျဖစ္ခဲ့ၿပီး သၾကၤန္ကာလမွာ တိုက္ပဲြေတြ ၿငိမ္သက္ေနခဲ့ရာက ဗုဒၶဟူးေန႔ ညေနခင္းပိုင္းမွာ တုိက္ပဲြေတြ ထပ္မံျဖစ္ပြားခဲ့တာပါ။

ဒီတုိက္ပဲြဟာ ပန္လံုေက်းရြာအုပ္စု မန္က်န္းရြာနဲ႔ မန္ဆာရြာေတြမွာ ျဖစ္ပြားေနၿပီး ေနအိမ္ေတြ မီးေလာင္ေနေၾကာင္း ပန္လံုေဒသခံက VOA ကို အခုလုိ ေျပာပါတယ္။

“ အခုက တုိက္ပဲြျဖစ္ပြားေနတုန္းပဲ။ တစ္ရြာလံုးက မီးေလာင္ေနတယ္။ ဘယ္ႏွစ္အိမ္လဲ ဆိုတာ မသိေသးပါဘူး။ နမၼတူၿမိဳ႔နယ္ ပန္လံုေက်းရြာက မန္က်န္း။ အဲဒီ ရပ္ကြက္ ၅ထဲက မီးေလာင္ေနတယ္။ ဘယ္ႏွစ္အိမ္ရိွတာလဲ က်ေနာ္တို႔ မခန္႔မွန္းႏိုင္ေသးဘူး။ မန္ဆာမွာလည္း ျဖစ္တယ္။ မီးေလာင္တာက မန္းဆာနဲ႔ ဒီ မန္က်န္း။ ဒီ ရပ္ကြက္ ၅၊ ပန္လံုရပ္ကြက္ ၅လို႔ ေျပာရမွာ။ျဖစ္တာက ဒီ ၃နာရီကေန ခုခိ်န္ထိ မနားေသးဘူး။”

တိုက္ပဲြေတြဟာ ညေန၃နာရီကေန ၇နာရီထိ ဆက္လက္ျဖစ္ေနခဲ့တာပါ။

တုိက္ပဲြျဖစ္ပြားခ်ိန္မွာေတာ့ ေဒသခံရြာသူရြာသားေတြဟာ ေဘးလြတ္ရာကို တိမ္းေရွာင္ေနခဲ့ၾကၿပီး ထိခိုက္ ဒဏ္ရာရတာမ်ိဳးေတာ့ မရိွဘူးလို႔လည္း ဆက္ေျပာပါတယ္။

“ ရြာသူ ရြာသားေတြ မထိခိုက္ပါဘူးခင္ဗ်။ ဒီမနက္က က်ေနာ္ကိုယ္တုိင္ပဲ သြားၾကိဳေနတာ။ အသက္ၾကီးသူေတြကို က်ေနာ္ကိုယ္တုိင္ပဲ သြားၾကိဳေနတယ္။ ဒီမနက္ပိုင္းက ။ သူတုိ႔ က သတင္းေပးပို႔ေနတယ္။ တုိက္ပဲြအၾကီးၾကီးျဖစ္မယ္လုိ႔ ေျပာေနတာေလ။ ျပည္သူလူထုကေတာ့ ရြာထဲမွာ မရိွေတာ့ဘူးလို႔။ မန္ဆာလူက်ေတာ့ ဟုိးဘက္ မန္စံဘက္ ေျပးသြားေနၿပီ။”

နမၼတူၿမိဳ႔နယ္ စစ္ေရွာင္ေတြကို ကူညီေပးေနသူတစ္ဦးကေတာ့ ေက်းရြာေတြ မီးေလာင္တဲ့အေျခအေနကို အခုလို ေျပာပါတယ္။

“ မီးေလာင္တဲ့ေနရာက ပန္လံုရဲ့ မန္က်န္းဘုန္းၾကီးေက်ာင္းမွာလည္း မီးသင့္တယ္ေျပာတယ္။ သူရဲ့ မ်က္ႏွာခ်င္းဆုိင္က လူေနရပ္ကြက္ေပါ့။ အဲဒီမွာလည္း မီးေလာင္တယ္လို႔ ေျပာတယ္။ မန္ဆာမွာလည္း မီးခိုးလံုးေတြ႔တယ္လို႔ ေျပာတယ္။ အခုက အေစာပိုင္းတံုးက သူတို႔က မီးသတ္ကားအကူအညီေတာင္းတာ။ မန္စံေပါ့ အနီးဆံုး ၁၀မိုင္ေလာက္ ေ၀းတဲ့ မန္စံမီးသတ္ကိုေလ။ မီးသတ္ကေတာ့ သူတို႔ လံုၿခံဳေရးအရ သြားၿပီးေတာ့ အကူအညီ မေပးႏိုင္ဘူးလို႔ အေၾကာင္းျပန္တယ္။ တိုက္ပဲြလည္း ျဖစ္ေနေတာ့။”

ဒီလ ၄ရက္ေန႔နဲ႔ မတ္လ ၂၈ရက္ေန႔က ျဖစ္ခဲ့တဲ့ တုိက္ပဲြေတြေၾကာင့္ ပန္လံုေက်းရြာမွာ ေနအိမ္ ၂၈လံုးမီးေလာင္ ပ်က္ဆီးခဲ့ရပါတယ္။

ေလာေလာဆည္မွာ နမၼတူၿမိဳ႔နယ္ ပန္လံုေက်းရြာအုပ္စုက အျခားေက်းရြာေတြကို တိမ္းေရွာင္ေနရတဲ့ စစ္ေျပးဒုကၡသည္ေတြအေျခအေနနဲ႔ပတ္သက္ၿပီးလည္း အခုလို ေျပာပါတယ္။

“ မိုင္းမုေက်းရြာအုပ္စု မန္မိုင္ေက်းရြာမွာ ဒုကၡသည္ကေတာ့ ၂၅၀ ေလာက္ရိွလိမ့္မယ္။ ေနာက္ မန္စံမွာလည္း ၂၀၀ ေက်ာ္ေက်ာ္ေလာက္ ရိွထားတယ္။ ေနာက္ၿပီး သူတုိ႔ ေျပးတာက တာပူလုိ႔ ေခၚတဲ့၊ ပန္လံုေက်းရြာရဲ့ အေနာက္ဘက္ တာပူေနရာမွာ ရိွတယ္။ ၈၀ေက်ာ္ေလာက္ရိွမယ္ေျပာတယ္။ ေနာက္ၿပီးေတာ့ လူလုေက်းရြာမွာလည္း ရိွတယ္။ လူလုဘုန္းၾကီးေက်ာင္းက ၅၀ေလာက္ရိွမယ္ခင္ဗ်။ အဲဒီ လူလုသြားတဲ့ လမ္းမေပၚမွာပဲ သူတို႔က တဲထုိးၿပီးေန ေနတာ အဲဒါကေတာ့ ၃၀- ၄၀ေလာက္ရိွတယ္။ ေနာက္ၿပီးေတာ့ ပန္သေျပမွာက ၅၀၀ေက်ာ္တယ္ခင္ဗ်။ေနာက္ၿပီးေတာ့ နားခိုလ်ံမွာက ၂၅- ၃၀ အဲဒီပတ္၀န္းက်င္ေလာက္ရိွတယ္။ ”

ဒီလ ၆ရက္ေန႔ နမၼတူၿမိဳ႔နယ္ မန္လီရြာမွာ ျဖစ္ပြားတဲ့တုိက္ပဲြေၾကာင့္ မန္လီရြာသား ၅၀၀ေလာက္ဟာလည္း သီေပါၿမိဳ႔ကို တိမ္းေရွာင္ေနရဆဲရိွေနပါတယ္။

စစ္ေရွာင္ေတြကိုေတာ့ WFPေခၚ ကမၻာစားနပ္ရိကၡာအဖဲြ႔ ၊ NRC ေခၚ ေနာ္ေ၀ ဒုကၡသည္္မ်ား ကူညီေရး အဖဲြ႔၊ Save the Children အဖဲြ႔ နဲ႔ UNHCR ေခၚ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းၾကီးရံုး စတာေတြနဲ႔ ေဒသတြင္း လူမႈအသင္းအဖဲြ႔ေတြက ကူညီေထာက္ပံ့ေပးေနပါတယ္။

တိုင္းရင္းသားလက္နက္ကိုင္ေတြအၾကား ၿပီးခဲ့တဲ့ လကုန္ပိုင္းက စတင္ျဖစ္ခဲ့တဲ့ တုိက္ပဲြေတြေၾကာင့္ နမၼတူၿမိဳ႔နယ္က စစ္ေျပးဒုကၡသည္ ၂၀၀၀ ေလာက္ဟာ ေနရပ္စြန္႔ခြာ ထြက္ေျပးေနၾကပါတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

RCSS နဲ့ TNLA တိုက်ပွဲ နမ္မတူ မြို့နယ် ရွာသား၂၀၀၀ ခန့် တိမ်းရှောင်

(Unicode)

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံကျေးရွာအုပ်စုမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေထပ်မံဖြစ်ပွားနေပြီး နေအိမ်တချို့မီးလောင်ခဲ့သလို ရွာသားတွေဟာလည်း စစ်ဘေးလွတ်ရာကို ထပ်မံ တိမ်းရှောင်နေရပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ြပေပးပါမယ်။

နမ္မတူမြို့နယ် ၊ ပန်လုံကျေးရွာအုပ်စုအတွင်းမှာ RCSS/SSA တောင်ပိုင်းတပ်နဲ့ TNLA တအန်း(ပလောင်)၊ SSPP/SSA မြောက်ပိုင်း ပူးတပ်တွေအကြား မတ်လကုန်ပိုင်း စတင်ဖြစ်ခဲ့ပြီး သင်္ကြန်ကာလမှာ တိုက်ပွဲတွေ ငြိမ်သက်နေခဲ့ရာက ဗုဒ္ဓဟူးနေ့ ညနေခင်းပိုင်းမှာ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားခဲ့တာပါ။

ဒီတိုက်ပွဲဟာ ပန်လုံကျေးရွာအုပ်စု မန်ကျန်းရွာနဲ့ မန်ဆာရွာတွေမှာ ဖြစ်ပွားနေပြီး နေအိမ်တွေ မီးလောင်နေကြောင်း ပန်လုံဒေသခံက VOA ကို အခုလို ပြောပါတယ်။

“ အခုက တိုက်ပွဲဖြစ်ပွားနေတုန်းပဲ။ တစ်ရွာလုံးက မီးလောင်နေတယ်။ ဘယ်နှစ်အိမ်လဲ ဆိုတာ မသိသေးပါဘူး။ နမ္မတူမြို့နယ် ပန်လုံကျေးရွာက မန်ကျန်း။ အဲဒီ ရပ်ကွက် ၅ထဲက မီးလောင်နေတယ်။ ဘယ်နှစ်အိမ်ရှိတာလဲ ကျနော်တို့ မခန့်မှန်းနိုင်သေးဘူး။ မန်ဆာမှာလည်း ဖြစ်တယ်။ မီးလောင်တာက မန်းဆာနဲ့ ဒီ မန်ကျန်း။ ဒီ ရပ်ကွက် ၅၊ ပန်လုံရပ်ကွက် ၅လို့ ပြောရမှာ။ဖြစ်တာက ဒီ ၃နာရီကနေ ခုချိန်ထိ မနားသေးဘူး။”

တိုက်ပွဲတွေဟာ ညနေ၃နာရီကနေ ၇နာရီထိ ဆက်လက်ဖြစ်နေခဲ့တာပါ။

တိုက်ပွဲဖြစ်ပွားချိန်မှာတော့ ဒေသခံရွာသူရွာသားတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေခဲ့ကြပြီး ထိခိုက် ဒဏ်ရာရတာမျိုးတော့ မရှိဘူးလို့လည်း ဆက်ပြောပါတယ်။

“ ရွာသူ ရွာသားတွေ မထိခိုက်ပါဘူးခင်ဗျ။ ဒီမနက်က ကျနော်ကိုယ်တိုင်ပဲ သွားကြိုနေတာ။ အသက်ကြီးသူတွေကို ကျနော်ကိုယ်တိုင်ပဲ သွားကြိုနေတယ်။ ဒီမနက်ပိုင်းက ။ သူတို့ က သတင်းပေးပို့နေတယ်။ တိုက်ပွဲအကြီးကြီးဖြစ်မယ်လို့ ပြောနေတာလေ။ ပြည်သူလူထုကတော့ ရွာထဲမှာ မရှိတော့ဘူးလို့။ မန်ဆာလူကျတော့ ဟိုးဘက် မန်စံဘက် ပြေးသွားနေပြီ။”

နမ္မတူမြို့နယ် စစ်ရှောင်တွေကို ကူညီပေးနေသူတစ်ဦးကတော့ ကျေးရွာတွေ မီးလောင်တဲ့အခြေအနေကို အခုလို ပြောပါတယ်။

“ မီးလောင်တဲ့နေရာက ပန်လုံရဲ့ မန်ကျန်းဘုန်းကြီးကျောင်းမှာလည်း မီးသင့်တယ်ပြောတယ်။ သူရဲ့ မျက်နှာချင်းဆိုင်က လူနေရပ်ကွက်ပေါ့။ အဲဒီမှာလည်း မီးလောင်တယ်လို့ ပြောတယ်။ မန်ဆာမှာလည်း မီးခိုးလုံးတွေ့တယ်လို့ ပြောတယ်။ အခုက အစောပိုင်းတုံးက သူတို့က မီးသတ်ကားအကူအညီတောင်းတာ။ မန်စံပေါ့ အနီးဆုံး ၁၀မိုင်လောက် ဝေးတဲ့ မန်စံမီးသတ်ကိုလေ။ မီးသတ်ကတော့ သူတို့ လုံခြုံရေးအရ သွားပြီးတော့ အကူအညီ မပေးနိုင်ဘူးလို့ အကြောင်းပြန်တယ်။ တိုက်ပွဲလည်း ဖြစ်နေတော့။”

ဒီလ ၄ရက်နေ့နဲ့ မတ်လ ၂၈ရက်နေ့က ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပန်လုံကျေးရွာမှာ နေအိမ် ၂၈လုံးမီးလောင် ပျက်ဆီးခဲ့ရပါတယ်။

လောလောဆည်မှာ နမ္မတူမြို့နယ် ပန်လုံကျေးရွာအုပ်စုက အခြားကျေးရွာတွေကို တိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည်တွေအခြေအနေနဲ့ပတ်သက်ပြီးလည်း အခုလို ပြောပါတယ်။

“ မိုင်းမုကျေးရွာအုပ်စု မန်မိုင်ကျေးရွာမှာ ဒုက္ခသည်ကတော့ ၂၅၀ လောက်ရှိလိမ့်မယ်။ နောက် မန်စံမှာလည်း ၂၀၀ ကျော်ကျော်လောက် ရှိထားတယ်။ နောက်ပြီး သူတို့ ပြေးတာက တာပူလို့ ခေါ်တဲ့၊ ပန်လုံကျေးရွာရဲ့ အနောက်ဘက် တာပူနေရာမှာ ရှိတယ်။ ၈၀ကျော်လောက်ရှိမယ်ပြောတယ်။ နောက်ပြီးတော့ လူလုကျေးရွာမှာလည်း ရှိတယ်။ လူလုဘုန်းကြီးကျောင်းက ၅၀လောက်ရှိမယ်ခင်ဗျ။ အဲဒီ လူလုသွားတဲ့ လမ်းမပေါ်မှာပဲ သူတို့က တဲထိုးပြီးနေ နေတာ အဲဒါကတော့ ၃၀- ၄၀လောက်ရှိတယ်။ နောက်ပြီးတော့ ပန်သပြေမှာက ၅၀၀ကျော်တယ်ခင်ဗျ။နောက်ပြီးတော့ နားခိုလျံမှာက ၂၅- ၃၀ အဲဒီပတ်ဝန်းကျင်လောက်ရှိတယ်။ ”

ဒီလ ၆ရက်နေ့ နမ္မတူမြို့နယ် မန်လီရွာမှာ ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် မန်လီရွာသား ၅၀၀လောက်ဟာလည်း သီပေါမြို့ကို တိမ်းရှောင်နေရဆဲရှိနေပါတယ်။

စစ်ရှောင်တွေကိုတော့ WFPခေါ် ကမ္ဘာစားနပ်ရိက္ခာအဖွဲ့ ၊ NRC ခေါ် နော်ေ၀ ဒုက္ခသည်များ ကူညီရေး အဖွဲ့၊ Save the Children အဖွဲ့ နဲ့ UNHCR ခေါ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး စတာတွေနဲ့ ဒေသတွင်း လူမှုအသင်းအဖွဲ့တွေက ကူညီထောက်ပံ့ပေးနေပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ပြီးခဲ့တဲ့ လကုန်ပိုင်းက စတင်ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် နမ္မတူမြို့နယ်က စစ်ပြေးဒုက္ခသည် ၂၀၀၀ လောက်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြပါတာလည်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG