သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီက ပညာေရး ျမင့္မားတိုးတက္ေအာင္ လုပ္မွာတဲ့လား


ရန္ကုန္ၿ္မိဳ႕စစ္အာဏာသိမ္းကန္႔ကြက္ဆႏၵျပပြဲ
တိုက္႐ိုက္ လင့္ခ္

အာဏာသိမ္း စစ္ေကာင္စီဟာ လာမယ့္ ေမလ ၅ ရက္ေန႔ကစၿပီး တကၠသိုလ္နဲ႔ ေကာလိပ္ သင္တန္းတစ္ခ်ိဳ႕ကို ျပန္လည္ဖြင့္လွစ္ေတာ့မယ္လို႔ ေၾကညာပါတယ္။ ပညာေရးဝန္ႀကီးဌာန လက္ေအာက္ အစိုးရ နည္းပညာေကာလိပ္နဲ႔ အစိုးရ စက္မႈလက္မႈ သိပၸံေတြက AGTI ၃ ႏွစ္ ဒီပလိုမာ သင္တန္းေတြရဲ႕ ေနာက္ဆုံးႏွစ္ျဖစ္တဲ့ တတိယႏွစ္ သင္တန္းေတြ၊ အစိုးရ နည္းပညာ အထက္တန္းေက်ာင္းေတြရဲ႕ ေနာက္ဆုံးႏွစ္ျဖစ္တဲ့ ဒုတိယႏွစ္ သင္တန္းေတြကို ဖြင့္လွစ္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ အဆင့္ျမင့္ ပညာဦးစီးဌာနက တကၠသိုလ္၊ ဒီဂရီေကာလိပ္၊ ေကာလိပ္ေတြမွာ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ေတြမွာ ဖြင့္လွစ္ခဲ့တဲ့ ေနာက္ဆုံးႏွစ္ သင္တန္းေတြနဲ႔ မဟာဘြဲ႕ (ေရးေျဖ) သင္တန္းေတြကိုလည္း ဖြင့္လွစ္မယ္လို႔ ေၾကညာပါတယ္။ ျမန္မာႏိုင္ငံမွာ ၂၀၂၀ ျပည့္ ႏွစ္ဆန္း Covid-19 ကပ္ေရာဂါ စၿပီး ဝင္ေရာက္မလာခင္ အခ်ိန္ကတည္းက အေျခခံပညာေက်ာင္းေတြ၊ အဆင့္ျမင့္ တကၠသိုလ္ ေကာလိပ္ေတြနဲ႔ သင္တန္းေတြအားလုံး ရပ္ဆိုင္းထားခဲ့ရတာပါ။ အခု အာဏာသိမ္း စစ္ေကာင္စီကေတာ့ တကၠသိုလ္အဆင့္ သင္တန္းေတြကို ျပန္ၿပီးဖြင့္လွစ္ဖို႔ စီစဥ္ေနပါၿပီ။ စစ္ေကာင္စီလက္ထက္ တကၠသိုလ္နဲ႔ ေက်ာင္းေတြ ျပန္ဖြင့္မယ့္ အစီအစဥ္ ေအာင္ျမင္မႈ ရႏိုင္မလား၊ စစ္ဗိုလ္ခ်ဳပ္တစ္ေယာက္က ပညာရည္ ျမင့္မားတိုးတက္ေအာင္ လုပ္ပါမယ္ ဆိုတဲ့ စကား ယုံစားလို႔ ရႏိုင္ပါ့မလား၊ ေလ့လာၾကည့္ၾကရေအာင္ပါ။

အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္ေကာင္စီ ဥကၠဌ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ေျပာတဲ့ မိန႔္ခြန္း အေတာ္မ်ားမ်ားမွာ အုပ္ခ်ဳပ္ေရးယႏၲယားေတြ ျပန္ၿပီး လည္ပတ္ႏိုင္ေရး၊ စက္႐ုံ အလုပ္႐ုံေတြ ဖြင့္လွစ္ႏိုင္ေရး၊ ရထားလိုင္းေတြ ျပန္ၿပီး ေျပးဆြဲႏိုင္ေရး၊ ဘဏ္ေတြ ျပန္ဖြင့္ႏိုင္ေရး စတဲ့ အေၾကာင္းေတြ ပါသလို၊ ေက်ာင္းေတြ ျပန္ဖြင့္ႏိုင္ေရး ကိစၥကလည္း ဆက္တိုက္ဆိုသလို ပါဝင္တာ ေတြ႕ရပါတယ္။ သူက ၂၀၁၉ ခုႏွစ္ စာရင္းဇယားတစ္ခုကို ကိုးကားၿပီး ျမန္မာႏိုင္ငံမွာ လုံး၀ ေက်ာင္းမေနဘူးသူ ၃ ဒသမ ၇ သန္းရွိတဲ့အေၾကာင္း၊ အဲဒီလူေတြဟာ ျပည္နယ္ေတြမွာ အမ်ားဆုံးျဖစ္ေၾကာင္း၊ ျပည္သူေတြ စာတတ္ေျမာက္ဖို႔အတြက္ စာဖတ္ဝိုင္းေတြ လုပ္ေပးဖို႔ လိုတဲ့အေၾကာင္း၊ ခုဆိုရင္ စာသင္ေက်ာင္းေတြ တစ္ႏွစ္ ပိတ္ထားရတဲ့အတြက္ ႏိုင္ငံေတာ္၊ မိဘနဲ႔ ကာယကံရွင္ ေက်ာင္းသားေက်ာင္းသူေတြ နစ္နာမႈေတြ ျဖစ္ေပၚေနတဲ့အေၾကာင္း၊ ေက်ာင္းေတြ ပိတ္ထားရလို႔ ျပည္သူေတြ အေနနဲ႔ ကိုယ့္ရဲ႕ကေလးကို စာေပ အသိပညာနဲ႔ ဗဟုသုတ ရေစဖို႔အတြက္ ယဥ္ေက်းလိမၼာနဲ႔ အျခား သုတ ရသ စာအုပ္စာေစာင္ေတြကို ဖတ္ခိုင္းရမယ့္အျပင္ ကိုယ္တိုင္လည္း စာဖတ္ၾကဖို႔ လိုေၾကာင္း၊ သူ႔အေနနဲ႔ကေတာ့ ေက်ာင္းေတြ ျပန္ၿပီး ဖြင့္လွစ္ႏိုင္ေရး ႀကိဳးပမ္းလုပ္ေဆာင္ေနတယ္လို႔ ေျပာဆိုခဲ့ပါတယ္။ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေက်ာင္းေတြ ျပန္ဖြင့္ဖို႔ေျပာေနသလို လက္ရွိမွာလည္း တကၠသိုလ္ ေကာလိပ္ အဆင့္ သင္တန္းတစ္ခ်ိဳ႕ ေမလမွာ ျပန္ဖြင့္မယ္လို႔ ေၾကညာလိုက္ေပမယ့္ စိန္ေခၚမႈ တစ္ခ်ိဳ႕ကေတာ့ ရွိေနပါတယ္။

ပထမ တခုကေတာ့ Covid-19 ကပ္ေရာဂါ အေျခအေန ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ အာဏာသိမ္းပြဲျဖစ္ပြားၿပီးေနာက္ပိုင္း ႀကီးမား က်ယ္ျပန႔္တဲ့ ဆႏၵျပပြဲေတြ ျဖစ္ေပၚခဲ့ပါတယ္။ အာဏာရွင္ကို အန္တုတဲ့ CDM လႈပ္ရွားမႈထဲမွာ ထိပ္ဆုံးက ပါဝင္သူေတြကေတာ့ ဆရာဝန္ေတြနဲ႔ က်န္းမာေရးဝန္ထမ္းေတြပါ။ အဲဒီ CDM လႈပ္ရွားမႈေၾကာင့္ အစိုးရေဆး႐ုံ၊ ေဆးေပးခန္းေတြ မလည္ပတ္ႏိုင္သလို၊ စစ္ေကာင္စီ ဘက္ကလည္း CDM ဆရာဝန္ေတြကို ဖမ္းဆီးတာ၊ ပုဒ္မ ၅၀၅(က) တပ္ၿပီး ဝရမ္းထုတ္တာ၊ အေျခအေနအရ ထိခိုက္ဒဏ္ရာရသူေတြ၊ ဖ်ားနာသူေတြကို ကုသေပးတဲ့ CDM ဆရာဝန္ေတြကို ဖမ္းဆီးတာ၊ ကုသခြင့္ေပးတဲ့ ပုဂၢလိက ေဆး႐ုံ ေဆးခန္းေတြကို အေရးယူမယ္လို႔ ေၾကညာတာ စတာေတြကို လုပ္ေနတဲ့အတြက္ နဂိုကတည္းက ဆိုးဆိုး႐ြား႐ြားျဖစ္ေနတဲ့ က်န္းမာေရး မ႑ိဳင္ဟာ ပိုၿပီး အေျခအေန ဆိုး႐ြားတဲ့ဘက္ ေရာက္သြားေစခဲ့ပါတယ္။ အဲဒီထဲမွာ Covid-19 တားဆီး၊ ကုသ၊ ထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေဆး ထိုးႏွံေရး စီမံကိန္းႀကီး တစ္ခုလုံးလည္း ရပ္ဆိုင္းသြားတာကို ေတြ႕ျမင္ၾကရပါတယ္။ အခု စစ္ေကာင္စီရဲ႕ တကၠသိုလ္ ေကာလိပ္ အဆင့္ သင္တန္းတစ္ခ်ိဳ႕ ျပန္ဖြင့္ေရးကိစၥ Covid-19 ဆိုင္ရာ အစီအမံေတြ ျပင္ဆင္၊ ေၾကညာ ထားတာ မရွိေလေတာ့ စိုးရိမ္ရတဲ့ အေနအထား ျဖစ္ေစပါတယ္။

ဒုတိယ တစ္ခ်က္ကေတာ့ တကၠသိုလ္ ဆရာဆရာမေတြ၊ ပညာေရးဆိုင္ရာ ဝန္ထမ္းေတြ CDM လုပ္ေနၾကတဲ့ ကိစၥပါ။ ၿပီးခဲ့တဲ့ ဧၿပီ ၉ ရက္ေန႔ ေၾကးမုံ သတင္းစာမွာ ပညာေရးဝန္ႀကီးဌာန အဆင့္ျမင့္ ပညာဦးစီးဌာန လက္ေအာက္ တကၠသိုလ္၊ ဒီဂရီေကာလိပ္၊ ပညာေရး ဒီဂရီေကာလိပ္နဲ႔ နည္းပညာတကၠသိုလ္ စုစုေပါင္း ၁၃၄ ခုအတြက္ နည္းျပနဲ႔ သ႐ုပ္ျပ အလုပ္ေနရာ စုစုေပါင္း ၁၃၄၆ ေနရာ ေခၚယူတာ ေတြ႕ရပါတယ္။ ဒါဟာ CDM ဝင္ေနတဲ့ ပညာေရး ဝန္ထမ္းေတြကို တာဝန္ကေန ယာယီ ထုတ္ပယ္ေၾကာင္း ေၾကညာခ်က္ေတြ ထြက္ေပၚအၿပီး ေခၚယူတာ ျဖစ္ေလေတာ့ CDM ဝင္တဲ့ ပညာေရးဝန္ထမ္း ဘယ္ေလာက္မ်ားတယ္၊ ဆရာ၊ ဆရာမ လိုအပ္ခ်က္ ဘယ္ေလာက္ ရွိေနတယ္ ဆိုတာ သိႏိုင္ပါတယ္။ ဒါဟာ နည္းျပနဲ႔ သ႐ုပ္ျပေတြ အတြက္ပဲျဖစ္ၿပီး အဆင့္ျမင့္ပညာ ဦးစီးဌာန တစ္ခုလုံး အတြက္ မဟုတ္၊ အေျခခံ ပညာအတြက္လည္း မပါသလို၊ ပညာေရး ဝန္ႀကီးဌာန တစ္ခုလုံး အတြက္လည္း မဟုတ္ေသးပါဘူး။ ဒါေၾကာင့္ သင္တန္းေတြ ျပန္ဖြင့္ရင္ ဆရာ၊ ဆရာမ မလုံေလာက္မႈနဲ႔ ႀကဳံရႏိုင္ၿပီး သင္ၾကားမႈေတြ ကေမာက္ကမ ျဖစ္ေစႏိုင္ပါတယ္။

တတိယ တစ္ခ်က္ကေတာ့ တကၠသိုလ္ ေကာလိပ္ အဆင့္ ေက်ာင္းသားေတြရဲ႕ အာဏာရွင္ ဆန႔္က်င္ေရး ဆႏၵျပပြဲေတြ ျဖစ္ေပၚလာႏိုင္ေခ်ပါ။ ေဖေဖၚဝါရီ ၁ ရက္ အာဏာသိမ္းပြဲ ေနာက္ပိုင္း ျဖစ္ေပၚလာတဲ့ ဆႏၵျပပြဲေတြဟာ ေက်ာင္းေတြ ပိတ္ထားခ်ိန္ျဖစ္ေပမယ့္ တကၠသိုလ္ ေကာလိပ္ အဆင့္ ေက်ာင္းသားေတြဟာ သူတို႔ ေက်ာင္းေတြကို CDM ေက်ာင္းေတြျဖစ္ေၾကာင္း ေၾကညာတဲ့ လႈပ္ရွားမႈေတြ လုပ္ခဲ့ၾကပါတယ္။ ေက်ာင္းပိတ္ထားခ်ိန္မွာေတာင္ တစ္ခ်ိဳ႕တေလ စုစည္း၊ ဆႏၵျပပြဲ ဆင္ႏြဲွခဲ့ၾကတဲ့ ေက်ာင္းသားေတြ အေနနဲ႔ တကၠသိုလ္ ေကာလိပ္ေတြမွာ တရားဝင္ ေက်ာင္းတက္ စုစည္းခြင့္ရရင္ ဆႏၵျပပြဲေတြ ျဖစ္ေပၚႏိုင္ေခ်ကလည္း အလားအလာ အမ်ားႀကီး ရွိေနပါတယ္။ တကယ္ေတာ့ လက္ရွိ စစ္ေကာင္စီရဲ႕ တကၠသိုလ္ ေကာလိပ္ အဆင့္ သင္တန္းတစ္ခ်ိဳ႕ ျပန္ဖြင့္ေရး အစီအမံဟာ ေက်ာင္းသူ ေက်ာင္းသားေတြရဲ႕ ပညာေရး တိုးတက္ ျမင့္မားဖို႔ ဆိုတာထက္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ရဲ႕ အစိုးရယႏၲယား ပုံမွန္ လည္ပတ္ေနတာကို ျပသခ်င္တဲ့ ဆႏၵကို အေကာင္အထည္ ေဖာ္တာ ပိုၿပီး ျဖစ္ႏိုင္ေခ် ရွိပါတယ္။

သိပ္မၾကာခင္တုန္းကလည္း သတင္းစာရွင္းလင္းပြဲ တစ္ခုမွာ ျပန္ၾကားေရး ဒုဝန္ႀကီး ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက သိပ္မၾကာခင္ ေက်ာင္းေတြ ျပန္ဖြင့္မယ္၊ ျပန္ဖြင့္တဲ့အခါက်ရင္ တစ္ႏွစ္ကို အတန္း ၂ တန္း တက္ရေအာင္ လုပ္မယ္ ဆိုၿပီး ေျပာခဲ့လို႔ ျပည္သူေတြအၾကား ျပစ္တင္ ေဝဖန္ ေျပာဆိုမႈေတြ အမ်ားႀကီး ရွိခဲ့ပါတယ္။ တကယ္လည္း ၁၉၆၂ ခုႏွစ္ကစလို႔ စစ္အာဏာရွင္ေတြ လက္ထက္ကို ျပန္ၾကည့္လိုက္ရင္ ပညာေရးနဲ႔ ပတ္သက္ၿပီး အာဏာရွင္ေတြ စိတ္ႀကိဳက္ အမ်ိဳးမ်ိဳး စမ္းသပ္တာ၊ ေက်ာင္းသားေက်ာင္းသူ ပညာရည္ ျမင့္မားေရးထက္ အာဏာတည္ၿမဲေရးကိုပဲ ဦးစားေပးတာ စတဲ့ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ပညာေရး အလြန္နိမ့္က်ခဲ့ၿပီး အတန္းေအာင္ စာမတတ္ေတြ ျဖစ္ခဲ့ၾကတာ ၂၀၁၆ ခုႏွစ္ အင္န္အယ္လ္ဒီ အာဏာရခ်ိန္ေရာက္မွ ျပဳျပင္ဖို႔ စတင္ကာစ အေျခအေနမွာပဲ ရွိပါေသးတယ္။ ဒီလို အေျခအေနမွာ စစ္ဗိုလ္ခ်ဳပ္ႀကီး တစ္ေယာက္က ေနာက္ထပ္ အာဏာသိမ္းမႈ ဆင္ႏြဲွခဲ့ေလေတာ့ စစ္ေခါင္းေဆာင္ေတြ အုပ္ခ်ဳပ္တဲ့ ေခတ္ကာလမွာ ျမန္မာႏိုင္ငံ ပညာေရး ျမင့္မား တိုးတက္လာလိမ့္မယ္ ဆိုတာမ်ိဳးကေတာ့ ေမွ်ာ္လင့္လို႔ ရႏိုင္ေကာင္းတဲ့ အရာ တစ္ခု မဟုတ္ႏိုင္ေၾကာင္းပါ။

----------------------------------------

စစ်ကောင်စီက ပညာရေး မြင့်မားတိုးတက်အောင် လုပ်မှာတဲ့လား

အာဏာသိမ်း စစ်ကောင်စီဟာ လာမယ့် မေလ ၅ ရက်နေ့ကစပြီး တက္ကသိုလ်နဲ့ ကောလိပ် သင်တန်းတစ်ချို့ကို ပြန်လည်ဖွင့်လှစ်တော့မယ်လို့ ကြေညာပါတယ်။ ပညာရေးဝန်ကြီးဌာန လက်အောက် အစိုးရ နည်းပညာကောလိပ်နဲ့ အစိုးရ စက်မှုလက်မှု သိပ္ပံတွေက AGTI ၃ နှစ် ဒီပလိုမာ သင်တန်းတွေရဲ့ နောက်ဆုံးနှစ်ဖြစ်တဲ့ တတိယနှစ် သင်တန်းတွေ၊ အစိုးရ နည်းပညာ အထက်တန်းကျောင်းတွေရဲ့ နောက်ဆုံးနှစ်ဖြစ်တဲ့ ဒုတိယနှစ် သင်တန်းတွေကို ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆင့်မြင့် ပညာဦးစီးဌာနက တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တွေမှာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွေမှာ ဖွင့်လှစ်ခဲ့တဲ့ နောက်ဆုံးနှစ် သင်တန်းတွေနဲ့ မဟာဘွဲ့ (ရေးဖြေ) သင်တန်းတွေကိုလည်း ဖွင့်လှစ်မယ်လို့ ကြေညာပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့် နှစ်ဆန်း Covid-19 ကပ်ရောဂါ စပြီး ဝင်ရောက်မလာခင် အချိန်ကတည်းက အခြေခံပညာကျောင်းတွေ၊ အဆင့်မြင့် တက္ကသိုလ် ကောလိပ်တွေနဲ့ သင်တန်းတွေအားလုံး ရပ်ဆိုင်းထားခဲ့ရတာပါ။ အခု အာဏာသိမ်း စစ်ကောင်စီကတော့ တက္ကသိုလ်အဆင့် သင်တန်းတွေကို ပြန်ပြီးဖွင့်လှစ်ဖို့ စီစဉ်နေပါပြီ။ စစ်ကောင်စီလက်ထက် တက္ကသိုလ်နဲ့ ကျောင်းတွေ ပြန်ဖွင့်မယ့် အစီအစဉ် အောင်မြင်မှု ရနိုင်မလား၊ စစ်ဗိုလ်ချုပ်တစ်ယောက်က ပညာရည် မြင့်မားတိုးတက်အောင် လုပ်ပါမယ် ဆိုတဲ့ စကား ယုံစားလို့ ရနိုင်ပါ့မလား၊ လေ့လာကြည့်ကြရအောင်ပါ။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောတဲ့ မိန့်ခွန်း အတော်များများမှာ အုပ်ချုပ်ရေးယန္တယားတွေ ပြန်ပြီး လည်ပတ်နိုင်ရေး၊ စက်ရုံ အလုပ်ရုံတွေ ဖွင့်လှစ်နိုင်ရေး၊ ရထားလိုင်းတွေ ပြန်ပြီး ပြေးဆွဲနိုင်ရေး၊ ဘဏ်တွေ ပြန်ဖွင့်နိုင်ရေး စတဲ့ အကြောင်းတွေ ပါသလို၊ ကျောင်းတွေ ပြန်ဖွင့်နိုင်ရေး ကိစ္စကလည်း ဆက်တိုက်ဆိုသလို ပါဝင်တာ တွေ့ရပါတယ်။ သူက ၂၀၁၉ ခုနှစ် စာရင်းဇယားတစ်ခုကို ကိုးကားပြီး မြန်မာနိုင်ငံမှာ လုံး၀ ကျောင်းမနေဘူးသူ ၃ ဒသမ ၇ သန်းရှိတဲ့အကြောင်း၊ အဲဒီလူတွေဟာ ပြည်နယ်တွေမှာ အများဆုံးဖြစ်ကြောင်း၊ ပြည်သူတွေ စာတတ်မြောက်ဖို့အတွက် စာဖတ်ဝိုင်းတွေ လုပ်ပေးဖို့ လိုတဲ့အကြောင်း၊ ခုဆိုရင် စာသင်ကျောင်းတွေ တစ်နှစ် ပိတ်ထားရတဲ့အတွက် နိုင်ငံတော်၊ မိဘနဲ့ ကာယကံရှင် ကျောင်းသားကျောင်းသူတွေ နစ်နာမှုတွေ ဖြစ်ပေါ်နေတဲ့အကြောင်း၊ ကျောင်းတွေ ပိတ်ထားရလို့ ပြည်သူတွေ အနေနဲ့ ကိုယ့်ရဲ့ကလေးကို စာပေ အသိပညာနဲ့ ဗဟုသုတ ရစေဖို့အတွက် ယဉ်ကျေးလိမ္မာနဲ့ အခြား သုတ ရသ စာအုပ်စာစောင်တွေကို ဖတ်ခိုင်းရမယ့်အပြင် ကိုယ်တိုင်လည်း စာဖတ်ကြဖို့ လိုကြောင်း၊ သူ့အနေနဲ့ကတော့ ကျောင်းတွေ ပြန်ပြီး ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းလုပ်ဆောင်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကျောင်းတွေ ပြန်ဖွင့်ဖို့ပြောနေသလို လက်ရှိမှာလည်း တက္ကသိုလ် ကောလိပ် အဆင့် သင်တန်းတစ်ချို့ မေလမှာ ပြန်ဖွင့်မယ်လို့ ကြေညာလိုက်ပေမယ့် စိန်ခေါ်မှု တစ်ချို့ကတော့ ရှိနေပါတယ်။

ပထမ တခုကတော့ Covid-19 ကပ်ရောဂါ အခြေအနေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းပွဲဖြစ်ပွားပြီးနောက်ပိုင်း ကြီးမား ကျယ်ပြန့်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အာဏာရှင်ကို အန်တုတဲ့ CDM လှုပ်ရှားမှုထဲမှာ ထိပ်ဆုံးက ပါဝင်သူတွေကတော့ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေပါ။ အဲဒီ CDM လှုပ်ရှားမှုကြောင့် အစိုးရဆေးရုံ၊ ဆေးပေးခန်းတွေ မလည်ပတ်နိုင်သလို၊ စစ်ကောင်စီ ဘက်ကလည်း CDM ဆရာဝန်တွေကို ဖမ်းဆီးတာ၊ ပုဒ်မ ၅၀၅(က) တပ်ပြီး ဝရမ်းထုတ်တာ၊ အခြေအနေအရ ထိခိုက်ဒဏ်ရာရသူတွေ၊ ဖျားနာသူတွေကို ကုသပေးတဲ့ CDM ဆရာဝန်တွေကို ဖမ်းဆီးတာ၊ ကုသခွင့်ပေးတဲ့ ပုဂ္ဂလိက ဆေးရုံ ဆေးခန်းတွေကို အရေးယူမယ်လို့ ကြေညာတာ စတာတွေကို လုပ်နေတဲ့အတွက် နဂိုကတည်းက ဆိုးဆိုးရွားရွားဖြစ်နေတဲ့ ကျန်းမာရေး မဏ္ဍိုင်ဟာ ပိုပြီး အခြေအနေ ဆိုးရွားတဲ့ဘက် ရောက်သွားစေခဲ့ပါတယ်။ အဲဒီထဲမှာ Covid-19 တားဆီး၊ ကုသ၊ ထိန်းချုပ်ရေးနဲ့ ကာကွယ်ဆေး ထိုးနှံရေး စီမံကိန်းကြီး တစ်ခုလုံးလည်း ရပ်ဆိုင်းသွားတာကို တွေ့မြင်ကြရပါတယ်။ အခု စစ်ကောင်စီရဲ့ တက္ကသိုလ် ကောလိပ် အဆင့် သင်တန်းတစ်ချို့ ပြန်ဖွင့်ရေးကိစ္စ Covid-19 ဆိုင်ရာ အစီအမံတွေ ပြင်ဆင်၊ ကြေညာ ထားတာ မရှိလေတော့ စိုးရိမ်ရတဲ့ အနေအထား ဖြစ်စေပါတယ်။

ဒုတိယ တစ်ချက်ကတော့ တက္ကသိုလ် ဆရာဆရာမတွေ၊ ပညာရေးဆိုင်ရာ ဝန်ထမ်းတွေ CDM လုပ်နေကြတဲ့ ကိစ္စပါ။ ပြီးခဲ့တဲ့ ဧပြီ ၉ ရက်နေ့ ကြေးမုံ သတင်းစာမှာ ပညာရေးဝန်ကြီးဌာန အဆင့်မြင့် ပညာဦးစီးဌာန လက်အောက် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ပညာရေး ဒီဂရီကောလိပ်နဲ့ နည်းပညာတက္ကသိုလ် စုစုပေါင်း ၁၃၄ ခုအတွက် နည်းပြနဲ့ သရုပ်ပြ အလုပ်နေရာ စုစုပေါင်း ၁၃၄၆ နေရာ ခေါ်ယူတာ တွေ့ရပါတယ်။ ဒါဟာ CDM ဝင်နေတဲ့ ပညာရေး ဝန်ထမ်းတွေကို တာဝန်ကနေ ယာယီ ထုတ်ပယ်ကြောင်း ကြေညာချက်တွေ ထွက်ပေါ်အပြီး ခေါ်ယူတာ ဖြစ်လေတော့ CDM ဝင်တဲ့ ပညာရေးဝန်ထမ်း ဘယ်လောက်များတယ်၊ ဆရာ၊ ဆရာမ လိုအပ်ချက် ဘယ်လောက် ရှိနေတယ် ဆိုတာ သိနိုင်ပါတယ်။ ဒါဟာ နည်းပြနဲ့ သရုပ်ပြတွေ အတွက်ပဲဖြစ်ပြီး အဆင့်မြင့်ပညာ ဦးစီးဌာန တစ်ခုလုံး အတွက် မဟုတ်၊ အခြေခံ ပညာအတွက်လည်း မပါသလို၊ ပညာရေး ဝန်ကြီးဌာန တစ်ခုလုံး အတွက်လည်း မဟုတ်သေးပါဘူး။ ဒါကြောင့် သင်တန်းတွေ ပြန်ဖွင့်ရင် ဆရာ၊ ဆရာမ မလုံလောက်မှုနဲ့ ကြုံရနိုင်ပြီး သင်ကြားမှုတွေ ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။

တတိယ တစ်ချက်ကတော့ တက္ကသိုလ် ကောလိပ် အဆင့် ကျောင်းသားတွေရဲ့ အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာနိုင်ချေပါ။ ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းပွဲ နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ဆန္ဒပြပွဲတွေဟာ ကျောင်းတွေ ပိတ်ထားချိန်ဖြစ်ပေမယ့် တက္ကသိုလ် ကောလိပ် အဆင့် ကျောင်းသားတွေဟာ သူတို့ ကျောင်းတွေကို CDM ကျောင်းတွေဖြစ်ကြောင်း ကြေညာတဲ့ လှုပ်ရှားမှုတွေ လုပ်ခဲ့ကြပါတယ်။ ကျောင်းပိတ်ထားချိန်မှာတောင် တစ်ချို့တလေ စုစည်း၊ ဆန္ဒပြပွဲ ဆင်နွဲှခဲ့ကြတဲ့ ကျောင်းသားတွေ အနေနဲ့ တက္ကသိုလ် ကောလိပ်တွေမှာ တရားဝင် ကျောင်းတက် စုစည်းခွင့်ရရင် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နိုင်ချေကလည်း အလားအလာ အများကြီး ရှိနေပါတယ်။ တကယ်တော့ လက်ရှိ စစ်ကောင်စီရဲ့ တက္ကသိုလ် ကောလိပ် အဆင့် သင်တန်းတစ်ချို့ ပြန်ဖွင့်ရေး အစီအမံဟာ ကျောင်းသူ ကျောင်းသားတွေရဲ့ ပညာရေး တိုးတက် မြင့်မားဖို့ ဆိုတာထက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အစိုးရယန္တယား ပုံမှန် လည်ပတ်နေတာကို ပြသချင်တဲ့ ဆန္ဒကို အကောင်အထည် ဖော်တာ ပိုပြီး ဖြစ်နိုင်ချေ ရှိပါတယ်။

သိပ်မကြာခင်တုန်းကလည်း သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက သိပ်မကြာခင် ကျောင်းတွေ ပြန်ဖွင့်မယ်၊ ပြန်ဖွင့်တဲ့အခါကျရင် တစ်နှစ်ကို အတန်း ၂ တန်း တက်ရအောင် လုပ်မယ် ဆိုပြီး ပြောခဲ့လို့ ပြည်သူတွေအကြား ပြစ်တင် ဝေဖန် ပြောဆိုမှုတွေ အများကြီး ရှိခဲ့ပါတယ်။ တကယ်လည်း ၁၉၆၂ ခုနှစ်ကစလို့ စစ်အာဏာရှင်တွေ လက်ထက်ကို ပြန်ကြည့်လိုက်ရင် ပညာရေးနဲ့ ပတ်သက်ပြီး အာဏာရှင်တွေ စိတ်ကြိုက် အမျိုးမျိုး စမ်းသပ်တာ၊ ကျောင်းသားကျောင်းသူ ပညာရည် မြင့်မားရေးထက် အာဏာတည်မြဲရေးကိုပဲ ဦးစားပေးတာ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ပညာရေး အလွန်နိမ့်ကျခဲ့ပြီး အတန်းအောင် စာမတတ်တွေ ဖြစ်ခဲ့ကြတာ ၂၀၁၆ ခုနှစ် အင်န်အယ်လ်ဒီ အာဏာရချိန်ရောက်မှ ပြုပြင်ဖို့ စတင်ကာစ အခြေအနေမှာပဲ ရှိပါသေးတယ်။ ဒီလို အခြေအနေမှာ စစ်ဗိုလ်ချုပ်ကြီး တစ်ယောက်က နောက်ထပ် အာဏာသိမ်းမှု ဆင်နွဲှခဲ့လေတော့ စစ်ခေါင်းဆောင်တွေ အုပ်ချုပ်တဲ့ ခေတ်ကာလမှာ မြန်မာနိုင်ငံ ပညာရေး မြင့်မား တိုးတက်လာလိမ့်မယ် ဆိုတာမျိုးကတော့ မျှော်လင့်လို့ ရနိုင်ကောင်းတဲ့ အရာ တစ်ခု မဟုတ်နိုင်ကြောင်းပါ။

XS
SM
MD
LG