သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

RCSS လြိဳင္ေကာ္ဝမ္းစစ္ေရွာင္ဒုကၡသည္စခန္းအနား လက္နက္ႀကီးက်


စစ္ေဘးေရွာင္ ရွမ္းျပည္တြင္း ဒုကၡသည္မ်ား (ဓါတ္ပုံ၊ ၾသဂုတ္ ၂၅ ၊ ၂၀၁၉ )

{{Zawgyi/Unicode}}

ရွမ္းျပည္နယ္အေရွ႕ပိုင္းက ရွမ္းလက္နက္ကိုင္ RCSS/SSA တပ္စခန္းရွိရာ လြိဳင္ေကာ္ဝမ္းဘက္ကို ျမန္မာစစ္တပ္ ဘက္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ခဲ့လို႔ တပ္စခန္းနားမွာရွိတဲ့ ဒုကၡသည္ေတြ ထိုင္းနယ္စပ္နားကို ထြက္ေျပးတိမ္းေရွာင္ခဲ့ၾကရပါတယ္။ စစ္ပြဲေတြေၾကာင့္ ထြက္ေျပးေနၾကရတဲ့ ျပည္တြင္းဒုကၡသည္ေတြ မလုံျခဳံတဲ့အေျခအေန ထပ္ၾကဳံေနၾကရတာကို ထိုင္းအေျခစိုက္ ဗြီအိုေအျမန္မာပိုင္းသတင္း ေထာက္ နိုင္ကြန္းအိန္ ကေနေျပာျပေပးမွာပါ။

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕နယ္မွာရွိတဲ့ ရွမ္းျပည္တပ္မေတာ္ ေတာင္ပိုင္း RCSS/SSA တပ္စခန္းရွိရာကို ျမန္မာစစ္တပ္ဖက္က လက္နက္ႀကီးနဲ႔ တနဂၤေႏြေန႔ ညေနပိုင္းက ပစ္ခတ္တာေၾကာင့္ အဲဒီနားတဝိုက္က ျပည္တြင္း ဒုကၡသည္စခန္းမွာ ေနၾကတဲ့ စစ္ေျပးဒုကၡသည္ေတြ ထိုင္းနယ္စပ္ဖက္ ထြက္ေျပးခဲ့ၾကရတယ္လို႔ IDP ဒုကၡသည္စခန္း ေကာ္မီတီဝင္ စိုင္းလင္းကေျပာပါတယ္။

“အဲလြိဳင္ေကာ္ဝမ္းဖက္ေလ။ လြိဳင္ေကာ္ဝမ္းဆိုတာ မယ္ဆိုင္ဖက္နဲ႔မ်က္ႏွာခ်င္းဆိုင္ေပါ့ေနာ္။ အဲဒီမွာလက္နက္ႀကီး က်တယ္။ လူေတာ့ထိခိုက္မႈမရွိဘူး။ ရြာထဲကိုက်တယ္ေပါ့။ လြိဳင္ေကာ္ဝမ္းနားမွာရွိတဲ့စစ္ေျပးဒုကၡသည္စခန္းေပါ့။ သူကRCSSရဲ့သူကခ်ိဳင္းရိုင္းခရိုင္နဲ႔ မ်က္ႏွာခ်င္းဆိုင္ေပါ့။ သူတို႔ကလက္နက္ႀကီးက်ေတာ့ ထိုင္းထဲေျပးဝင္တယ္လို႔ေတာ့ေျပာတယ္။ အဲဒီမွာထိုင္းတပ္လဲေစာင့္ေနတာကိုး။ ထိုင္းတပ္ကလဲ အဲဒီနယ္ျခားမွာ ကပ္လၽွက္ေစာင့္ေနတာကိုး”

လက္ရွိလြိဳင္ေကာ္ဝမ္း ဒုကၡသည္စခန္းထဲကေန ဒုကၡသည္အမ်ားစုဟာ RCSS/SSA တပ္စခန္းရွိရာဖက္ ထြက္ေျပးခိုလႈံခဲ့ၾကပါတယ္။ ဒါေပမဲ့ RCSS/SSA နဲ႕ ျမန္မာစစ္တပ္တို႕ၾကားမွာလည္း စစ္ေရးတင္းမာေနတယ္လို႔ ရွမ္းသံ ေတာ္ဆင့္သတင္းဌာနအယ္ဒီတာစိုင္းမိန္းကေျပာပါတယ္။

“ စစ္ေဘးေရွာင္ေတြေနထိုင္လုပ္ကိုင္စားေသာက္တဲ့ သူတို႔ယာခင္းထဲက်ေတာ့ ထြက္ေျပးတိမ္းေရွာင္ရတယ္။ သူတို႔ ထိုင္းနယ္စပ္နားေပါ့ေနာ္။ အမွတ္(၁)စစ္ေဒသ က်ိဳင္းတုံစစ္ေဒသဌာနခ်ဳပ္ဆီကိုထြက္ေျပးလာတယ္။ ဒီေန႔အထိ ေတာ့ RCSSဘက္ေတာ့ ကၽြန္ေတာ္တို႔ၾကားတာကေတာ့ စစ္ေရးကေတာ့အဲဒီနယ္စပ္တေၾကာမွာ လုံျခဳံေရးတိုးျမင့္ ခ်ထားတယ္”

ေဒသတြင္း RCSS/SSA တပ္မႉးတဦးကေတာ့ မေန႔ညကပစ္ခတ္မႈအတြင္း တိမ္းေရွာင္ေနတဲ့ရြာသားေတြ ဒီေန႔ ညေနမွာ မူရင္းေဒသကို ျပန္လည္ေရာက္ေနၾကၿပီလို႔ဆိုပါတယ္။

“ ျငိမ္က်သြားပါၿပီး။ ထုံးစံအတိုင္းပါဘဲ တိုက္ပြဲျဖစ္ၿပီးဆိုရင္ေတာ့ သူတို႔အေတြ႕အၾကဳံအရေပါ့ဗ်ာ ။ သူတို႔ရဲ့လုံၿခံဳေရး အရ တိမ္းေရွာင္တာေတြေတာ့နဲနဲရွိတာေပါ့။ ဒါေပမဲ့ျပန္လာၾကပါၿပီး”

RCSS/SSA တပ္စခန္းျဖစ္တဲ့ လြိဳင္ေကာ္ဝမ္း အနီးတဝွိက္မွာ စစ္ေဘးေရွာင္ (၂၀၀၀) ေက်ာ္ရွိေနတာပါ။

ထိုင္း ျမန္မာနယ္စက္တေလၽွာက္က ရွမ္းျပည္ေတာင္ပိုင္းလက္နက္ကိုင္ RCSS/SSA စခန္းေတြကို တိုက္ခိုက္သြား မယ္လို႔ တာခ်ီလိတ္ၿမိဳ႕နယ္ ထိုင္းျမန္မာနယ္စပ္ေကာ္မတီကေန ထိုင္းနိုင္ငံခ်င္းရိုင္ခရိုင္ မယ္ဆိုင္ၿမိဳ႕နယ္ျခား ေကာ္မတီဆီ မတ္လကုန္ပိုင္းမွာ အသိေပးထားတာေၾကာင့္ အဲဒီေဒသမွာ႐ြိတဲ့ ဒုကၡသည္စခန္းေတြမွာ ခိုလႈံေနၾကသူေတြ စိုးရိမ္ေနၾကပါတယ္။

“ ထိုင္းအာဏာပိုင္ေတြအေနနဲ႔ သူတို႔လက္နက္ႀကီးေတြနဲ႔ပစ္လာမယ္။ တိုက္ပြဲေတြျဖစ္လာလို႔ သူတို႔ေလယာဥ္နဲ႔ ဗုံးၾကဲမယ္ဆိုလို႔ရွိရင္ ဒီIDPေၾတကို ထိုင္းထဲကိုဝင္ခြင့္ေပးဖို႔အတြက္ေတာ့ကၽြန္ေတာ္တို႔ ေတာင္းဆိုထားတာ ေပါ့ဗ်ာ။ သူတို႔ဆီကဘာမွတုန႔္ျပန္ခ်က္မရဘူး ”

ရွမ္းျပည္နယ္ ထိုင္းျမန္မာနယ္စပ္ေဒသမြာ ျပည္တြင္းဒုကၡသည္ IDP စခန္း (၆) ခုရွိရာမွာ ကုန္းေက်ာ္စခန္းဟာ ထိုင္းနယ္ဘက္မွာ ရွိေနၿပီး က်န္တဲ့(၅)ခုျဖစ္တဲ့ ေကာင္းမုန္မိုင္း လြိဳင္တိုင္းလၽွဲန္ လြိဳင္လ်န္ လြိဳင္ဆမ္ဆစ္ လြိဳင္ေကာ္ဝမ္းတို႔ဟာ ျမန္မာဘက္ျခမ္းမွာရွိေနတာပါ။ ဒီစခန္း (၆) ခုမွာ စစ္ေဘးဒုကၡသည္ စုစုေပါင္း (၆၀၀၀) ေလာက္ရွိပါတယ္။

ျမန္မာဘက္ျခမ္းမွာရွိတဲ့ရွမ္းဒုကၡသည္ေတြကို ထိုင္းနိုင္ ငံ အတြင္းဝင္ေရာက္ ေရွာင္တိမ္းနိုင္ေရး၊ လုံျခဳံေရးနဲ႔ လူသားခ်င္းစာနာေထာက္ထားမႈ အကူညီ ေပးနိုင္ေရးအတြက္ ရွမ္းျပည္နယ္ဒုကၡသည္ေကာ္မတီက ထိုင္းအစိုးရကိုေတာင္းဆိုထားပါတယ္။

.........................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ရှမ်းပြည်နယ်အရှေ့ပိုင်းက ရှမ်းလက်နက်ကိုင် RCSS/SSA တပ်စခန်းရှိရာ လွိုင်ကော်ဝမ်းဘက်ကို မြန်မာစစ်တပ် ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ တပ်စခန်းနားမှာရှိတဲ့ ဒုက္ခသည်တွေ ထိုင်းနယ်စပ်နားကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ စစ်ပွဲတွေကြောင့် ထွက်ပြေးနေကြရတဲ့ ပြည်တွင်းဒုက္ခသည်တွေ မလုံခြုံတဲ့အခြေအနေ ထပ်ကြုံနေကြရတာကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်းသတင်း ထောက် နိုင်ကွန်းအိန် ကနေပြောပြပေးမှာပါ။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်မှာရှိတဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA တပ်စခန်းရှိရာကို မြန်မာစစ်တပ်ဖက်က လက်နက်ကြီးနဲ့ တနင်္ဂနွေနေ့ ညနေပိုင်းက ပစ်ခတ်တာကြောင့် အဲဒီနားတဝိုက်က ပြည်တွင်း ဒုက္ခသည်စခန်းမှာ နေကြတဲ့ စစ်ပြေးဒုက္ခသည်တွေ ထိုင်းနယ်စပ်ဖက် ထွက်ပြေးခဲ့ကြရတယ်လို့ IDP ဒုက္ခသည်စခန်း ကော်မီတီဝင် စိုင်းလင်းကပြောပါတယ်။

“အဲလွိုင်ကော်ဝမ်းဖက်လေ။ လွိုင်ကော်ဝမ်းဆိုတာ မယ်ဆိုင်ဖက်နဲ့မျက်နှာချင်းဆိုင်ပေါ့နော်။ အဲဒီမှာလက်နက်ကြီး ကျတယ်။ လူတော့ထိခိုက်မှုမရှိဘူး။ ရွာထဲကိုကျတယ်ပေါ့။ လွိုင်ကော်ဝမ်းနားမှာရှိတဲ့စစ်ပြေးဒုက္ခသည်စခန်းပေါ့။ သူကRCSSရဲ့သူကချိုင်းရိုင်းခရိုင်နဲ့ မျက်နှာချင်းဆိုင်ပေါ့။ သူတို့ကလက်နက်ကြီးကျတော့ ထိုင်းထဲပြေးဝင်တယ်လို့တော့ပြောတယ်။ အဲဒီမှာထိုင်းတပ်လဲစောင့်နေတာကိုး။ ထိုင်းတပ်ကလဲ အဲဒီနယ်ခြားမှာ ကပ်လျှက်စောင့်နေတာကိုး”

လက်ရှိလွိုင်ကော်ဝမ်း ဒုက္ခသည်စခန်းထဲကနေ ဒုက္ခသည်အများစုဟာ RCSS/SSA တပ်စခန်းရှိရာဖက် ထွက်ပြေးခိုလှုံခဲ့ကြပါတယ်။ ဒါပေမဲ့ RCSS/SSA နဲ့ မြန်မာစစ်တပ်တို့ကြားမှာလည်း စစ်ရေးတင်းမာနေတယ်လို့ ရှမ်းသံ တော်ဆင့်သတင်းဌာနအယ်ဒီတာစိုင်းမိန်းကပြောပါတယ်။

“ စစ်ဘေးရှောင်တွေနေထိုင်လုပ်ကိုင်စားသောက်တဲ့ သူတို့ယာခင်းထဲကျတော့ ထွက်ပြေးတိမ်းရှောင်ရတယ်။ သူတို့ ထိုင်းနယ်စပ်နားပေါ့နော်။ အမှတ်(၁)စစ်ဒေသ ကျိုင်းတုံစစ်ဒေသဌာနချုပ်ဆီကိုထွက်ပြေးလာတယ်။ ဒီနေ့အထိ တော့ RCSSဘက်တော့ ကျွန်တော်တို့ကြားတာကတော့ စစ်ရေးကတော့အဲဒီနယ်စပ်တကြောမှာ လုံခြုံရေးတိုးမြင့် ချထားတယ်”

ဒေသတွင်း RCSS/SSA တပ်မှူးတဦးကတော့ မနေ့ညကပစ်ခတ်မှုအတွင်း တိမ်းရှောင်နေတဲ့ရွာသားတွေ ဒီနေ့ ညနေမှာ မူရင်းဒေသကို ပြန်လည်ရောက်နေကြပြီလို့ဆိုပါတယ်။

“ ငြိမ်ကျသွားပါပြီး။ ထုံးစံအတိုင်းပါဘဲ တိုက်ပွဲဖြစ်ပြီးဆိုရင်တော့ သူတို့အတွေ့အကြုံအရပေါ့ဗျာ ။ သူတို့ရဲ့လုံခြုံရေး အရ တိမ်းရှောင်တာတွေတော့နဲနဲရှိတာပေါ့။ ဒါပေမဲ့ပြန်လာကြပါပြီး”

RCSS/SSA တပ်စခန်းဖြစ်တဲ့ လွိုင်ကော်ဝမ်း အနီးတဝှိက်မှာ စစ်ဘေးရှောင် (၂၀၀၀) ကျော်ရှိနေတာပါ။

ထိုင်း မြန်မာနယ်စက်တလျှောက်က ရှမ်းပြည်တောင်ပိုင်းလက်နက်ကိုင် RCSS/SSA စခန်းတွေကို တိုက်ခိုက်သွား မယ်လို့ တာချီလိတ်မြို့နယ် ထိုင်းမြန်မာနယ်စပ်ကော်မတီကနေ ထိုင်းနိုင်ငံချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နယ်ခြား ကော်မတီဆီ မတ်လကုန်ပိုင်းမှာ အသိပေးထားတာကြောင့် အဲဒီဒေသမှာရွိတဲ့ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြသူတွေ စိုးရိမ်နေကြပါတယ်။

“ ထိုင်းအာဏာပိုင်တွေအနေနဲ့ သူတို့လက်နက်ကြီးတွေနဲ့ပစ်လာမယ်။ တိုက်ပွဲတွေဖြစ်လာလို့ သူတို့လေယာဉ်နဲ့ ဗုံးကြဲမယ်ဆိုလို့ရှိရင် ဒီIDPတြေကို ထိုင်းထဲကိုဝင်ခွင့်ပေးဖို့အတွက်တော့ကျွန်တော်တို့ တောင်းဆိုထားတာ ပေါ့ဗျာ။ သူတို့ဆီကဘာမှတုန့်ပြန်ချက်မရဘူး ”

ရှမ်းပြည်နယ် ထိုင်းမြန်မာနယ်စပ်ဒေသမွာ ပြည်တွင်းဒုက္ခသည် IDP စခန်း (၆) ခုရှိရာမှာ ကုန်းကျော်စခန်းဟာ ထိုင်းနယ်ဘက်မှာ ရှိနေပြီး ကျန်တဲ့(၅)ခုဖြစ်တဲ့ ကောင်းမုန်မိုင်း လွိုင်တိုင်းလျှဲန် လွိုင်လျန် လွိုင်ဆမ်ဆစ် လွိုင်ကော်ဝမ်းတို့ဟာ မြန်မာဘက်ခြမ်းမှာရှိနေတာပါ။ ဒီစခန်း (၆) ခုမှာ စစ်ဘေးဒုက္ခသည် စုစုပေါင်း (၆၀၀၀) လောက်ရှိပါတယ်။

မြန်မာဘက်ခြမ်းမှာရှိတဲ့ရှမ်းဒုက္ခသည်တွေကို ထိုင်းနိုင် ငံ အတွင်းဝင်ရောက် ရှောင်တိမ်းနိုင်ရေး၊ လုံခြုံရေးနဲ့ လူသားချင်းစာနာထောက်ထားမှု အကူညီ ပေးနိုင်ရေးအတွက် ရှမ်းပြည်နယ်ဒုက္ခသည်ကော်မတီက ထိုင်းအစိုးရကိုတောင်းဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG