သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဘဏ် နဲ့ ADB မြန်မာအတွက် အထောက်အပံ့တွေ ဆိုင်းငံ့


World Bank
World Bank

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ် ADB တို့က မြန်မာနိုင်ငံအတွက် ချထားပေးမယ့် ရံပုံငွေတွေကို ထိန်းချုပ်ထားလိုက်တာဟာ တကယ်လိုအပ်နေတဲ့ မြန်မာပြည်သူတွေ အတွက် ထိခိုက်စေသလို အစိုးရနဲ့မပတ်သက်တဲ့ စီမံကိန်းတချို့ ဆက်ပြီး လည်ပတ်နိုင်ဖို့ ငွေပေးချေးချင်သူတွေအတွက်ပါ အဆင်မပြေဖြစ်သွားစေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။


ဖေဖေါ်ဝါရီ (၁) ရက် စစ်တပ်အာဏာသိမ်းခဲ့တဲ့နောက် မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ထိန်းချုပ်မှုတွေကို ဖေဖေါ်ဝါရီ ၁၉ ရက်နေ့မှာ ကမ္ဘာ့ဘဏ်က စတင်ခဲ့တာ ဖြစ်ပြီး ADB ကလည်း ကန်ထရိုက်အသစ်တွေနဲ့ လုပ်လက်စ စီမံကိန်းတွေအတွက် ရံပုံငွေတွေကိုပါ မတ်လ ၁၀ ရက်နေ့မှာ ဆိုင်းထားလိုက်တာပါ။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် ရာနဲ့ချီတဲ့ ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ စစ်တပ်နဲ့ အလုပ်ဆက်မလုပ်ရအောင် ဒီဘဏ် ၂ ခုက ဒေါ်လာ သန်း- ရာပေါင်းများစွာကို ထိန်းချုပ်ထား လိုက်တာဖြစ်ပါတယ်။

ဒါပေမယ့် ဒီဘဏ်တွေဟာ နိုင်ငံတလွှား ကျေးရွာတွေက စိုက်ပျိုးရေးစီမံကိန်းတွေ၊ ငှက်ဖျားကာကွယ်ကုသရေးနဲ့ မူးယစ်ဆေးစွဲသူတွေအတွက် စီမံကိန်းအပါအဝင် အခြေခံလူတန်းစားအများစု အတွက် ထောက်ပံ့မှုတွေ ပေးနေတာကြောင့် အခုလို သူတို့ရဲ့ဆိုင်းငံ့မှုကနေ သိသာတဲ့ သက်ရောက်မှုတွေ ရှိလာစေတယ်လို့ ကျွမ်းကျင်သူတွေက ဝေဖန်ပါတယ်။


ဒီဘဏ်ကြီး ၂ ခုကနေ မြန်မာနိုင်ငံတွင်း အဝေးပြေးလမ်းမကြီးတွေ ဆောက်လုပ်မှု ကနေ လ ျှပ်စစ်ဓါတ်အားရဖို့ လိုမျိုး ပင်မအခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းတွေ အတွက်ပါ ချေးငွေချထားပေးနေတာပါ။ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံထဲမှာ ဒေါ်လာ၂.၇ ဘီလီယံကျော်တန်တဲ့ လုပ်လက်စ စီမံကိန်း ၂၄ ခုရှိ နေသလို ပိုက်လိုင်းစီမံကိန်း ၁၃ ခုလည်း ရှိနေပြီး ADB ကတော့ လျာထားရံပုံငွေ ဒေါ်လာ ၃ ဘီလီယံခွဲကျော် ရှိပြီး ဖေဖေါ်ဝါရီလ အထိဆို လုပ်လက်စနဲ့ အတည်ပြုထားတဲ့ စီမံကိန်းပေါင်း အနည်းဆုံး ၉ ၉ ခုနဲ့ နောက်ထပ် လုပ်ဆောင်ဖို့စီစဉ်ထားတဲ့ စီမံကိန်းက ၁၀ ခုလောက် ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်


-------------------------------------









XS
SM
MD
LG