သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကခ်င္ မိုးေမာက္နဲ႔ ရွမ္းေျမာက္ ကြတ္ခိုင္မွာ တိုက္ပဲြေတြျဖစ္ပြား


ကခ်င္ျပည္နယ္ရွိ ေနရာတခုတြင္ ေတြ႔ရတ့ဲ KIA တပ္ဖဲြ႔ဝင္မ်ား။ (ေအာက္တိုဘာ ၂၉၊ ၂၀၁၃)

[Zawgyi/Unicode]

ကခ်င္ျပည္နယ္ မုိးေမာက္ၿမိဳ႕နယ္အတြင္းမွာ စစ္ေကာင္စီတပ္နဲ႔ ကခ်င္လက္နက္ကိုင္ KIA အၾကား တုိက္ပဲြေတြ ၁၁ ရက္ေျမာက္ေန႔အျဖစ္ ဒီေန႔လည္း ဆက္ျဖစ္ေနပါတယ္။ ညေနပိုင္းမွာေတာ့ ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ဘက္မွာလည္း တုိက္ပဲြေတြျဖစ္တယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ဒီကေန႔ ကခ်င္နဲ႔ ရွမ္းျပည္နယ္အတြင္းက အေျခအေနေတြ ရန္ကုန္ကသတင္းေပးပို႔ထားတာကို ကိုခင္ေမာင္စိုးမင္း ေျပာျပပါမယ္။

ကခ်င္ျပည္နယ္ မိုးေမာက္ၿမိဳ ႔နယ္ ၿမိဳ႕သစ္၊ ကုန္းေလာနဲ႔ စီဟတ္ရြာအနီးမွာ စစ္ေကာင္စီတပ္နဲ႔ KIA အၾကားတိုက္ပဲြေတြဟာ ဒီေန႔ဆိုရင္ ၁၁ ရက္ေျမာက္႐ွိေနပါၿပီ။ ကုန္းေလာ႐ြာဘက္ လက္နက္ႀကီးေတြပါ က်ေနတယ္လို႔ ေဒသခံတစ္ေယာက္ ဗီြအိုေအကို အခုလို ေျပာပါတယ္။

“လက္နက္ၾကီးသံေတြကေတာ့ ျပင္းထန္ေနဆဲမွာပဲ ရိွတယ္ေပါ့ေနာ္။ မိုးေမာက္ကေရာ၊ ဗန္းေမာ္ကေရာ ၾကားေနရတယ္။ ကုန္းေလာရြာထဲေတာ့ လက္နက္ၾကီးက်တာကေတာ့ က်ေနဆဲလုိ႔ ေျပာတယ္။ ေနာက္တစ္ခုက ရြာထဲက လူေတြက အရမ္းစိုးရိမ္ေနတာက ဘာလဲဆုိေတာ့ ဒီ ရြာကို မီးရိႈ႕ပစ္မယ္ဆုိၿပီးေတာ့မွ သတင္းထြက္ေနတာေပါ့။ အဲဒါကို ရြာက အရမ္းစိုးရိမ္ေနၾကတာေပ့ါ။”

KIA နဲ႔ စစ္တပ္ၾကား တိုက္ပြဲေတြနဲ႔ ပတ္သက္လို႔ KIA ေျပာခြင့္ရ ဗိုလ္မွဴးၾကီးေနာ္ဘူက အခုလို ေျပာပါတယ္။

“ဒီကေန႔ကေတာ့ ခါတုိင္းတုိက္ပဲြျဖစ္တဲ့ ၿမိဳ႕သစ္၊ ကုန္းေလာဘက္မွာ ဒီမနက္က ေျမျပင္တုိက္ပဲြ ခဏေလး ရိွပါတယ္။ ေန႔လယ္ပိုင္းေလာက္ဆုိရင္ေတာ့ ျပန္ၿငိမ္သြားၿပီ။ ဒီေလေၾကာင္းတိုက္ခုိက္မႈလည္း မရိွဘူး။ လက္နက္ၾကီးနဲ႔ ပစ္တာလည္း မရိွဘူး။ ပံုမွန္ေလးေတာ့ ပစ္မွာပါ။ ဒါေပမဲ့ တုိက္ပဲြပံုစံေလာက္ေတာ့ မရိွဘူးလို႔ ေျပာၾကတယ္။ အဲဒါ ဘာသေဘာလည္းေတာ့ မသိဘူးခင္ဗ်။ နည္းနည္းျပန္ၿငိမ္ေနတယ္။”

မိုးေမာက္ၿမိဳ ႔နယ္ ၿမိဳ႕သစ္၊ ကုန္းေလာနဲ႔ စီဟတ္ရြာအနီးက စေလာင္းကုန္းေခၚ ဆက္သြယ္ေရးေမွ်ာ္စင္ကုန္းမွာ ဧၿပီလ ၂၄ ရက္ေန႔က စတင္ၿပီး တိုက္ပဲြျဖစ္ပြားခဲ့တာပါ။ ဒီတုိက္ပဲြေတြအတြင္းမွာ တပ္မေတာ္ဘက္ ေလေၾကာင္းကေန ေန႔စဥ္တုိက္ခုိက္ခဲ့ၿပီး ေမ ၃ ရက္ တနလၤာေန႔ကေတာ့ KIA ဘက္က စစ္ရဟတ္ယာဥ္တစ္ဦးကို ပစ္ခ်ခဲ့လို႔ ေလတပ္က ၃ ေယာက္ေသဆံုးခဲ့ပါတယ္။ တနလၤာေန႔မွာပဲ ကုန္းေလာရြာမွာ လက္နက္ၾကီး က်ည္က်တာေၾကာင့္ ဘုန္းၾကီးတစ္ပါးပ်ံလြန္ၿပီး အရပ္သား ၂ ဦး ေသဆံုးခဲ့သလို က်န္ အရပ္သား ၆ ဦးလည္း ထိခုိက္ဒဏ္ရာရခဲ့ပါတယ္။

တနလၤာေန႔ ညပိုင္းမွာ မန္စီၿမိဳ႔႕ ရဲစခန္းကို KIA က ၀င္ေရာက္တိုက္ခိုက္ခဲ့တာေၾကာင့္ ၿမိဳ႕နယ္ ရဲမွဴးတစ္ဦး ေသဆံုးခဲ့ေၾကာင္းလည္း ေဒသခံေတြက ေျပာပါတယ္။ KIA က ဗိုလ္မွဴးၾကီးေနာ္ဘူကေတာ့ ဒီသတင္းနဲ႔ ပတ္သက္ၿပီး ေအာက္ေျခက သတင္းတက္လာတာ မရိွဘူးလို႔ ေျပာပါတယ္။

ဒီကေန႔ အဂၤါေန႔ ညေနခင္းမွာေတာ့ ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ ႔နယ္ ၃ မိုင္ေလာက္အကြာ မန္ဘန္ရြာအနီးမွာလည္း ၁ နာရီေက်ာ္ၾကာ တုိက္ပဲြျဖစ္ပြားခဲ့ၿပီး ဒီတုိက္ပဲြဟာ တပ္မေတာ္နဲ႔ KIA ျဖစ္ႏိုင္ေၾကာင္း ေဒသခံေတြက ခန္႔မွန္းၾကပါတယ္။

“မန္ဘန္ရဲ့ ဟိုဘက္ ေက်ာက္ေတာင္ၾကီးနားမွာ ၃ နာရီေလာက္က စျဖစ္တာဗ်။ အဖဲြ႔ကေတာ့ ဘယ္အဖဲြ႔နဲ႔ ျဖစ္တယ္ဆုိတာေတာ့ မသိဘူး။ ဒါေပမဲ့ အခုေလာေလာဆယ္ေတာ့ ဒီဘက္မွာ လႈပ္ရွားေနတာဆုိရင္ေတာ့ KIA...၊ KIA ပဲလို ႔ထင္ပါတယ္။ အခုေတာ့ နားသြားၿပီဗ်။ လြန္ခဲ့တဲ့ နာရီ၀က္ေလာက္ကပဲ နားသြားတာ။”

ဒါေပမဲ့ KIA ဘက္ကေတာ့ သတင္းမရေသးဘူးလို႔ ေျပာဆုိထားပါတယ္။ ဒီတိုက္ခိုက္မႈမွာ TNLA တအန္း(ပေလာင္)၊ MNDAA ကိုးကန္႔နဲ႔ KIA ကခ်င္တပ္ဖဲြ႔ပါ၀င္တဲ့ ေျမာက္ပိုင္းမဟာမိတ္နဲ႔ တပ္မေတာ္အၾကား တုိက္ပဲြျဖစ္ပြားတာျဖစ္ေၾကာင္း ေဒသခံတခ်ိဳ႕ကေျပာဆုိေပမဲ့ TNLA ရဲ့ ျပန္ၾကားေရးတာ၀န္ခံ ဗုိလ္မွဴးတာ့အုိက္ေက်ာ္ကေတာ့ ဒီတိုက္ပဲြနဲ႔႔ပတ္သက္ၿပီး သတင္းမရရိွဘူးလို႔ ဆုိပါတယ္။

“က်ေနာ့္ဆီမွာေတာ့ ဘာသတင္းမွ မတက္ေသးဘူး။ ဘာမွ မၾကားရေသးဘူး။ က်ေနာ္တုိ႔ ဒီတုိက္ပဲြ သတင္းက။”

ရွမ္းျပည္နယ္ေျမာက္ပိုင္း သီေပါ၊ နမၼတူၿမိဳ႕နယ္ဘက္ေတြမွာေတာ့ TNLA တအန္း (ပေလာင္)၊ SSPP ရွမ္းေျမာက္ပူးေပါင္းတပ္ေတြနဲ႔ RCSS ရွမ္းေတာင္ တပ္ေတြအၾကားမွာ စစ္ေရးတင္းမာမႈေတြ ဆက္႐ွိေနပါတယ္။ ဒီလ ၂ ရက္ေန႔ကေတာ့ နမၼတူၿမိဳ႕နယ္ မန္လီေက်းရြာမွာ RCSS ရွမ္းေတာင္ တပ္ဖဲြ႔ေတြက အိမ္ ၄၀ ေက်ာ္ကို မီးရိႈ႕သြားေၾကာင္း ေဒသခံေတြက ဆိုပါတယ္။

“မန္လီ ေက်းရြာမွာေပါ့။ ခု မီးေလာင္သြားတာ ၄၄ အိမ္၊ ၂ ရက္ေန႔ည ၉ နာရီခဲြ ၀န္းက်င္ေလာက္။ သူတုိ႔ စၿပီးေတာ့ ရိႈ႕တာေပါ့။ အရင္တုန္းက ၅ အိမ္ေပါ့။ စုစုေပါင္း အခု ၄၉ အိမ္ေပါ့။”

နမၼတူၿမိဳ႕နယ္အတြင္းမွာ တုိင္းရင္းသား လက္နက္ကုိင္အဖဲြ႔ေတြအၾကား တိုက္ပဲြေတြဟာ မတ္လကုန္ပိုင္းေလာက္ စတင္ျပင္းထန္ခဲ့ၿပီး ဒီတိုက္ပဲြအတြင္းမွာ ပန္လံုေက်းရြာအုပ္စု မန္က်န္းရြာမွာ အိမ္ေျခ ၄၅ အိမ္၊ မန္ဆာရြာမွာ ၁၃ အိမ္မီးေလာင္ခဲ့ေၾကာင္း ေဒသတြင္းအေျခစိုက္ ေရႊဖီေျမ သတင္းဌာနက ေဖာ္ျပထားသလို ဒီတုိက္ပဲြျဖစ္ပြားခ်ိန္ကာလမွ ေဒသခံ ၂,၀၀၀ ေက်ာ္ဟာ ေနရပ္စြန္႔ခြာ ထြက္ေျပးေနၾကရပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကချင် မိုးမောက်နဲ့ ရှမ်းမြောက် ကွတ်ခိုင်မှာ တိုက်ပွဲတွေဖြစ်ပွား

ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကချင်လက်နက်ကိုင် KIA အကြား တိုက်ပွဲတွေ ၁၁ ရက်မြောက်နေ့အဖြစ် ဒီနေ့လည်း ဆက်ဖြစ်နေပါတယ်။ ညနေပိုင်းမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်ဘက်မှာလည်း တိုက်ပွဲတွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီကနေ့ ကချင်နဲ့ ရှမ်းပြည်နယ်အတွင်းက အခြေအနေတွေ ရန်ကုန်ကသတင်းပေးပို့ထားတာကို ကိုခင်မောင်စိုးမင်း ပြောပြပါမယ်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ် မြို့သစ်၊ ကုန်းလောနဲ့ စီဟတ်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ KIA အကြားတိုက်ပွဲတွေဟာ ဒီနေ့ဆိုရင် ၁၁ ရက်မြောက်ရှိနေပါပြီ။ ကုန်းလောရွာဘက် လက်နက်ကြီးတွေပါ ကျနေတယ်လို့ ဒေသခံတစ်ယောက် ဗွီအိုအေကို အခုလို ပြောပါတယ်။

“လက်နက်ကြီးသံတွေကတော့ ပြင်းထန်နေဆဲမှာပဲ ရှိတယ်ပေါ့နော်။ မိုးမောက်ကရော၊ ဗန်းမော်ကရော ကြားနေရတယ်။ ကုန်းလောရွာထဲတော့ လက်နက်ကြီးကျတာကတော့ ကျနေဆဲလို့ ပြောတယ်။ နောက်တစ်ခုက ရွာထဲက လူတွေက အရမ်းစိုးရိမ်နေတာက ဘာလဲဆိုတော့ ဒီ ရွာကို မီးရှို့ပစ်မယ်ဆိုပြီးတော့မှ သတင်းထွက်နေတာပေါ့။ အဲဒါကို ရွာက အရမ်းစိုးရိမ်နေကြတာပေ့ါ။”

KIA နဲ့ စစ်တပ်ကြား တိုက်ပွဲတွေနဲ့ ပတ်သက်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောပါတယ်။

“ဒီကနေ့ကတော့ ခါတိုင်းတိုက်ပွဲဖြစ်တဲ့ မြို့သစ်၊ ကုန်းလောဘက်မှာ ဒီမနက်က မြေပြင်တိုက်ပွဲ ခဏလေး ရှိပါတယ်။ နေ့လယ်ပိုင်းလောက်ဆိုရင်တော့ ပြန်ငြိမ်သွားပြီ။ ဒီလေကြောင်းတိုက်ခိုက်မှုလည်း မရှိဘူး။ လက်နက်ကြီးနဲ့ ပစ်တာလည်း မရှိဘူး။ ပုံမှန်လေးတော့ ပစ်မှာပါ။ ဒါပေမဲ့ တိုက်ပွဲပုံစံလောက်တော့ မရှိဘူးလို့ ပြောကြတယ်။ အဲဒါ ဘာသဘောလည်းတော့ မသိဘူးခင်ဗျ။ နည်းနည်းပြန်ငြိမ်နေတယ်။”

မိုးမောက်မြို့နယ် မြို့သစ်၊ ကုန်းလောနဲ့ စီဟတ်ရွာအနီးက စလောင်းကုန်းခေါ် ဆက်သွယ်ရေးမျှော်စင်ကုန်းမှာ ဧပြီလ ၂၄ ရက်နေ့က စတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ ဒီတိုက်ပွဲတွေအတွင်းမှာ တပ်မတော်ဘက် လေကြောင်းကနေ နေ့စဉ်တိုက်ခိုက်ခဲ့ပြီး မေ ၃ ရက် တနင်္လာနေ့ကတော့ KIA ဘက်က စစ်ရဟတ်ယာဉ်တစ်ဦးကို ပစ်ချခဲ့လို့ လေတပ်က ၃ ယောက်သေဆုံးခဲ့ပါတယ်။ တနင်္လာနေ့မှာပဲ ကုန်းလောရွာမှာ လက်နက်ကြီး ကျည်ကျတာကြောင့် ဘုန်းကြီးတစ်ပါးပျံလွန်ပြီး အရပ်သား ၂ ဦး သေဆုံးခဲ့သလို ကျန် အရပ်သား ၆ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

တနင်္လာနေ့ ညပိုင်းမှာ မန်စီမြို့ ရဲစခန်းကို KIA က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် မြို့နယ် ရဲမှူးတစ်ဦး သေဆုံးခဲ့ကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။ KIA က ဗိုလ်မှူးကြီးနော်ဘူကတော့ ဒီသတင်းနဲ့ ပတ်သက်ပြီး အောက်ခြေက သတင်းတက်လာတာ မရှိဘူးလို့ ပြောပါတယ်။

ဒီကနေ့ အင်္ဂါနေ့ ညနေခင်းမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ၃ မိုင်လောက်အကွာ မန်ဘန်ရွာအနီးမှာလည်း ၁ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီတိုက်ပွဲဟာ တပ်မတော်နဲ့ KIA ဖြစ်နိုင်ကြောင်း ဒေသခံတွေက ခန့်မှန်းကြပါတယ်။

“မန်ဘန်ရဲ့ ဟိုဘက် ကျောက်တောင်ကြီးနားမှာ ၃ နာရီလောက်က စဖြစ်တာဗျ။ အဖွဲ့ကတော့ ဘယ်အဖွဲ့နဲ့ ဖြစ်တယ်ဆိုတာတော့ မသိဘူး။ ဒါပေမဲ့ အခုလောလောဆယ်တော့ ဒီဘက်မှာ လှုပ်ရှားနေတာဆိုရင်တော့ KIA...၊ KIA ပဲလို့ထင်ပါတယ်။ အခုတော့ နားသွားပြီဗျ။ လွန်ခဲ့တဲ့ နာရီဝက်လောက်ကပဲ နားသွားတာ။”

ဒါပေမဲ့ KIA ဘက်ကတော့ သတင်းမရသေးဘူးလို့ ပြောဆိုထားပါတယ်။ ဒီတိုက်ခိုက်မှုမှာ TNLA တအန်း(ပလောင်)၊ MNDAA ကိုးကန့်နဲ့ KIA ကချင်တပ်ဖွဲ့ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်နဲ့ တပ်မတော်အကြား တိုက်ပွဲဖြစ်ပွားတာဖြစ်ကြောင်း ဒေသခံတချို့ကပြောဆိုပေမဲ့ TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးတာ့အိုက်ကျော်ကတော့ ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး သတင်းမရရှိဘူးလို့ ဆိုပါတယ်။

“ကျနော့်ဆီမှာတော့ ဘာသတင်းမှ မတက်သေးဘူး။ ဘာမှ မကြားရသေးဘူး။ ကျနော်တို့ ဒီတိုက်ပွဲ သတင်းက။”

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ၊ နမ္မတူမြို့နယ်ဘက်တွေမှာတော့ TNLA တအန်း (ပလောင်)၊ SSPP ရှမ်းမြောက်ပူးပေါင်းတပ်တွေနဲ့ RCSS ရှမ်းတောင် တပ်တွေအကြားမှာ စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေပါတယ်။ ဒီလ ၂ ရက်နေ့ကတော့ နမ္မတူမြို့နယ် မန်လီကျေးရွာမှာ RCSS ရှမ်းတောင် တပ်ဖွဲ့တွေက အိမ် ၄၀ ကျော်ကို မီးရှို့သွားကြောင်း ဒေသခံတွေက ဆိုပါတယ်။

“မန်လီ ကျေးရွာမှာပေါ့။ ခု မီးလောင်သွားတာ ၄၄ အိမ်၊ ၂ ရက်နေ့ည ၉ နာရီခွဲ ဝန်းကျင်လောက်။ သူတို့ စပြီးတော့ ရှို့တာပေါ့။ အရင်တုန်းက ၅ အိမ်ပေါ့။ စုစုပေါင်း အခု ၄၉ အိမ်ပေါ့။”

နမ္မတူမြို့နယ်အတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေဟာ မတ်လကုန်ပိုင်းလောက် စတင်ပြင်းထန်ခဲ့ပြီး ဒီတိုက်ပွဲအတွင်းမှာ ပန်လုံကျေးရွာအုပ်စု မန်ကျန်းရွာမှာ အိမ်ခြေ ၄၅ အိမ်၊ မန်ဆာရွာမှာ ၁၃ အိမ်မီးလောင်ခဲ့ကြောင်း ဒေသတွင်းအခြေစိုက် ရွှေဖီမြေ သတင်းဌာနက ဖော်ပြထားသလို ဒီတိုက်ပွဲဖြစ်ပွားချိန်ကာလမှ ဒေသခံ ၂,၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

XS
SM
MD
LG