(Zawgyi/Unicode)
ဆရာ၊ ဆရာမေတြအပါအဝင္ အၾကမ္းမဖက္ အာဏာဖီဆန္တဲ့ CDM လုပ္ၾကဖုိ႔ တိုက္တြန္းေဆာ္ၾသမႈေတြ႐ွိေနခ်ိန္ ေက်ာင္းျပန္တက္တဲ့ ေက်ာင္းဆရာေတြကို နယ္ၿမိဳ႕တခ်ဳိ႕မွာ ျပည္သူေတြက ဆႏၵျပခဲ့ၾကပါတယ္။
ေတာင္သာၿမိဳ႕က နန္းျမင့္ေက်းရြာမွာ ခုလို ဆႏၵျပသူေတြကုိ တပ္ေတြပစ္ခတ္ၿပီး အမ်ဳိးသမီးတေယာက္ကုိ ဖမ္းဆီးသြားပါတယ္။ မေန႔က ၂ ဦးေသဆံုးတဲ့ ၀က္လက္ၿမိဳ႕မွာလည္း လံုၿခံဳေရးတင္းၾကပ္ေနပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကို ကိုရဲမြန္ ကေျပာျပပါမယ္။
မၾကာခင္ေက်ာင္းေတြ ျပန္ဖြင့္မွာမို႔ အလုပ္ခြင္ျပန္ဝင္မယ့္ ဆရာ၊ ဆရာမေတြ ဒီေန႔ ေမလ ၃ ရက္ေန႔မွာ ေနာက္ဆံုး သတင္းပို႔ရမယ္လို႔ သက္ဆုိင္ရာက ၫႊန္ၾကားထားပါတယ္။ ဒါေၾကာင့္ ျမင္းၿခံခရိုင္၊ ေတာင္သာၿမိဳဳ႕နယ္က နန္းျမင့္ေက်းရြာမွာ ေက်ာင္းတက္ဖုိ႔လာၾကတဲ့ ဆရာမေတြကို ေဒသခံ ရြာသားေတြကို ဆႏၵျပၾကပါတယ္။ အဲဒီလိုဆႏၵျပသူေတြကို စစ္တပ္နဲ႔ရဲတပ္ဖြဲ႕က ေသနတ္ပစ္ေဖာက္ လူစုခဲြၿပီး ဆႏၵထုတ္ေဖာ္သူ အမ်ိဳးသမီး ၁ ေယာက္ကို ဖမ္းဆီးေခၚေဆာင္သြားခဲ့ပါတယ္။ နန္းျမင့္ေက်းရြာမွာျဖစ္ခဲ့တဲ့ အေျခအေနကို ႐ြာသားတေယာက္က ဗြီအိုေအကို အခုလိုပဲေျပာပါတယ္။
“ပစ္ခတ္မႈျဖစ္တာ ဒီလိုေပါ့ ဆရာမေတြေလ ေက်ာင္းမွာ ေက်ာင္းတက္ဖို႔ရာေပါ့ေန စုရံုးတာေပါ့။ စုရံုးတဲ့အခါမွာ ျပည္သူကလည္း ဆႏၵျပဖို႔ ထြက္တာေပါ့။ တေယာက္နဲ႔တေယာက္ စကားေတြေျပာၿပီးတဲ့အခ်ိန္မွာ စစ္တပ္က ေရာက္လာတာေလ။ ဆရာမေတြကေက်ာင္းဖြင့္ရာမွာ ျပည္သူက စစ္အာဏာရွင္ဆန္႔က်င္ၿပီး စစ္အာဏာရွင္ အလိုက် မဖြင့္ဖို႔ရာ တေယာက္နဲ႔ တေယာက္ စကားေျပာၾကတာေပါ့။ အေျခတင္စကားေျပာရာကေန ဆရာမေတြက ေက်ာင္းပိတ္သြားၿပီးေတာ့ ဆႏၵျပျပည္သူေတြကလည္း ရြာထဲျပန္တဲ့အခ်ိန္မွာ ေတာင္သာ ကေနၿပီး နန္းျမင့္ေက်းရြာကုိ စစ္ကား ၂ စီးနဲ႔ ရဲကား ၁ စီး အင္အား ၃၀ ေလာက္ေပါ့ေနာ္ ေရာက္လာတယ္။ ေရာက္လာၿပီးေတာ့ ရြာထဲမွာ ဟိုလမ္း၀င္ ဒီလမ္းထြက္နဲ႔ ေသနတ္ ၇ ခ်က္ေဖာက္ၿပီး ဦးေဆာင္သူ ေဒၚ၀င္းသန္းကို ဖမ္းၿပီးေတာ့ ေတာင္သာ ေခၚသြားတယ္။”
အလားတူပဲ စစ္ကိုင္းတိုင္း ေရႊဘိုခရိုင္ ခင္ဦးၿမိဳ႕နယ္ တင္ပင္းေက်းရြာမွာလည္း ေက်ာင္းဖြင့္ဖို႔ လာေရာက္တဲ့ ဆရာမေတြကို ေဒသခံရြာသားေတြက ဆႏၵျပလို႔ စစ္တပ္က ေရာက္လာၿပီး ေသနတ္ပစ္ေဖာက္ကာ ရြာထဲက ေနအိမ္အခ်ိဳ႕ကေန ေရြေငြေတြနဲ႔ အသံုးအေဆာင္ပစၥည္းေတြကို ယူေဆာင္သြားပါေသးတယ္။
ဒီအေျခအေနနဲ႔ပတ္သက္လို႔ တင္ပင္းရြာသား တဦးက
“ကြ်န္ေတာ္တို႔ ဆႏၵထုတ္ေဖာ္တာ စစ္ကြ်န္ပညာေရး အလိုမရွိေပါ့ဗ်ာ။ စစ္အာဏာရွင္ကို ေထာက္ခံတဲ့ ဆရာမေတြကို လက္မခံႏိုင္ေၾကာင္း အလိုမရွိေပါ့ဗ်ာ။ သူတို႔က ကြ်န္ေတာ္တို႔သိသေလာက္ စစ္အာဏာရွင္ စနစ္က ေက်ာင္းဖြင့္တယ္ဆိုတဲ့ သေဘာမ်ိဳးနဲ႔ လာဖြင့္တာ။ ကြ်န္ေတာ္တို႔ ဆႏၵျပေတာ့ သူတို႔က ဘာမွ မေျပာဘူးဗ်။ တခါတည္းပဲကြ်န္ေတာ္တို႔ကို ဓာတ္ပံုရိုက္တယ္ အေ၀းကေန လွမ္းရိုက္တယ္။ ရိုက္ၿပီးေတာ့ စစ္ေကာင္စီကို တခါတည္း ေခၚလိုက္တာေပါ့ဗ်ာ။ ၿပီးေတာ့ စစ္ကား ၃ စီး ၄ စီးနဲ႔ အေယာက္ ၃၀ ေက်ာ္ေလာက္ ေက်းရြာကိုလာၿပီး ပစ္ခတ္သြားတာေပါ့ဗ်ာ။ ၁၀ ခ်က္ေလာက္ ပစ္ခတ္သြားတယ္။ ထိခိုက္မႈေတာ့မရွိဘူး။ ကြ်န္ေတာ္တို႔ ပစၥည္းေတြ ပါသြားတာေပါ့ဗ်ာ။ အသံခ်ဲ႕စက္ေတြ ေရႊတိုေငြစေလးနဲ႔ အသံခ်ဲ႕စက္ေတြ ပါသြားတာေပါ့။”
မႏၱေလးတိုင္း ငါန္းဇြန္ၿမိဳ႕နယ္ သနပ္စစ္ ေက်းရြားနဲ႔ ႏြားထိုးႀကီးၿမိဳ႕နယ္ ဆူးျဖဴကုန္းေက်းရြာတို႔မွာလည္း စစ္ေကာင္စီ ဆန္႔က်င္ ဆႏၵျပပြဲျပဳလုပ္လို႔ စစ္တပ္က လာေရာက္ပစ္ခတ္တာရွိခဲ့ၿပီး ထိခိုက္ဒဏ္ရာရတာေတာ့ မရွိခဲ့ပါဘူး။
မေန႔ ေမ ၂ ရက္ေန႔ ကမၻာလံုးဆိုင္ရာ ျမန္မာ့ေႏြဦးေတာ္လွန္ေရးေန႔မွာ စစ္တပ္က ပစ္ခတ္တာေၾကာင့္ ၂ ဦးေသဆံုးၿပီး ၇ ဦးအထိ ဒဏ္ရာရခဲ့တဲ့ ေရႊဘိုခရိုင္ ၀က္လက္ၿမိဳ႕မွာ ဒီကေန႔ေတာ့ တည္တည္ၿငိမ္ၿငိမ္႐ွိေပမဲ့ လမ္းေတြမွာ အစစ္အေဆး အေမးအျမန္းေတြလုပ္ တင္းၾကပ္ေနတယ္လို႔ ၀က္လက္ ေဒသခံတဦးကေျပာပါတယ္။
“ဒီေန႔အေနနဲ႔က ထူးထူးျခားျခားမရွိဘူး။ လံုၿခံဳေရးအေနနဲ႔က သူတို႔ဘက္ကေတာ့ လံုၿခံဳေရးေတြ အမ်ားႀကီး ယူထားတာေပါ့။ သူတို႔ရဲဌာနေအာက္မွာလည္း တြင္းေတြေတာ့ တူးထားတယ္ ဗံုးတြင္းေတြလားမသိဘူး။ သဲအိတ္ေတြကို သူတို႔ရဲစခန္းမေရာက္ခင္ အလြန္ေလာက္မွာ သဲအိတ္ေတြ ကာထားတယ္။ သူတို႔ဘာသာ သူတို႔ လံုၿခံဳေရးေတြ ခ်ထားတာပါ။ လူဖမ္းတာေတာ့မေတြ႕ေသးဘူး စစ္ေဆးတာေတာ့ သူတို႔ေနတဲ့ေနရာမွာ သြားလိုက္မိလို႔ရွိရင္ သူတို႔အလွည့္က်ရွိတဲ့ေနရာ သြားလိုက္လို႔ရွိရင္ အကုန္စစ္တာ ပါသမွ်အကုန္စစ္တာ ဖမ္းဆီးတာေတာ့ လတ္တေလာ မၾကားရေသးဘူး။”
ကိုဗစ္ကပ္ေရာဂါေၾကာင့္ ပိတ္ထားရတဲ့ ေက်ာင္းေတြကို ျပန္ဖြင့္ဖို႔ စစ္ေကာင္စီက ေၾကညာထားတာခ်ိန္မွာ စစ္ကြၽန္ပညာေရးအလိုမရွိေၾကာင္းျပသတဲ့ အေနနဲ႔ ေနျပည္ေတာ္၊ ဂန္႔ေဂါ၊ ၿမိဳင္နဲ႔ ဆားလင္းႀကီးၿမိဳ႕ေတြမွာလည္း စစ္ကြၽန္ပညာေရးအလိုမရွိ စာသားေတြကိုင္ေဆာင္ၿပီး လမ္းေလွ်ာက္ခ်ီတက္ၾကတာ ၊ ေက်ာင္းဝန္းေရွ႕ေတြမွာ စစ္အာဏာရွင္ ဆန္႔က်င္ေရးစာသားေတြကို ေဆးနီးေတြနဲ႔ ေရးသားထုတ္ေဖာ္ၾကပါတယ္။
............
ကျောင်းပြန်ဖွင့်ရေး ဆန့်ကျင်သူတွေ အကြမ်းဖက် နှိမ်နင်းခံရ
(Unicode)
ဆရာ၊ ဆရာမတွေအပါအဝင် အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM လုပ်ကြဖို့ တိုက်တွန်းဆော်သြမှုတွေရှိနေချိန် ကျောင်းပြန်တက်တဲ့ ကျောင်းဆရာတွေကို နယ်မြို့တချို့မှာ ပြည်သူတွေက ဆန္ဒပြခဲ့ကြပါတယ်။ တောင်သာမြို့က နန်းမြင့်ကျေးရွာမှာ ခုလို ဆန္ဒပြသူတွေကို တပ်တွေပစ်ခတ်ပြီး အမျိုးသမီးတယောက်ကို ဖမ်းဆီးသွားပါတယ်။ မနေ့က ၂ ဦးသေဆုံးတဲ့ ဝက်လက်မြို့မှာလည်း လုံခြုံရေးတင်းကြပ်နေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို ကိုရဲမွန် ကပြောပြပါမယ်။
မကြာခင်ကျောင်းတွေ ပြန်ဖွင့်မှာမို့ အလုပ်ခွင်ပြန်ဝင်မယ့် ဆရာ၊ ဆရာမတွေ ဒီနေ့ မေလ ၃ ရက်နေ့မှာ နောက်ဆုံး သတင်းပို့ရမယ်လို့ သက်ဆိုင်ရာက ညွှန်ကြားထားပါတယ်။ ဒါကြောင့် မြင်းခြံခရိုင်၊ တောင်သာမြိုု့နယ်က နန်းမြင့်ကျေးရွာမှာ ကျောင်းတက်ဖို့လာကြတဲ့ ဆရာမတွေကို ဒေသခံ ရွာသားတွေကို ဆန္ဒပြကြပါတယ်။ အဲဒီလိုဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက် လူစုခွဲပြီး ဆန္ဒထုတ်ဖော်သူ အမျိုးသမီး ၁ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ နန်းမြင့်ကျေးရွာမှာဖြစ်ခဲ့တဲ့ အခြေအနေကို ရွာသားတယောက်က ဗွီအိုအေကို အခုလိုပဲပြောပါတယ်။
“ပစ်ခတ်မှုဖြစ်တာ ဒီလိုပေါ့ ဆရာမတွေလေ ကျောင်းမှာ ကျောင်းတက်ဖို့ရာပေါ့နေ စုရုံးတာပေါ့။ စုရုံးတဲ့အခါမှာ ပြည်သူကလည်း ဆန္ဒပြဖို့ ထွက်တာပေါ့။ တယောက်နဲ့တယောက် စကားတွေပြောပြီးတဲ့အချိန်မှာ စစ်တပ်က ရောက်လာတာလေ။ ဆရာမတွေကကျောင်းဖွင့်ရာမှာ ပြည်သူက စစ်အာဏာရှင်ဆန့်ကျင်ပြီး စစ်အာဏာရှင် အလိုကျ မဖွင့်ဖို့ရာ တယောက်နဲ့ တယောက် စကားပြောကြတာပေါ့။ အခြေတင်စကားပြောရာကနေ ဆရာမတွေက ကျောင်းပိတ်သွားပြီးတော့ ဆန္ဒပြပြည်သူတွေကလည်း ရွာထဲပြန်တဲ့အချိန်မှာ တောင်သာ ကနေပြီး နန်းမြင့်ကျေးရွာကို စစ်ကား ၂ စီးနဲ့ ရဲကား ၁ စီး အင်အား ၃၀ လောက်ပေါ့နော် ရောက်လာတယ်။ ရောက်လာပြီးတော့ ရွာထဲမှာ ဟိုလမ်းဝင် ဒီလမ်းထွက်နဲ့ သေနတ် ၇ ချက်ဖောက်ပြီး ဦးဆောင်သူ ဒေါ်ဝင်းသန်းကို ဖမ်းပြီးတော့ တောင်သာ ခေါ်သွားတယ်။”
အလားတူပဲ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ် တင်ပင်းကျေးရွာမှာလည်း ကျောင်းဖွင့်ဖို့ လာရောက်တဲ့ ဆရာမတွေကို ဒေသခံရွာသားတွေက ဆန္ဒပြလို့ စစ်တပ်က ရောက်လာပြီး သေနတ်ပစ်ဖောက်ကာ ရွာထဲက နေအိမ်အချို့ကနေ ရွေငွေတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ယူဆောင်သွားပါသေးတယ်။
ဒီအခြေအနေနဲ့ပတ်သက်လို့ တင်ပင်းရွာသား တဦးက
“ကျွန်တော်တို့ ဆန္ဒထုတ်ဖော်တာ စစ်ကျွန်ပညာရေး အလိုမရှိပေါ့ဗျာ။ စစ်အာဏာရှင်ကို ထောက်ခံတဲ့ ဆရာမတွေကို လက်မခံနိုင်ကြောင်း အလိုမရှိပေါ့ဗျာ။ သူတို့က ကျွန်တော်တို့သိသလောက် စစ်အာဏာရှင် စနစ်က ကျောင်းဖွင့်တယ်ဆိုတဲ့ သဘောမျိုးနဲ့ လာဖွင့်တာ။ ကျွန်တော်တို့ ဆန္ဒပြတော့ သူတို့က ဘာမှ မပြောဘူးဗျ။ တခါတည်းပဲကျွန်တော်တို့ကို ဓာတ်ပုံရိုက်တယ် အဝေးကနေ လှမ်းရိုက်တယ်။ ရိုက်ပြီးတော့ စစ်ကောင်စီကို တခါတည်း ခေါ်လိုက်တာပေါ့ဗျာ။ ပြီးတော့ စစ်ကား ၃ စီး ၄ စီးနဲ့ အယောက် ၃၀ ကျော်လောက် ကျေးရွာကိုလာပြီး ပစ်ခတ်သွားတာပေါ့ဗျာ။ ၁၀ ချက်လောက် ပစ်ခတ်သွားတယ်။ ထိခိုက်မှုတော့မရှိဘူး။ ကျွန်တော်တို့ ပစ္စည်းတွေ ပါသွားတာပေါ့ဗျာ။ အသံချဲ့စက်တွေ ရွှေတိုငွေစလေးနဲ့ အသံချဲ့စက်တွေ ပါသွားတာပေါ့။”
မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် သနပ်စစ် ကျေးရွားနဲ့ နွားထိုးကြီးမြို့နယ် ဆူးဖြူကုန်းကျေးရွာတို့မှာလည်း စစ်ကောင်စီ ဆန့်ကျင် ဆန္ဒပြပွဲပြုလုပ်လို့ စစ်တပ်က လာရောက်ပစ်ခတ်တာရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ပါဘူး။
မနေ့ မေ ၂ ရက်နေ့ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးနေ့မှာ စစ်တပ်က ပစ်ခတ်တာကြောင့် ၂ ဦးသေဆုံးပြီး ၇ ဦးအထိ ဒဏ်ရာရခဲ့တဲ့ ရွှေဘိုခရိုင် ဝက်လက်မြို့မှာ ဒီကနေ့တော့ တည်တည်ငြိမ်ငြိမ်ရှိပေမဲ့ လမ်းတွေမှာ အစစ်အဆေး အမေးအမြန်းတွေလုပ် တင်းကြပ်နေတယ်လို့ ဝက်လက် ဒေသခံတဦးကပြောပါတယ်။
“ဒီနေ့အနေနဲ့က ထူးထူးခြားခြားမရှိဘူး။ လုံခြုံရေးအနေနဲ့က သူတို့ဘက်ကတော့ လုံခြုံရေးတွေ အများကြီး ယူထားတာပေါ့။ သူတို့ရဲဌာနအောက်မှာလည်း တွင်းတွေတော့ တူးထားတယ် ဗုံးတွင်းတွေလားမသိဘူး။ သဲအိတ်တွေကို သူတို့ရဲစခန်းမရောက်ခင် အလွန်လောက်မှာ သဲအိတ်တွေ ကာထားတယ်။ သူတို့ဘာသာ သူတို့ လုံခြုံရေးတွေ ချထားတာပါ။ လူဖမ်းတာတော့မတွေ့သေးဘူး စစ်ဆေးတာတော့ သူတို့နေတဲ့နေရာမှာ သွားလိုက်မိလို့ရှိရင် သူတို့အလှည့်ကျရှိတဲ့နေရာ သွားလိုက်လို့ရှိရင် အကုန်စစ်တာ ပါသမျှအကုန်စစ်တာ ဖမ်းဆီးတာတော့ လတ်တလော မကြားရသေးဘူး။”
ကိုဗစ်ကပ်ရောဂါကြောင့် ပိတ်ထားရတဲ့ ကျောင်းတွေကို ပြန်ဖွင့်ဖို့ စစ်ကောင်စီက ကြေညာထားတာချိန်မှာ စစ်ကျွန်ပညာရေးအလိုမရှိကြောင်းပြသတဲ့ အနေနဲ့ နေပြည်တော်၊ ဂန့်ဂေါ၊ မြိုင်နဲ့ ဆားလင်းကြီးမြို့တွေမှာလည်း စစ်ကျွန်ပညာရေးအလိုမရှိ စာသားတွေကိုင်ဆောင်ပြီး လမ်းလျှောက်ချီတက်ကြတာ ၊ ကျောင်းဝန်းရှေ့တွေမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးစာသားတွေကို ဆေးနီးတွေနဲ့ ရေးသားထုတ်ဖော်ကြပါတယ်။