သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမာၻ႔ေႏြဦးေတာ္လွန္ေရးေန႔ ဆႏၵျပမႈမ်ား ၿဖိဳခဲြခံရ၊ ၆ ဦးထက္မနည္း ေသဆံုး


ကမၻာလုံးဆုိင္ရာ ျမန္မာ့ေႏြဦးေတာ္လွန္ေရးေန႔ ခ်ီတက္ဆႏၵျပေနတဲ့ ေက်ာက္မဲ ပင္မသပိတ္စစ္ေၾကာင္း။ (ေမ ၂၊ ၂၀၂၁)

(Zawgyi / Unicode)

ရန္ကုန္၊ မႏၱေလး အပါအဝင္ ႏုိင္ငံတဝန္းက ၿမိဳ႕ေတြ အေတာ္မ်ားမ်ားမွာ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ ဆႏၵျပပဲြေတြ ဒီေန႔ ဆက္လက္ ျဖစ္ပြားခဲ့ပါတယ္။ အဲဒီဆႏၵျပပဲြေတြကို စစ္တပ္နဲ႔ ရဲတပ္ဖဲြ႔က ပစ္ခတ္ႏွိမ္နင္းတာေတြေၾကာင့္ ႏုိင္ငံတဝန္းမွာ ၆ ေယာက္ထက္မနည္း ေသဆုံးခဲ့ၿပီး အေတာ္မ်ားမ်ား ထိခုိက္ဒဏ္ရာ ရသြားခဲ့ပါတယ္။ ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီးေတာ့ အျပည့္အစုံကို ကိုရန္ႏုိင္ တင္ျပေပးထားပါတယ္။

ကမာၻလုံးဆုိင္ရာ ေႏြဦးေတာ္လွန္ေရးေန႔အျဖစ္ သတ္မွတ္ထားတဲ့ ဒီေန႔ ေမလ ၂ ရက္ေန႔မွာေတာ့ ရန္ကုန္၊ မႏၱေလး အပါအဝင္ ႏုိင္ငံတဝန္းက ၿမိဳ႕အေတာ္မ်ားမ်ားမွာ စစ္တပ္က အာဏာသိမ္းတာကို ဆန္႔က်င္တဲ့ ဆႏၵျပပဲြေတြ ျဖစ္ပြားခဲ့ပါတယ္။

ျမန္မာႏုိင္ငံရဲ႕ အႀကီးဆုံးၿမိဳ႕ျဖစ္တဲ့ ရန္ကုန္ၿမိဳ႕မွာဆုိရင္လည္း ရန္ကုန္ရဲ႕ လမ္းေပၚထြက္ ဆႏၵျပလႈပ္ရွားမႈေတြ စတင္ခဲ့တဲ့ လႈိင္ၿမိဳ႕နယ္အတြင္းက အင္းစိန္လမ္းမတေလွ်ာက္မွာေတာ့ တက္ႂကြလႈပ္ရွားသူေတြ အေတာ္မ်ားမ်ား တဖန္ျပန္ၿပီးေတာ့ စုုေဝးခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။ ဆႏၵျပတဲ့သူေတြက လက္ ၃ ေခ်ာင္းေထာင္ၿပီး ဒီမိုကေရစီရရွိေရး ေႂကြးေၾကာ္သံေတြကို ေအာ္ဟစ္ ေတာင္းဆုိခဲ့ၾကပါတယ္။

ဒါ့အျပင္ သဃၤန္းကၽြန္းၿမိဳ႕နယ္ထဲက စံျပေစ်းအနီးမွာလည္း လူငယ္ ၁၀၀ ေလာက္က ဖမ္းဆီးထားတဲ့ ေခါင္းေဆာင္ေတြနဲ႔ ေက်ာင္းသားျပည္သူေတြ ျပန္လႊတ္ေပးေရး၊ ဖမ္းဆီး႐ုိက္ႏွက္တာေတြ အဆုံးသတ္ ရပ္တန္႔ေရးေတြကို ေတာင္းဆုိခဲ့ၾကပါတယ္။ အဲဒီေနာက္ ၅ မိနစ္ေလာက္ အၾကာမွာေတာ့ စစ္တပ္နဲ႔ ရဲေတြက အိမ္စီးကားေတြ၊ ဆုိင္ကယ္ေတြနဲ႔ ေရာက္လာတာေၾကာင့္ လူစုခဲြလိုက္တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ အင္းစိန္၊ မဂၤလာဒုံ၊ ေရႊျပည္သာ၊ လႈိင္သာယာ၊ လွည္းကူး၊ ေျမာက္ဥကၠလာ၊ ၾကည့္ျမင္တုိင္၊ တာေမြ စတဲ့ၿမိဳ႕နယ္ေတြမွာလည္း အ႐ုဏ္ဦးသပိတ္၊ ေျပာက္က်ားသပိတ္ေတြနဲ႔အတူ စစ္တပ္က ရက္စက္စြာ သတ္ျဖတ္ခဲ့တာေတြ မေမ့ေၾကာင္း ျပသတဲ့အေနနဲ႔ သ႐ုပ္ေဖာ္ျပသတာေတြနဲ႔ ေသဆုံးသြားတဲ့ သူေတြအတြက္ ဝမ္းနည္းျခင္းအထိမ္းအမွတ္ အျဖစ္နဲ႔ အနက္ေရာင္အက်ႌေတြ ဝတ္ဆင္ၿပီး ဂုဏ္ျပဳခဲ့ၾကပါတယ္။ ရန္ကုန္က ဆႏၵျပပဲြအတြင္း ၾကည့္ျမင္တုိင္၊ တာေမြနဲ႔ ေျမာက္ဥကၠလာၿမိဳ႕နယ္ေတြ အတြင္းမွာေတာ့ ဖမ္းဆီးမႈေတြရွိခဲ့ၿပီး အနည္းဆုံး လူေတြ ဒါဇင္နဲ႔ခ်ီ ဖမ္းဆီးခံခဲ့ရတယ္လို႔ သိရပါတယ္။

မႏၱေလးၿမိဳ႕မွာဆုိရင္လည္း တပ္ေပါင္းစုသပိတ္၊ သံဃသမဂၢသပိတ္၊ အင္ဂ်င္နီယာသပိတ္၊ ေအာင္ေျမသာစံ ပညာေရးသပိတ္ စစ္ေၾကာင္းေတြ အပါအဝင္ ဆႏၵျပတဲ့ ရဟန္းရွင္လူ ျပည္သူေတြဟာ ဒီေန႔မနက္ အေစာပိုင္းကတည္းက ခ်ီတက္ဆႏၵျပခဲ့ၾကၿပီး အဲဒီဆႏၵျပပဲြေတြကို စစ္ေကာင္စီတပ္ေတြက အရပ္ဝတ္ေတြနဲ႔ ပစ္ခတ္ႏွိမ္နင္းတာေတြ၊ ကားနဲ႔တုိက္ၿပီး ဖမ္းဆီးတာေတြ ရွိခဲ့ပါတယ္။

ႏုိင္ငံတဝန္းမွာ ဒီေန႔ ဆႏၵျပပဲြေတြ အေတာ္မ်ားမ်ား ျဖစ္ပြားခဲ့တဲ့ တခ်ိန္တည္းမွာပဲ ၿမိဳ႕အေတာ္မ်ားမ်ားမွာလည္း စစ္ေကာင္စီဘက္က ပစ္ခတ္ႏွိမ္နင္းတာေတြ ရွိခဲ့ပါတယ္။ စစ္ကိုင္းတုိင္း ေရႊဘိုခ႐ုိင္ထဲက ဝက္လက္ၿမိဳ႕မွာေတာ့ ဆႏၵျပတဲ့သူေတြကို စစ္ေကာင္စီတပ္ေတြက က်ည္အစစ္ေတြနဲ႔ ပစ္ခတ္ႏွိမ္နင္းတာေၾကာင့္ ၂၂ ႏွစ္အရြယ္ ဆႏၵျပလူငယ္တဦး အပါအဝင္ ၂ ေယာက္ထက္မနည္း ေသဆုံးၿပီး အေတာ္မ်ားမ်ားလည္း ထိခုိက္ဒဏ္ရာရတာေတြ၊ ဖမ္းဆီးခံရတာေတြ ရွိခဲ့တယ္လို႔ ဆႏၵျပျပည္သူတဦးက ဗီြအိုေအကို ေျပာပါတယ္။

“ေသဆုံးတာ လက္ရွိကေတာ့ ၂ ေယာက္က်တယ္လို႔ ၾကားတယ္။ ဒဏ္ရာရတာေတာ့ ၆ ေယာက္နဲ႔ ၇ ေယာက္ေလာက္ေပါ့။ ေသနတ္သံ ညီမၾကားတာေတာ့ ၇ ခ်က္ ၈ ခ်က္ေလာက္ရွိတယ္။ ရာဘာက်ည္ဆန္ေတြကေတာ့ အမ်ားႀကီးပဲ ၾကားတာ မေရမတြက္ႏုိင္ေအာင္ပဲ။ ပစ္လုိက္လုိ႔ ၂ ေယာက္က က်သြားတာ။ တေယာက္က အေလာင္းကို မေကာက္ႏုိင္ေတာ့ဘူး၊ အဲဒီနားမွာ ထားခဲ့ရတာ။ ဒဏ္ရာရတဲ့လူေတြကို ဆြဲလာခဲ့တာ။”

ဝက္လက္ၿမိဳ႕မွာေတာ့ စစ္ေကာင္စီဘက္က ဒါဟာ ပထမဆုံးအႀကိမ္ ပစ္ခတ္ႏွိမ္နင္းတာေၾကာင့္ လူေသဆုံးမႈ ျဖစ္ခဲ့တာ ျဖစ္ပါတယ္။

ဒါ့အျပင္ ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႕မွာလည္း ဒီေန႔မွာ ၿမိဳ႕လုံးကၽြတ္ ဆႏၵျပတဲ့သူ ေထာင္နဲ႔ ေသာင္းနဲ႔ခ်ီ ရွိခဲ့ၿပီး အဲဒီဆႏၵျပတဲ့ သပိတ္စစ္ေၾကာင္းေတြကို ပစ္ခတ္ႏွိမ္နင္းတာေၾကာင့္ လုံးခင္းရပ္ကြက္သစ္က ဆႏၵျပတဲ့သူ ၁ ေယာက္ ေသဆုံးခဲ့တယ္လို႔ ဖားကန္႔ၿမိဳ႕ခံတဦးက ဗီြအိုေအကို ေျပာပါတယ္။

“ဒီေန႔ ဆႏၵျပတာ လုံးခင္းသပိတ္စစ္ေၾကာင္း၊ လုံးခင္းေမွာ္ဝါး သပိတ္စစ္ေၾကာင္း ရွိတယ္။ ဆိပ္မူ မရွီကေထာင္ သပိတ္စစ္ေၾကာင္း၊ ေအးျမသာယာ သပိတ္စစ္ေၾကာင္း သုံးေၾကာင္း ရွိတာေပါ့ဗ်ာ။ သုံးေၾကာင္းထြက္ေတာ့ ေမွာ္ဝါးလုံးခင္း သပိတ္စစ္ေၾကာင္းက စစ္ေကာင္စီအဖြဲ႔ ပစ္ခတ္လို႔ တေယာက္ေသတယ္။ လုံးခင္းက က်ဆုံးသြားတယ္။ ၿဖိဳခြင္းတဲ့အခ်ိန္က ၁၁ နာရီဝန္းက်င္ေလာက္ေပါ့။ ေမွာ္ဝါး ျမန္မာ့စီးပြားေရးဘဏ္ေရွ႕မွာ အခင္းျဖစ္ပြားတာ။”

အခုေနာက္ဆုံး သိရသေလာက္ကေတာ့ ေသဆုံးသြားတဲ့သူဟာ အသက္ ၃၃ ႏွစ္အရြယ္ ကိုေဝၿဖိဳးဆုိသူျဖစ္ၿပီး ဒဏ္ရာရတဲ့သူေတြလည္း ၂၀ ေလာက္ရွိတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ကခ်င္ျပည္နယ္ မုိးေကာင္းၿမိဳ႕မွာလည္း ျပည္သူေတြက စစ္အာဏာရွင္စနစ္ က်ဆုံးေရး၊ ဖမ္းဆီးထားသူေတြ လြတ္ေျမာက္ေရး၊ KIO, KIA ကခ်င္လက္နက္ကိုင္တပ္ဖဲြ႔ကို ေထာက္ခံေၾကာင္း ၿမိဳ႕အႏွံ႔ ေတာင္းဆုိ ဆႏၵျပခဲ့ၾကပါတယ္။ စစ္ေကာင္စီဘက္က ပစ္ခတ္ၿဖိဳခဲြခဲ့ေပမယ့္ ထိခုိက္ဒဏ္ရာရတာ ဖမ္းဆီးခံရတာေတြ မရွိဘဲ လူစုခဲြႏုိင္ခဲ့ၾကပါတယ္။

ရွမ္းျပည္နယ္ ေနာင္ခ်ဳိၿမိဳ႕မွာလည္း စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပတဲ့ သပိတ္ကို ပစ္ခတ္ႏွိမ္နင္းတာေၾကာင့္ အသက္ ၄၀ အရြယ္ ကိုဝင္းႏုိင္ဆိုသူ အမ်ိဳးသားတဦးနဲ႔ အသက္ ၆၀ အရြယ္ ေနာက္ထပ္ လူႀကီးပိုင္းတဦး ေသနတ္က်ည္ထိမွန္ ေသဆုံးခဲ့သလို သီေပါၿမိဳ႕မွာလည္း ဆႏၵျပတဲ့သူေတြကို ပစ္ခတ္ႏွိမ္နင္းတာေၾကာင့္ ၁ ေယာက္ ေသဆုံးၿပီး ေနာက္ထပ္ ၂ ေယာက္ ဒဏ္ရာရခဲ့ၾကပါတယ္။

ႏုိင္ငံတဝန္း ဆႏၵျပပဲြေတြ ဆက္လက္ျဖစ္ပြားေနတာမွာ ဒီေန႔မွာဆုိရင္လည္း မုံရြာ၊ ပုဂံ၊ ျပည္၊ ေက်ာက္မဲ၊ ေတာင္ႀကီး၊ ကေလာ၊ ဒီပဲယင္း၊ ျမစ္ႀကီးနား၊ ဗန္းေမာ္၊ နမၼတီး၊ ေရႊကူ၊ အင္းေတာ္ႀကီး၊ ဟားခါး၊ ထန္တလန္၊ ၿမိတ္၊ ထားဝယ္၊ ျမဝတီ စတဲ့ၿမိဳ႕ေတြမွာလည္း ျပည္သူေတြက စစ္အာဏာသိမ္းမႈကို လက္မခံေၾကာင္း နည္းလမ္းေပါင္းစုံနဲ႔ ဆႏၵျပခဲ့ၾကပါတယ္။

ေဖေဖာ္ဝါရီ ၁ ရက္ေန႔ကစၿပီး စစ္တပ္က အာဏာသိမ္းတာ အခုဆုိရင္ ၃ လ ေက်ာ္လာခဲ့ၿပီျဖစ္ၿပီး အဲဒီ ၃ လေက်ာ္ကာလအတြင္း စစ္တပ္က အၾကမ္းဖက္ ၿဖိဳခဲြတာေတြေၾကာင့္ ေသဆုံးသူဦးေရဟာ ၇၆၀ ေက်ာ္ရွိသြားၿပီျဖစ္ၿပီး ဖမ္းဆီးခံထားရတဲ့သူကေတာ့ ၃,၅၀၀ ေက်ာ္ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ကမ္ဘာ့နွေဦးတော်လှန်ရေးနေ့ ဆန္ဒပြမှုများ ဖြိုခွဲခံရ၊ ၆ ဦးထက်မနည်း သေဆုံး

ရန်ကုန်၊ မန္တလေး အပါအဝင် နိုင်ငံတဝန်းက မြို့တွေ အတော်များများမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဒီနေ့ ဆက်လက် ဖြစ်ပွားခဲ့ပါတယ်။ အဲဒီဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းတာတွေကြောင့် နိုင်ငံတဝန်းမှာ ၆ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး အတော်များများ ထိခိုက်ဒဏ်ရာ ရသွားခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ အပြည့်အစုံကို ကိုရန်နိုင် တင်ပြပေးထားပါတယ်။

ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေးနေ့အဖြစ် သတ်မှတ်ထားတဲ့ ဒီနေ့ မေလ ၂ ရက်နေ့မှာတော့ ရန်ကုန်၊ မန္တလေး အပါအဝင် နိုင်ငံတဝန်းက မြို့အတော်များများမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ရန်ကုန်မြို့မှာဆိုရင်လည်း ရန်ကုန်ရဲ့ လမ်းပေါ်ထွက် ဆန္ဒပြလှုပ်ရှားမှုတွေ စတင်ခဲ့တဲ့ လှိုင်မြို့နယ်အတွင်းက အင်းစိန်လမ်းမတလျှောက်မှာတော့ တက်ကြွလှုပ်ရှားသူတွေ အတော်များများ တဖန်ပြန်ပြီးတော့ စုဝေးချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြတဲ့သူတွေက လက် ၃ ချောင်းထောင်ပြီး ဒီမိုကရေစီရရှိရေး ကြွေးကြော်သံတွေကို အော်ဟစ် တောင်းဆိုခဲ့ကြပါတယ်။

ဒါ့အပြင် သင်္ဃန်းကျွန်းမြို့နယ်ထဲက စံပြဈေးအနီးမှာလည်း လူငယ် ၁၀၀ လောက်က ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေနဲ့ ကျောင်းသားပြည်သူတွေ ပြန်လွှတ်ပေးရေး၊ ဖမ်းဆီးရိုက်နှက်တာတွေ အဆုံးသတ် ရပ်တန့်ရေးတွေကို တောင်းဆိုခဲ့ကြပါတယ်။ အဲဒီနောက် ၅ မိနစ်လောက် အကြာမှာတော့ စစ်တပ်နဲ့ ရဲတွေက အိမ်စီးကားတွေ၊ ဆိုင်ကယ်တွေနဲ့ ရောက်လာတာကြောင့် လူစုခွဲလိုက်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အင်းစိန်၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ လှည်းကူး၊ မြောက်ဥက္ကလာ၊ ကြည့်မြင်တိုင်၊ တာမွေ စတဲ့မြို့နယ်တွေမှာလည်း အရုဏ်ဦးသပိတ်၊ ပြောက်ကျားသပိတ်တွေနဲ့အတူ စစ်တပ်က ရက်စက်စွာ သတ်ဖြတ်ခဲ့တာတွေ မမေ့ကြောင်း ပြသတဲ့အနေနဲ့ သရုပ်ဖော်ပြသတာတွေနဲ့ သေဆုံးသွားတဲ့ သူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် အဖြစ်နဲ့ အနက်ရောင်အင်္ကျီတွေ ဝတ်ဆင်ပြီး ဂုဏ်ပြုခဲ့ကြပါတယ်။ ရန်ကုန်က ဆန္ဒပြပွဲအတွင်း ကြည့်မြင်တိုင်၊ တာမွေနဲ့ မြောက်ဥက္ကလာမြို့နယ်တွေ အတွင်းမှာတော့ ဖမ်းဆီးမှုတွေရှိခဲ့ပြီး အနည်းဆုံး လူတွေ ဒါဇင်နဲ့ချီ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာဆိုရင်လည်း တပ်ပေါင်းစုသပိတ်၊ သံဃသမဂ္ဂသပိတ်၊ အင်ဂျင်နီယာသပိတ်၊ အောင်မြေသာစံ ပညာရေးသပိတ် စစ်ကြောင်းတွေ အပါအဝင် ဆန္ဒပြတဲ့ ရဟန်းရှင်လူ ပြည်သူတွေဟာ ဒီနေ့မနက် အစောပိုင်းကတည်းက ချီတက်ဆန္ဒပြခဲ့ကြပြီး အဲဒီဆန္ဒပြပွဲတွေကို စစ်ကောင်စီတပ်တွေက အရပ်ဝတ်တွေနဲ့ ပစ်ခတ်နှိမ်နင်းတာတွေ၊ ကားနဲ့တိုက်ပြီး ဖမ်းဆီးတာတွေ ရှိခဲ့ပါတယ်။

နိုင်ငံတဝန်းမှာ ဒီနေ့ ဆန္ဒပြပွဲတွေ အတော်များများ ဖြစ်ပွားခဲ့တဲ့ တချိန်တည်းမှာပဲ မြို့အတော်များများမှာလည်း စစ်ကောင်စီဘက်က ပစ်ခတ်နှိမ်နင်းတာတွေ ရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်ထဲက ဝက်လက်မြို့မှာတော့ ဆန္ဒပြတဲ့သူတွေကို စစ်ကောင်စီတပ်တွေက ကျည်အစစ်တွေနဲ့ ပစ်ခတ်နှိမ်နင်းတာကြောင့် ၂၂ နှစ်အရွယ် ဆန္ဒပြလူငယ်တဦး အပါအဝင် ၂ ယောက်ထက်မနည်း သေဆုံးပြီး အတော်များများလည်း ထိခိုက်ဒဏ်ရာရတာတွေ၊ ဖမ်းဆီးခံရတာတွေ ရှိခဲ့တယ်လို့ ဆန္ဒပြပြည်သူတဦးက ဗွီအိုအေကို ပြောပါတယ်။

“သေဆုံးတာ လက်ရှိကတော့ ၂ ယောက်ကျတယ်လို့ ကြားတယ်။ ဒဏ်ရာရတာတော့ ၆ ယောက်နဲ့ ၇ ယောက်လောက်ပေါ့။ သေနတ်သံ ညီမကြားတာတော့ ၇ ချက် ၈ ချက်လောက်ရှိတယ်။ ရာဘာကျည်ဆန်တွေကတော့ အများကြီးပဲ ကြားတာ မရေမတွက်နိုင်အောင်ပဲ။ ပစ်လိုက်လို့ ၂ ယောက်က ကျသွားတာ။ တယောက်က အလောင်းကို မကောက်နိုင်တော့ဘူး၊ အဲဒီနားမှာ ထားခဲ့ရတာ။ ဒဏ်ရာရတဲ့လူတွေကို ဆွဲလာခဲ့တာ။”

ဝက်လက်မြို့မှာတော့ စစ်ကောင်စီဘက်က ဒါဟာ ပထမဆုံးအကြိမ် ပစ်ခတ်နှိမ်နင်းတာကြောင့် လူသေဆုံးမှု ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ် ဖားကန့်မြို့မှာလည်း ဒီနေ့မှာ မြို့လုံးကျွတ် ဆန္ဒပြတဲ့သူ ထောင်နဲ့ သောင်းနဲ့ချီ ရှိခဲ့ပြီး အဲဒီဆန္ဒပြတဲ့ သပိတ်စစ်ကြောင်းတွေကို ပစ်ခတ်နှိမ်နင်းတာကြောင့် လုံးခင်းရပ်ကွက်သစ်က ဆန္ဒပြတဲ့သူ ၁ ယောက် သေဆုံးခဲ့တယ်လို့ ဖားကန့်မြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“ဒီနေ့ ဆန္ဒပြတာ လုံးခင်းသပိတ်စစ်ကြောင်း၊ လုံးခင်းမှော်ဝါး သပိတ်စစ်ကြောင်း ရှိတယ်။ ဆိပ်မူ မရှီကထောင် သပိတ်စစ်ကြောင်း၊ အေးမြသာယာ သပိတ်စစ်ကြောင်း သုံးကြောင်း ရှိတာပေါ့ဗျာ။ သုံးကြောင်းထွက်တော့ မှော်ဝါးလုံးခင်း သပိတ်စစ်ကြောင်းက စစ်ကောင်စီအဖွဲ့ ပစ်ခတ်လို့ တယောက်သေတယ်။ လုံးခင်းက ကျဆုံးသွားတယ်။ ဖြိုခွင်းတဲ့အချိန်က ၁၁ နာရီဝန်းကျင်လောက်ပေါ့။ မှော်ဝါး မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ အခင်းဖြစ်ပွားတာ။”

အခုနောက်ဆုံး သိရသလောက်ကတော့ သေဆုံးသွားတဲ့သူဟာ အသက် ၃၃ နှစ်အရွယ် ကိုဝေဖြိုးဆိုသူဖြစ်ပြီး ဒဏ်ရာရတဲ့သူတွေလည်း ၂၀ လောက်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ် မိုးကောင်းမြို့မှာလည်း ပြည်သူတွေက စစ်အာဏာရှင်စနစ် ကျဆုံးရေး၊ ဖမ်းဆီးထားသူတွေ လွတ်မြောက်ရေး၊ KIO, KIA ကချင်လက်နက်ကိုင်တပ်ဖွဲ့ကို ထောက်ခံကြောင်း မြို့အနှံ့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။ စစ်ကောင်စီဘက်က ပစ်ခတ်ဖြိုခွဲခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရတာ ဖမ်းဆီးခံရတာတွေ မရှိဘဲ လူစုခွဲနိုင်ခဲ့ကြပါတယ်။

ရှမ်းပြည်နယ် နောင်ချိုမြို့မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတဲ့ သပိတ်ကို ပစ်ခတ်နှိမ်နင်းတာကြောင့် အသက် ၄၀ အရွယ် ကိုဝင်းနိုင်ဆိုသူ အမျိုးသားတဦးနဲ့ အသက် ၆၀ အရွယ် နောက်ထပ် လူကြီးပိုင်းတဦး သေနတ်ကျည်ထိမှန် သေဆုံးခဲ့သလို သီပေါမြို့မှာလည်း ဆန္ဒပြတဲ့သူတွေကို ပစ်ခတ်နှိမ်နင်းတာကြောင့် ၁ ယောက် သေဆုံးပြီး နောက်ထပ် ၂ ယောက် ဒဏ်ရာရခဲ့ကြပါတယ်။

နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားနေတာမှာ ဒီနေ့မှာဆိုရင်လည်း မုံရွာ၊ ပုဂံ၊ ပြည်၊ ကျောက်မဲ၊ တောင်ကြီး၊ ကလော၊ ဒီပဲယင်း၊ မြစ်ကြီးနား၊ ဗန်းမော်၊ နမ္မတီး၊ ရွှေကူ၊ အင်းတော်ကြီး၊ ဟားခါး၊ ထန်တလန်၊ မြိတ်၊ ထားဝယ်၊ မြဝတီ စတဲ့မြို့တွေမှာလည်း ပြည်သူတွေက စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း နည်းလမ်းပေါင်းစုံနဲ့ ဆန္ဒပြခဲ့ကြပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး စစ်တပ်က အာဏာသိမ်းတာ အခုဆိုရင် ၃ လ ကျော်လာခဲ့ပြီဖြစ်ပြီး အဲဒီ ၃ လကျော်ကာလအတွင်း စစ်တပ်က အကြမ်းဖက် ဖြိုခွဲတာတွေကြောင့် သေဆုံးသူဦးရေဟာ ၇၆၀ ကျော်ရှိသွားပြီဖြစ်ပြီး ဖမ်းဆီးခံထားရတဲ့သူကတော့ ၃,၅၀၀ ကျော်ရှိပါတယ်

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG