သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒသအသီးသီးမွာ ပံုစံအမ်ဳိးမ်ဳိးနဲ႔ ဆႏၵျပတာေတြဆက္ရွိေန


ထားဝယ္ ဆႏၵျပသပိတ္စစ္ေၾကာင္း ျမင္ကြင္း။ (ဓာတ္ပံု - AFP PHOTO / DAWEI WATCH - ဧၿပီ ၂၉၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈဆန္႔က်င္ေရး လႈပ္႐ွားမႈေတြကို တေန႔နဲ႔တေန႔ အသြင္မတူေအာင္ လုပ္ေနၾကတာမွာ ဒီေန႔ေတာ့ ရန္ကုန္ၿမိဳ႕မွာ YBS ဘတ္စ္ကားေတြေပၚနဲ႔ လူအသြားအလာမ်ားတဲ့ ဓါတ္တိုင္ေတြမွာ စာေတြကပ္ၿပီး လႈပ္႐ွားခဲ့ၾကပါတယ္။ မႏၱေလးၿမိဳ႕နဲ႔ တျခားၿမိဳ႕ေတြမွာလည္း သပိတ္စစ္ေၾကာင္းေတြ လမ္းေပၚထြက္ခ်ီတက္ၾကပါတယ္။ ျမန္မာႏိုင္ငံၿမိဳ႕အသီးသီးက ဆႏၵျပပဲြေတြအေၾကာင္း ရန္ကုန္က လာတဲ့သတင္းကို မခင္ျဖဴေထြးက ေျပာျပထားပါတယ္။

ဆႏၵျပသူေတြ ပစ္ခတ္ ဖမ္းဆီး ၿဖိဳခဲြခံရၿပီးတဲ့ေနာက္ လံုၿခံဳေရးအေျခအေနေပၚ မူတည္ၿပီး စစ္အာဏာသိမ္းမႈ ဆန္႔က်င္ဆႏၵျပပဲြေတြကို ပံုစံမ်ဳိးစံုနဲ႔ ျမန္မာႏိုင္ငံမွာ ဆက္လုပ္ေနၾကပါတယ္။ ဒီေန႔ ဧၿပီ ၂၉ ရက္ေန႔ ရန္ကုန္ၿမိဳ႕မွာ စစ္အာဏာ႐ွင္စနစ္ ဆန္႔က်င္တဲ့ စာသားေတြေရးသားထားတဲ့ စာ႐ြက္ေတြကို YBS ဘတ္စ္ ကားေတြ၊ ျဖတ္သြား ျဖတ္လာမ်ားတဲ့ ေနရာေတြက ဓါတ္တိုင္ေတြမွာ လိုက္ကပ္ခဲ့ၾကပါတယ္။ ဒီလႈပ္႐ွားမႈ လုပ္ခဲ့တဲ့ ဆႏၵျပလူငယ္တေယာက္က သူတို႔ဒီေန႔ ဆႏၵျပခဲ့ၾကပံုကို ခုလိုေျပာပါတယ္။

“ေတာင္ဒဂံုမွာေပါ့ေနာ္ ဒီလိုမ်ဳိး က်ေနာ္တို႔ အာဏာရွင္ကို တြန္းလွန္တဲ့ ပံုစံမ်ဳိးကို က်ေနာ္တို႔ ဒီ Paper Campaign ေပ့ါ၊ Revolution Paper Campaign ကို က်ေနာ္ သူတို႔ဆန္႔က်င္တဲ့ စာသားကို က်ေနာ္တို႔ ထုတ္ၿပီးေတာ့ ျပည္သူေတြ ျမင္ႏိုင္ေစတဲ့ က်ေနာ္တို႔ YBS ေပၚေတြမွာ က်ေနာ္တို႔ စၿပီးႀကိဳးစားကပ္တယ္။ အဓိကအားျဖင့္ က်ေနာ္တုိ႔က တခ်ဳိ႕ ျပည္သူေတြဆိုရင္ သူတို႔ေပါ့ေနာ္။ အာဏာရွင္ေတြနဲ႔ က်ေနာ္တို႔ကို စာနာေထာက္ထားျခင္း မရွိတဲ့အရာကို က်ေနာ္တို႔ျမင္ေစခ်င္တဲ့ ထမင္းဝိုင္းမွာ လူမဆံုတဲ့ အေၾကာင္းမ်ဳိးေတြ ၿပီးေတာ့ ဒီစစ္တပ္ဥပေဒကို က်ေနာ္လက္မခံတဲ့အေၾကာင္းေတြေပါ့ေနာ္။ အဲ့ဒီဥစၥာေတြ က်ေနာ္တို႔ကေနၿပီးေတာ့ ေရးသားၿပီးေတာ့ က်ေနာ္တို႔ႀကိဳးစားကပ္ခဲ့တယ္။"

လုံၿခဳံေရးတင္းက်ပ္တဲ့ ရန္ကုန္ၿမိဳ႕က ေျမာက္ဥကၠလာပ၊ တာေမြၿမိဳ႕နယ္ေတြအျပင္ စစ္အုပ္ခ်ဳပ္ေရးေၾကညာထားတဲ့ လႈိင္သာယာၿမိဳ႕မွာလည္း ေပ်ာက္ၾကားသပိတ္ေတြ လုပ္ခဲ့ၾကပါတယ္။ ေ႐ႊျပည္သာ၊ ကမာ႐ြတ္၊ လႈိင္၊ သန္လ်င္ၿမိဳ႕နယ္ေတြမွာလည္း လူမဲ့သပိတ္၊ ဘူးသပိတ္လႈပ္ရွားမႈေတြ ဆက္ရွိေနပါတယ္။ အင္းစိန္ၿမိဳ႕နယ္ဘက္မွာေတာ့ အင္းစိန္ႏွင့္ ၾကည့္ျမင္တိုင္က ေက်ာင္းသား လူငယ္ေတြ စုေပါင္းၿပီး အင္အား ၂၀၀ ေလာက္နဲ႔ ခ်ီတက္ ဆႏၵျပခဲ့ၾကတယ္လို႔ အဲ့ဒီသပိတ္စစ္ေၾကာင္းမွာ ပါဝင္သူတစ္ဦးက ဗီြအိုေအကို ေျပာပါတယ္။

“ဒီေန႔ အင္းစိန္က ေက်ာင္းသားလူငယ္ေလးေတြနဲ႔ ၾကည့္ျမင္တိုင္က ေက်ာင္းသားလူငယ္ေလးေတြ ေပါင္းၿပီးေတာ့ အင္းစိန္ ဘိုကုန္းဘက္မွာ လမ္းမႀကီးေပၚထြက္ျဖစ္ခဲ့တယ္။ ရန္ကုန္ရဲ႕ အင္းစိန္ သပိတ္စစ္ေၾကာင္းေခါင္းစဥ္နဲ႔ ထြက္ျဖစ္တယ္ဗ်။ လူအင္အားကေတာ့ ၁၀၀ ေက်ာ္၊ ၂၀၀ ဝန္းက်င္ေလာက္ေတာ့ ရွိမယ္ဗ်။ ၄၅ မိနစ္ေလာက္ေတာ့ ၾကာမယ္ထင္တယ္ဗ်၊ ၾကာခ်ိန္ကေလ။”

မႏၱေလးၿမိဳ႕မွာလည္း ပညာေရးမိသားစုေတြ၊ တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢေတြ၊ တကၠသိုလ္ဆရာ ဆရာမေတြ၊ အစိုးရဝန္ထမ္းေတြစတဲ့ ဆႏၵျပသပိတ္စစ္ေၾကာင္း ေတာ္ေတာ္မ်ားမ်ား ခ်ီတက္ဆႏၵျပခဲ့ၾကပါတယ္။ ဆႏၵျပရာမွာ ပါဝင္သူ ကိုသိန္းေအာင္ျမင့္ေျပာတာက -

“လႈပ္ရွားမႈကေတာ့ မႏၱေလးမွာေတာ့ ေန႔စဥ္ပံုစံအမ်ဳိးမ်ဳိးနဲ႔ေတာ့ ထြက္ေနၾကတာပဲ အာဏာပိုင္ကေတာ့ ဒါလည္း သိတဲ့အတိုင္းပဲ မနက္မိုးလင္းကေန မိုးခ်ဳပ္ထိသူတို႔က တခါတည္း ေစာင့္ဖမ္းတာေရာ၊ လိုက္ဖမ္းတာေရာ ပစ္ခတ္ၿဖိဳခြင္းတဲ့ ပံုစံအမ်ဳိးမ်ဳိးနဲ႔ သူတို႔ကလည္း ဒါ အႏၱရာယ္ျပဳဖို႔ ေဆာင္ရြက္ေနတာ ေဆာင္ရြက္ေနၾကေပမဲ့လည္း ဒီမွာရွိတဲ့ မႏၱေလးမွာရွိတဲ့ ၿမိဳ႕သူ၊ ၿမိဳ႕သားအားလံုး ေက်ာင္းသားလူငယ္အားလံုးကလည္း ေႏြဦးေတာ္လွန္ေရးရဲ႕ ျပန္ေျပာရင္ စစ္အာဏာရွင္ျပဳတ္ခ်ေရးအတြက္ ပံုစံအမ်ဳိးမ်ဳိးနဲ႔ေပါ့ အႏၱရာယ္ကင္းေအာင္ဆက္လက္ၿပီးေတာ့ ခ်ီတက္ဆႏ̔ၵျပေနၾကတာပါ။”

ခုလိုခ်ီတက္ဆႏၵျပပြဲေတြကို သတင္းေပး တိုင္ၾကားသူေတြ၊ လက္နက္ကိုင္ လံုၿခံဳေရးေတြေရာက္လာႏိုင္တဲ့ အႏၱရာယ္ၾကားက ဆႏၵျပပြဲေတြလုပ္ေနရတယ္လို႔ ဆႏၵျပပြဲမွာ အျမဲပါဝင္သူ ကိုသိန္းေအာင္ျမင့္က ေျပာပါတယ္။

“လမ္းတိုင္း၊ အရပ္တိုင္း၊ ၿမိဳ႕နယ္တိုင္း ၿမိဳ႕နယ္တိုင္းမွာ သူတို႔ရဲ႕ေပါ့ သတင္းေပးေတြ ဒါ ရွိေနတဲ့ သေဘာကေတာ့ ဒါေသခ်ာတယ္ခင္ဗ်။ ဘာလို႔လဲဆိုေတာ့ ဒီေန႔ ျပန္ေျပာရင္ ေအာင္ျမင္စြာေဆာင္ရြက္သြားေပမဲ့လည္း ၿပီးသြားတဲ့အခ်ိန္မွာ သူတို႔ဘက္ကေန ျပန္ေျပာရင္မိနစ္အပိုင္းပဲ ၂ မိနစ္၊ ၃ မိနစ္မွာ သူတို႔ေရာက္လာႏိုင္တယ္ ဒါဟာ ျပန္ေျပာရင္ သူတို႔ဒီမွာ ေထာက္လွမ္းေနတယ္ေပါ့ေနာ္ သပိတ္ေတြကို အႏၱရာယ္ျပဳမယ့္သူပါ ျပန္ၿဖိဳခြင္းမယ့္သူရွိေနတယ္ဆိုတာေတာ့ ဒါေပၚလြင္တယ္။ ဟိုတုန္းကလို အခ်ိန္ကာလလို မဟုတ္ဘူး။ ပိုၿပီး အရမ္းခက္ခဲလာတာ အဲ့ဒီခက္ခဲေနတဲ့ၾကား၊ အႏၱရာယ္အရမ္းမ်ားေနတဲ့ၾကားကေနပဲ ျပန္လည္ ႀကိဳးစားၿပီး မနည္းေရွာင္ခြင္ၿပီးေတာ့ ေဆာင္ရြက္ေနၾကတာပါ။ ခ်စ္ဖို႔ေကာင္းတာကျပန္ေျပာရင္ ၿမိဳ႕သူၿမိဳ႕သားေတြရဲ႕ စစ္အာဏာရွင္ေပါ့ေနာ္.. အလိုမရွိေနာ္ မုန္းေနတဲ့ စိတ္ကေတာ့ အားလံုးတစ္သားတည္းရွိေနတာေတာ့ ျပန္ေျပာရင္ ဒါ ဒီအေရးေတာ္ပံုကို က်ေနာ္တို႔ လံုးဝေအာင္ျမင္မယ္လို႔ က်ေနာ္တို႔က ယံုၾကည္ပါတယ္ခင္ဗ်။”

ဒီေန႔ တိုက္ႀကီး၊ ဖားကန႔္၊ ထားဝယ္၊ ေက်ာက္မဲ၊ ကေလး၊ ပုဂံ၊ ေညာင္ဦးၿမိဳ႕ေတြမွာ လူရာခ်ီဆႏၵျပၾကပါတယ္။ ေ႐ႊဘို၊ မိုးေကာင္း၊ ကြတ္ခိုင္၊ မုံ႐ြာၿမိဳ႕ေတြမွာ ေပ်ာက္ၾကားသပိတ္၊ လူမဲ့သပိတ္ေတြ ႐ွိခဲ့ပါတယ္။

စစ္တပ္က ႐ြာေတြထဲ ဝင္ေရာက္စခန္းခ်ေနတဲ့ ကနီၿမိဳ႕နယ္ ေခ်ာင္းဝေက်း႐ြာမွာေတာ့ ဧၿပီလ ၂၇ ရက္ေန႔က ေဒသခံ ၂ ေယာက္အဖမ္းခံခဲ့ရၿပီး တေယာက္ရဲ႕ အေလာင္းကို မေန႔က ျပန္လာယူခိုင္းတယ္လို႔ မိသားစုဝင္တေယာက္က ေျပာပါတယ္။

ဒီေန႔အတြက္ သီးျခားျဖစ္ရပ္တခုကေတာ့ မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕က Ocean ကုန္တိုက္မွာ႐ွိတဲ့ KBZ Bank မွာ ေငြထုတ္ဖို႔ ဒီေန႔အေစာပိုင္းကတည္းက တန္းစီေနသူေတြ မ်ားတဲ့အတြက္ စစ္သားေတြက ေသနတ္ပစ္ေဖါက္ၿပီး သတိေပးခဲ့တယ္လို႔ ေမာ္လၿမိဳင္ၿမိဳ႕သားတေယာက္က ေျပာပါတယ္။

“KBZ မွာ တန္းစီတဲ့သူမ်ားေတာ့ မႏိုင္ဘူး ထင္ၿပီးေတာ့တဲ့ ေသနတ္ေဖာက္ၿပီးေတာ့ မိုးေပၚေထာင္ ေသနတ္ေဖာက္ၿပီး တန္းစီခိုင္းတာတဲ့ ညီေအာင္ဆိုၿပီးေတာ့ ညီညီစီဖို႔ေျပာတာတဲ့ ေနာက္ၿပီးေတာ့ ဒီေန႔လူမ်ားတယ္ကြာအရမ္း လခထုတ္တ့ဲေန႔ျဖစ္ေတာ့ လူအရမ္းမ်ားတယ္။ အ့ဲဒါလည္း ပါလိမ့္မယ္လိုထင္တယ္။ ေကာလဟလေတြက ထြက္ေနတယ္မလား စစ္ျဖစ္ေတာ့မယ္၊ ဘာညာဆိုေတာ့ေျပးထုတ္ၾကတာလို႔ ထင္တာပဲ။"

အစကတည္းကိုက ထိတ္လန္႔စိုးရိမ္ေနရတဲ့ လူထုၾကားမွာ တန္းညီေအာင္စီဖို႔ဆိုတာအတြက္နဲ႔ ေသနတ္ပစ္ေဖာက္တာမ်ဳိးကေတာ့ မလုပ္သင့္ဘူးလို႔ ၿမိဳ႕ခံေတြကေျပာေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဒေသအသီးသီးမှာ ပုံစံအမျိုးမျိုးနဲ့ ဆန္ဒပြတာတွေဆက်ရှိနေ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို တနေ့နဲ့တနေ့ အသွင်မတူအောင် လုပ်နေကြတာမှာ ဒီနေ့တော့ ရန်ကုန်မြို့မှာ YBS ဘတ်စ်ကားတွေပေါ်နဲ့ လူအသွားအလာများတဲ့ ဓါတ်တိုင်တွေမှာ စာတွေကပ်ပြီး လှုပ်ရှားခဲ့ကြပါတယ်။ မန္တလေးမြို့နဲ့ တခြားမြို့တွေမှာလည်း သပိတ်စစ်ကြောင်းတွေ လမ်းပေါ်ထွက်ချီတက်ကြပါတယ်။ မြန်မာနိုင်ငံမြို့အသီးသီးက ဆန္ဒပြပွဲတွေအကြောင်း ရန်ကုန်က လာတဲ့သတင်းကို မခင်ဖြူထွေးက ပြောပြထားပါတယ်။

ဆန္ဒပြသူတွေ ပစ်ခတ် ဖမ်းဆီး ဖြိုခွဲခံရပြီးတဲ့နောက် လုံခြုံရေးအခြေအနေပေါ် မူတည်ပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲတွေကို ပုံစံမျိုးစုံနဲ့ မြန်မာနိုင်ငံမှာ ဆက်လုပ်နေကြပါတယ်။ ဒီနေ့ ဧပြီ ၂၉ ရက်နေ့ ရန်ကုန်မြို့မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်တဲ့ စာသားတွေရေးသားထားတဲ့ စာရွက်တွေကို YBS ဘတ်စ် ကားတွေ၊ ဖြတ်သွား ဖြတ်လာများတဲ့ နေရာတွေက ဓါတ်တိုင်တွေမှာ လိုက်ကပ်ခဲ့ကြပါတယ်။ ဒီလှုပ်ရှားမှု လုပ်ခဲ့တဲ့ ဆန္ဒပြလူငယ်တယောက်က သူတို့ဒီနေ့ ဆန္ဒပြခဲ့ကြပုံကို ခုလိုပြောပါတယ်။

“တောင်ဒဂုံမှာပေါ့နော် ဒီလိုမျိုး ကျနော်တို့ အာဏာရှင်ကို တွန်းလှန်တဲ့ ပုံစံမျိုးကို ကျနော်တို့ ဒီ Paper Campaign ပေ့ါ၊ Revolution Paper Campaign ကို ကျနော် သူတို့ဆန့်ကျင်တဲ့ စာသားကို ကျနော်တို့ ထုတ်ပြီးတော့ ပြည်သူတွေ မြင်နိုင်စေတဲ့ ကျနော်တို့ YBS ပေါ်တွေမှာ ကျနော်တို့ စပြီးကြိုးစားကပ်တယ်။ အဓိကအားဖြင့် ကျနော်တို့က တချို့ ပြည်သူတွေဆိုရင် သူတို့ပေါ့နော်။ အာဏာရှင်တွေနဲ့ ကျနော်တို့ကို စာနာထောက်ထားခြင်း မရှိတဲ့အရာကို ကျနော်တို့မြင်စေချင်တဲ့ ထမင်းဝိုင်းမှာ လူမဆုံတဲ့ အကြောင်းမျိုးတွေ ပြီးတော့ ဒီစစ်တပ်ဥပဒေကို ကျနော်လက်မခံတဲ့အကြောင်းတွေပေါ့နော်။ အဲ့ဒီဥစ္စာတွေ ကျနော်တို့ကနေပြီးတော့ ရေးသားပြီးတော့ ကျနော်တို့ကြိုးစားကပ်ခဲ့တယ်။"

လုံခြုံရေးတင်းကျပ်တဲ့ ရန်ကုန်မြို့က မြောက်ဥက္ကလာပ၊ တာမွေမြို့နယ်တွေအပြင် စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ လှိုင်သာယာမြို့မှာလည်း ပျောက်ကြားသပိတ်တွေ လုပ်ခဲ့ကြပါတယ်။ ရွှေပြည်သာ၊ ကမာရွတ်၊ လှိုင်၊ သန်လျင်မြို့နယ်တွေမှာလည်း လူမဲ့သပိတ်၊ ဘူးသပိတ်လှုပ်ရှားမှုတွေ ဆက်ရှိနေပါတယ်။ အင်းစိန်မြို့နယ်ဘက်မှာတော့ အင်းစိန်နှင့် ကြည့်မြင်တိုင်က ကျောင်းသား လူငယ်တွေ စုပေါင်းပြီး အင်အား ၂၀၀ လောက်နဲ့ ချီတက် ဆန္ဒပြခဲ့ကြတယ်လို့ အဲ့ဒီသပိတ်စစ်ကြောင်းမှာ ပါဝင်သူတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

“ဒီနေ့ အင်းစိန်က ကျောင်းသားလူငယ်လေးတွေနဲ့ ကြည့်မြင်တိုင်က ကျောင်းသားလူငယ်လေးတွေ ပေါင်းပြီးတော့ အင်းစိန် ဘိုကုန်းဘက်မှာ လမ်းမကြီးပေါ်ထွက်ဖြစ်ခဲ့တယ်။ ရန်ကုန်ရဲ့ အင်းစိန် သပိတ်စစ်ကြောင်းခေါင်းစဉ်နဲ့ ထွက်ဖြစ်တယ်ဗျ။ လူအင်အားကတော့ ၁၀၀ ကျော်၊ ၂၀၀ ဝန်းကျင်လောက်တော့ ရှိမယ်ဗျ။ ၄၅ မိနစ်လောက်တော့ ကြာမယ်ထင်တယ်ဗျ၊ ကြာချိန်ကလေ။”

မန္တလေးမြို့မှာလည်း ပညာရေးမိသားစုတွေ၊ တက္ကသိုလ်ကျောင်းသားများသမဂ္ဂတွေ၊ တက္ကသိုလ်ဆရာ ဆရာမတွေ၊ အစိုးရဝန်ထမ်းတွေစတဲ့ ဆန္ဒပြသပိတ်စစ်ကြောင်း တော်တော်များများ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြရာမှာ ပါဝင်သူ ကိုသိန်းအောင်မြင့်ပြောတာက -

“လှုပ်ရှားမှုကတော့ မန္တလေးမှာတော့ နေ့စဉ်ပုံစံအမျိုးမျိုးနဲ့တော့ ထွက်နေကြတာပဲ အာဏာပိုင်ကတော့ ဒါလည်း သိတဲ့အတိုင်းပဲ မနက်မိုးလင်းကနေ မိုးချုပ်ထိသူတို့က တခါတည်း စောင့်ဖမ်းတာရော၊ လိုက်ဖမ်းတာရော ပစ်ခတ်ဖြိုခွင်းတဲ့ ပုံစံအမျိုးမျိုးနဲ့ သူတို့ကလည်း ဒါ အန္တရာယ်ပြုဖို့ ဆောင်ရွက်နေတာ ဆောင်ရွက်နေကြပေမဲ့လည်း ဒီမှာရှိတဲ့ မန္တလေးမှာရှိတဲ့ မြို့သူ၊ မြို့သားအားလုံး ကျောင်းသားလူငယ်အားလုံးကလည်း နွေဦးတော်လှန်ရေးရဲ့ ပြန်ပြောရင် စစ်အာဏာရှင်ပြုတ်ချရေးအတွက် ပုံစံအမျိုးမျိုးနဲ့ပေါ့ အန္တရာယ်ကင်းအောင်ဆက်လက်ပြီးတော့ ချီတက်ဆန္̔ဒပြနေကြတာပါ။”

ခုလိုချီတက်ဆန္ဒပြပွဲတွေကို သတင်းပေး တိုင်ကြားသူတွေ၊ လက်နက်ကိုင် လုံခြုံရေးတွေရောက်လာနိုင်တဲ့ အန္တရာယ်ကြားက ဆန္ဒပြပွဲတွေလုပ်နေရတယ်လို့ ဆန္ဒပြပွဲမှာ အမြဲပါဝင်သူ ကိုသိန်းအောင်မြင့်က ပြောပါတယ်။

“လမ်းတိုင်း၊ အရပ်တိုင်း၊ မြို့နယ်တိုင်း မြို့နယ်တိုင်းမှာ သူတို့ရဲ့ပေါ့ သတင်းပေးတွေ ဒါ ရှိနေတဲ့ သဘောကတော့ ဒါသေချာတယ်ခင်ဗျ။ ဘာလို့လဲဆိုတော့ ဒီနေ့ ပြန်ပြောရင် အောင်မြင်စွာဆောင်ရွက်သွားပေမဲ့လည်း ပြီးသွားတဲ့အချိန်မှာ သူတို့ဘက်ကနေ ပြန်ပြောရင်မိနစ်အပိုင်းပဲ ၂ မိနစ်၊ ၃ မိနစ်မှာ သူတို့ရောက်လာနိုင်တယ် ဒါဟာ ပြန်ပြောရင် သူတို့ဒီမှာ ထောက်လှမ်းနေတယ်ပေါ့နော် သပိတ်တွေကို အန္တရာယ်ပြုမယ့်သူပါ ပြန်ဖြိုခွင်းမယ့်သူရှိနေတယ်ဆိုတာတော့ ဒါပေါ်လွင်တယ်။ ဟိုတုန်းကလို အချိန်ကာလလို မဟုတ်ဘူး။ ပိုပြီး အရမ်းခက်ခဲလာတာ အဲ့ဒီခက်ခဲနေတဲ့ကြား၊ အန္တရာယ်အရမ်းများနေတဲ့ကြားကနေပဲ ပြန်လည် ကြိုးစားပြီး မနည်းရှောင်ခွင်ပြီးတော့ ဆောင်ရွက်နေကြတာပါ။ ချစ်ဖို့ကောင်းတာကပြန်ပြောရင် မြို့သူမြို့သားတွေရဲ့ စစ်အာဏာရှင်ပေါ့နော်.. အလိုမရှိနော် မုန်းနေတဲ့ စိတ်ကတော့ အားလုံးတစ်သားတည်းရှိနေတာတော့ ပြန်ပြောရင် ဒါ ဒီအရေးတော်ပုံကို ကျနော်တို့ လုံးဝအောင်မြင်မယ်လို့ ကျနော်တို့က ယုံကြည်ပါတယ်ခင်ဗျ။”

ဒီနေ့ တိုက်ကြီး၊ ဖားကန့်၊ ထားဝယ်၊ ကျောက်မဲ၊ ကလေး၊ ပုဂံ၊ ညောင်ဦးမြို့တွေမှာ လူရာချီဆန္ဒပြကြပါတယ်။ ရွှေဘို၊ မိုးကောင်း၊ ကွတ်ခိုင်၊ မုံရွာမြို့တွေမှာ ပျောက်ကြားသပိတ်၊ လူမဲ့သပိတ်တွေ ရှိခဲ့ပါတယ်။

စစ်တပ်က ရွာတွေထဲ ဝင်ရောက်စခန်းချနေတဲ့ ကနီမြို့နယ် ချောင်းဝကျေးရွာမှာတော့ ဧပြီလ ၂၇ ရက်နေ့က ဒေသခံ ၂ ယောက်အဖမ်းခံခဲ့ရပြီး တယောက်ရဲ့ အလောင်းကို မနေ့က ပြန်လာယူခိုင်းတယ်လို့ မိသားစုဝင်တယောက်က ပြောပါတယ်။

ဒီနေ့အတွက် သီးခြားဖြစ်ရပ်တခုကတော့ မွန်ပြည်နယ် မော်လမြိုင်မြို့က Ocean ကုန်တိုက်မှာရှိတဲ့ KBZ Bank မှာ ငွေထုတ်ဖို့ ဒီနေ့အစောပိုင်းကတည်းက တန်းစီနေသူတွေ များတဲ့အတွက် စစ်သားတွေက သေနတ်ပစ်ဖေါက်ပြီး သတိပေးခဲ့တယ်လို့ မော်လမြိုင်မြို့သားတယောက်က ပြောပါတယ်။

“KBZ မှာ တန်းစီတဲ့သူများတော့ မနိုင်ဘူး ထင်ပြီးတော့တဲ့ သေနတ်ဖောက်ပြီးတော့ မိုးပေါ်ထောင် သေနတ်ဖောက်ပြီး တန်းစီခိုင်းတာတဲ့ ညီအောင်ဆိုပြီးတော့ ညီညီစီဖို့ပြောတာတဲ့ နောက်ပြီးတော့ ဒီနေ့လူများတယ်ကွာအရမ်း လခထုတ်တဲ့နေ့ဖြစ်တော့ လူအရမ်းများတယ်။ အဲ့ဒါလည်း ပါလိမ့်မယ်လိုထင်တယ်။ ကောလဟလတွေက ထွက်နေတယ်မလား စစ်ဖြစ်တော့မယ်၊ ဘာညာဆိုတော့ပြေးထုတ်ကြတာလို့ ထင်တာပဲ။"

အစကတည်းကိုက ထိတ်လန့်စိုးရိမ်နေရတဲ့ လူထုကြားမှာ တန်းညီအောင်စီဖို့ဆိုတာအတွက်နဲ့ သေနတ်ပစ်ဖောက်တာမျိုးကတော့ မလုပ်သင့်ဘူးလို့ မြို့ခံတွေကပြောနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG