သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမၻာတလႊား ျမန္မာ႔ေႏြဦးေတာ္လွန္ေရးအတြက္ လႈပ္ရွား


အေမရိကန္ႏုိင္ငံ ဝါရွင္တန္ဒီစီၿမိဳ႕မွာ ျပဳလုပ္တဲ့ ျမန္မာ့ေႏြဦးေတာ္လွန္ေရး အထိမ္းအမွတ္ လႈပ္ရွားမႈ။

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းတာ ၃ လရိွသြားၿပီျဖစ္ၿပီး ေမလ ၂ ရက္ တနဂၤေႏြေန႔မွာေတာ့ ကမၻာလုံးဆုိင္ရာ ျမန္မာ့ေႏြဦးေတာ္လွန္ေရး ဒုတိယလႈိင္းအျဖစ္ ႏိုင္ငံေပါင္း ၁၈ ႏုိင္ငံမွာ အထိမ္းအမွတ္ လႈပ္ရွားမႈေတြ က်င္းပခဲ့ၾကပါတယ္။

ကေနဒါႏိုင္ငံက ျမန္မာ့ဒီမုိကေရစီေရး လႈပ္ရွားသူ ၁၀၀ ေက်ာ္ဟာ ဗန္ကူးဗားၿမဳိ႕ ၂၀၁၀ ေဆာင္းရာသီအိုလံပစ္ မီး႐ွဴးတိုင္ရွိရာ လူစည္ကားတဲ့ေနရာမွာ ဆႏၵျပခဲ့ၾကတယ္လို႔ ကိုယ္တုိင္ပါဝင္ခဲ့သူ ကေနဒါႏိုင္ငံေရာက္ ျမန္မာေက်ာင္းသားမ်ား ညြန္႔ေပါင္းအဖဲြ႔က ကို Calvin Yin က ေျပာပါတယ္။

“၁၈ ႏုိင္ငံလုံးမွာ ၄၁ ၿမိဳ႕ေပါ့ က်င္းပသြားမယ့္ Bloody Glove Strike ေပါ့၊ ေသြးစြန္းေနတဲ့လက္အိတ္တေြ သုံးၿပီးေတာ့ ဆႏၵျပသြားတာပါ။ ဘာျဖစ္လို႔လဲဆုိေတာ့ က်ေနာ္တို႔ ျမန္မာႏုိင္ငံမွာ ျဖစ္ပ်က္ေနတဲ့ စစ္တပ္က သတ္ျဖတ္ေနတဲ့ဟာေတြကို က်ေနာ္တုိ႔ ဆန္႔က်င္မယ္၊ ၿပီးေတာ့ ဒီဘက္က ကေနဒါအစုိးရကိုလည္း က်ေနာ္တုိ႔ ဖိအားေပးခ်င္တယ္။ အဲဒီအျပင္ ခ်င္းျပည္နယ္၊ ကရင္ျပည္နယ္၊ ကခ်င္ျပည္နယ္၊ တျခားေနရာေတြမွာ စစ္တပ္နဲ႔ တုိက္ေနတဲ့ဟာကို က်ေနာ္တုိ႔ အသိအမွတ္ျပဳခ်င္တယ္။ အားလည္း အားေပးခ်င္တယ္။ အဲဒီအျပင္ အခုေပၚေပါက္လာတဲ့ NUG National Unity Government ကို Support ေပးခ်င္တယ္။ ၿပီးေတာ့ ကေနဒါအစုိးရကိုလည္း အသိအမွတ္ျပဳေစခ်င္တယ္ေပါ့။”

အေမရိကန္ႏိုင္ငံမွာေတာ့ ေဘာ့စတြန္ၿမိဳ႕ ဟားဗတ္တကၠသိုလ္ ရင္ျပင္မွာ ေႏြဦးေတာ္လွန္ေရး ဆႏၵျပပြဲ ျပဳလုပ္ခဲ့သလို ေမရီလန္းျပည္နယ္မွာေတာ့ စစ္အာဏာပိုင္ကို အၾကမ္းမဖက္ အာခံတဲ့ CDM လႈပ္ရွားမႈကို ေထာက္ပံ့ေပးႏုိင္ဖုိ႔ ေစ်းေရာင္းပြဲ က်င္းပၾကပါတယ္။

ျမန္မာႏိုင္ငံသား ၄၀,၀၀၀ ေလာက္ေနထုိင္တဲ့ ထုိင္ဝမ္မွာေတာ့ ရာနဲ႔ခ်ီၿပီး ေႏြဦးေတာ္လွန္ေရး ဆႏၵျပပြဲ ျပဳလုပ္ခဲ့ၾကတာပါ။

အလားတူပဲ တနဂၤေႏြေန႔က ဂ်ပန္ တႏိုင္ငံတည္းမွာတင္ တိုက်ဳိ၊ နာဂိုယာ၊ ကိုေဘး၊ ဆာဂ ၿမဳိ႕ေတြမွာ ျမန္မာေတြေရာ ဂ်ပန္လူမ်ဳိးေတြပါ လူရာခ်ီၿပီး ျမန္မာႏုိင္ငံက စစ္အာဏာသိမ္းမႈ အဆုံးသတ္ေရးကို ေတာင္းဆုိတဲ့ ေႏြဦးေတာ္လွန္ေရး ဆႏၵျပပြဲေတြ က်င္းပခဲ့ၾကတာပါ။

ဒါ့အျပင္ ေတာင္ကုိရီးယားႏုိင္ငံ ဒယ္ဂူးၿမဳိ႕ ဂယဲေျမာင္းတကၠသိုလ္နားမွာလည္း ကိုရီးယားေရာက္ ျမန္မာႏုိင္ငံသားေတြ တနဂၤေႏြေန႔က ကမၻာလုံးဆုိင္ရာ လႈပ္ရွားမႈအျဖစ္ ဆႏၵျပခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

ကမ္ဘာတလွှား မြန်မာ့နွေဦးတော်လှန်ရေးအတွက် လှုပ်ရှား

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာ ၃ လရှိသွားပြီဖြစ်ပြီး မေလ ၂ ရက် တနင်္ဂနွေနေ့မှာတော့ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး ဒုတိယလှိုင်းအဖြစ် နိုင်ငံပေါင်း ၁၈ နိုင်ငံမှာ အထိမ်းအမှတ် လှုပ်ရှားမှုတွေ ကျင်းပခဲ့ကြပါတယ်။

ကနေဒါနိုင်ငံက မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ ၁၀၀ ကျော်ဟာ ဗန်ကူးဗားမြို့ ၂၀၁၀ ဆောင်းရာသီအိုလံပစ် မီးရှူးတိုင်ရှိရာ လူစည်ကားတဲ့နေရာမှာ ဆန္ဒပြခဲ့ကြတယ်လို့ ကိုယ်တိုင်ပါဝင်ခဲ့သူ ကနေဒါနိုင်ငံရောက် မြန်မာကျောင်းသားများ ညွန့်ပေါင်းအဖွဲ့က ကို Calvin Yin က ပြောပါတယ်။

“၁၈ နိုင်ငံလုံးမှာ ၄၁ မြို့ပေါ့ ကျင်းပသွားမယ့် Bloody Glove Strike ပေါ့၊ သွေးစွန်းနေတဲ့လက်အိတ်တွေ သုံးပြီးတော့ ဆန္ဒပြသွားတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ စစ်တပ်က သတ်ဖြတ်နေတဲ့ဟာတွေကို ကျနော်တို့ ဆန့်ကျင်မယ်၊ ပြီးတော့ ဒီဘက်က ကနေဒါအစိုးရကိုလည်း ကျနော်တို့ ဖိအားပေးချင်တယ်။ အဲဒီအပြင် ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ တခြားနေရာတွေမှာ စစ်တပ်နဲ့ တိုက်နေတဲ့ဟာကို ကျနော်တို့ အသိအမှတ်ပြုချင်တယ်။ အားလည်း အားပေးချင်တယ်။ အဲဒီအပြင် အခုပေါ်ပေါက်လာတဲ့ NUG National Unity Government ကို Support ပေးချင်တယ်။ ပြီးတော့ ကနေဒါအစိုးရကိုလည်း အသိအမှတ်ပြုစေချင်တယ်ပေါ့။”

အမေရိကန်နိုင်ငံမှာတော့ ဘော့စတွန်မြို့ ဟားဗတ်တက္ကသိုလ် ရင်ပြင်မှာ နွေဦးတော်လှန်ရေး ဆန္ဒပြပွဲ ပြုလုပ်ခဲ့သလို မေရီလန်းပြည်နယ်မှာတော့ စစ်အာဏာပိုင်ကို အကြမ်းမဖက် အာခံတဲ့ CDM လှုပ်ရှားမှုကို ထောက်ပံ့ပေးနိုင်ဖို့ ဈေးရောင်းပွဲ ကျင်းပကြပါတယ်။

မြန်မာနိုင်ငံသား ၄၀,၀၀၀ လောက်နေထိုင်တဲ့ ထိုင်ဝမ်မှာတော့ ရာနဲ့ချီပြီး နွေဦးတော်လှန်ရေး ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြတာပါ။

အလားတူပဲ တနင်္ဂနွေနေ့က ဂျပန် တနိုင်ငံတည်းမှာတင် တိုကျို၊ နာဂိုယာ၊ ကိုဘေး၊ ဆာဂ မြို့တွေမှာ မြန်မာတွေရော ဂျပန်လူမျိုးတွေပါ လူရာချီပြီး မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှု အဆုံးသတ်ရေးကို တောင်းဆိုတဲ့ နွေဦးတော်လှန်ရေး ဆန္ဒပြပွဲတွေ ကျင်းပခဲ့ကြတာပါ။

ဒါ့အပြင် တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့ ဂယဲမြောင်းတက္ကသိုလ်နားမှာလည်း ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေ တနင်္ဂနွေနေ့က ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအဖြစ် ဆန္ဒပြခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG