သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အၾကမ္းဖက္မူဆိုင္ရာ ကေလးစိတ္ဒဏ္ရာ အက်ိဳးဆက္


People displaced by violence between ethnic rakhine rebels and myanmar army arriving at a camp in Kyuktaw
အၾကမ္းဖက္မူဆိုင္ရာ ကေလးစိတ္ဒဏ္ရာ အက်ိဳးဆက္
please wait

No media source currently available

0:00 0:07:00 0:00
တိုက္႐ိုက္ လင့္ခ္

စစ္အာဏာသိမ္း ဆန႔္က်င္ဆႏၵျပမူေတြကို အေသအေက် ၿဖိဳခြင္းတာေၾကာင့္၊ ကေလးေတြ လက္ရွိအ႐ြယ္မွာ စိတ္ဒဏ္ရာျဖစ္ရတာအျပင္၊ ေနာက္ပိုင္း ႀကီးျပင္းလာခ်ိန္မွာလည္း လူ႔ေဘာင္တစ္ခုလုံးပါ နစ္နာရတဲ့အထိ အက်ိဳးဆက္ေတြ ရွိေနတယ္လို႔၊ စိတ္က်န္းမာေရးပညာရွင္ေတြက ဆိုပါတယ္။

ဒီအၾကမ္းဖက္မူေတြေၾကာင့္၊ ကေလးငယ္ ႀကီးထြားဖြံၿဖိဳးမူ အဓိက အ႐ြယ္သုံးပိုင္းျဖစ္တဲ့ ေက်ာင္းမေနခင္၊ ေက်ာင္းေနစ မူလတန္းနဲ႔ ေနာက္ပိုင္းေက်ာင္းေနအ႐ြယ္ေတြမွာ စိတ္ဒဏ္ရာလကၡဏာေတြ ခံစားရတာကို၊ ၿပီးခဲ့တဲ့အပတ္က ေျပာခဲ့ပါတယ္။ ဒါ့အျပင္ ေရရွည္မွာ ေနာက္ဆက္တြဲအျဖစ္၊ ဒီကေလးေတြ ႀကီးျပင္း၊ အ႐ြယ္ေရာက္လာခ်ိန္မွာလည္း၊ စိုးရိမ္လြန္ေရာဂါ (Anxiety)၊ ေၾကာင့္က်ေရာဂါ (Phobia) နဲ႔ စိတ္က်ေရာဂါ (Depression) ေတြလည္း ဆက္ခံစားရႏိုင္ပါတယ္။ အေၾကာင္းက လူႀကီးေတြနဲ႔မတူဘဲ၊ ႏုနယ္တဲ့ႀကီးထြားဖြံ႕ၿဖိဳးဖို႔ အရွိန္ယူတဲ့အ႐ြယ္မွာ လိုအပ္တဲ့၊ မိဘရဲ႕မီခိုအားထားတြယ္တာရာ (Attachment) ၿပိဳကြဲသြားၿပီး၊ ျပင္းျပင္းထန္ထန္ ခံစားသြားရလို႔ပါ။ ေသနတ္ပစ္ခတ္မူေတြ၊ မိဘေတြပါ ပစ္သတ္ခံရတာေတြ၊ ထြက္ေျပးရတာေတြ၊ ပူေဆြးေနတာေတြ ျဖစ္လာခ်ိန္မွာ၊ အရင္လုံၿခဳံစိတ္ခ်ခဲ့ရတဲ့ မီခိုအားထားရာ ပ်က္သုန္းသြားၿပီး၊ ေရရွည္မွာ မိမိကိုယ္ကိုယ္ ယုံၾကည္စိတ္ခ်ရမူ (Self-Esteem) ပါ၊ ထိခိုက္ေပ်ာက္ဆုံး သြားရေစတာေၾကာင့္၊ အခုလိုျဖစ္လာရတာပါ။ ဒါရဲ႕အက်ိဳးဆက္အေနနဲ႔၊ ႀကီးျပင္းလာခ်ိန္မွာ၊ မိမိကိုယ္ကိုယ္ ထိန္းသိမ္းႏိုင္မူ အားနည္းလာၿပီး၊ အျခားမေကာင္းမူေတြ (ဥပမာ - အရက္၊ မူးယစ္ေဆးဝါးသုံးတာ) အျဖစ္လြယ္ေစတဲ့ အေနအထား၊ အထူးသျဖင့္ အမ်ိဳးသမီးေတြမွာ မတရားျပဳက်င့္ခံရဖို႔ သားေကာင္လို ပိုအားနည္းသြားရတာမ်ိဳး ျဖစ္လာေစႏိုင္ပါတယ္။ ဒါကိုကာကြယ္ႏိုင္ဖို႔ သူတို႔မွာ ယုံၾကည္မူ ျပန္ရွိလာေအာင္၊ အခ်ိန္ယူ ျပန္တည္ေဆာက္ေပးဖို႔ လိုလာပါတယ္။

ဒါ့အျပင္ ျပင္းထန္တဲ့ အၾကမ္းဖက္မူေၾကာင့္ မီွခိုရာ ျပင္းျပင္းထန္ထန္ ၿပိဳကြဲသြားရတဲ့ ကေလးေတြမွာ၊ ေနာက္ပိုင္းအက်ိဳးဆက္အျဖစ္၊ ပုဂၢိဳလ္ေရး တည္ၿငိမ္ႏိုင္စြမ္း (Personality Development) ကိုလည္း ထိခိုက္ေစႏိုင္ပါတယ္။ လုံၿခဳံတဲ့ မီွခိုအားထားရာ (Secured Attachment) မွာ၊ ႀကီးျပင္းခဲ့ရသူေတြအတြက္၊ စိတ္ခိုင္မာတည္ၾကည္မူ (Stable) ရွိသူေတြျဖစ္လာၿပီး၊ ေကာင္းေကာင္းမြန္မြန္ လုပ္ကိုင္စားေသာက္ႏိုင္ခ်ိန္မွာ၊ အခုလို လုံၿခဳံတဲ့ မီွခိုရာ ျပင္းျပင္းထန္ထန္ ၿပိဳကြဲဆုံးရႈံးသြားရတဲ့ ကေလးေတြအတြက္ေတာ့၊ ႀကီးျပင္းလာခ်ိန္မွာ ပုဂၢိဳလ္ေရး မတည္ၿငိမ္ စိတ္လူပ္ရွားလြန္းမူေတြ (Unstable) ျဖစ္လာာကာ၊ ႐ုတ္တရက္ စိတ္ျပာင္းလဲမူေတြ ခဏခဏ ျဖစ္လာႏိုင္ပါတယ္။ အခုလို ျဖစ္လာရတာရဲ႕ အက်ိဳးဆက္အေနနဲ႔ ဘဝမွာ ေကာင္းက်ိဳးေဆာင္ႏိုင္စြမ္း (Productivity) ေလ်ာ့က်သြားၿပီး၊ လူ႔အသိုင္းအဝိုင္း တစ္ခုလုံးအတြက္ပါ ေကာင္းက်ိဳးေဆာင္ႏိုင္သူေတြကို ဆုံးရႈံးသြားရပါေတာ့တယ္။ ဒါေၾကာင့္လဲ ကုလသမဂၢကအေနနဲ႔၊ အၫႊန႔္တလူလူ တက္ရမဲ့၊ အျပစ္မဲ့တဲ့ကေလးေတြကို၊ ရက္စက္တဲ့ အၾကမ္းဖက္စစ္ပြဲေတြထဲ မပါဝင္မိေစဖို႔၊ ေရွာင္ရွားေပးဖို႔၊ ကေလးငယ္ဆိုင္ရာ အခြင့္အေရးစာခ်ဳပ္ (Convention on the Rights of the Child) မွာ အတိအက် ထည့္သြင္းကာကြယ္ေပးထားတာပါ။ ဒီစိတ္ဒဏ္ရာ အက်ိဳးဆက္ကို ကာကြယ္ဖို႔အတြက္လည္း၊ စနစ္တစ္ခုေကာင္းေကာင္း တည္ေဆာက္ၿပီး၊ ျပန္လည္ထူေထာင္ေရး (Rehabilitation) ဝန္ေဆာင္မူအျဖစ္၊ ညင္သာစြာ ျပဳစုပ်ိဳးေထာင္ေပးဖို႔ လိုအပ္ပါတယ္။

စိတ္ပိုင္းဆိုင္ရာ ပညာရွင္ေတြအေနနဲ႔၊ လူႀကီးေတြအတြက္ တိုင္ပင္ေဆြးေႏြးမူ လုပ္ေပးသလို၊ ကေလးေတြအတြက္လည္း အလားတူနည္းလမ္း သပ္သပ္ရွိပါတယ္။ အဓိကကေတာ့ ပ်က္သုန္းသြားခဲ့ရတဲ့ စိတ္ခံစားမူဆိုင္ရာ တည္ၿငိမ္မူ (Emotional Stability) ကို၊ ဘယ္လို ကိုင္တြယ္သင့္တာအတြက္၊ ျပန္တည္ေဆာက္ ပ်ိဳးေထာင္ေပးရတာပါ။ ဒီအတြက္ တည္ၿငိမ္တဲ့ အသိုင္းအဝိုင္းတစ္ခု၊ တည္ၿငိမ္တဲ့ ပုံမွန္လုပ္ငန္းစဥ္တစ္ခု ဖန္တီးေပးဖို႔ လိုအပ္ပါတယ္။ နည္းလမ္းတစ္ခုကေတာ့ ပုံမွန္ ပုံဆြဲေစၿပီး၊ သူတို႔ စိတ္ထဲမွာရွိတာေတြကို ဖြင့္ဟေဖာ္က်ဴးခြင့္ ေပးလိုက္တာပါ။ ဒါမ်ိဳးကို ေက်ာင္းေတြမွာလည္း အထူးအစီအစဥ္အျဖစ္ လုပ္ေဆာင္ေပၿပီး၊ ဒီကေလးေတြကို ယုယစြာ အထူး ျပဳစုပံ့ပိုးေပးႏိုင္ပါတယ္။ မိဘေတြအေနနဲ႔လည္း တည္ၿငိမ္တဲ့ ပတ္ဝန္းက်င္ ဖန္တီးေပးႏိုင္ဖို႔၊ အလားတူ အိမ္မွာ အဓိပၸာယ္ရွိတဲ့ ပုံမွန္လုပ္ငန္းေတြ ဖန္တီးေပးထားၿပီး၊ မိဘနဲ႔ အျခားမိသားစုဝင္ေတြကိုယ္တိုင္ စိတ္ခံစားခ်က္ ျပင္းထန္လာလွ်င္ေတာင္မွ၊ ဒီကေလးေရွ ႔မွာ ေပါက္ကြဲတဲ့သေဘာ မထုတ္ေဖာ္ မျပသသင့္ပါဘူး။ ေက်ာင္းေတြမွာလည္း ဆရာ၊ ဆရာမေတြကိုယ္တိုင္၊ အလားတူ ကေလးေရွ ႔မွာ က်င့္သုံးသင့္ပါတယ္။ အျပင္က ျပန္လည္ျပဳစုေရးဌာနေတြမွာလည္း၊ အလားတူ ပုံဆြဲကစားေစတာမ်ိဳး၊ တည္ၿငိမ္တဲ့ လုပ္ငန္းစဥ္တစ္ခု ဖန္တီးေပးထားၿပီး အနီးကပ္ ကြပ္ကဲေပးဖို႔ လိုပါတယ္။ အကယ္၍ ကေလးက မသက္သာလာဘဲ၊ အၿမဲတမ္း မႈိင္ေထြေနမယ္ဆိုရင္ေတာ့၊ စိတ္က်ေရာဂါ ျဖစ္လာႏိုင္တာကို ႀကိဳတင္ၿပီး၊ သက္ဆိုင္ရာ ကြၽမ္းက်င္သူေတြနဲ႔ ျပသသင့္ပါတယ္။ ဒါေပမဲ့ ေရရွည္မွာ၊ ဒီကေလးေတြ အၫႊန႔္တုံးရတဲ့အဆင့္ မေရာက္ေအာင္ေတာ့၊ အၾကမ္းဖက္ သုတ္သင္ေနတဲ့ စစ္အာဏာရွင္စနစ္ကို ရပ္တန႔္ေရး၊ ဝိုင္းဝန္းလုပ္ေဆာင္ေပးၾကဖို႔ လိုေနပါတယ္။

ဒီအေၾကာင္း ပိုမိုသိရိွနားလည္ႏိုင္ဖို႔ ကိုဝင္းမင္းက ၾသစေတ်းလ်အေျခစိုက္ စိတ္က်န္းမာေရး အထူးကုသမားေတာ္ႀကီးနဲ႔၊ ျမန္မာေဆးတကၠသိုလ္ေတြရဲ႕ ဂုဏ္ထူးေဆာင္ပါေမာကၡ Dr. Raymond တင့္ေဝ ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

==Unicode==

စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြမူတွေကို အသေအကျေ ဖြိုခွင်းတာကြောင့်၊ ကလေးတွေ လက်ရှိအရွယ်မှာ စိတ်ဒဏ်ရာဖြစ်ရတာအပြင်၊ နောက်ပိုင်း ကြီးပြင်းလာချိန်မှာလည်း လူ့ဘောင်တစ်ခုလုံးပါ နစ်နာရတဲ့အထိ အကျိုးဆက်တွေ ရှိနေတယ်လို့၊ စိတ်ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

ဒီအကြမ်းဖက်မူတွေကြောင့်၊ ကလေးငယ် ကြီးထွားဖွံဖြိုးမူ အဓိက အရွယ်သုံးပိုင်းဖြစ်တဲ့ ကျောင်းမနေခင်၊ ကျောင်းနေစ မူလတန်းနဲ့ နောက်ပိုင်းကျောင်းနေအရွယ်တွေမှာ စိတ်ဒဏ်ရာလက္ခဏာတွေ ခံစားရတာကို၊ ပြီးခဲ့တဲ့အပတ်က ပြောခဲ့ပါတယ်။ ဒါ့အပြင် ရေရှည်မှာ နောက်ဆက်တွဲအဖြစ်၊ ဒီကလေးတွေ ကြီးပြင်း၊ အရွယ်ရောက်လာချိန်မှာလည်း၊ စိုးရိမ်လွန်ရောဂါ (Anxiety)၊ ကြောင့်ကျရောဂါ (Phobia) နဲ့ စိတ်ကျရောဂါ (Depression) တွေလည်း ဆက်ခံစားရနိုင်ပါတယ်။ အကြောင်းက လူကြီးတွေနဲ့မတူဘဲ၊ နုနယ်တဲ့ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူတဲ့အရွယ်မှာ လိုအပ်တဲ့၊ မိဘရဲ့မီခိုအားထားတွယ်တာရာ (Attachment) ပြိုကွဲသွားပြီး၊ ပြင်းပြင်းထန်ထန် ခံစားသွားရလို့ပါ။ သေနတ်ပစ်ခတ်မူတွေ၊ မိဘတွေပါ ပစ်သတ်ခံရတာတွေ၊ ထွက်ပြေးရတာတွေ၊ ပူဆွေးနေတာတွေ ဖြစ်လာချိန်မှာ၊ အရင်လုံခြုံစိတ်ချခဲ့ရတဲ့ မီခိုအားထားရာ ပျက်သုန်းသွားပြီး၊ ရေရှည်မှာ မိမိကိုယ်ကိုယ် ယုံကြည်စိတ်ချရမူ (Self-Esteem) ပါ၊ ထိခိုက်ပျောက်ဆုံး သွားရစေတာကြောင့်၊ အခုလိုဖြစ်လာရတာပါ။ ဒါရဲ့အကျိုးဆက်အနေနဲ့၊ ကြီးပြင်းလာချိန်မှာ၊ မိမိကိုယ်ကိုယ် ထိန်းသိမ်းနိုင်မူ အားနည်းလာပြီး၊ အခြားမကောင်းမူတွေ (ဥပမာ - အရက်၊ မူးယစ်ဆေးဝါးသုံးတာ) အဖြစ်လွယ်စေတဲ့ အနေအထား၊ အထူးသဖြင့် အမျိုးသမီးတွေမှာ မတရားပြုကျင့်ခံရဖို့ သားကောင်လို ပိုအားနည်းသွားရတာမျိုး ဖြစ်လာစေနိုင်ပါတယ်။ ဒါကိုကာကွယ်နိုင်ဖို့ သူတို့မှာ ယုံကြည်မူ ပြန်ရှိလာအောင်၊ အချိန်ယူ ပြန်တည်ဆောက်ပေးဖို့ လိုလာပါတယ်။

ဒါ့အပြင် ပြင်းထန်တဲ့ အကြမ်းဖက်မူကြောင့် မှီခိုရာ ပြင်းပြင်းထန်ထန် ပြိုကွဲသွားရတဲ့ ကလေးတွေမှာ၊ နောက်ပိုင်းအကျိုးဆက်အဖြစ်၊ ပုဂ္ဂိုလ်ရေး တည်ငြိမ်နိုင်စွမ်း (Personality Development) ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ လုံခြုံတဲ့ မှီခိုအားထားရာ (Secured Attachment) မှာ၊ ကြီးပြင်းခဲ့ရသူတွေအတွက်၊ စိတ်ခိုင်မာတည်ကြည်မူ (Stable) ရှိသူတွေဖြစ်လာပြီး၊ ကောင်းကောင်းမွန်မွန် လုပ်ကိုင်စားသောက်နိုင်ချိန်မှာ၊ အခုလို လုံခြုံတဲ့ မှီခိုရာ ပြင်းပြင်းထန်ထန် ပြိုကွဲဆုံးရှုံးသွားရတဲ့ ကလေးတွေအတွက်တော့၊ ကြီးပြင်းလာချိန်မှာ ပုဂ္ဂိုလ်ရေး မတည်ငြိမ် စိတ်လူပ်ရှားလွန်းမူတွေ (Unstable) ဖြစ်လာာကာ၊ ရုတ်တရက် စိတ်ပြာင်းလဲမူတွေ ခဏခဏ ဖြစ်လာနိုင်ပါတယ်။ အခုလို ဖြစ်လာရတာရဲ့ အကျိုးဆက်အနေနဲ့ ဘဝမှာ ကောင်းကျိုးဆောင်နိုင်စွမ်း (Productivity) လျော့ကျသွားပြီး၊ လူ့အသိုင်းအဝိုင်း တစ်ခုလုံးအတွက်ပါ ကောင်းကျိုးဆောင်နိုင်သူတွေကို ဆုံးရှုံးသွားရပါတော့တယ်။ ဒါကြောင့်လဲ ကုလသမဂ္ဂကအနေနဲ့၊ အညွှန့်တလူလူ တက်ရမဲ့၊ အပြစ်မဲ့တဲ့ကလေးတွေကို၊ ရက်စက်တဲ့ အကြမ်းဖက်စစ်ပွဲတွေထဲ မပါဝင်မိစေဖို့၊ ရှောင်ရှားပေးဖို့၊ ကလေးငယ်ဆိုင်ရာ အခွင့်အရေးစာချုပ် (Convention on the Rights of the Child) မှာ အတိအကျ ထည့်သွင်းကာကွယ်ပေးထားတာပါ။ ဒီစိတ်ဒဏ်ရာ အကျိုးဆက်ကို ကာကွယ်ဖို့အတွက်လည်း၊ စနစ်တစ်ခုကောင်းကောင်း တည်ဆောက်ပြီး၊ ပြန်လည်ထူထောင်ရေး (Rehabilitation) ဝန်ဆောင်မူအဖြစ်၊ ညင်သာစွာ ပြုစုပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ပညာရှင်တွေအနေနဲ့၊ လူကြီးတွေအတွက် တိုင်ပင်ဆွေးနွေးမူ လုပ်ပေးသလို၊ ကလေးတွေအတွက်လည်း အလားတူနည်းလမ်း သပ်သပ်ရှိပါတယ်။ အဓိကကတော့ ပျက်သုန်းသွားခဲ့ရတဲ့ စိတ်ခံစားမူဆိုင်ရာ တည်ငြိမ်မူ (Emotional Stability) ကို၊ ဘယ်လို ကိုင်တွယ်သင့်တာအတွက်၊ ပြန်တည်ဆောက် ပျိုးထောင်ပေးရတာပါ။ ဒီအတွက် တည်ငြိမ်တဲ့ အသိုင်းအဝိုင်းတစ်ခု၊ တည်ငြိမ်တဲ့ ပုံမှန်လုပ်ငန်းစဉ်တစ်ခု ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ နည်းလမ်းတစ်ခုကတော့ ပုံမှန် ပုံဆွဲစေပြီး၊ သူတို့ စိတ်ထဲမှာရှိတာတွေကို ဖွင့်ဟဖော်ကျူးခွင့် ပေးလိုက်တာပါ။ ဒါမျိုးကို ကျောင်းတွေမှာလည်း အထူးအစီအစဉ်အဖြစ် လုပ်ဆောင်ပေပြီး၊ ဒီကလေးတွေကို ယုယစွာ အထူး ပြုစုပံ့ပိုးပေးနိုင်ပါတယ်။ မိဘတွေအနေနဲ့လည်း တည်ငြိမ်တဲ့ ပတ်ဝန်းကျင် ဖန်တီးပေးနိုင်ဖို့၊ အလားတူ အိမ်မှာ အဓိပ္ပာယ်ရှိတဲ့ ပုံမှန်လုပ်ငန်းတွေ ဖန်တီးပေးထားပြီး၊ မိဘနဲ့ အခြားမိသားစုဝင်တွေကိုယ်တိုင် စိတ်ခံစားချက် ပြင်းထန်လာလျှင်တောင်မှ၊ ဒီကလေးရှေ့မှာ ပေါက်ကွဲတဲ့သဘော မထုတ်ဖော် မပြသသင့်ပါဘူး။ ကျောင်းတွေမှာလည်း ဆရာ၊ ဆရာမတွေကိုယ်တိုင်၊ အလားတူ ကလေးရှေ့မှာ ကျင့်သုံးသင့်ပါတယ်။ အပြင်က ပြန်လည်ပြုစုရေးဌာနတွေမှာလည်း၊ အလားတူ ပုံဆွဲကစားစေတာမျိုး၊ တည်ငြိမ်တဲ့ လုပ်ငန်းစဉ်တစ်ခု ဖန်တီးပေးထားပြီး အနီးကပ် ကွပ်ကဲပေးဖို့ လိုပါတယ်။ အကယ်၍ ကလေးက မသက်သာလာဘဲ၊ အမြဲတမ်း မှိုင်ထွေနေမယ်ဆိုရင်တော့၊ စိတ်ကျရောဂါ ဖြစ်လာနိုင်တာကို ကြိုတင်ပြီး၊ သက်ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ပြသသင့်ပါတယ်။ ဒါပေမဲ့ ရေရှည်မှာ၊ ဒီကလေးတွေ အညွှန့်တုံးရတဲ့အဆင့် မရောက်အောင်တော့၊ အကြမ်းဖက် သုတ်သင်နေတဲ့ စစ်အာဏာရှင်စနစ်ကို ရပ်တန့်ရေး၊ ဝိုင်းဝန်းလုပ်ဆောင်ပေးကြဖို့ လိုနေပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက သြစတျေးလျအခြေစိုက် စိတ်ကျန်းမာရေး အထူးကုသမားတော်ကြီးနဲ့၊ မြန်မာဆေးတက္ကသိုလ်တွေရဲ့ ဂုဏ်ထူးဆောင်ပါမောက္ခ Dr. Raymond တင့်ဝေ ကို ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG