သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာလူထု ၃ သန္းေက်ာ္ စားနပ္ရိကၡာအခက္ေတြ႔လာႏုိင္ေၾကာင္း WFP သတိေပး


ဧၿပီလ ၁၂ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ေနရာ တခုရွိ ဘဏ္တခုမွာ ေငြထုတ္ဖို႔ ေစာင့္ေနသူမ်ား။ (ဧၿပီ ၁၂၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏုိ္င္ငံမွာ လာမယ့္လေတြအတြင္း လူ သန္းနဲ႔ခ်ီၿပီးေတာ့ စားနပ္ရိကၡာ အခက္ေတြ႔ႏုိင္တယ္လို႔ ကမာၻ႔စားနပ္ရိကၡာအဖြဲ႔ (WFP) က သတိေပးပါတယ္။

"လာမယ့္ ၆ လအတြင္း ခန္႔မွန္းေျခ လူဦးေရ ၃,၄၀၀,၀၀၀ ေလာက္အထိဟာ အစားအေသာက္ မလုံေလာက္တဲ့ အေျခအေနကို စိုးရိမ္ဖြယ္ရာအဆင့္ ရင္ဆိုင္ရႏုိင္တယ္လုိ႔ WFP က ခန္႔မွန္းထားၿပီး က်ေနာ္တို႔ကိုယ္တိုင္နဲ႔ တျခားအဖြဲ႔အစည္းေတြဆီက အကူအညီ လိုလာႏုိင္ပါတယ္။" လို႔ WFP ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ ဒုတိယဌာေနၫႊန္ၾကားေရးမွဴး Marcus Priou က AP သတင္းဌာနနဲ႔ ဗုဒၶဟူးေန႔ ေမးျမန္္းခန္းအတြင္း ေျပာသြားပါတယ္။

ဘဏ္လုပ္ငန္းလည္ပတ္မႈ တစိတ္တပိုင္း ရပ္ဆိုင္းေနတာေၾကာင့္ ျမန္မာႏိုင္ငံအတြင္း ေငြလႊဲတာ၊ ျပည္ပကေန ေငြေပးပို႔တာေတြ မလုပ္ႏိုင္ေတာ့တဲ့ အခက္အခဲနဲ႔ ရင္ဆိုင္ေနရတာ၊ ေစ်းကြက္မွာ စားနပ္ရိကၡာ ရွားပါးလာႏိိုင္တာ စတဲ့အေျခအေနေတြကို သူကေထာက္ျပၿပီး အခုလိုသတိေပးတာပါ။

ေငြထုတ္ဖို႔ တန္းစီေနတဲ့ လူတန္းရွည္ႀကီးေတြကို တခါမွ မေတြ႕စဖူး ေတြ႕ေနရပါတယ္လို႔ Marcus Priou က ေျပာပါတယ္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း စားနပ္ရိကၡာ လိုအပ္ခ်က္ ျပႆနာနဲ႔ ဘ႑ာေရး အက်ပ္အတည္း သိသိသာသာ ပိုဆိုးလာေနတယ္လို႔ မၾကာေသးခင္ရက္ပိုင္းအတြင္းကလည္း WFP က သတိေပးထားပါတယ္။

COVID 19 ေရာဂါ ကူးစက္မွာ စိုးရိမ္ၿပီး လုပ္ငန္းေတြ ရပ္ဆိုင္းထားတဲ့အတြက္ ဆင္းရဲႏြမ္းပါးတဲ့ အေျခအေန ပိုဆိုးလာတဲ့ အထူးသျဖင့္ ဆင္ေျခဖုံးေဒသေတြမွာ ေနထိုင္သူေတြဟာ အခု ေပၚေပါက္လာတဲ့ ႏိုင္ငံေရးအက်ပ္အတည္းေၾကာင့္ ရပ္တည္ေရးအတြက္ အခက္အခဲေတြ ထပ္ၿပီး ၾကဳံေနရတယ္လို႔လည္း ေျပာဆိုသြားပါတယ္။

ကုန္ထုတ္လုပ္မႈလုပ္ငန္းေတြ၊ ေဆာက္လုပ္ေရးနဲ႔ ၀န္ေဆာင္မႈလုပ္ငန္းေတြမွာ အလုပ္သမား ေတာ္ေတာ္မ်ားမ်ား အလုပ္ျပဳတ္ေနတာေၾကာင့္ ၿမိဳ႕ျပဆင္ေျခဖုံးမွာ အစားအစာ၀ယ္ဖို႔ေတာင္ ေငြေၾကး မတတ္ႏိုင္တဲ့ အေျခအေနနဲ႔ ပိုၿပီး ၾကံဳလာေနရတဲ့အေၾကာင္း WFP တာ၀န္ရွိသူေတြက သတိေပးေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာလူထု ၃ သန်းကျော် စားနပ်ရိက္ခာအခက်တွေ့လာနိုင်ကြောင်း WFP သတိပေး

မြန်မာနိုင်ငံမှာ လာမယ့်လတွေအတွင်း လူ သန်းနဲ့ချီပြီးတော့ စားနပ်ရိက္ခာ အခက်တွေ့နိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က သတိပေးပါတယ်။

"လာမယ့် ၆ လအတွင်း ခန့်မှန်းခြေ လူဦးရေ ၃,၄၀၀,၀၀၀ လောက်အထိဟာ အစားအသောက် မလုံလောက်တဲ့ အခြေအနေကို စိုးရိမ်ဖွယ်ရာအဆင့် ရင်ဆိုင်ရနိုင်တယ်လို့ WFP က ခန့်မှန်းထားပြီး ကျနော်တို့ကိုယ်တိုင်နဲ့ တခြားအဖွဲ့အစည်းတွေဆီက အကူအညီ လိုလာနိုင်ပါတယ်။" လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနေညွှန်ကြားရေးမှူး Marcus Priou က AP သတင်းဌာနနဲ့ ဗုဒ္ဓဟူးနေ့ မေးမြန်းခန်းအတွင်း ပြောသွားပါတယ်။

ဘဏ်လုပ်ငန်းလည်ပတ်မှု တစိတ်တပိုင်း ရပ်ဆိုင်းနေတာကြောင့် မြန်မာနိုင်ငံအတွင်း ငွေလွှဲတာ၊ ပြည်ပကနေ ငွေပေးပို့တာတွေ မလုပ်နိုင်တော့တဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရတာ၊ ဈေးကွက်မှာ စားနပ်ရိက္ခာ ရှားပါးလာနိုင်တာ စတဲ့အခြေအနေတွေကို သူကထောက်ပြပြီး အခုလိုသတိပေးတာပါ။

ငွေထုတ်ဖို့ တန်းစီနေတဲ့ လူတန်းရှည်ကြီးတွေကို တခါမှ မတွေ့စဖူး တွေ့နေရပါတယ်လို့ Marcus Priou က ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စားနပ်ရိက္ခာ လိုအပ်ချက် ပြဿနာနဲ့ ဘဏ္ဍာရေး အကျပ်အတည်း သိသိသာသာ ပိုဆိုးလာနေတယ်လို့ မကြာသေးခင်ရက်ပိုင်းအတွင်းကလည်း WFP က သတိပေးထားပါတယ်။

COVID 19 ရောဂါ ကူးစက်မှာ စိုးရိမ်ပြီး လုပ်ငန်းတွေ ရပ်ဆိုင်းထားတဲ့အတွက် ဆင်းရဲနွမ်းပါးတဲ့ အခြေအနေ ပိုဆိုးလာတဲ့ အထူးသဖြင့် ဆင်ခြေဖုံးဒေသတွေမှာ နေထိုင်သူတွေဟာ အခု ပေါ်ပေါက်လာတဲ့ နိုင်ငံရေးအကျပ်အတည်းကြောင့် ရပ်တည်ရေးအတွက် အခက်အခဲတွေ ထပ်ပြီး ကြုံနေရတယ်လို့လည်း ပြောဆိုသွားပါတယ်။

ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ၊ ဆောက်လုပ်ရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ အလုပ်သမား တော်တော်များများ အလုပ်ပြုတ်နေတာကြောင့် မြို့ပြဆင်ခြေဖုံးမှာ အစားအစာဝယ်ဖို့တောင် ငွေကြေး မတတ်နိုင်တဲ့ အခြေအနေနဲ့ ပိုပြီး ကြုံလာနေရတဲ့အကြောင်း WFP တာဝန်ရှိသူတွေက သတိပေးနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG