သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အၾကမ္းဖက္ခံ စိတ္ဒဏ္ရာအက်ိဳးဆက္


အေပ်ာ္သႀကၤန္မဟုတ္ ေတာ္လွန္သႀကၤန္ လို႔ ရန္ကုန္လူငယ္မ်ားျပသၾက
အၾကမ္းဖက္ခံ စိတ္ဒဏ္ရာအက်ိဳးဆက္
please wait

No media source currently available

0:00 0:07:00 0:00
တိုက္႐ိုက္ လင့္ခ္

စစ္အာဏာသိမ္းအၿပီး ဆႏၵျပမူေတြထဲ အၾကမ္းဖက္ ပစ္ခတ္ၿဖိဳခြင္းမူေတြေၾကာင့္၊ ျဖစ္လာႏိုင္တဲ့ စိတ္ဒဏ္ရာအက်ိဳးဆက္ေတြက၊ လက္ရွိ မိသားစုအျပင္၊ မ်ိဳးဆက္အလိုက္ပါ ထိခိုက္ႏိုင္တယ္လို႔၊ စိတ္က်န္းမာေရးပညာရွင္ေတြက ဆိုပါတယ္။

မိသားစုအေပၚ သက္ေရာက္မူကေတာ့၊ စိတ္ဒဏ္ရာရသူရဲ႕ စိတ္အေနအထား ေျပာင္းလဲလာမူေၾကာင့္၊ မိသားစုအတြင္း အထူးသျဖင့္ ခင္ပြန္းနဲ႔ ဇနီးသည္အၾကား ကေတာက္ကဆျဖစ္တာ၊ သားသမီးေတြေတြကိုလည္း လိုအပ္တဲ့ ျပဳစုပ်ိဳးေထာင္မူ မေပးႏိုင္တာ၊ သားသမီးေတြအေနနဲ႔လည္း မိဘေတြ စိတ္ဒဏ္ရာရမူ၊ မေျပလည္မူေတြေၾကာင့္၊ ၾကင္နာယုယမူ ေကာင္းေကာင္းမရေတာ့တာအျပင္၊ ေၾကာင့္ၾကမူပါျဖစ္လာကာ၊ ပုံမွန္ႀကီးထြား ဖြံ႕ၿဖိဳးမူဆိုင္ရာ စိတ္ထိခိုက္မူေတြ ဆက္ျဖစ္လာႏိုင္တဲ့ အႏၲရာယ္ ရွိေနပါတယ္။ ဒါ့အျပင္ စိတ္ဒဏ္ခံခဲ့ရတဲ့ ကေလးငယ္ေတြ ႀကီးျပင္းလာၿပီး၊ လူႀကီးျဖစ္လာခ်ိန္မွာလည္း၊ သူတို႔ရလာတဲ့ သားသမီးေတြ (Offspring) အေပၚမွာ မရည္႐ြယ္ဘဲ၊ အလားတူ ျပဳစုယူယ ပ်ိဳးေထာင္ေပးႏိုင္မူ အားနည္းသြားႏိုင္ပါတယ္။ ဒါေၾကာင့္ အၾကမ္းဖက္မူခံ စိတ္ဒဏ္ရာ (PTSD – Post Traumatic Stress Disorder) က၊ မ်ိဳးဆက္လိုက္ ဆက္ျဖစ္သြားႏိုင္တဲ့ အႏၲရာယ္ရွိေနတာပါ။

ဒါေၾကာင့္ လက္ရွိ စိတ္ဒဏ္ရာရခ်ိန္မွာ၊ ကူညီပံ့ပိုး ျပဳစုပ်ိဳးေထာင္ေပျခင္းျဖင့္၊ ေရတိုစိတ္ဒဏ္ရာကေန၊ ေရရွည္မျဖစ္ေစေရး သက္သာမူရေစဖို႔ အကာအကြယ္ ေပးႏိုင္ပါတယ္။ အကယ္၍ အခုလို ကူညီပံ့ပိုး မေပးႏိုင္လွ်င္ေတာ့၊ အျခားဆက္ျဖစ္လာႏိုင္တဲ့ ျပႆနာ (စီးပြားက်၊ လူမူအေျခအေနယိုယြင္း၊ ေနေရးထိုင္ေရး အခက္အခက္ျဖစ္တာ) ေတြနဲ႔ေပါင္းၿပီး၊ ပိုဆိုးလာကာ၊ ေရရွည္စိတ္ဒဏ္ရာ ျဖစ္သြားမွာ စိုးရိမ္ရပါတယ္။

လက္ရွိမ်ိဳးဆက္ Generation Z ေတြအေနနဲ႔လည္း၊ စစ္အာဏာရွင္ ျပန္လည္တြန္းလွန္ေရးမွာ၊ လူငယ္ေတြပီပီ၊ ေရွ.တန္းက ပါဝင္လူပ္ရွားေနတာေၾကာင့္၊ စစ္တပ္ရဲ႕ အဓိက ပစ္မွတ္ထား ၿဖိဳခြင္းသုတ္သင္ဒဏ္ခံေနရတာေၾကာင့္၊ စိတ္ပိုင္းဆိုင္ရာဒဏ္ရာေတြပါ တြဲၿပီးရလာမွာ စိုးရိမ္ရပါတယ္။ လူငယ္ေတြသဘာဝ ထက္ျမက္ၿပီး၊ ေရွ ႔ေရးၾကည့္တတ္၊ ေလ့လာလိုက္စားတတ္ရာမွာ၊ လက္ရွိမ်ိဳးဆက္ကေတာ့၊ တမူထူးျခားစြာ နည္းပညာပိုင္းအရ ကြၽမ္းက်င္မူ ျမင့္မားလာတာေၾကာင့္၊ ဆက္သြယ္ေဆာင္႐ြက္ရာမွာ ပိုအားေကာင္းၾကပါတယ္။ ဒါ့အျပင္ ၿပီးခဲ့တဲ့ (၅) ႏွစ္၊ (၁၀) ႏွစ္အတြင္း ျဖစ္ေပၚခဲ့တဲ့ ဒီမိုကေရစီအခြင့္အေရးေတြကို လက္ေတြ႕ခံစားႏိုင္ခဲ့တာေၾကာင့္လည္း၊ ဒါကို ပိုမဆုံးရႈံးခ်င္ေတာ့ဘဲ၊ ေနာင္မ်ိဳးဆက္ေတြအတြက္ပါ မဆုံးရႈံးေစဖို႔၊ အခ စနစ္ကို ေရွ ႔တန္းက တြန္းလွန္ေခ်ဖ်က္ေနၾကတာပါ။ ဒီအတြက္ အခုလူငယ္မ်ိဳးဆက္သစ္အေပၚ စစ္တပ္က မဲၿပီး၊ ပစ္ခတ္သတ္ျဖတ္ေနတာေၾကာင့္၊ အသက္အႏၲရာယ္ ထိခိုက္တာေတြကေန၊ အၫႊန႔္တလူလူ တက္ေနတဲ့ လူငယ္ေတြမွာ စိတ္ဒဏ္အႏၲရာယ္ေတြပါ ပါသြားႏိုင္ပါတယ္။ ဒါေၾကာင့္ က်ယ္က်ယ္ျပန႔္ျပန႔္ ႀကိဳစဥ္းစားၿပီး၊ သူတို႔ကို လိုအပ္သလို၊ ယုယၾကင္နာစြာနဲ႔ လွ်င္ျမန္စြာ ပံ့ပိုးကူညီျပဳစုေပးျခင္းျဖင့္၊ စိတ္ဒဏ္ရာအႏၲရာယ္ကိုလည္း ေျဖေလ်ာ့ေပးႏိုင္ၿပီး၊ ေနာင္ဆက္ျဖစ္လာႏိုင္မဲ့ ျပန္လည္ျပဳျပင္ပ်ိဳးေထာင္မူဆိုင္ရာ (Adjustment) အက်ိဳးဆက္ေတြကေနပါ ကာကြယ္ေပးႏိုင္ပါတယ္။

ဒါ့အျပင္ လက္ရွိကေလးအ႐ြယ္ေတြမွာလည္း၊ ညီအကိုေမာင္ႏွမ၊ မိဘေဆြမ်ိဳးေတြ ထိခိုက္ေသေက် ခံစားေနရတာကို ကိုယ္တိုင္ (သို႔မဟုတ္) တဆင့္ ျမင္ေတြ႕ၾကားသိရတာေၾကာင့္၊ စိတ္ဒဏ္ရာေတြ ပါသြားႏိုင္ပါတယ္။ အခုလို ငယ္႐ြယ္ႏုနယ္ၿပီး၊ ႀကီးထြားဖြံ႕ၿဖိဳးဆဲ (Developmental Stage: Personality ပ်ိဳးေထာင္တဲ့) အ႐ြယ္မွာ၊ မမွ်တဲ့စိတ္ဒဏ္ရာႀကီးေၾကာင့္၊ ႀကီးလာခ်ိန္မွာ ပိုျပင္းထန္တဲ့ ေရရွည္အက်ိဳးဆက္ ျဖစ္သြားေစႏိုင္ပါတယ္။ အထူးသျဖင့္ ျပန္လည္ျပဳျပင္ပ်ိဳးေထာင္မူဆိုင္ရာ (Adjustment) ျပႆနာတက္လာႏိုင္ကာ၊ အ႐ြယ္ေရာက္လာခ်ိန္မွာ၊ သူတို႔ကိုယ္တိုင္ မွားယြင္းတဲ့ အေတြးအေခၚ၊ အျပဳအမူေတြ (Personal Disorder) ျဖစ္လာႏိုင္တဲ့ အႏၲရာယ္ရွိေနပါတယ္။ ဒါေၾကာင့္ အခုလို စိတ္ဒဏ္ရာ အ႐ြယ္နဲ႔မမွ် ႀကီးႀကီးမားမားရခဲ့သူေတြအတြက္လည္း၊ အခြင့္အလမ္းရတာနဲ႔ အထက္ပါ အလားတူ ပံ့ပိုးျပဳစုေပးမူလိုရာမွာ၊ ပညာေရးနဲ႔လူမူေရးအရပါ လက္ေတြ႕ကူေပးၿပီး၊ ကုသမူပါ ေပးသင့္ပါတယ္။ သို႔မွသာ ေနာက္ဆက္မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္မွာပါ။

အကယ္၍ အခုလို လူငယ္မ်ိဳးဆက္သစ္ေတြကို၊ ႀကိဳတင္ ပံ့ပိုးျပဳစုကူညီေပးတာေတြ မလုပ္ေပးႏိုင္လွ်င္ေတာ့၊ သူတို႔ကိုယ္တိုင္ မိဘေတြျဖစ္လာခ်ိန္မွာ၊ သူတို႔ရဲ႕ သားသမီးေတြအေပၚမွာလည္း၊ မရည္႐ြယ္ဘဲ၊ သူတို႔အရင္ခံစားခဲ့ရသလို ေကာင္းမြန္တဲ့ ၾကင္နာယုယစြာ ျပဳစုမူေတြေပးဖို႔ အခက္အခဲ ျဖစ္လာႏိုင္ပါတယ္။ ဒါေၾကာင့္ ေပါက္ဖြားလာမဲ့ ေနာက္မ်ိဳးဆက္သစ္တစ္ခုမွာ၊ မိဘေတြဆီက မွန္ကန္တဲ့ ယုယျပဳစုမူရဖို ႔ေလ်ာ့နည္းသြားကာ ထိခိုက္မူ ဆက္ျဖစ္သြားေစႏိုင္တဲ့၊ မ်ိဳးဆက္လိုက္ ဒဏ္ရာေတြအဆင့္ထိ ျဖစ္သြားႏိုင္ပါတယ္။

တကယ္ေတာ့၊ အခုလိုအခ်ိန္မွာ ျမန္မာျပည္သူျပည္သားအမ်ားစု ပူေဆြးေနရခ်ိန္မွာ၊ လုံၿခဳံစြာေနရတဲ့ ႏိုင္ငံျခားေရာက္ေနသူေတြမွာလည္း အိပ္မေပ်ာ္တာ၊ စားမဝင္တာ၊ အလုပ္ပုံမွန္ မလုပ္ႏိုင္တာစတဲ့၊ စိတ္ဖိစီးမူေဝဒနာေတြ ခံစားေနရကာ၊ အခ်င္းခ်င္း ႐ိုင္းပင္းကူညီေပးေနရပါတယ္။ ဒါက ျမန္မာျပည္ထဲ လက္ေတြ႔တိုက္႐ိုက္ ပိုခံစားေနရသူေတြအတြက္၊ ပိုျပင္းထန္ႏိုင္ၿပီး၊ ပိုၿပီး႐ိုင္းပင္းကူညီ ပံ့ပိုးေပးၾကဖို႔ အေရးႀကီးေနပါတယ္။ ဒါေပမဲ့ လက္ေတြ႕မွာ အေျခအေနက ယိုယြင္းလာေနတာေၾကာင့္၊ တခ်ိဳ ႕ကိုယ့္အရပ္ထဲ ကိုယ္မေနႏိုင္ေတာ့ဘဲ၊ ထြက္ေျပးေနရသူေတြ ရွိလာေနပါတယ္။ အခုလို စစ္တပ္ရဲ႕လုပ္ေဆာင္မူေတြ၊ ယိုယြင္းပ်က္စီးမူကို ဦးတည္လာေနတာေၾကာင့္၊ အားလုံးပိုစိုးရိမ္ေသာက ေရာက္ေနၾကရပါတယ္။ တကယ္ေတာ့ အခုလိုျဖစ္ေအာင္ လုပ္ခဲ့သူေတြမွာလည္း၊ သံသယာအက်ိဳးဆက္အတြက္၊ အလားတူ အိပ္မေပွ်ာ္ စားမဝင္ ပုံမွန္မဟုတ္ေတာ့တဲ့၊ စိတ္ေသာကေတြ ခံစားလာရႏိုင္ပါပါတယ္။ ဒီေနရာမွာ အားလုံးဝိုင္းၿပီး၊ လက္ရွိ ဒုကၡေပးေနတဲ့စနစ္ကို၊ အတူေျပာင္းလဲယူျခင္းျဖင့္၊ အခ်င္းခ်င္း အျပန္အလွန္ အားေပးၾကျခင္းျဖင့္၊ ေမွ်ာ္လင့္ခ်က္အသစ္ေတြနဲ႔အတူ၊ စိတ္ဒဏ္ရာေတြကေန သက္သာရာ ရေစႏိုင္ပါတယ္။

ဒီအေၾကာင္း ပိုမုိသိရိွနားလည္ႏုိင္ဖုိ႔ ကိုဝင္းမင္း က ၾသစေတ်းလ်အေျခစိုက္ စိတ္က်န္းမာေရး အထူးကုသမားေတာ္ႀကီးနဲ႔၊ ျမန္မာေဆးတကၠသိုလ္ေတြရဲ႕ ဂုဏ္ထူးေဆာင္ပါေမာကၡ Dr. Raymond တင့္ေဝ ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

==Unicode==

စစ်အာဏာသိမ်းအပြီး ဆန္ဒပြမူတွေထဲ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမူတွေကြောင့်၊ ဖြစ်လာနိုင်တဲ့ စိတ်ဒဏ်ရာအကျိုးဆက်တွေက၊ လက်ရှိ မိသားစုအပြင်၊ မျိုးဆက်အလိုက်ပါ ထိခိုက်နိုင်တယ်လို့၊ စိတ်ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

မိသားစုအပေါ် သက်ရောက်မူကတော့၊ စိတ်ဒဏ်ရာရသူရဲ့ စိတ်အနေအထား ပြောင်းလဲလာမူကြောင့်၊ မိသားစုအတွင်း အထူးသဖြင့် ခင်ပွန်းနဲ့ ဇနီးသည်အကြား ကတောက်ကဆဖြစ်တာ၊ သားသမီးတွေတွေကိုလည်း လိုအပ်တဲ့ ပြုစုပျိုးထောင်မူ မပေးနိုင်တာ၊ သားသမီးတွေအနေနဲ့လည်း မိဘတွေ စိတ်ဒဏ်ရာရမူ၊ မပြေလည်မူတွေကြောင့်၊ ကြင်နာယုယမူ ကောင်းကောင်းမရတော့တာအပြင်၊ ကြောင့်ကြမူပါဖြစ်လာကာ၊ ပုံမှန်ကြီးထွား ဖွံ့ဖြိုးမူဆိုင်ရာ စိတ်ထိခိုက်မူတွေ ဆက်ဖြစ်လာနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။ ဒါ့အပြင် စိတ်ဒဏ်ခံခဲ့ရတဲ့ ကလေးငယ်တွေ ကြီးပြင်းလာပြီး၊ လူကြီးဖြစ်လာချိန်မှာလည်း၊ သူတို့ရလာတဲ့ သားသမီးတွေ (Offspring) အပေါ်မှာ မရည်ရွယ်ဘဲ၊ အလားတူ ပြုစုယူယ ပျိုးထောင်ပေးနိုင်မူ အားနည်းသွားနိုင်ပါတယ်။ ဒါကြောင့် အကြမ်းဖက်မူခံ စိတ်ဒဏ်ရာ (PTSD – Post Traumatic Stress Disorder) က၊ မျိုးဆက်လိုက် ဆက်ဖြစ်သွားနိုင်တဲ့ အန္တရာယ်ရှိနေတာပါ။

ဒါကြောင့် လက်ရှိ စိတ်ဒဏ်ရာရချိန်မှာ၊ ကူညီပံ့ပိုး ပြုစုပျိုးထောင်ပေခြင်းဖြင့်၊ ရေတိုစိတ်ဒဏ်ရာကနေ၊ ရေရှည်မဖြစ်စေရေး သက်သာမူရစေဖို့ အကာအကွယ် ပေးနိုင်ပါတယ်။ အကယ်၍ အခုလို ကူညီပံ့ပိုး မပေးနိုင်လျှင်တော့၊ အခြားဆက်ဖြစ်လာနိုင်တဲ့ ပြဿနာ (စီးပွားကျ၊ လူမူအခြေအနေယိုယွင်း၊ နေရေးထိုင်ရေး အခက်အခက်ဖြစ်တာ) တွေနဲ့ပေါင်းပြီး၊ ပိုဆိုးလာကာ၊ ရေရှည်စိတ်ဒဏ်ရာ ဖြစ်သွားမှာ စိုးရိမ်ရပါတယ်။

လက်ရှိမျိုးဆက် Generation Z တွေအနေနဲ့လည်း၊ စစ်အာဏာရှင် ပြန်လည်တွန်းလှန်ရေးမှာ၊ လူငယ်တွေပီပီ၊ ရှေ.တန်းက ပါဝင်လူပ်ရှားနေတာကြောင့်၊ စစ်တပ်ရဲ့ အဓိက ပစ်မှတ်ထား ဖြိုခွင်းသုတ်သင်ဒဏ်ခံနေရတာကြောင့်၊ စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေပါ တွဲပြီးရလာမှာ စိုးရိမ်ရပါတယ်။ လူငယ်တွေသဘာဝ ထက်မြက်ပြီး၊ ရှေ့ရေးကြည့်တတ်၊ လေ့လာလိုက်စားတတ်ရာမှာ၊ လက်ရှိမျိုးဆက်ကတော့၊ တမူထူးခြားစွာ နည်းပညာပိုင်းအရ ကျွမ်းကျင်မူ မြင့်မားလာတာကြောင့်၊ ဆက်သွယ်ဆောင်ရွက်ရာမှာ ပိုအားကောင်းကြပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ (၅) နှစ်၊ (၁၀) နှစ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို လက်တွေ့ခံစားနိုင်ခဲ့တာကြောင့်လည်း၊ ဒါကို ပိုမဆုံးရှုံးချင်တော့ဘဲ၊ နောင်မျိုးဆက်တွေအတွက်ပါ မဆုံးရှုံးစေဖို့၊ အခ စနစ်ကို ရှေ့တန်းက တွန်းလှန်ချေဖျက်နေကြတာပါ။ ဒီအတွက် အခုလူငယ်မျိုးဆက်သစ်အပေါ် စစ်တပ်က မဲပြီး၊ ပစ်ခတ်သတ်ဖြတ်နေတာကြောင့်၊ အသက်အန္တရာယ် ထိခိုက်တာတွေကနေ၊ အညွှန့်တလူလူ တက်နေတဲ့ လူငယ်တွေမှာ စိတ်ဒဏ်အန္တရာယ်တွေပါ ပါသွားနိုင်ပါတယ်။ ဒါကြောင့် ကျယ်ကျယ်ပြန့်ပြန့် ကြိုစဉ်းစားပြီး၊ သူတို့ကို လိုအပ်သလို၊ ယုယကြင်နာစွာနဲ့ လျှင်မြန်စွာ ပံ့ပိုးကူညီပြုစုပေးခြင်းဖြင့်၊ စိတ်ဒဏ်ရာအန္တရာယ်ကိုလည်း ဖြေလျော့ပေးနိုင်ပြီး၊ နောင်ဆက်ဖြစ်လာနိုင်မဲ့ ပြန်လည်ပြုပြင်ပျိုးထောင်မူဆိုင်ရာ (Adjustment) အကျိုးဆက်တွေကနေပါ ကာကွယ်ပေးနိုင်ပါတယ်။

ဒါ့အပြင် လက်ရှိကလေးအရွယ်တွေမှာလည်း၊ ညီအကိုမောင်နှမ၊ မိဘဆွေမျိုးတွေ ထိခိုက်သေကျေ ခံစားနေရတာကို ကိုယ်တိုင် (သို့မဟုတ်) တဆင့် မြင်တွေ့ကြားသိရတာကြောင့်၊ စိတ်ဒဏ်ရာတွေ ပါသွားနိုင်ပါတယ်။ အခုလို ငယ်ရွယ်နုနယ်ပြီး၊ ကြီးထွားဖွံ့ဖြိုးဆဲ (Developmental Stage: Personality ပျိုးထောင်တဲ့) အရွယ်မှာ၊ မမျှတဲ့စိတ်ဒဏ်ရာကြီးကြောင့်၊ ကြီးလာချိန်မှာ ပိုပြင်းထန်တဲ့ ရေရှည်အကျိုးဆက် ဖြစ်သွားစေနိုင်ပါတယ်။ အထူးသဖြင့် ပြန်လည်ပြုပြင်ပျိုးထောင်မူဆိုင်ရာ (Adjustment) ပြဿနာတက်လာနိုင်ကာ၊ အရွယ်ရောက်လာချိန်မှာ၊ သူတို့ကိုယ်တိုင် မှားယွင်းတဲ့ အတွေးအခေါ်၊ အပြုအမူတွေ (Personal Disorder) ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။ ဒါကြောင့် အခုလို စိတ်ဒဏ်ရာ အရွယ်နဲ့မမျှ ကြီးကြီးမားမားရခဲ့သူတွေအတွက်လည်း၊ အခွင့်အလမ်းရတာနဲ့ အထက်ပါ အလားတူ ပံ့ပိုးပြုစုပေးမူလိုရာမှာ၊ ပညာရေးနဲ့လူမူရေးအရပါ လက်တွေ့ကူပေးပြီး၊ ကုသမူပါ ပေးသင့်ပါတယ်။ သို့မှသာ နောက်ဆက်မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။

အကယ်၍ အခုလို လူငယ်မျိုးဆက်သစ်တွေကို၊ ကြိုတင် ပံ့ပိုးပြုစုကူညီပေးတာတွေ မလုပ်ပေးနိုင်လျှင်တော့၊ သူတို့ကိုယ်တိုင် မိဘတွေဖြစ်လာချိန်မှာ၊ သူတို့ရဲ့ သားသမီးတွေအပေါ်မှာလည်း၊ မရည်ရွယ်ဘဲ၊ သူတို့အရင်ခံစားခဲ့ရသလို ကောင်းမွန်တဲ့ ကြင်နာယုယစွာ ပြုစုမူတွေပေးဖို့ အခက်အခဲ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ပေါက်ဖွားလာမဲ့ နောက်မျိုးဆက်သစ်တစ်ခုမှာ၊ မိဘတွေဆီက မှန်ကန်တဲ့ ယုယပြုစုမူရဖို့လျော့နည်းသွားကာ ထိခိုက်မူ ဆက်ဖြစ်သွားစေနိုင်တဲ့၊ မျိုးဆက်လိုက် ဒဏ်ရာတွေအဆင့်ထိ ဖြစ်သွားနိုင်ပါတယ်။

တကယ်တော့၊ အခုလိုအချိန်မှာ မြန်မာပြည်သူပြည်သားအများစု ပူဆွေးနေရချိန်မှာ၊ လုံခြုံစွာနေရတဲ့ နိုင်ငံခြားရောက်နေသူတွေမှာလည်း အိပ်မပျော်တာ၊ စားမဝင်တာ၊ အလုပ်ပုံမှန် မလုပ်နိုင်တာစတဲ့၊ စိတ်ဖိစီးမူဝေဒနာတွေ ခံစားနေရကာ၊ အချင်းချင်း ရိုင်းပင်းကူညီပေးနေရပါတယ်။ ဒါက မြန်မာပြည်ထဲ လက်တွေ့တိုက်ရိုက် ပိုခံစားနေရသူတွေအတွက်၊ ပိုပြင်းထန်နိုင်ပြီး၊ ပိုပြီးရိုင်းပင်းကူညီ ပံ့ပိုးပေးကြဖို့ အရေးကြီးနေပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ အခြေအနေက ယိုယွင်းလာနေတာကြောင့်၊ တချို့ကိုယ့်အရပ်ထဲ ကိုယ်မနေနိုင်တော့ဘဲ၊ ထွက်ပြေးနေရသူတွေ ရှိလာနေပါတယ်။ အခုလို စစ်တပ်ရဲ့လုပ်ဆောင်မူတွေ၊ ယိုယွင်းပျက်စီးမူကို ဦးတည်လာနေတာကြောင့်၊ အားလုံးပိုစိုးရိမ်သောက ရောက်နေကြရပါတယ်။ တကယ်တော့ အခုလိုဖြစ်အောင် လုပ်ခဲ့သူတွေမှာလည်း၊ သံသယာအကျိုးဆက်အတွက်၊ အလားတူ အိပ်မပျှော် စားမဝင် ပုံမှန်မဟုတ်တော့တဲ့၊ စိတ်သောကတွေ ခံစားလာရနိုင်ပါပါတယ်။ ဒီနေရာမှာ အားလုံးဝိုင်းပြီး၊ လက်ရှိ ဒုက္ခပေးနေတဲ့စနစ်ကို၊ အတူပြောင်းလဲယူခြင်းဖြင့်၊ အချင်းချင်း အပြန်အလှန် အားပေးကြခြင်းဖြင့်၊ မျှော်လင့်ချက်အသစ်တွေနဲ့အတူ၊ စိတ်ဒဏ်ရာတွေကနေ သက်သာရာ ရစေနိုင်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က သြစတျေးလျအခြေစိုက် စိတ်ကျန်းမာရေး အထူးကုသမားတော်ကြီးနဲ့၊ မြန်မာဆေးတက္ကသိုလ်တွေရဲ့ ဂုဏ်ထူးဆောင်ပါမောက္ခ Dr. Raymond တင့်ဝေ ကို ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG