သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေက်ာင္းျပန္မတက္ေရး ဆႏၵျပ သပိတ္ေမွာက္


ပညာေရးဝန္ထမ္းေတြရဲ႕သပိတ္ ျမင္ကြင္း။ (ဧၿပီ ၂၉၊ ၂၀၂၁)

[Zawgyi/Unicode]

စစ္အုပ္ခ်ဳပ္ေရးေအာက္မွာ ေက်ာင္းျပန္မတက္ၾကဖို႔၊ လုပ္ငန္းခြင္ ျပန္မဝင္ၾကဖို႔ ပညာေရးဝန္ထမ္းေတြ ဆႏၵျပ တိုက္တြန္းတဲ့ ပညာေရးသပိတ္ကို တႏိုင္ငံလံုး အတိုင္းအတာနဲ႔ ဒီေန႔လုပ္ခဲ့ၾကပါတယ္။ တကၠသိုလ္ပညာသင္ႏွစ္တခ်ိဳ႕နဲ႔ အေျခခံပညာေက်ာင္းေတြအားလုံးကို ေမလ ၅ ရက္မွာ စတင္ဖြင့္လွစ္သြားမယ္လို႔ စစ္အုပ္ခ်ဳပ္ေရးေကာင္စီရဲ႕ ပညာေရးဝန္ႀကီးဌာနက ေၾကညာထားခ်ိန္ ၿမိဳ႕အေတာ္မ်ားမ်ားမွာလုပ္ခဲ့တဲ့ ပညာေရးသပိတ္အေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုေဇာ္ဝင္းလိႈင္က ေျပာျပထားပါတယ္။

လာမယ့္ရက္ပိုင္းအတြင္းမွာ အေျခခံေက်ာင္းေတြနဲ႔ တကၠသိုလ္အတန္းတခ်ိဳ႕ကို စတင္ဖြင့္လွစ္သြားမယ္လို႔ စစ္အုပ္ခ်ဳပ္ေရးေကာင္စီဘက္က ေၾကညာထားေပမဲ့ ပညာေရးဝန္ထမ္းေတြ ဦးေဆာင္တဲ့ ေက်ာင္းျပန္မတက္ေရး ဆႏၵျပလႈပ္ရွားမႈေတြကို စစ္အာဏာ႐ွင္ဆန္႔က်င္သူေတြက လုပ္ေနၾကတာပါ။

ပညာေရးဝန္ထမ္းေတြရဲ႕သပိတ္ ျမင္ကြင္း။ (ဧၿပီ ၂၉၊ ၂၀၂၁)
ပညာေရးဝန္ထမ္းေတြရဲ႕သပိတ္ ျမင္ကြင္း။ (ဧၿပီ ၂၉၊ ၂၀၂၁)

ဒီေန႔ ဧၿပီလ ၂၉ ရက္မွာေတာ့ တႏုိင္ငံလံုး အတုိင္းအတာနဲ႔ ပညာေရးသပိတ္ကို လုပ္ခဲ့ၾကတာမွာ ေတာင္ႀကီး၊ ဖားကန႔္၊ မႏၲေလး၊ ရန္ကုန္၊ ေတာင္ငူ၊ ျမစ္ႀကီးနားမွာရွိတဲ့ ပညာေရးဝန္ထမ္း အမ်ားအျပား လမ္းေပၚထြက္ ဆႏၵျပခဲ့ၾကၿပီး စစ္ေကာင္စီရဲ႕ အစီအစဥ္ေတြကို ဆန႔္က်င္ၾကဖို႔ ေႂကြးေၾကာ္ခဲ့ၾကပါတယ္။ စစ္အုပ္ခ်ဳပ္ေရးရဲ႕ ပညာေရးယႏၲရား မလည္ပတ္ႏိုင္ေအာင္ အစကတည္းက ႀကိဳၾကား ႀကိဳၾကား ဆႏၵျပတာေတြ႐ွိေပမဲ့ အခုလို ေနရာအႏွံ႔မွာ တၿပိဳင္နက္တည္း ဆႏၵျပတာနဲ႔ပတ္သက္လို႔ အေျခခံပညာ ပညာေရးလုပ္သားသမဂၢမ်ား ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီက ေဒၚသက္ဆုလႈိင္က ဗြီအိုေအကို ရွင္းျပပါတယ္။

“ၿဖိဳခြဲမႈေတြရွိလို႔ လူဦးေရနည္းသြားေပမဲ့ ေန႔တိုင္းလိုလို ထြက္ျဖစ္ေနတယ္ေပါ့။ က်ေနာ္တို႔ ပူးေပါင္းၿပီး ထြက္ျဖစ္ေနတယ္။ ေက်ာင္းဖြင့္ေတာ့မယ္ဆိုတဲ့ အခါမွာလည္း ပညာေရးဝန္ထမ္းေတြဘက္က ဒီေက်ာင္းေတြဖြင့္တာကို လက္မခံဘူး။ သပိတ္ေမွာက္တယ္။ စစ္ေကာင္စီရဲ႕ ပညာေရးယႏၲရား လည္ပတ္ေအာင္လုပ္မွာ မဟုတ္ဘူးဆိုတဲ့ စစ္ေၾကာင္းမ်ိဳးေတြ၊ အဲဒါကို ျပသခ်င္တဲ့အတြက္ ခပ္စိတ္စိတ္ ျဖစ္လာတယ္လို႔ က်ေနာ္ျမင္ပါတယ္။”

တခ်ိဳ႕ၿမိဳ႕နယ္ေတြမွာ စစ္ကြၽန္ပညာေရး အလိုမရွိဆိုတဲ့ စာတမ္းေတြနဲ႔ ေဆးနီသုတ္လိမ္းထားတဲ့ ေက်ာင္းဝတ္စုံေတြကို အထက္တန္းေက်ာင္း အဝင္ဝေတြမွာ ခ်ိတ္ဆြဲၿပီး ေက်ာင္းသားေတြက ဦးေဆာင္ဆႏၵျပၾကပါတယ္။ အခုလို ပညာေရးဝန္ထမ္းေတြနဲ႔ ေက်ာင္းသား၊ မိဘေတြ ေနရာအႏွံ႔မွာ အသီးသီး ပူးေပါင္း ပါဝင္လာလို႔ ဝမ္းေျမာက္ေၾကာင္း ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဆရာ၊ ဆရာမမ်ားအဖြဲ႕ခ်ဳပ္က တာဝန္ခံ ေဒါက္တာစန္းစန္းရီက ဗြီအိုေအကို ေျပာပါတယ္။

“မႏွစ္ကလည္း COVID ေၾကာင့္ ကေလးေတြက တႏွစ္နားထားတယ္။ ဒီႏွစ္လည္း စစ္ေကာင္စီက ဖြင့္တဲ့ေက်ာင္းေတြကို မသြားဘူးဆိုရင္ သူတို႔တႏွစ္ နစ္နာမွာ သိတယ္။ ဒါေပမဲ့ ဒီဟာနစ္နာမွာထက္စာရင္ စစ္ေကာင္စီအုပ္ခ်ဳပ္ေနတာကို မတြန္းလွန္ဘူး။ သပိတ္မေမွာက္ဘူးဆိုရင္ စစ္ေကာင္စီ သက္ဆိုးရွည္သြားတာဟာ ေက်ာင္းမတက္ရလို႔ ပညာေနာက္က်လို႔ နစ္နာတာထက္ ပိုၿပီးနစ္နာမယ္ဆိုတာ မိဘေတြက သိတယ္။ အဲဒါေၾကာင့္ လက္လွမ္းမီသေလာက္ ဆရာ၊ ဆရာမေတြ၊ ေက်ာင္းသား ေက်ာင္းသူ မိဘေတြကို စကားေျပာၾကည့္တဲ့အခါ မိဘေတြက သပိတ္ေမွာက္မယ္ေပါ့။ ဒီသေဘာမ်ိဳး သိရတယ္။ ေနာက္ အ႐ြယ္အသင့္အတင့္ ေရာက္ေနတဲ့ အထက္တန္း ေက်ာင္းသားေတြ ကိုယ္တိုင္ကလည္း သူတို႔လည္း ေက်ာင္းမသြားဘူးလို႔ ေျပာတာေတြ ရွိပါတယ္။”

အေျခခံပညာနဲ႔ တကၠသိုလ္ေက်ာင္းေတြကို ေမလ ၅ ရက္ေန႔မွာ ျပန္ဖြင့္ဖုိ႔ ပညာေရးဌာနက ေၾကညာထားပါတယ္။ ဒီၾကားထဲမွာ အလုပ္ခြင္မဝင္ဘဲ ဆႏၵျပေနတဲ့ ႏိုင္ငံ့ဝန္ထမ္းေတြကို စစ္ေကာင္စီက ဖမ္းဆီးတာ၊ ဝန္ထမ္းအိမ္ရာေတြက ဖယ္ရွားေနတာေၾကာင့္ ဆရာ၊ ဆရာမေတြအတြက္ အစစအရာရာ ပိုမိုခက္ခဲလာေနပါတယ္။

“ဒီလအတြက္ အခက္အခဲဆုံးကေတာ့ လုံၿခဳံေရးကိုစိတ္ပူၿပီးေတာ့ CDM မွာနည္းနည္း ေတြေဝလာတာေလးေတြ ရွိတယ္ေပါ့။ တဘက္ကလည္း လစာလည္းမယူဘူး။ သူတို႔လုပ္တဲ့ ယႏၲရားမွန္သမွ်လည္း ဘာမွမလုပ္ဘူး။ အဆုံးထိ ေတာင့္ခံထားမယ္ဆိုတဲ့ ဆရာ၊ ဆရာမေတြလည္း အမ်ားႀကီး ရွိပါေသးတယ္။ အဲဒီေတာ့ စစ္ေကာင္စီကေပးတဲ့ စစ္ကြၽန္ပညာေရး ယႏၲရားႀကီးထဲကို ဆြဲမသြင္းဖို႔ ဆရာ၊ ဆရာမေတြ ေတာင့္ခံထားဖို႔ တိုက္တြန္းခ်င္ပါတယ္။”

ပညာေရးဝန္ထမ္းေတြရဲ႕သပိတ္ ျမင္ကြင္း။ (ဧၿပီ ၂၉၊ ၂၀၂၁)
ပညာေရးဝန္ထမ္းေတြရဲ႕သပိတ္ ျမင္ကြင္း။ (ဧၿပီ ၂၉၊ ၂၀၂၁)

အခုအေျခအေနမ်ဳိးမွာ ဆရာ၊ ဆရာမေတြရဲ႕ လုံၿခဳံေရးဟာ ျပည္သူေတြရဲ႕ လက္ထဲမွာ႐ွိေနသလိုျဖစ္တယ္လို႔ ပဲခူးတိုင္း အေျခခံပညာေရး လုပ္သားမ်ားသမဂၢက စိုင္းေနာ္လင္းက ဗြီအိုေအကို ေျပာပါတယ္။

“တကယ္လာဖမ္းခ်င္လည္း သူတို႔ က်ေနာ္တို႔အကုန္လုံးကို ဆြဲဖမ္းဖို႔ ေထာင္လည္း မဆံ့ပါဘူး။ CDM ဝန္ထမ္းေတြကို ဘာကူညီေစခ်င္လဲဆိုရင္ ရပ္ကြက္၊ ေက်း႐ြာေတြက တာဝန္ရွိတဲ့သူေတြက က်ေနာ္တို႔ CDM ဝန္ထမ္းေတြကို ကာကြယ္ေပးဖို႔ေပါ့ေနာ္၊ သူတို႔ရဲ႕ လုံၿခဳံေရးကို အာမခံေပးဖို႔ပဲ လုပ္ေပးပါ။ လုပ္တယ္ေဟ့ဆိုရင္ ဝန္ထမ္းတိုင္းက CDM ကို ေအာင္ပြဲရတဲ့အထိ လုပ္ၾကမွာပါ။”

စစ္အာဏာသိမ္းမႈျဖစ္ခဲ့ၿပီးေနာက္ ေဖေဖာ္ဝါရီလကုန္ပိုင္းက ရန္ကုန္က ပညာေရးဝန္ထမ္း သပိတ္တခုမွာ အေျခခံေက်ာင္းဆရာမတဦး ေသနတ္ထိမွန္ ေသဆုံးခဲ့ပါတယ္။ အဲဒီေနာက္ပိုင္း ဆႏၵျပလႈပ္ရွားမႈေတြမွာ ပါဝင္၊ ကူညီေနတဲ့ တကၠသိုလ္ ဆရာ၊ ဆရာမ အမ်ားအျပားလည္း ၅၀၅ (က) နဲ႔ အမႈဖြင့္ အေရးယူခံေနရသလို တခ်ိဳ႕လည္း တာဝန္ကေန ယာယီရပ္ဆိုင္းခံထားရပါတယ္။

ေက်ာင္းျပန္မတက္ေရး ဆႏၵျပ သပိတ္ေမွာက္
please wait

No media source currently available

0:00 0:03:51 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကျောင်းပြန်မတက်ရေး ဆန္ဒပြ သပိတ်မှောက်

စစ်အုပ်ချုပ်ရေးအောက်မှာ ကျောင်းပြန်မတက်ကြဖို့၊ လုပ်ငန်းခွင် ပြန်မဝင်ကြဖို့ ပညာရေးဝန်ထမ်းတွေ ဆန္ဒပြ တိုက်တွန်းတဲ့ ပညာရေးသပိတ်ကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ဒီနေ့လုပ်ခဲ့ကြပါတယ်။ တက္ကသိုလ်ပညာသင်နှစ်တချို့နဲ့ အခြေခံပညာကျောင်းတွေအားလုံးကို မေလ ၅ ရက်မှာ စတင်ဖွင့်လှစ်သွားမယ်လို့ စစ်အုပ်ချုပ်ရေးကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနက ကြေညာထားချိန် မြို့အတော်များများမှာလုပ်ခဲ့တဲ့ ပညာရေးသပိတ်အကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုဇော်ဝင်းလှိုင်က ပြောပြထားပါတယ်။

လာမယ့်ရက်ပိုင်းအတွင်းမှာ အခြေခံကျောင်းတွေနဲ့ တက္ကသိုလ်အတန်းတချို့ကို စတင်ဖွင့်လှစ်သွားမယ်လို့ စစ်အုပ်ချုပ်ရေးကောင်စီဘက်က ကြေညာထားပေမဲ့ ပညာရေးဝန်ထမ်းတွေ ဦးဆောင်တဲ့ ကျောင်းပြန်မတက်ရေး ဆန္ဒပြလှုပ်ရှားမှုတွေကို စစ်အာဏာရှင်ဆန့်ကျင်သူတွေက လုပ်နေကြတာပါ။

ဒီနေ့ ဧပြီလ ၂၉ ရက်မှာတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပညာရေးသပိတ်ကို လုပ်ခဲ့ကြတာမှာ တောင်ကြီး၊ ဖားကန့်၊ မန္တလေး၊ ရန်ကုန်၊ တောင်ငူ၊ မြစ်ကြီးနားမှာရှိတဲ့ ပညာရေးဝန်ထမ်း အများအပြား လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး စစ်ကောင်စီရဲ့ အစီအစဉ်တွေကို ဆန့်ကျင်ကြဖို့ ကြွေးကြော်ခဲ့ကြပါတယ်။ စစ်အုပ်ချုပ်ရေးရဲ့ ပညာရေးယန္တရား မလည်ပတ်နိုင်အောင် အစကတည်းက ကြိုကြား ကြိုကြား ဆန္ဒပြတာတွေရှိပေမဲ့ အခုလို နေရာအနှံ့မှာ တပြိုင်နက်တည်း ဆန္ဒပြတာနဲ့ပတ်သက်လို့ အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ဒေါ်သက်ဆုလှိုင်က ဗွီအိုအေကို ရှင်းပြပါတယ်။

ပညာေရးဝန္ထမ္းေတြရဲ႕သပိတ္ ျမင္ကြင္း။ (ဧၿပီ ၂၉၊ ၂၀၂၁)
ပညာေရးဝန္ထမ္းေတြရဲ႕သပိတ္ ျမင္ကြင္း။ (ဧၿပီ ၂၉၊ ၂၀၂၁)

“ဖြိုခွဲမှုတွေရှိလို့ လူဦးရေနည်းသွားပေမဲ့ နေ့တိုင်းလိုလို ထွက်ဖြစ်နေတယ်ပေါ့။ ကျနော်တို့ ပူးပေါင်းပြီး ထွက်ဖြစ်နေတယ်။ ကျောင်းဖွင့်တော့မယ်ဆိုတဲ့ အခါမှာလည်း ပညာရေးဝန်ထမ်းတွေဘက်က ဒီကျောင်းတွေဖွင့်တာကို လက်မခံဘူး။ သပိတ်မှောက်တယ်။ စစ်ကောင်စီရဲ့ ပညာရေးယန္တရား လည်ပတ်အောင်လုပ်မှာ မဟုတ်ဘူးဆိုတဲ့ စစ်ကြောင်းမျိုးတွေ၊ အဲဒါကို ပြသချင်တဲ့အတွက် ခပ်စိတ်စိတ် ဖြစ်လာတယ်လို့ ကျနော်မြင်ပါတယ်။”

တချို့မြို့နယ်တွေမှာ စစ်ကျွန်ပညာရေး အလိုမရှိဆိုတဲ့ စာတမ်းတွေနဲ့ ဆေးနီသုတ်လိမ်းထားတဲ့ ကျောင်းဝတ်စုံတွေကို အထက်တန်းကျောင်း အဝင်ဝတွေမှာ ချိတ်ဆွဲပြီး ကျောင်းသားတွေက ဦးဆောင်ဆန္ဒပြကြပါတယ်။ အခုလို ပညာရေးဝန်ထမ်းတွေနဲ့ ကျောင်းသား၊ မိဘတွေ နေရာအနှံ့မှာ အသီးသီး ပူးပေါင်း ပါဝင်လာလို့ ဝမ်းမြောက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က တာဝန်ခံ ဒေါက်တာစန်းစန်းရီက ဗွီအိုအေကို ပြောပါတယ်။

“မနှစ်ကလည်း COVID ကြောင့် ကလေးတွေက တနှစ်နားထားတယ်။ ဒီနှစ်လည်း စစ်ကောင်စီက ဖွင့်တဲ့ကျောင်းတွေကို မသွားဘူးဆိုရင် သူတို့တနှစ် နစ်နာမှာ သိတယ်။ ဒါပေမဲ့ ဒီဟာနစ်နာမှာထက်စာရင် စစ်ကောင်စီအုပ်ချုပ်နေတာကို မတွန်းလှန်ဘူး။ သပိတ်မမှောက်ဘူးဆိုရင် စစ်ကောင်စီ သက်ဆိုးရှည်သွားတာဟာ ကျောင်းမတက်ရလို့ ပညာနောက်ကျလို့ နစ်နာတာထက် ပိုပြီးနစ်နာမယ်ဆိုတာ မိဘတွေက သိတယ်။ အဲဒါကြောင့် လက်လှမ်းမီသလောက် ဆရာ၊ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူ မိဘတွေကို စကားပြောကြည့်တဲ့အခါ မိဘတွေက သပိတ်မှောက်မယ်ပေါ့။ ဒီသဘောမျိုး သိရတယ်။ နောက် အရွယ်အသင့်အတင့် ရောက်နေတဲ့ အထက်တန်း ကျောင်းသားတွေ ကိုယ်တိုင်ကလည်း သူတို့လည်း ကျောင်းမသွားဘူးလို့ ပြောတာတွေ ရှိပါတယ်။”

အခြေခံပညာနဲ့ တက္ကသိုလ်ကျောင်းတွေကို မေလ ၅ ရက်နေ့မှာ ပြန်ဖွင့်ဖို့ ပညာရေးဌာနက ကြေညာထားပါတယ်။ ဒီကြားထဲမှာ အလုပ်ခွင်မဝင်ဘဲ ဆန္ဒပြနေတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို စစ်ကောင်စီက ဖမ်းဆီးတာ၊ ဝန်ထမ်းအိမ်ရာတွေက ဖယ်ရှားနေတာကြောင့် ဆရာ၊ ဆရာမတွေအတွက် အစစအရာရာ ပိုမိုခက်ခဲလာနေပါတယ်။

“ဒီလအတွက် အခက်အခဲဆုံးကတော့ လုံခြုံရေးကိုစိတ်ပူပြီးတော့ CDM မှာနည်းနည်း တွေဝေလာတာလေးတွေ ရှိတယ်ပေါ့။ တဘက်ကလည်း လစာလည်းမယူဘူး။ သူတို့လုပ်တဲ့ ယန္တရားမှန်သမျှလည်း ဘာမှမလုပ်ဘူး။ အဆုံးထိ တောင့်ခံထားမယ်ဆိုတဲ့ ဆရာ၊ ဆရာမတွေလည်း အများကြီး ရှိပါသေးတယ်။ အဲဒီတော့ စစ်ကောင်စီကပေးတဲ့ စစ်ကျွန်ပညာရေး ယန္တရားကြီးထဲကို ဆွဲမသွင်းဖို့ ဆရာ၊ ဆရာမတွေ တောင့်ခံထားဖို့ တိုက်တွန်းချင်ပါတယ်။”

အခုအခြေအနေမျိုးမှာ ဆရာ၊ ဆရာမတွေရဲ့ လုံခြုံရေးဟာ ပြည်သူတွေရဲ့ လက်ထဲမှာရှိနေသလိုဖြစ်တယ်လို့ ပဲခူးတိုင်း အခြေခံပညာရေး လုပ်သားများသမဂ္ဂက စိုင်းနော်လင်းက ဗွီအိုအေကို ပြောပါတယ်။

“တကယ်လာဖမ်းချင်လည်း သူတို့ ကျနော်တို့အကုန်လုံးကို ဆွဲဖမ်းဖို့ ထောင်လည်း မဆံ့ပါဘူး။ CDM ဝန်ထမ်းတွေကို ဘာကူညီစေချင်လဲဆိုရင် ရပ်ကွက်၊ ကျေးရွာတွေက တာဝန်ရှိတဲ့သူတွေက ကျနော်တို့ CDM ဝန်ထမ်းတွေကို ကာကွယ်ပေးဖို့ပေါ့နော်၊ သူတို့ရဲ့ လုံခြုံရေးကို အာမခံပေးဖို့ပဲ လုပ်ပေးပါ။ လုပ်တယ်ဟေ့ဆိုရင် ဝန်ထမ်းတိုင်းက CDM ကို အောင်ပွဲရတဲ့အထိ လုပ်ကြမှာပါ။”

စစ်အာဏာသိမ်းမှုဖြစ်ခဲ့ပြီးနောက် ဖေဖော်ဝါရီလကုန်ပိုင်းက ရန်ကုန်က ပညာရေးဝန်ထမ်း သပိတ်တခုမှာ အခြေခံကျောင်းဆရာမတဦး သေနတ်ထိမှန် သေဆုံးခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဆန္ဒပြလှုပ်ရှားမှုတွေမှာ ပါဝင်၊ ကူညီနေတဲ့ တက္ကသိုလ် ဆရာ၊ ဆရာမ အများအပြားလည်း ၅၀၅ (က) နဲ့ အမှုဖွင့် အရေးယူခံနေရသလို တချို့လည်း တာဝန်ကနေ ယာယီရပ်ဆိုင်းခံထားရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG