သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေငြလာအပ္ၾကဖို႔ ဗဟိုဘဏ္ရဲ႕ဖိတ္ေခၚမႈ စီးပြားေရးပညာရွင္တခ်ိဳ႕ ေဝဖန္


ျမန္မာႏုိင္ငံ ဘဏ္တခုတြင္ ေငြေရတြက္ေနသည့္ ၀န္ထမ္းတဦး။ ဧၿပီ ၅၊ ၂၀၁၂။

(Zawgyi/Unicode)

ျပည္သူေတြလက္ထဲမွာ သိမ္းဆည္းထားတဲ့ေငြေတြ လုံၿခဳံစိတ္ခ်ရဖို႔အတြက္ ဘဏ္ေတြမွာ စုေဆာင္းေငြစာရင္း အသစ္ဖြင့္ၿပီး ျပန္လာအပ္ႏိုင္ေၾကာင္း ျမန္မာႏိုင္ငံဗဟိုဘဏ္က ထုတ္ျပန္လိုက္ပါတယ္။ ဒါဟာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ေငြေၾကးလည္ပတ္မႈမရွိေတာ့တဲ့ ဘဏ္လုပ္ငန္းေတြရဲ႕ အၾကပ္အတည္းကို ေျဖရွင္းဖို႔အတြက္ အဓိက ရည္႐ြယ္တာျဖစ္ႏိုင္ေၾကာင္း စီးပြားေရးပညာရွင္တခ်ိဳ႕က ဗြီအိုေအကို ေျပာပါတယ္။ ရန္ကုန္ကလာတဲ့ ဒီသတင္း အျပည့္အစုံကိုေတာ့ ကုိေဇာ္၀င္းလႈိင္က ေျပာျပေပးမွာပါ။

ျပည္သူေတြလက္ထဲမွာရွိတဲ့ ေငြေၾကးေတြ လုံၿခဳံမႈရွိေအာင္ ဘဏ္ေတြမွာ လာၿပီးအပ္ႏွံမယ္ဆိုရင္ ေမလ ၃ ရက္ကစလို႔ စာရင္းအသစ္ထပ္ဖြင့္ၿပီး ေငြေတြလာေရာက္ အပ္ႏွံႏိုင္ေၾကာင္း ျမန္မာႏိုင္ငံ ဗဟိုဘဏ္က ဧၿပီလ ၂၇ ရက္မွာ ထုတ္ျပန္လိုက္တာပါ။ ဒီလို အသစ္ဖြင့္ထားတဲ့ ဘဏ္စာရင္းကေန ေငြထုတ္ယူမယ္ဆိုရင္ အကန႔္အသတ္မရွိ ထုတ္ယူႏိုင္မယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ေရးသားထားတာပါ။

ေဖေဖာ္ဝါရီ ၁ရက္မွာ စစ္တပ္က အာဏာသိမ္းယူခဲ့ၿပီး ႏိုင္ငံပိုင္နဲ႔ ပုဂၢလိက စီးပြားေရးလုပ္ငန္းေတြ ရပ္ဆိုင္းသြားပါတယ္။ ဘဏ္လုပ္ငန္းေတြအေပၚ ျပည္သူေတြက စိုးရိမ္လာၾကၿပီး အပ္ေငြေတြ ျပန္ထုတ္ယူေနၾကခ်ိန္ အခုလို ဗဟိုဘဏ္ရဲ႕ ေၾကညာခ်က္ေတြ ထြက္ေပၚလာတာလည္း ျဖစ္ပါတယ္။

ဒီထုတ္ျပန္ခ်က္ဟာ ဗဟိုဘဏ္ရဲ႕ ထုတ္ျပန္ခ်က္မွန္ကန္ေၾကာင္း ဗဟိုဘဏ္ရဲ႕အႀကီးတန္း အရာရွိတဦးျဖစ္တဲ့ ေဒၚခိုင္ေ႐ႊဝါက ဗြီအိုေအကို ေျပာပါတယ္။

“ ဟုတ္တယ္ မေန႔က ထုတ္တာ၊ အဲဒီေၾကညာခ်က္အတိုင္းပါပဲ၊ အဲဒီအေၾကညာခ်က္အတိုင္းပဲေနာ္၊ လူေတြေငြသြင္းလို႔ရွိရင္ လြယ္ကူေအာင္လို႔ဆိုၿပီး လုပ္ေပးထားတာပါ… အဲဒီေၾကညာခ်က္အတိုင္းပါပဲရွင့္။”

ဘဏ္က စုေဆာင္းေငြေတြကို ထုတ္ယူၾကေပမဲ့ ျပင္ပမွာေတာ့ ဒီေငြေတြက လည္ပတ္မႈမရွိပါဘူး။ ေဖေဖာ္ဝါရီ လလယ္ပိုင္းကစလို႔ ႏိုင္ငံပိုင္နဲ႔ ပုဂၢလိက လုပ္ငန္းအမ်ားစုက ရပ္တန႔္ေနတာပါ။ ဘဏ္စာရင္း အသစ္ဖြင့္ခိုင္းၿပီး ေငြအပ္ခိုင္းတဲ့ကိစၥဟာ ျပည္သူေတြလက္ထဲက ေငြေၾကးပမာဏကို ခန႔္မွန္းတြက္ခ်က္ဖို႔ ရည္႐ြယ္တာ ျဖစ္ႏိုင္ေၾကာင္း ဘဏ္ဂ်က္ပညာရွင္ ဦးေဇာ္ေဖဝင္းက ဗြီအိုေအကို ေျပာပါတယ္။

“ ေငြေၾကးလည္ပတ္မႈ ပုံမွန္မဟုတ္တဲ့ အတြက္ေၾကာင့္မို႔ လူေတြရဲ႕ လက္ထဲမွာ ျပည္သူေတြရဲ႕ လက္ထဲမွာမ်ား တကယ္လို႔ သိမ္းထားတဲ့ ေငြေတြရွိရင္ေပါ့ေနာ္ ျပန္ၿပီး ဘဏ္ေတြကိုသြင္းၿပီး ပုံမွန္လည္ပတ္ေအာင္ ဆိုၿပီးေတာ့ ႀကိဳးစားတဲ့ သေဘာမ်ိဳးလည္း ျဖစ္ႏိုင္တယ္ေပါ့ ယူဆရတာ။ ( ေငြေၾကး) တရားမဝင္ ေၾကညာႏိုင္တဲ့ ကိစၥကေတာ့ ျပည္သူလူထုကလည္း အစိုးရအေပၚမွာ ေတာ္ေတာ္ေလး ယုံၾကည္မႈ၊ စိတ္ခ်မႈ မရွိတဲ့အေျခအေနမွာဆိုေတာ့ မလုပ္ရဲဘူး။ ဒါေပမဲ့ လူေတြက စိုးရိမ္မႈေတြ ရွိေနတယ္။ အဲဒါလည္း တေၾကာင္းပါတယ္ေပါ့။ ေနာက္ ဘဏ္ေတြ ပုံမွန္လည္ပတ္ေအာင္ လုပ္တဲ့ပုံစံလို႔ပဲ ဆရာတို႔က ယူဆပါတယ္။”

ဘဏ္စနစ္ ျပန္ၿပီးတည္ၿငိမ္ဖို႔ လုပ္တာတာဆိုေပမဲ့ စီးပြားေရး မလည္ပတ္ဘူးဆိုရင္ေတာ့ ဘဏ္လုပ္ငန္းေတြလည္း လည္ပတ္ႏိုင္မွာ မဟုတ္ေၾကာင္း စီးပြားေရး ပညာရွင္ ဦးမင္းခင္က ေျပာပါတယ္။ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ျဖစ္လာတဲ့ ႏိုင္ငံတကာကုန္သြယ္ေရး ေႏွးေကြးေနတာ၊ ကုန္စည္ပို႔ေဆာင္ခေတြ တက္လာတာ၊ ၿပီးေတာ့ ျပည္တြင္းႏိုင္ငံေရးျပႆနာ ဒီလိုဆက္စပ္တဲ့ ျပႆနာေတြကို မေျဖရွင္းႏိုင္သေ႐ႊ႕ ဘဏ္စနစ္ကလည္း ေျပလည္မွာမဟုတ္ေၾကာင္း သူက ေျပာပါတယ္။

“ အဓိကေတာ့ ေငြသားရွားပါးတဲ့ ျပႆနာေပါ့ေနာ္၊ ဘဏ္ေတြမွာလည္း ေငြသား ထုတ္မေပးႏိုင္ဘူး။ ဗဟိုဘဏ္က သတ္မွတ္တာ သိန္း ၂၀၊ လက္ေတြ႕မွာ ၁၀ သိန္း၊ ၁၀ သိန္းကေန ၅ သိန္း စသည္ျဖင့္ ျဖစ္လာတယ္။ ဘဏ္ေတြမွာ ေငြသားမရွိတဲ့အခါက်ေတာ့ အျပင္မွာေရာက္ေနတဲ့ ေငြသားကို ဘဏ္ဆီျပန္လာ ေစခ်င္လို႔ ဒီလိုစီစဥ္တယ္လို႔ ယူဆရတာေပါ့ေနာ္။ ဒါေပမဲ့ ျပႆာနာက ဘာလဲဆိုေတာ့ လူေတြက ယုံပါ့မလား၊ စိတ္ခ်လက္ခ် ျပန္လာအပ္ပါ့မလား ဒါကတခု။ ေနာက္တခုက ဘာေၾကာင့္ ဒီေငြသားေတြက ရွားေနရတာလဲ၊ ဗဟိုဘဏ္က ဒီေငြသားေတြ မေထာက္ပံ့ႏိုင္ဘူးလား။ ေနာက္တခုက စီးပြားေရးကေရာ ဘယ္ေလာက္လည္ပတ္ၿပီလဲ။ ကိုယ့္လက္ထဲမွာ ေငြအထုပ္လိုက္ ကိုင္မထားရဘူးဆိုတဲ့ အခ်က္ကလြဲရင္ က်န္တာဘာမွ မရွိဘူးေလ။ ဒါေပမဲ့ အဲဒီမွာလည္း မယုံၾကည္ဘူးဆိုရင္ အဲဒါလည္း ေအာင္ျမင္မွာ မဟုတ္ဘူး။”

ႏိုင္ငံေရးမတည္ၿငိမ္မႈေၾကာင့္ ဘဏ္စုေဆာင္းေငြေတြ အလြန္အကြၽံျပန္ထုတ္လာၾကမွာ ဗဟိုဘဏ္က စိုးရိမ္ေနတယ္လို႔ အမ်ားစုက ေျပာဆိုေနၾကတာပါ။ ဘဏ္မွာေငြသြားထုတ္ရင္ လူတေယာက္ကို တပတ္လွ်င္ က်ပ္သိန္း ၂၀၊ လုပ္ငန္းအဖြဲ႕အစည္းဆိုရင္ သိန္း ၂၀၀ ထုတ္ႏိုင္တယ္လို႔ ဗဟိုဘဏ္က မၾကာေသးခင္က ေျပာင္းလဲ သတ္မွတ္ထားတာပါ။

ATM ေငြထုတ္စက္ေတြကေန ထုတ္မယ္ဆိုရင္ေတာ့ လူတေယာက္ကို တရက္လွ်င္ ၂ သိန္းက်ပ္ပဲ ထုတ္ခြင့္ျပဳမယ္လို႔ ဗဟိုဘဏ္က မတ္လ ၃၀ ရက္ကစၿပီး ေျပာင္းလဲ သတ္မွတ္ထားတာ ျဖစ္ပါတယ္။

လက္ရွိ ဘဏ္ေတြမွာ အပ္ထားၾကတဲ့ ေငြေတြကုိေတာင္ အကန္႔အသတ္နဲ႔သာ ထုတ္ခြင့္ျပဳေနတဲ့အခ်ိန္ ဘဏ္စာရင္းအသစ္ဖြင့္ဖုိ႔ အခုလုိ တုိက္တြန္း ေျပာဆုိေနတာဟာ လက္ရွိျဖစ္ေပၚေနတဲ့ ျပင္ပအေျခအေနေတြနဲ႔ ႀကီးမားတဲ့ ကြာဟမႈရွိေနတယ္ဆုိတာကုိ ျပသေနျခင္းျဖစ္ေၾကာင္း ပညာရွင္ေတြက သုံးသပ္ ေျပာဆုိေနၾကပါတယ္။

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းလုိက္ၿပီး ေဒၚေအာင္ဆန္းစုၾကည္ အပါအ၀င္ အရပ္သားေခါင္းေဆာင္ေတြကုိ ဖမ္းဆီး ထိန္းသိမ္းလုိက္တာနဲ႔ ရာနဲ႔ခ်ီတဲ့ ဆႏၵျပျပည္သူေတြကုိ စစ္တပ္က အၾကမ္းဖက္ ပစ္ခတ္ သတ္ျဖတ္မႈေတြ ရွိေနတာေၾကာင့္ ဂ်ာမနီအေျခစုိက္ Giesecke and Devrient ကုမၸဏီက အစိုးရပုံႏွိပ္လုပ္ငန္းနဲ႔ ေငြစကၠဴထုတ္ရာမွာ အသုံးျပဳတဲ့ ကုန္ၾကမ္းပစၥည္းေတြ တင္သြင္းမႈကို ရပ္ဆိုင္းလိုက္ၿပီျဖစ္ေၾကာင္း မတ္လ ၃၁ ရက္ေန႔မွာ ေၾကညာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

ငွေလာအပ်ကြဖို့ ဗဟိုဘဏ်ရဲ့ဖိတ်ခေါ်မှု စီးပွားရေးပညာရှင်တချို့ ဝေဖန်

(Unicode)

ပြည်သူတွေလက်ထဲမှာ သိမ်းဆည်းထားတဲ့ငွေတွေ လုံခြုံစိတ်ချရဖို့အတွက် ဘဏ်တွေမှာ စုဆောင်းငွေစာရင်း အသစ်ဖွင့်ပြီး ပြန်လာအပ်နိုင်ကြောင်း မြန်မာနိုင်ငံဗဟိုဘဏ်က ထုတ်ပြန်လိုက်ပါတယ်။ ဒါဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ငွေကြေးလည်ပတ်မှုမရှိတော့တဲ့ ဘဏ်လုပ်ငန်းတွေရဲ့ အကြပ်အတည်းကို ဖြေရှင်းဖို့အတွက် အဓိက ရည်ရွယ်တာဖြစ်နိုင်ကြောင်း စီးပွားရေးပညာရှင်တချို့က ဗွီအိုအေကို ပြောပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်း အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က ပြောပြပေးမှာပါ။

ပြည်သူတွေလက်ထဲမှာရှိတဲ့ ငွေကြေးတွေ လုံခြုံမှုရှိအောင် ဘဏ်တွေမှာ လာပြီးအပ်နှံမယ်ဆိုရင် မေလ ၃ ရက်ကစလို့ စာရင်းအသစ်ထပ်ဖွင့်ပြီး ငွေတွေလာရောက် အပ်နှံနိုင်ကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်က ဧပြီလ ၂၇ ရက်မှာ ထုတ်ပြန်လိုက်တာပါ။ ဒီလို အသစ်ဖွင့်ထားတဲ့ ဘဏ်စာရင်းကနေ ငွေထုတ်ယူမယ်ဆိုရင် အကန့်အသတ်မရှိ ထုတ်ယူနိုင်မယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားတာပါ။

ဖေဖော်ဝါရီ ၁ရက်မှာ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီး နိုင်ငံပိုင်နဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်းသွားပါတယ်။ ဘဏ်လုပ်ငန်းတွေအပေါ် ပြည်သူတွေက စိုးရိမ်လာကြပြီး အပ်ငွေတွေ ပြန်ထုတ်ယူနေကြချိန် အခုလို ဗဟိုဘဏ်ရဲ့ ကြေညာချက်တွေ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ဒီထုတ်ပြန်ချက်ဟာ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်မှန်ကန်ကြောင်း ဗဟိုဘဏ်ရဲ့အကြီးတန်း အရာရှိတဦးဖြစ်တဲ့ ဒေါ်ခိုင်ရွှေဝါက ဗွီအိုအေကို ပြောပါတယ်။

“ ဟုတ်တယ် မနေ့က ထုတ်တာ၊ အဲဒီကြေညာချက်အတိုင်းပါပဲ၊ အဲဒီအကြေညာချက်အတိုင်းပဲနော်၊ လူတွေငွေသွင်းလို့ရှိရင် လွယ်ကူအောင်လို့ဆိုပြီး လုပ်ပေးထားတာပါ… အဲဒီကြေညာချက်အတိုင်းပါပဲရှင့်။”

ဘဏ်က စုဆောင်းငွေတွေကို ထုတ်ယူကြပေမဲ့ ပြင်ပမှာတော့ ဒီငွေတွေက လည်ပတ်မှုမရှိပါဘူး။ ဖေဖော်ဝါရီ လလယ်ပိုင်းကစလို့ နိုင်ငံပိုင်နဲ့ ပုဂ္ဂလိက လုပ်ငန်းအများစုက ရပ်တန့်နေတာပါ။ ဘဏ်စာရင်း အသစ်ဖွင့်ခိုင်းပြီး ငွေအပ်ခိုင်းတဲ့ကိစ္စဟာ ပြည်သူတွေလက်ထဲက ငွေကြေးပမာဏကို ခန့်မှန်းတွက်ချက်ဖို့ ရည်ရွယ်တာ ဖြစ်နိုင်ကြောင်း ဘဏ်ဂျက်ပညာရှင် ဦးဇော်ဖေဝင်းက ဗွီအိုအေကို ပြောပါတယ်။

“ ငွေကြေးလည်ပတ်မှု ပုံမှန်မဟုတ်တဲ့ အတွက်ကြောင့်မို့ လူတွေရဲ့ လက်ထဲမှာ ပြည်သူတွေရဲ့ လက်ထဲမှာများ တကယ်လို့ သိမ်းထားတဲ့ ငွေတွေရှိရင်ပေါ့နော် ပြန်ပြီး ဘဏ်တွေကိုသွင်းပြီး ပုံမှန်လည်ပတ်အောင် ဆိုပြီးတော့ ကြိုးစားတဲ့ သဘောမျိုးလည်း ဖြစ်နိုင်တယ်ပေါ့ ယူဆရတာ။ ( ငွေကြေး) တရားမဝင် ကြေညာနိုင်တဲ့ ကိစ္စကတော့ ပြည်သူလူထုကလည်း အစိုးရအပေါ်မှာ တော်တော်လေး ယုံကြည်မှု၊ စိတ်ချမှု မရှိတဲ့အခြေအနေမှာဆိုတော့ မလုပ်ရဲဘူး။ ဒါပေမဲ့ လူတွေက စိုးရိမ်မှုတွေ ရှိနေတယ်။ အဲဒါလည်း တကြောင်းပါတယ်ပေါ့။ နောက် ဘဏ်တွေ ပုံမှန်လည်ပတ်အောင် လုပ်တဲ့ပုံစံလို့ပဲ ဆရာတို့က ယူဆပါတယ်။”

ဘဏ်စနစ် ပြန်ပြီးတည်ငြိမ်ဖို့ လုပ်တာတာဆိုပေမဲ့ စီးပွားရေး မလည်ပတ်ဘူးဆိုရင်တော့ ဘဏ်လုပ်ငန်းတွေလည်း လည်ပတ်နိုင်မှာ မဟုတ်ကြောင်း စီးပွားရေး ပညာရှင် ဦးမင်းခင်က ပြောပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် ဖြစ်လာတဲ့ နိုင်ငံတကာကုန်သွယ်ရေး နှေးကွေးနေတာ၊ ကုန်စည်ပို့ဆောင်ခတွေ တက်လာတာ၊ ပြီးတော့ ပြည်တွင်းနိုင်ငံရေးပြဿနာ ဒီလိုဆက်စပ်တဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်သရွှေ့ ဘဏ်စနစ်ကလည်း ပြေလည်မှာမဟုတ်ကြောင်း သူက ပြောပါတယ်။

“ အဓိကတော့ ငွေသားရှားပါးတဲ့ ပြဿနာပေါ့နော်၊ ဘဏ်တွေမှာလည်း ငွေသား ထုတ်မပေးနိုင်ဘူး။ ဗဟိုဘဏ်က သတ်မှတ်တာ သိန်း ၂၀၊ လက်တွေ့မှာ ၁၀ သိန်း၊ ၁၀ သိန်းကနေ ၅ သိန်း စသည်ဖြင့် ဖြစ်လာတယ်။ ဘဏ်တွေမှာ ငွေသားမရှိတဲ့အခါကျတော့ အပြင်မှာရောက်နေတဲ့ ငွေသားကို ဘဏ်ဆီပြန်လာ စေချင်လို့ ဒီလိုစီစဉ်တယ်လို့ ယူဆရတာပေါ့နော်။ ဒါပေမဲ့ ပြဿာနာက ဘာလဲဆိုတော့ လူတွေက ယုံပါ့မလား၊ စိတ်ချလက်ချ ပြန်လာအပ်ပါ့မလား ဒါကတခု။ နောက်တခုက ဘာကြောင့် ဒီငွေသားတွေက ရှားနေရတာလဲ၊ ဗဟိုဘဏ်က ဒီငွေသားတွေ မထောက်ပံ့နိုင်ဘူးလား။ နောက်တခုက စီးပွားရေးကရော ဘယ်လောက်လည်ပတ်ပြီလဲ။ ကိုယ့်လက်ထဲမှာ ငွေအထုပ်လိုက် ကိုင်မထားရဘူးဆိုတဲ့ အချက်ကလွဲရင် ကျန်တာဘာမှ မရှိဘူးလေ။ ဒါပေမဲ့ အဲဒီမှာလည်း မယုံကြည်ဘူးဆိုရင် အဲဒါလည်း အောင်မြင်မှာ မဟုတ်ဘူး။”

နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ဘဏ်စုဆောင်းငွေတွေ အလွန်အကျွံပြန်ထုတ်လာကြမှာ ဗဟိုဘဏ်က စိုးရိမ်နေတယ်လို့ အများစုက ပြောဆိုနေကြတာပါ။ ဘဏ်မှာငွေသွားထုတ်ရင် လူတယောက်ကို တပတ်လျှင် ကျပ်သိန်း ၂၀၊ လုပ်ငန်းအဖွဲ့အစည်းဆိုရင် သိန်း ၂၀၀ ထုတ်နိုင်တယ်လို့ ဗဟိုဘဏ်က မကြာသေးခင်က ပြောင်းလဲ သတ်မှတ်ထားတာပါ။

ATM ငွေထုတ်စက်တွေကနေ ထုတ်မယ်ဆိုရင်တော့ လူတယောက်ကို တရက်လျှင် ၂ သိန်းကျပ်ပဲ ထုတ်ခွင့်ပြုမယ်လို့ ဗဟိုဘဏ်က မတ်လ ၃၀ ရက်ကစပြီး ပြောင်းလဲ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

လက်ရှိ ဘဏ်တွေမှာ အပ်ထားကြတဲ့ ငွေတွေကိုတောင် အကန့်အသတ်နဲ့သာ ထုတ်ခွင့်ပြုနေတဲ့အချိန် ဘဏ်စာရင်းအသစ်ဖွင့်ဖို့ အခုလို တိုက်တွန်း ပြောဆိုနေတာဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ပြင်ပအခြေအနေတွေနဲ့ ကြီးမားတဲ့ ကွာဟမှုရှိနေတယ်ဆိုတာကို ပြသနေခြင်းဖြစ်ကြောင်း ပညာရှင်တွေက သုံးသပ် ပြောဆိုနေကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်သားခေါင်းဆောင်တွေကို ဖမ်းဆီး ထိန်းသိမ်းလိုက်တာနဲ့ ရာနဲ့ချီတဲ့ ဆန္ဒပြပြည်သူတွေကို စစ်တပ်က အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေ ရှိနေတာကြောင့် ဂျာမနီအခြေစိုက် Giesecke and Devrient ကုမ္ပဏီက အစိုးရပုံနှိပ်လုပ်ငန်းနဲ့ ငွေစက္ကူထုတ်ရာမှာ အသုံးပြုတဲ့ ကုန်ကြမ်းပစ္စည်းတွေ တင်သွင်းမှုကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း မတ်လ ၃၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG