သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တကၠသိုလ္ရာထူးတိုးနဲ႔ အေျပာင္းအေ႐ႊ႕ေတြအေပၚ ေဝဖန္မႈေတြရွိလာ


လိြဳင္ေကာ္နည္းပညာတကၠသုိလ္ (ဓာတ္ပံု- Citizen Journalist)

(Zawgyi/Unicode)
စစ္အာဏာသိမ္းမႈ ဆန႔္က်င္တဲ့ အာဏာဖီဆန္ေရး CDM လႈပ္ရွားမႈထဲ တကၠသိုလ္ ဆရာဆရာမတခ်ိဳ႕ ပါဝင္ေနၾကခ်ိန္မွာ CDM မလုပ္တဲ့ ဆရာ၊ ဆရာမေတြကို ရာထူးတိုးတာ၊ တာဝန္ေျပာင္းေ႐ႊ႕တာေတြကို အာဏာသိမ္း နစက စစ္ေကာင္စီက လုပ္ေနပါတယ္။ ျမန္မာတႏိုင္ငံလုံးမွာရွိတဲ့ တကၠသိုလ္နဲ႔ ေကာလိပ္ေပါင္း ၁၃၀ ေက်ာ္ကို ေမလ ၅ ရက္မွာ ျပန္ဖြင့္ႏိုင္မွာမို႔ ဆရာ ဆရာမေတြ အလုပ္ခြင္ျပန္ဝင္ၾကဖို႔ ပညာေရး ဝန္ႀကီးဌာနက ေၾကညာထားပါတယ္။

အခုလာမယ့္ ေမလ ၅ရက္ေန႔မွာ တကၠသိုလ္ေနာက္ဆုံးႏွစ္နဲ႔ မဟာဝိဇၨာတန္းသင္တန္းေတြကို စစ္အုပ္ခ်ဳပ္ေရးေကာင္စီ ခန႔္အပ္ထားတဲ့ ပညာေရးဝန္ႀကီးဌာနက စတင္ဖြင့္လွစ္ဖို႔ ျပင္ဆင္ေနၿပီး ပညာေရးဝန္ထမ္းေတြကိုလည္း ေမလ ၃ရက္ ေနာက္ဆုံးထားၿပီး လုပ္ငန္းခြင္ျပန္ဝင္ဖို႔ ေနာက္ဆုံးအႀကိမ္ သတိေပးထားပါတယ္။

ဖိအားေပး ၿခိမ္းေျခာက္မႈေတြ ရွိေနေပမဲ့ အဆင့္ျမင့္ပညာေရးက ဝန္ထမ္းအမ်ားစုဟာ ေမလ ၃ ရက္မွာ အလုပ္ျပန္မဆင္းဖို႔ ဆုံးျဖတ္ထားေၾကာင္း ျမန္မာႏိုင္ငံလုံးဆိုင္ရာ တကၠသိုလ္ဆရာမ်ား သမဂၢက ေဒါက္တာ ေဒၚႏွင္းႏွင္းေအာင္က ဗြီအိုေအကို ေျပာပါတယ္။

“ သူတို႔ကေတာ့ ေခၚေနတယ္၊ သိထားသေလာက္ ဒီဘက္ တကၠသိုလ္ဆရာ အသိုင္းအဝန္းကေတာ့ ၈၅% ေလာက္ထိကေတာ့ လုံးဝသြားမွာ မဟုတ္ဘူးဗ် သူတို႔ေခၚလည္း။ ပုံမွန္ ဒီ ဆရာ၊ ဆရာမေတြကေတာ့ အလုပ္ထုတ္ပစ္လည္း ဂ႐ုမစိုက္ဘူး။ တခ်ိဳ႕က်ေတာ့လည္း မိသားစုအေျခအေနေၾကာင့္ ျပန္စဥ္းစားတဲ့ လူေတြလည္း ရွိတယ္လို႔ၾကားတယ္။ တကယ့္ စာရင္းဇယားကေတာ့ ၃ ရက္ေန႔မွပဲ အေျဖေပၚမွာပါ။”

ပါေမာကၡရာထူးကေန ဒုတိယ ပါေမာကၡခ်ဳပ္ရာထူး ေလွ်ာက္ထားသူေတြထဲက အေယာက္ ၈၀ ကို အခုလကုန္မွာ လူေတြ႕အကဲျဖတ္ဖို႔ အဆင့္ျမင့္ပညာ ဦးစီးဌာနက ေခၚယူထားပါတယ္။ ဒီရက္ပိုင္းထဲမွာလည္း ရာထူးတိုးနဲ႔ အေျပာင္းအေ႐ႊ႕ေတြကို ဆက္တိုက္လုပ္ေဆာင္ေနပါတယ္။ အခုႏွစ္ ဇန္နဝါရီလ အတြင္းမွာ တကၠသိုလ္ဆရာေတြရဲ႕ ရာထူးတိုးနဲ႔ အေျပာင္းအေ႐ႊ႕ကို လုပ္ထားၿပီးျဖစ္လို႔ အခုအေျပာင္းအေ႐ႊ႕ဟာ ႐ိုးသားမႈမရွိေၾကာင္း ေဒါက္တာေဒၚႏွင္းႏွင္းေအာင္က ဆက္ေျပာပါတယ္။

“ ဒါကပုံမွန္လုပ္တဲ့ အေနအထားမ်ိဳး မဟုတ္ေတာ့ဘူး အခုေခါက္လုပ္တာက။ CDM လုပ္တဲ့ ဝန္ထမ္းေတြကို ၿခိမ္းေျခာက္ဖို႔အတြက္ ေနာက္ၿပီး တဖက္က ဆြယ္ဖို႔ေပါ့ေနာ္။ CDM လုပ္တဲ့သူေတြ မင္းတို႔လုပ္သြားလည္း ဂ႐ုမစိုက္ဘူး၊ ငါတို႔မွာ အျခားအစားထိုးစရာ ရွိတယ္ဆိုတဲ့ ပုံစံမ်ိဳးနဲ႔ ဒီဘက္မွာ ရာထူးမတက္လို႔ ရာထူးတိုးေပးလိုက္တယ္၊ ေလ်ာ့သြားတဲ့ သူေတြေနရာကိုလည္း သူတို႔အစားထိုးစရာ ရွိတယ္ဆိုတဲ့ ပုံစံကို ခ်ိဳးဖို႔အတြက္ ဒီလိုလုပ္ေနတယ္လို႔ အႀကိမ္းဖ်င္း ေျပာလို႔ရပါတယ္။”

လက္ရွိမွာ ၅၀၅ (က) နဲ႔ ဖမ္းဝရမ္း ထုတ္ခံထားရတဲ့ တကၠသိုလ္ဆရာ၊ ဆရာမ ၃၀ ေက်ာ္ရွိၿပီး၊ တာဝန္က ယာယီရပ္ဆိုင္းခံထားရတဲ့ သူကေတာ့ ၂၀၀ ေက်ာ္ရွိပါတယ္။ စစ္အုပ္ခ်ဳပ္ေရးေကာင္စီ လက္ေအာက္မွာ တာဝန္မထမ္းေဆာင္ဘဲေနဖို႔ ပညာေရးဝန္ထမ္းအမ်ားစုက ဆုံးျဖတ္ထားသလို စစ္ေကာင္စီ ဘက္ကလည္း တကၠသိုလ္ အသီးသီးက ဆရာ၊ ဆရာမေတြကို အေျပာင္းအေ႐ႊ႕ေတြ ဆက္တိုက္လုပ္လာပါတယ္။

အခုလို အေျပာင္းအေ႐ႊေတြက ေက်ာင္းသားေတြ ေက်ာင္းျပန္လာေအာင္လုပ္တဲ့ နည္းလမ္းတခုျဖစ္ႏိုင္ေၾကာင္း လားရႈိးတကၠသိုလ္ ႐ူပေဗဒဌာနက ကထိက ေဒါက္တာထြန္းထြန္းႏိုင္က ေျပာပါတယ္။

“ ေက်ာင္းသား ေက်ာင္းသူေတြဟာ သူတို႔ ဆရာ၊ ဆရာမေတြကို social punishment တို႔ ဆဲထားဆိုထားတာေတြရွိတယ္၊ ရွိေတာ့ ေက်ာင္းျပန္ဖြင့္ၿပီဆိုရင္ ေက်ာင္းသား၊ ေက်ာင္းသူေတြဟာ ေက်ာင္းျပန္တက္ခ်င္ရင္ေတာင္ သူတို႔ဆဲထား ဆိုထားတာေတြ ျဖစ္ေနတယ္ သူတို႔ဆရာေတြကို။ အဲဒီအတြက္ ေ႐ႊ႕လိုက္တယ္ တျခားတကၠသိုလ္ကို။ တျခားတကၠသိုလ္ကေန တေယာက္လာလိမ့္မယ္ အဲဒါဆိုရင္ သူတို႔ဆဲထားဆိုထားသူ မဟုတ္တဲ့အတြက္ ေက်ာင္းသား ေက်ာင္းသူဟာ ေက်ာင္းလာတက္မယ္၊ ပါေမာကၡခ်ဳပ္လည္း အသစ္ျဖစ္ေနရမယ္ ေက်ာင္းျပန္တက္ရင္၊ ဒုတိယ ပါေမာကၡခ်ဳပ္လည္း အသစ္ျဖစ္ရမယ္၊ စီမံဘ႑ာဌာနလည္း အသစ္ျဖစ္ရမယ္၊ သင္တန္းေရးရာဌာနမႈးလည္း အသစ္ျဖစ္ရမယ္။ အဲလိုသေဘာမ်ိဳးနဲ႔ အေျပာင္းအေ႐ႊ႕ လုပ္တယ္လို႔ က်ေနာ္ကေတာ့ သုံးသပ္တယ္ေပါ့။”

အာဏာဖီဆန႔္တဲ့ CDM လႈပ္ရွားမႈမွာမပါဖို႔၊ ႏိုင္ငံ့ဝန္ထမ္း စည္းမ်ဥ္းေတြကို ေက်ပြန္ဖို႔ ၊ စည္းကမ္းထပ္ၿပီး ေဖာက္ဖ်က္ရင္ အေရးယူသြားမယ္လို႔ တကၠသိုလ္တခ်ိဳ႕က ဖိအားေပးေနပါတယ္။

မႏၲေလးၿမိဳ႕မွာ တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ ( တကသ) ဦးေဆာင္ၿပီး ေက်ာင္းျပန္မတက္ေရး လႈံ႕ေဆာ္တဲ့ လႈပ္ရွားမႈေတြ က်ယ္က်ယ္ျပန႔္ျပန႔္ လုပ္လာေနပါတယ္။

၂၀၁၉- ၂၀၂၀ ပညာသင္ႏွစ္ စာရင္းအရဆိုရင္ ဝိဇၨာသိပၸံတကၠသိုလ္ ၄၈ခုမွာ ေက်ာင္းသား ၃၂၀၀၀၀ ေက်ာ္၊ နည္းပညာနဲ႔ ကြန္ပ်ဴတာ တကၠသိုလ္ေတြမွာ ၅၈၀၀၀ ေက်ာ္၊ ပညာေရး ဒီဂရီေကာလိပ္ ၂၅ ခုမွာ ၁၀၇၀၀ ေက်ာ္ရွိၿပီး ဝိဇၨာသိပၸံတကၠသိုလ္ ၃၈ ခုမွာ အေဝးသင္တက္ေနတဲ့ ေက်ာင္းသားကေတာ့ ၆၂၀၀၀၀ ေက်ာ္ရွိပါတယ္။ ပညာသင္ႏွစ္အသီးသီးမွာ တက္ေရာက္ေနတဲ့ တကၠသိုလ္ေက်ာင္းသား အားလုံးေပါင္းကေတာ့ ၁၀ သိန္းေက်ာ္ရွိတယ္လို႔ လက္ရွိ ပညာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

.......................................................................

တိုက္႐ိုက္ လင့္ခ္


တက္ကသိုလ်ရာထူးတိုးနဲ့အပြောင်းအရွှေ့တွေအပေါ်ဝေဖန်မှုတွေရှိလာ

(Unicode)
စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုထဲ တက္ကသိုလ် ဆရာဆရာမတချို့ ပါဝင်နေကြချိန်မှာ CDM မလုပ်တဲ့ ဆရာ၊ ဆရာမတွေကို ရာထူးတိုးတာ၊ တာဝန်ပြောင်းရွှေ့တာတွေကို အာဏာသိမ်း နစက စစ်ကောင်စီက လုပ်နေပါတယ်။ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်နဲ့ ကောလိပ်ပေါင်း ၁၃၀ ကျော်ကို မေလ ၅ ရက်မှာ ပြန်ဖွင့်နိုင်မှာမို့ ဆရာ ဆရာမတွေ အလုပ်ခွင်ပြန်ဝင်ကြဖို့ ပညာရေး ဝန်ကြီးဌာနက ကြေညာထားပါတယ်။

အခုလာမယ့် မေလ ၅ရက်နေ့မှာ တက္ကသိုလ်နောက်ဆုံးနှစ်နဲ့ မဟာဝိဇ္ဇာတန်းသင်တန်းတွေကို စစ်အုပ်ချုပ်ရေးကောင်စီ ခန့်အပ်ထားတဲ့ ပညာရေးဝန်ကြီးဌာနက စတင်ဖွင့်လှစ်ဖို့ ပြင်ဆင်နေပြီး ပညာရေးဝန်ထမ်းတွေကိုလည်း မေလ ၃ရက် နောက်ဆုံးထားပြီး လုပ်ငန်းခွင်ပြန်ဝင်ဖို့ နောက်ဆုံးအကြိမ် သတိပေးထားပါတယ်။

ဖိအားပေး ခြိမ်းခြောက်မှုတွေ ရှိနေပေမဲ့ အဆင့်မြင့်ပညာရေးက ဝန်ထမ်းအများစုဟာ မေလ ၃ ရက်မှာ အလုပ်ပြန်မဆင်းဖို့ ဆုံးဖြတ်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ တက္ကသိုလ်ဆရာများ သမဂ္ဂက ဒေါက်တာ ဒေါ်နှင်းနှင်းအောင်က ဗွီအိုအေကို ပြောပါတယ်။

“ သူတို့ကတော့ ခေါ်နေတယ်၊ သိထားသလောက် ဒီဘက် တက္ကသိုလ်ဆရာ အသိုင်းအဝန်းကတော့ ၈၅% လောက်ထိကတော့ လုံးဝသွားမှာ မဟုတ်ဘူးဗျ သူတို့ခေါ်လည်း။ ပုံမှန် ဒီ ဆရာ၊ ဆရာမတွေကတော့ အလုပ်ထုတ်ပစ်လည်း ဂရုမစိုက်ဘူး။ တချို့ကျတော့လည်း မိသားစုအခြေအနေကြောင့် ပြန်စဉ်းစားတဲ့ လူတွေလည်း ရှိတယ်လို့ကြားတယ်။ တကယ့် စာရင်းဇယားကတော့ ၃ ရက်နေ့မှပဲ အဖြေပေါ်မှာပါ။”

ပါမောက္ခရာထူးကနေ ဒုတိယ ပါမောက္ခချုပ်ရာထူး လျှောက်ထားသူတွေထဲက အယောက် ၈၀ ကို အခုလကုန်မှာ လူတွေ့အကဲဖြတ်ဖို့ အဆင့်မြင့်ပညာ ဦးစီးဌာနက ခေါ်ယူထားပါတယ်။ ဒီရက်ပိုင်းထဲမှာလည်း ရာထူးတိုးနဲ့ အပြောင်းအရွှေ့တွေကို ဆက်တိုက်လုပ်ဆောင်နေပါတယ်။ အခုနှစ် ဇန်နဝါရီလ အတွင်းမှာ တက္ကသိုလ်ဆရာတွေရဲ့ ရာထူးတိုးနဲ့ အပြောင်းအရွှေ့ကို လုပ်ထားပြီးဖြစ်လို့ အခုအပြောင်းအရွှေ့ဟာ ရိုးသားမှုမရှိကြောင်း ဒေါက်တာဒေါ်နှင်းနှင်းအောင်က ဆက်ပြောပါတယ်။

“ ဒါကပုံမှန်လုပ်တဲ့ အနေအထားမျိုး မဟုတ်တော့ဘူး အခုခေါက်လုပ်တာက။ CDM လုပ်တဲ့ ဝန်ထမ်းတွေကို ခြိမ်းခြောက်ဖို့အတွက် နောက်ပြီး တဖက်က ဆွယ်ဖို့ပေါ့နော်။ CDM လုပ်တဲ့သူတွေ မင်းတို့လုပ်သွားလည်း ဂရုမစိုက်ဘူး၊ ငါတို့မှာ အခြားအစားထိုးစရာ ရှိတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဒီဘက်မှာ ရာထူးမတက်လို့ ရာထူးတိုးပေးလိုက်တယ်၊ လျော့သွားတဲ့ သူတွေနေရာကိုလည်း သူတို့အစားထိုးစရာ ရှိတယ်ဆိုတဲ့ ပုံစံကို ချိုးဖို့အတွက် ဒီလိုလုပ်နေတယ်လို့ အကြိမ်းဖျင်း ပြောလို့ရပါတယ်။”

လက်ရှိမှာ ၅၀၅ (က) နဲ့ ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ တက္ကသိုလ်ဆရာ၊ ဆရာမ ၃၀ ကျော်ရှိပြီး၊ တာဝန်က ယာယီရပ်ဆိုင်းခံထားရတဲ့ သူကတော့ ၂၀၀ ကျော်ရှိပါတယ်။ စစ်အုပ်ချုပ်ရေးကောင်စီ လက်အောက်မှာ တာဝန်မထမ်းဆောင်ဘဲနေဖို့ ပညာရေးဝန်ထမ်းအများစုက ဆုံးဖြတ်ထားသလို စစ်ကောင်စီ ဘက်ကလည်း တက္ကသိုလ် အသီးသီးက ဆရာ၊ ဆရာမတွေကို အပြောင်းအရွှေ့တွေ ဆက်တိုက်လုပ်လာပါတယ်။

အခုလို အပြောင်းအရွှေတွေက ကျောင်းသားတွေ ကျောင်းပြန်လာအောင်လုပ်တဲ့ နည်းလမ်းတခုဖြစ်နိုင်ကြောင်း လားရှိုးတက္ကသိုလ် ရူပဗေဒဌာနက ကထိက ဒေါက်တာထွန်းထွန်းနိုင်က ပြောပါတယ်။

“ ကျောင်းသား ကျောင်းသူတွေဟာ သူတို့ ဆရာ၊ ဆရာမတွေကို social punishment တို့ ဆဲထားဆိုထားတာတွေရှိတယ်၊ ရှိတော့ ကျောင်းပြန်ဖွင့်ပြီဆိုရင် ကျောင်းသား၊ ကျောင်းသူတွေဟာ ကျောင်းပြန်တက်ချင်ရင်တောင် သူတို့ဆဲထား ဆိုထားတာတွေ ဖြစ်နေတယ် သူတို့ဆရာတွေကို။ အဲဒီအတွက် ရွှေ့လိုက်တယ် တခြားတက္ကသိုလ်ကို။ တခြားတက္ကသိုလ်ကနေ တယောက်လာလိမ့်မယ် အဲဒါဆိုရင် သူတို့ဆဲထားဆိုထားသူ မဟုတ်တဲ့အတွက် ကျောင်းသား ကျောင်းသူဟာ ကျောင်းလာတက်မယ်၊ ပါမောက္ခချုပ်လည်း အသစ်ဖြစ်နေရမယ် ကျောင်းပြန်တက်ရင်၊ ဒုတိယ ပါမောက္ခချုပ်လည်း အသစ်ဖြစ်ရမယ်၊ စီမံဘဏ္ဍာဌာနလည်း အသစ်ဖြစ်ရမယ်၊ သင်တန်းရေးရာဌာနမှုးလည်း အသစ်ဖြစ်ရမယ်။ အဲလိုသဘောမျိုးနဲ့ အပြောင်းအရွှေ့ လုပ်တယ်လို့ ကျနော်ကတော့ သုံးသပ်တယ်ပေါ့။”

အာဏာဖီဆန့်တဲ့ CDM လှုပ်ရှားမှုမှာမပါဖို့၊ နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းတွေကို ကျေပွန်ဖို့ ၊ စည်းကမ်းထပ်ပြီး ဖောက်ဖျက်ရင် အရေးယူသွားမယ်လို့ တက္ကသိုလ်တချို့က ဖိအားပေးနေပါတယ်။

မန္တလေးမြို့မှာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ( တကသ) ဦးဆောင်ပြီး ကျောင်းပြန်မတက်ရေး လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်လာနေပါတယ်။

၂၀၁၉- ၂၀၂၀ ပညာသင်နှစ် စာရင်းအရဆိုရင် ဝိဇ္ဇာသိပ္ပံတက္ကသိုလ် ၄၈ခုမှာ ကျောင်းသား ၃၂၀၀၀၀ ကျော်၊ နည်းပညာနဲ့ ကွန်ပျူတာ တက္ကသိုလ်တွေမှာ ၅၈၀၀၀ ကျော်၊ ပညာရေး ဒီဂရီကောလိပ် ၂၅ ခုမှာ ၁၀၇၀၀ ကျော်ရှိပြီး ဝိဇ္ဇာသိပ္ပံတက္ကသိုလ် ၃၈ ခုမှာ အဝေးသင်တက်နေတဲ့ ကျောင်းသားကတော့ ၆၂၀၀၀၀ ကျော်ရှိပါတယ်။ ပညာသင်နှစ်အသီးသီးမှာ တက်ရောက်နေတဲ့ တက္ကသိုလ်ကျောင်းသား အားလုံးပေါင်းကတော့ ၁၀ သိန်းကျော်ရှိတယ်လို့ လက်ရှိ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG