သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

CDM ႏိုင္ငံျခားသံဝန္ထမ္းနဲ႔မိသားစုဝင္ ၁၈ဦးရဲ႕ ႏိုင္ငံကူးစာအုပ္မ်ားဖ်က္သိမ္းခံရ 


CDM ႏိုင္ငံျခားသံ၀န္ထမ္းနဲ႔မိသားစု၀င္ ၁၈ဦးရဲ႕ ႏိုင္ငံကူးစာအုပ္မ်ားဖ်က္သိမ္းခံရ

{{Zawgyi/Unicode}}

CDM အၾကမ္းဖက္မဖက္အာဏာဖီဆန္ေရးလႈပ္ရွားမႈမွာ ပါဝင္ခဲ့တဲ့ၾကတဲ့ ျပည္ပျမန္မာသံရံုးက သံရံုးဝန္ထမ္းေတြနဲ႔ မိသားစုဝင္ ၁၈ ဦးရဲ႕ သံတမန္ႏိုင္ငံကူး စာအုပ္ေတြကို ဖ်က္သိမ္းေၾကာင္း စစ္ေကာင္စီ ႏိုင္ငံျခားေရးဌာနကေန ထုတ္ျပန္ခဲ့ပါတယ္။

သူတို႔ကို တာဝန္ကေန ယာယီဆိုင္းငံေၾကာင္း အေၾကာင္းၾကားစာကိုလည္း ၿပီးခဲ့တဲ့သီတင္းပတ္က လက္ခံရရွိခဲ့တယ္လို႔ အဲဒီစာရင္းမွာပါဝင္တဲ့ သံတမန္တဦးက ဗြီအိုေအကို ေျပာပါတယ္။ ျမန္မာျပည္ကို ျပန္လာလိုရင္ ႏိုင္ငံကူးစာအုပ္နဲ႔မဟုတ္ပဲ COI လို႔ ေခၚတဲ့ ခရီးသြားအေထာက္အထားနဲ႔ ျပန္လာခြင့္ရွိတယ္လို႔ အေၾကာင္းၾကားေပမယ့္၊ သူတို႔အေနနဲ႔ ႏိုင္ငံကို ျပန္သြားမွာမဟုတ္သလို စစ္ေကာင္စီနဲ႔မပူးေပါင္းဘူးဆိုတဲ့ CDM လႈပ္ရွားမႈဆက္လုပ္သြားမယ္လို႔ အဲဒီ သံဝန္ထမ္းက ဗြီအိုေအကို ေျပာပါတယ္။

အခုလို ႏိုင္ငံကူးစာအုပ္ေတြ ဖ်က္သိမ္းခံရတဲ့အတြက္ ခရီးသြားလာမႈလုပ္ႏိုင္မွာမဟုတ္ေပမယ့္၊ ဆိုင္ရာႏိုင္ငံက ထုတ္ေပးထားတဲ့ သံတမန္ ID ေတြ ဆက္လက္ကိုင္ထားမယ္လို႔လည္း ေျပာပါတယ္။

အခု ၁၈ ဦးစာရင္းထဲမွာ အေမရိကန္ဝါရွင္တန္ဒီစီက သံဝန္ထမ္းေတြ၊ ဆြီဇာလန္ႏိုင္ငံ ဂ်နီဗာၿမိဳ့က သံ၀န္ထမ္းေတြနဲ႕ အစၥေရးႏိုင္ငံ Tel Aviv က သံဝန္ထမ္းတို႔ ပါ၀င္တယ္လ္ို႔သိရပါတယ္။

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းယူလိုက္ၿပီးတဲ့ေနာက္၊ အစိုးရ၀န္ထမ္းေတြအေတာ္မ်ားမ်ားက စစ္ေကာင္စီနဲ႔ မပူးေပါင္းေရး Civil Disobedience Movement (CDM) လႈပ္ရွားမႈလုပ္ခဲ့ၾကရာမွာပါ ႏိုင္ငံတကာေရာက္သံဝန္ထမ္းတခ်ိဳ႕လည္း ပါ၀င္ခဲ့တာပါ။

အထင္ရွားဆံုးျဖစ္ရပ္ကေတာ့ နယူးေယာက္မွာရွိတဲ့ ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ကုလသမဂၢ အေထြေထြညီလာခံမိန္႔ခြန္းမွာပဲ သူ႕အေနနဲ႔ အာဏာသိမ္းစစ္ေကာင္စီကို ကိုယ္စားမျပဳပါဘူးဆိုၿပီး ျငင္းဆန္ေျပာလိုက္တဲ့ျဖစ္ရပ္ပါ။

အဲဒီေနာက္ ႏိုင္ငံတကာသံရံုးအသီးသီးမွာ သံဝန္ထမ္းေတြ CDM လုပ္ၾကဖို႔၊ သက္ဆိုင္ရာႏိုင္ငံေတြက ဒီမိုကေရစီေရးလႈပ္ရွားသူ ျမန္မာဆႏၵျပသူေတြ ေတာင္းဆိုခဲ့ၾကပါတယ္။

....................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

CDM အကြမ်းဖက်မဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ကြတဲ့ ပြည်ပမြန်မာသံရုံးက သံရုံးဝန်ထမ်းတွေနဲ့ မိသားစုဝင် ၁၈ ဦးရဲ့ သံတမန်နိုင်ငံကူး စာအုပ်တွေကို ဖျက်သိမ်းကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဌာနကနေ ထုတ်ပြန်ခဲ့ပါတယ်။

သူတို့ကို တာဝန်ကနေ ယာယီဆိုင်းငံကြောင်း အကြောင်းကြားစာကိုလည်း ပြီးခဲ့တဲ့သီတင်းပတ်က လက်ခံရရှိခဲ့တယ်လို့ အဲဒီစာရင်းမှာပါဝင်တဲ့ သံတမန်တဦးက ဗွီအိုအေကို ပြောပါတယ်။ မြန်မာပြည်ကို ပြန်လာလိုရင် နိုင်ငံကူးစာအုပ်နဲ့မဟုတ်ပဲ COI လို့ ခေါ်တဲ့ ခရီးသွားအထောက်အထားနဲ့ ပြန်လာခွင့်ရှိတယ်လို့ အကြောင်းကြားပေမယ့်၊ သူတို့အနေနဲ့ နိုင်ငံကို ပြန်သွားမှာမဟုတ်သလို စစ်ကောင်စီနဲ့မပူးပေါင်းဘူးဆိုတဲ့ CDM လှုပ်ရှားမှုဆက်လုပ်သွားမယ်လို့ အဲဒီ သံဝန်ထမ်းက ဗွီအိုအေကို ပြောပါတယ်။

အခုလို နိုင်ငံကူးစာအုပ်တွေ ဖျက်သိမ်းခံရတဲ့အတွက် ခရီးသွားလာမှုလုပ်နိုင်မှာမဟုတ်ပေမယ့်၊ ဆိုင်ရာနိုင်ငံက ထုတ်ပေးထားတဲ့ သံတမန် ID တွေ ဆက်လက်ကိုင်ထားမယ်လို့လည်း ပြောပါတယ်။

အခု ၁၈ ဦးစာရင်းထဲမှာ အမေရိကန်ဝါရှင်တန်ဒီစီက သံဝန်ထမ်းတွေ၊ ဆွီဇာလန်နိုင်ငံ ဂျနီဗာမြို့က သံဝန်ထမ်းတွေနဲ့ အစ္စရေးနိုင်ငံ Tel Aviv က သံဝန်ထမ်းတို့ ပါဝင်တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းယူလိုက်ပြီးတဲ့နောက်၊ အစိုးရဝန်ထမ်းတွေအတော်များများက စစ်ကောင်စီနဲ့ မပူးပေါင်းရေး Civil Disobedience Movement (CDM) လှုပ်ရှားမှုလုပ်ခဲ့ကြရာမှာပါ နိုင်ငံတကာရောက်သံဝန်ထမ်းတချို့လည်း ပါဝင်ခဲ့တာပါ။

အထင်ရှားဆုံးဖြစ်ရပ်ကတော့ နယူးယောက်မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ အထွေထွေညီလာခံမိန့်ခွန်းမှာပဲ သူ့အနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို ကိုယ်စားမပြုပါဘူးဆိုပြီး ငြင်းဆန်ပြောလိုက်တဲ့ဖြစ်ရပ်ပါ။

အဲဒီနောက် နိုင်ငံတကာသံရုံးအသီးသီးမှာ သံဝန်ထမ်းတွေ CDM လုပ်ကြဖို့၊ သက်ဆိုင်ရာနိုင်ငံတွေက ဒီမိုကရေစီရေးလှုပ်ရှားသူ မြန်မာဆန္ဒပြသူတွေ တောင်းဆိုခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG