သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ကြီးနား CDM ထောက်ပံ့ရေး လှုပ်ရှားသူများ ဖမ်းဆီးခံရ


မန္တလေးမြို့မှာ ပြုလုပ်တဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ပြီး CDM မှာ ပူးပေါင်းပါဝင်ရေး ဆန္ဒပြပွဲ မြင်ကွင်း။ (ဖေဖော်ဝါရီ ၂၂၊ ၂၀၂၁)
မန္တလေးမြို့မှာ ပြုလုပ်တဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ပြီး CDM မှာ ပူးပေါင်းပါဝင်ရေး ဆန္ဒပြပွဲ မြင်ကွင်း။ (ဖေဖော်ဝါရီ ၂၂၊ ၂၀၂၁)

(Zawgyi / Unicode)

စစ်တပ်အာဏာသိမ်းအုပ်စုနဲ့ မပူးပေါင်း မဆောင်ရွက်ဘူးဆိုတဲ့ CDM အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားနေသူတွေကို စစ်ကောင်စီက အရေးယူနေသလို သူတို့ကို ထောက်ပံ့အားပေးနေသူတွေကိုလည်း ဖော်ထုတ် အရေးယူတာတွေ ရှိနေပါတယ်။ မေလ ၁ ရက်နေ့မှာ CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေအတွက် ထောက်ပံ့မှုကမ်ပိန်း ပြုလုပ်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားလူငယ် ၁၁ ဦးကို စစ်ကောင်စီ တပ်ဖွဲ့တွေက ဒီမနက်အစောပိုင်းမှာ ဖမ်းဆီးသွားခဲ့ပါတယ်။ အပြည့်အစုံကို နိုင်ကွန်းအိန် တင်ပြပေးထားပါတယ်။

မြစ်ကြီးနားမြို့ အင်ဂျန်ဒုံရပ်ကွက်အတွင်း "ပိုသူလှူ လိုသူယူ" ကမ်ပိန်းအစီအစဉ် ပြုလုပ်နေတဲ့ မြစ်ကြီးနားလူငယ်အဖွဲ့ ၁၁ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကနေ ဒီနေ့မနက်ပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ လူငယ်သပိတ်ခေါင်းဆောင်တဦးက ပြောပါတယ်။

“လူငယ်အဖွဲ့တွေပါ့နော်။ သူတို့က လက်ရှိလုပ်နေတဲ့သူက ၁၁ ယောက်ရှိတယ်။ ဒီနေ့ သူတို့ အင်ဂျန်ဒုံပေါ့နော်၊ မနက်ဈေးနားမှာပဲ။ အဲဒီအနား သူတို့ ပိုသူလှူ လိုသူယူပေါ့နော်။ အဲဒီ ‘Myitkyina Young’ အဖွဲ့တွေ ဖြစ်တယ်။ သူတို့အနေနဲ့ ဟင်းသီးဟင်းရွက်တွေ ဘူးသီးတို့ပေါ့နော် အသီးအနှံတွေ၊ ကြက်သွန်နီတွေပေါ့နော်၊ သူတို့ CDM တွေကိုလည်း လိုတဲ့သူတွေရော လာယူ၊ ပိုတဲ့သူတွေတော့ထား ဆိုပြီးမှ သူတို့ အဲဒီလိုမျိုးနဲ့ ကမ်ပိန်းလုပ်တာပေါ့နော်။ အဲဒါ ဒီနေ့က စစ်ကားတွေရော ရဲကားတွေရော ပြီးရင် ၁၀ ဘီးကားတွေရောပေါ့နော်။ အများကြီးနဲ့ သူတို့ကို သေနတ်နဲ့ထောက်ပြီးတော့ သူတို့ ၁၁ ယောက်ကို ဖမ်းသွားတာ ဟုတ်တယ်။ အမျိုးသမီးက ၅ ယောက်ပါတယ်။ အမျိုးသားက ၆ ယောက်။ အသက်အရွယ်ပိုင်းကတော့ ဆယ်ကျော်သက်တွေ များတယ်။”

အဖမ်းဆီးခံလူငယ် ၁၁ ဦးကို ဘယ်မှာချုပ်နှောင်ထားတယ် ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဖမ်းဆီးခံထားရတဲ့ မြစ်ကြီးနား လူငယ်အဖွဲ့တွေဟာ ပိုသူလှူ လိုသူယူ အစီအစဉ်ကို မတ်လက စတင်လုပ်ဆောင်နေခဲ့တာပါ။

ဒီနေ့ မေဒေး ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ်အနေနဲ့ မြစ်ကြီးနားမြို့မှာ သပိတ်မှောက် ဆန္ဒပြခဲ့ရာမှာတော့ အဖမ်းအဆီး မရှိခဲ့ဘူးလို့ သူကဆိုပါတယ်။

မနေ့ သောကြာနေ့ ညဘက်မှာ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက် ရွှေလမ်းမကြီးမှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသား ၄ ဦးကို ညပိုင်း လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးသွားတယ်လို့လည်း သူက ဆက်ပြောပါတယ်။

“မနေ့ည ၉ နာရီမှာ ဒီ တပ်ကုန်း ရွှေလမ်းမပေါ်မှာ ယောကျ်ားလေးပေါ့နော် ၄ ယောက်၊ သူတို့က ဆိုင်ကယ် ၂ စီးပေါ့နော်။ တစီးမှာ နှစ်ယောက်စီးတာပေါ့။ အဲဒါ ဆိုင်ကယ်စီးပြီး သွားနေတုန်းမှာပဲ ကင်းလှည့်တဲ့အဖွဲ့ပဲ နေမှာပေါ့နော်။ အဲဒါ ဖမ်းသွားတယ်လို့တော့ သိရတယ်။”

မြစ်ကြီးနားမြို့မှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားသလို ယခင်ကထက် လုံခြုံရေး တင်းကျပ်ထားတယ်လို့ မြို့ခံ ဦးမုန်လာက ပြောပါတယ်။

“လုံခြုံရေးတွေတော့ ပိုများလာတယ်။ ဂိတ်တွေ ပိုများလာတာပေါ့လေ။ အထူးသဖြင့် ရဲစခန်းရှေ့တို့ အစိုးရဘဏ်တို့ မြဝတီဘဏ်တို့ အင်းဝ အဲဒီလိုမျိုးကျတော့ ရဲရော စစ်တပ်ရော စောင့်ရှောက်တယ်။ အရင်ကထက်စာရင် ပိုများတယ်။”

စစ်တပ်ကနေ နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း မြစ်ကြီးနားမြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ ဆက်တိုက်ဖြစ်ပွားနေတာပါ။

ဒီသပိတ်လှုပ်ရှားမှုအတွင်း လူ ၂၀၀ လောက် ဖမ်းဆီးထိန်းသိမ်းခံနေရတယ်လို့လည်း မြစ်ကြီးနား သပိတ်ခေါင်းဆောင်တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)







ဒီနေ့ မဒေေး ကမ်ဘာ့အလုပျသမားနေ့ အထိမျးအမှတျအနနေဲ့ မွဈကွီးနားမွို့မှာ သပိတျမှောကျ ဆန်ဒပွခဲ့ရာမှာတော့ အဖမျးအဆီး မရှိခဲ့ဘူးလို့ သူကဆိုပါတယျ။







XS
SM
MD
LG