[Zawgyi/Unicode]
ၾကားကာလ အမ်ဳိးသားညီၫြတ္ေရးအစိုးရ (NUG) ကို ျမန္မာႏုိင္ငံရဲ႕ တရားဝင္အစိုးရအျဖစ္ အသိအမွတ္ျပဳဖို႔နဲ႔ အေမရိကန္က ထိန္းခ်ဳပ္ထားတဲ့ ျမန္မာႏုိင္ငံပိုင္ ရန္ပံုေငြေတြကို အေရးေပၚ အကူအညီလိုအပ္ေနတဲ့ ျမန္မာလူထုအတြက္ လူသားစာနာမႈ အကူအညီေပးဖို႔၊ သူတို႔အသက္ရွင္သန္ေရး အေထာက္အကူျပဳႏုိင္ဖို႔ NUG ကို သံုးစြဲခြင့္ျပဳေရး ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ဒီကေန႔ အေမရိကန္ေအာက္လႊတ္ေတာ္၊ ႏုိင္ငံျခားေရးရာေကာ္မတီမွာ တိုက္တြန္းေျပာဆိုဖို႔ရွိပါတယ္။
ျမန္မာစံေတာ္ခ်ိန္ အဂၤါည ၁၁ နာရီခြဲ၊ အေမရိကန္အေရွ႕ပိုင္းေဒသစံေတာ္ခ်ိန္ အဂၤါ ေန႔လယ္ ၁ နာရီမွာ အေမရိကန္ေအာက္လႊတ္ေတာ္၊ ႏုိင္ငံျခားေရးရာေကာ္မတီမွာ လုပ္ဖို႔ရွိတဲ့ ျမန္မာ့အေရးၾကားနာပြဲအတြင္း သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက အဲဒီလို တိုက္တြန္းေျပာဆိုဖို႔ စီစဥ္ထားတာပါ။
"ျမန္မာ့အက်ပ္အတည္းကို ဖြင့္ခ်ျခင္း" လို႔ဆိုရမယ့္ "The Unfolding Crisis in Burma" ဆိုတဲ့ေခါင္းစဥ္နဲ႔ ၾကားနာပြဲ လုပ္မွာပါ။
သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ျမန္မာလူထုနဲ႔ ၾကားကာလ အမ်ဳိးသားညီၫြတ္ေရးအစိုးရ (NUG) တို႔ရဲ႕ သေဘာထားေတြကို အခုၾကားနာပဲြအတြင္း တင္ျပေျပာဆိုသြားဖုိ႔ ရွိတယ္ဆုိတာ ၾကားနာပြဲမတိုင္ခင္ ေအာက္လႊတ္ေတာ္၊ ႏိုင္ငံျခားေရးရာေကာ္မတီက ႀကိဳတင္ျဖန္႔ေဝထားတဲ့ မူၾကမ္းထဲမွာ ေတြ႔ရပါတယ္။
၂၀၂၀ ျပည့္ႏွစ္၊ ႏိုဝင္ဘာလ ၈ ရက္ေန႔က က်င္းပခဲ့တဲ့ ေရြးေကာက္ပြဲနဲ႔ပတ္သက္တာ၊ ႏုိင္ငံတဝန္း ၿငိမ္းခ်မ္းတဲ့ ဆႏၵျပပြဲေတြနဲ႔ စစ္ေကာင္စီက အၾကမ္းဖက္ ပစ္ခတ္ ၿဖိဳခြဲမႈေတြအေၾကာင္း၊ CDM လို႔ေခၚတဲ့ အၾကမ္းမဖက္ အာဏာဖီဆန္ေရး လႈပ္ရွားမႈအေၾကာင္း၊ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ (CRPH) နဲ႔ပတ္သက္တာ၊ CRPH ကထုတ္ျပန္ထားတဲ့ ဖက္ဒရယ္ ဒီမုိကေရစီ ပဋိညာဥ္စာတမ္းအေၾကာင္း၊ ၾကားကာလ အမ်ဳိးသားညီၫြတ္ေရးအစိုးရ (NUG) ကို ဖြဲ႔စည္းခဲ့တာ၊ အင္ဒိုနီးရွားႏုိင္ငံ၊ ဂ်ကာတာၿမိဳ႕ေတာ္မွာ က်င္းပခဲ့တဲ့ အေရွ႕ေတာင္အာရွႏုိင္ငံမ်ားအဖြဲ႔ (ASEAN) အစည္းအေဝးနဲ႔ ပတ္သက္တာ၊ CDM မွာပါဝင္တဲ့ ျမန္မာသံတမန္ေတြအေပၚ စစ္ေကာင္စီရဲ႕ အေရးယူမႈေတြအေၾကာင္း စသည္အားျဖင့္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း တင္ျပေျပာဆိုမယ့္ မူၾကမ္းထဲမွာ ေတြ႔ရပါတယ္။
အဲဒီၾကားနာပြဲမွာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းနဲ႔အတူ Progressive Voice အဖြဲ႔ တည္ေထာင္သူနဲ႔ အၾကံေပးဘုတ္အဖြဲ႔ဥကၠ႒ ေဒၚခင္ဥမၼာ၊ ႏုိင္ငံတကာ အမ်ဳိးသမီးေရးရာကိစၥရပ္မ်ားဆိုင္ရာ ဂုဏ္ထူးေဆာင္ အေမရိကန္သံအမတ္ႀကီးေဟာင္း Kelley E. Currie တို႔ပါဝင္ပါတယ္။
ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ စစ္တပ္က အာဏာသိမ္းခဲ့ၿပီးတဲ့ေနာက္ အခုၾကားနာပြဲဟာ အေမရိကန္ေအာက္လႊတ္ေတာ္မွာ ပထမဆံုးအႀကိမ္လုပ္တဲ့ ၾကားနာပြဲျဖစ္တဲ့အျပင္ အေမရိကန္လႊတ္ေတာ္ ၾကားနာပြဲတခုမွာ ျမန္မာသံအမတ္ႀကီးတဦးကိုယ္တိုင္ တက္ေရာက္ၿပီး တင္ျပေျပာဆိုတာဟာလည္း ပထမဆံုးအႀကိမ္ပဲျဖစ္ပါတယ္။
[Unicode Version]
ကန်လွှတ်တော်ကြားနာပွဲ သံအမတ်ကြီးဦးကျော်မိုးထွန်း မြန်မာ့အရေးတင်ပြဖို့ ရှိ
ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဖို့နဲ့ အမေရိကန်က ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံပိုင် ရန်ပုံငွေတွေကို အရေးပေါ် အကူအညီလိုအပ်နေတဲ့ မြန်မာလူထုအတွက် လူသားစာနာမှု အကူအညီပေးဖို့၊ သူတို့အသက်ရှင်သန်ရေး အထောက်အကူပြုနိုင်ဖို့ NUG ကို သုံးစွဲခွင့်ပြုရေး ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ဒီကနေ့ အမေရိကန်အောက်လွှတ်တော်၊ နိုင်ငံခြားရေးရာကော်မတီမှာ တိုက်တွန်းပြောဆိုဖို့ရှိပါတယ်။
မြန်မာစံတော်ချိန် အင်္ဂါည ၁၁ နာရီခွဲ၊ အမေရိကန်အရှေ့ပိုင်းဒေသစံတော်ချိန် အင်္ဂါ နေ့လယ် ၁ နာရီမှာ အမေရိကန်အောက်လွှတ်တော်၊ နိုင်ငံခြားရေးရာကော်မတီမှာ လုပ်ဖို့ရှိတဲ့ မြန်မာ့အရေးကြားနာပွဲအတွင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက အဲဒီလို တိုက်တွန်းပြောဆိုဖို့ စီစဉ်ထားတာပါ။
"မြန်မာ့အကျပ်အတည်းကို ဖွင့်ချခြင်း" လို့ဆိုရမယ့် "The Unfolding Crisis in Burma" ဆိုတဲ့ခေါင်းစဉ်နဲ့ ကြားနာပွဲ လုပ်မှာပါ။
သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာလူထုနဲ့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ရဲ့ သဘောထားတွေကို အခုကြားနာပွဲအတွင်း တင်ပြပြောဆိုသွားဖို့ ရှိတယ်ဆိုတာ ကြားနာပွဲမတိုင်ခင် အောက်လွှတ်တော်၊ နိုင်ငံခြားရေးရာကော်မတီက ကြိုတင်ဖြန့်ဝေထားတဲ့ မူကြမ်းထဲမှာ တွေ့ရပါတယ်။
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်တာ၊ နိုင်ငံတဝန်း ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေနဲ့ စစ်ကောင်စီက အကြမ်းဖက် ပစ်ခတ် ဖြိုခွဲမှုတွေအကြောင်း၊ CDM လို့ခေါ်တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုအကြောင်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ပတ်သက်တာ၊ CRPH ကထုတ်ပြန်ထားတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်စာတမ်းအကြောင်း၊ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်းခဲ့တာ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်မှာ ကျင်းပခဲ့တဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) အစည်းအဝေးနဲ့ ပတ်သက်တာ၊ CDM မှာပါဝင်တဲ့ မြန်မာသံတမန်တွေအပေါ် စစ်ကောင်စီရဲ့ အရေးယူမှုတွေအကြောင်း စသည်အားဖြင့် သံအမတ်ကြီး ဦးကျော်မိုးထွန်း တင်ပြပြောဆိုမယ့် မူကြမ်းထဲမှာ တွေ့ရပါတယ်။
အဲဒီကြားနာပွဲမှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့အတူ Progressive Voice အဖွဲ့ တည်ထောင်သူနဲ့ အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာ၊ နိုင်ငံတကာ အမျိုးသမီးရေးရာကိစ္စရပ်များဆိုင်ရာ ဂုဏ်ထူးဆောင် အမေရိကန်သံအမတ်ကြီးဟောင်း Kelley E. Currie တို့ပါဝင်ပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့နောက် အခုကြားနာပွဲဟာ အမေရိကန်အောက်လွှတ်တော်မှာ ပထမဆုံးအကြိမ်လုပ်တဲ့ ကြားနာပွဲဖြစ်တဲ့အပြင် အမေရိကန်လွှတ်တော် ကြားနာပွဲတခုမှာ မြန်မာသံအမတ်ကြီးတဦးကိုယ်တိုင် တက်ရောက်ပြီး တင်ပြပြောဆိုတာဟာလည်း ပထမဆုံးအကြိမ်ပဲဖြစ်ပါတယ်။